Menu

Popular Posts

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Wednesday, September 28, 2011

Online Security အတွက် အချက် (၁၀) ချက်

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်တာနက် သုံးစွဲမှုနှုန်း

ရုတ်တရက် မြင့်တက်လာတဲ့ နည်းတူပဲ အွန်လိုင်းကနေ တဆင့် အချက်အလက် ခိုးယူမှု၊ ဘဏ်အကောင့် နံပါတ်ခိုးယူ သုံးစွဲမှု၊ စတဲ့ ဆိုက်ဘာ ဒုစရိုက်မှုတွေလည်း တပြေးညီ မြင့်တက် လာခဲ့ပါတယ်။
ဒီနေ့ခေတ်ရဲ့ အင်တာနက်သုံးစွဲသူအားလုံးရဲ့ 91% ဟာအွန်လိုင်း အန္တရာယ်တွေရဲ့ ခြိမ်းခြောက်ခံနေရပြီး ဘယ်ကိုကာကွယ်ရမလဲဆိုတာလဲ မသိကြရပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ Online Security အတွက် လုံခြုံ စိတ်ချရအောင် ကာကွယ်ပေးနိုင်တဲ့ အချက် (၁၀) ချက်ကို အောက်မှာ ဖော်ပြပေးလိုက် ပါတယ်။
 
နံပါတ် (၁)
သင့်ကွန်ပျူတာမှာ ကောင်းမွန်တဲ့ Antivirus နဲ့ Anti-spyware တွေ Install လုပ်ထားဖို့လိုအပ်ပြီး အမြဲ Up-to-date ဖြစ်နေအောင် ပြုလုပ်ထားသင့်ပါတယ်။ Recommended ပေးထားတဲ့ Anti-spyware တွေကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
နံပါတ်(၂)
ကိုယ်ကိုယ်တိုင် သိတဲ့၊ သုံးနေကျဖြစ်တဲ့၊ ယုံကြည်ရတဲ့ website တွေကိုသာ ၀င်ရောက်ကြည့်ရှုသင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ တစ်ခါမှ မသုံးဘူးတဲ့ website တစ်ခုကို ၀င်ကြည့်မယ်ဆိုရင်တော့ ကြော်ငြာ(Ad) တွေ၊ ခေါင်းစည်း(Banner) တွေကို Click မနှိပ်မိဖို့ သတိထားပါ။
နံပါတ်(၃)
Email ကတဆင့် ရောက်ရှိလာတဲ့ Attachment File တွေကို Download မယူခင်ရော ယူပြီး မ Run ခင်မှာပါ Virus Scan စစ်ဆေးပါ။
နံပါတ်(၄)
သင့်ရဲ့ Operating System နဲ့ Browser တို့ကို ပုံမှန် Update ပြုလုပ်ပေးပါ။ ပိုကောင်းတဲ့ လုံခြုံရေးအတွက်ဆိုရင် အင်တာနက်သုံးစွဲတဲ့အခါ ကိုယ်သုံးတဲ့ Browser ရဲ့ နောက်ဆုံးထုတ် Version ကိုအသုံးပြုပြီး သုံးစွဲသင့်ပါတယ်။
နံပါတ်(၅)
သင့်ရဲ့ Password ( Email, Bank Account ) တွေကို ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ ဘယ်လို အကြောင်းပြချက် အတွက်ဖြစ်စေ Share မသုံးမိပါစေနဲ့။ Password ရွေးချယ်တဲ့အခါမှာလဲ Strong ဖြစ်အောင်ရွေးပါ။ Password တစ်ခုရွေးတဲ့အခါ
1. Capital Letters
2. Small Letters
3. Symbols
4. Numbers

