Menu

Popular Posts

Saturday, June 25, 2011

ရေနွေးအိုးမှလျှပ်စစ်ဓါတ်အားထုတ်ယူခြင်း


ဂျပန်နိုင်ငံမှာသဘာဝဘေးအန္တåရာယ်ပြီးနောက်ဂျပန်ကုမ္ပဏီတစ်ခုကနေပြီးအပျော်တမ်းတောစခန်းများတွင်သုံးလေ့
ရှိသောရေနွေးအိုးတစ်လုံးကိုအပူပေးခြင်းအားဖြင့်မိုဘိုင်းဖုန်းများကိုCharging သွင်းပေးနိုင်တဲ့နည်းသစ်တစ်ခုကို
မိတ်ဆက်ပေးခဲ့ပါတယ်။ဒါကတော့ဖြင့်ကျွန်တော်တို့နေတဓူဝသုံးစွဲနေကြတဲ့ဒီရိုးရှင်းတဲ့နည်းလမ်းအရင်းအမြစ်မှစွမ်း
အင်အရင်းအမြစ်တွေကိုခြွေတာစေနိုင်တဲ့ နည်းလမ်းသစ်တစ်ခုဆိုရင်လည်းမမှားနိုင်ပါ။

Hatsuden-nabe ဂျပန်ကုမ္ပဏီတစ်ခုကနေ အပူပေးလျှပ်စစ်ဟင်းချက်အိုးလေးတစ်လုံးဟာ
ဆူပွက်နေသောရေမှအပူကိုသင့်ရဲ့မိုဘိုင်းဖုန်းတွေကိုUSB port မှတဆင့်လျှပ်စစ်စွမ်းအင်ကိုပြောင်း
လဲပေးနိုင်ပါတယ်။
ဂျပန်နိုင်ငံ အိုဆာကရဲ့မြို့အနောက်ပိုင်းက TES New-Energy ဆိုတဲ့ကုမ္ပဏီတစ်ခုက၄င်းကုန်ပစ္စည်းကိုဖန်
တီးပြီးတော့ ဂျပန်ယန်းငွေ 23,150 or US Dollar 299 ဖြင့် စတင်ရောင်းချခဲ့ပါတယ်။၎င်းကုန်ပစ္စည်း
အသုံးပြုခြင်းဟာ လျှပ်စစ်စွမ်းအင်အလွန်နည်းပါးစွာရရှိသောဒေသတွေ၊လတ်တလောသဘာဝဘေးဒဏ်
သက်ရောက်နေသောဒေသတွေမှာ စွမ်းအင်ထောက်အကူပြု ပေးနိုင်တဲ့နည်းလမ်းတစ်ခုဆိုလျှင်မမှားပါ။

မိုဘိုင်းအမှုဆောင်အရာရှိချုပ် Kazuhiro Fujita ကနေပြောကြားခဲ့တာကတော့ "ဂျပန်ငလျင်ကြောင့်သဘာ
ဝဘေးအနရယ် ခံစားနေရသောပြည်သူတွေကိုမြင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဟာ ဒီစိတ်ကူးအ
ကြံညဏ်ကိုရရှိခဲ့တာပါ။ပြီးတော့ ဒီလျှပ်စစ်အိုးလေးကိုအရေးပေါ်အခြေအနေမှာအဓိကထားအသုံးပြုဖို့ရည်
ရွယ်ထားပါတယ်။ဒါအပြင်ခရီးသွားလာခြင်းကဲ့သို့သော အိမ်အပြင်ဘက်လုပ်ငန်းဆောင်တာတွေမှာ
လည်းအသုံးပြုနိုင်ပါတယ်။
ကျွန်တော်တို့ဟာ ဂျပန်နိုင်ငံရဲ့အကြီးမားဆုံးသုတေသနအဖွဲ့အစည်းဖြင့်တဲ့ the National Institute of Advanced Industrial Science and Technology ရဲ့တိုးတက်လာသောနည်းပညာကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို၂၀၁၀မှစပြီးအထူးရောင်းအားမြှင့်တင်ရေးလုပ်ဆောင်ခဲ့ပါတယ်။နောက်ပြီးတော့ စက်မှုဇုန်အပူပေးဘွိုင်လာကနေစွန့်ထုတ်လိုက်သော ကျန်ရှိအပူမှလျှပ်စစ်စွမ်းအင်အဖြစ်သို့ပြောင်းလဲပေးနိုင်သော ဆက်စပ်ကုန်ပစ္စည်းများကိုလည်းတီထွင်ထုတ်လုပ်ဈေးကွက်သို့ဖြန့်ချီထားပြီးဖြစ်ပါတယ်"ဟုဂျပန်သတင်းဌာ
နသို့ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက" ဒီအပူပေးလျှပ်စစ်အိုးလေးဟာအရေးပေါ်အခြေအနေ၊
အိမ်အပြင်ဘက်လုပ်ငန်းဆောင်တာတွေ မှာအဓိကထားသုံးစွဲဖို့ရည်ရွယ်ထားပါတယ်။၎င်းပစ္စည်းကို ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာလည်းစတင်အသုံးပြုနေပြီဖြစ်ပါတယ်"..ဟု AFP သတင်းဌာနအားပြောကြားခဲ့ပါတယ်။
ဒါရိုက်တာ နှင့် နည်းပညာအမှုဆောင်အရာရှိ Ryoji Funahashi က ¨နေရောင်ခြည်သုံးလျှပ်စစ်စွမ်းအားပေး
ပစ္စည်းတွေနဲ့မတူတာတစ်ခုကတော့ ကျွန်တော်တို့ရဲ့ဒီသေးငယ်တဲ့လျှပ်စစ်အိုးလေးဟာ သယ်ဆောင်ရ
လွယ်ကူပြီးတော့ ရာသီဥတု၊နေ့တွေအချိန်တွေကိုအလေးထားစရာမလိုပဲအသုံးပြုနိုင်ပါတယ်¨
ဟုပြောကြားခဲ့ပါတယ်။

လေးစားစွာဖြင့်
အောင်ကျော်ဇင်မြင့်

1 comment:

  1. We are Bridge to Russian! Wanted to stop by and say hello. If you have time check us out too! Thank you for your online contribution.

    ReplyDelete