အထက်ပါ (၄) ခုအနက် (၃) ခု ပါဝင်သင့်ပါတယ်။ Password ကိုလဲ (၃) လတစ်ကြိမ်လောက် အသစ်ပြောင်းသင့်ပါတယ်။ ပြီးတော့ အလွယ်တကူ ခန့်မှန်းနိုင်တဲ့ Password မျိုးတွေ မပေးသင့်ပါဘူး။ ဥပမာပြောရရင်- ဖုန်းနံပါတ်၊ ချစ်သူရည်းစားအမည်၊ စသည်ပေါ့။
နံပါတ်(၆)
Website တစ်ခု ဖွင့်မယ်ဆိုရင် Browser Address Bar ပေါ်မှာ URL ကို အပြည့်အစုံရိုက်ပါ။ ဥပမာ သင်က Gmail ကိုဝင်မယ်ဆိုရင် http://mail.google.com လို့ http:// ပါ ပါအောင် ရိုက်ပါ။
နံပါတ်(၇)
Login Page တစ်ခုမှာ Password ရိုက်ထည့်တော့မယ်ဆိုရင် အပေါ်က Address မှာ http အစား https လို့ ပြောင်းနေလား သေချာအောင်ကြည့်ပါ။ Https ဟာ SSL ( Secure Sockets Layer) ဖြစ်ပြီး Http ထက် ပိုပြီး Security ကောင်းပါတယ်။
နံပါတ်(၈)
Phishing Emails ( မေးလ်အတုများ ) ကိုသတိထားပါ။ သင့်ထံရောက်လာတဲ့ မေးလ်တွေထဲက ဥပမာ- ဒီလင့်ခ်ကို နှိပ်ပြီး Account Settings ကို ပြောင်းရန် အစရှိသည်အားဖြင့်ဖော်ပြထားတဲ့ မေးလ်တွေက Link တွေကိုမနှိပ်မိပါစေနဲ့။ သင့်ကို Spoofed Pages ( Page အတု )တွေဆီကို ခေါ်သွားပြီး Login ၀င်ခိုင်းနိုင်လို့ပါ။ Phishing နဲ့ Spoofed အကြောင်း နောက်ပိုင်းမှာ အကျယ်ရှင်းပြပါ့မယ်။
နံပါတ်(၉)
အသုံးပြုပြီးတဲ့အခါ အမြဲတမ်း Logout ထွက်ပါ။ Logout ထွက်ရုံတင်မက Browser ရဲ့ Cache နဲ့ History တွေကို ရှင်းပေးပါ။ ( Mozilla Firefox မှာဆိုရင် Tools ထဲက Clear Private Data ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear လုပ်ပေးပါ )
နံပါတ်(၁၀)
Internet Cafe တွေက Public Computers တွေမှာ Bank အကောင့်လို အရေးကြီးတဲ့ အချက်အလက်မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ်ဆိုရင်လဲ Spyware, keystroke-logger, password-sniffer တွေလိုမျိုး Software တွေ အဲဒီ Computer တွေမှာ Install လုပ်ထားမထား သေချာအောင်လုပ်ပါ။
အထက်ပါအချက် (၁၀) ချက်ကိုလိုက်နာခြင်းဖြင့် သင့်အတွက် ဆိုက်ဘာအန္တရာယ်မှ 90% ကာကွယ် ပေးနိုင်ပါလိမ့်မယ်။ ဆိုက်ဘာ တိုက်ခိုက်ခံရမှု အန္တရာယ်မှ ကင်းဝေးကြပါစေ။
မွန်ခိုက် | PatheinCity News | ဆောင်းပါး

Thursday, September 8, 2011

သင့်အတွက် လေ့လာစရာ ဝက်ဆိုဒ်ကောင်းများ

ကျွန်တော်ဆိုဒ်က Useful Link က ဆိုဒ်တွေစုစည်းပေးတာ ကျွန်တော်ကိုယ်တိုင် စုစည်းတာ မဟုတ်တာများတယ် ။ ကျွန်တော်ရေးတဲ့ ပိုစ့်တွေဆိုရင် အောက်ဆုံးမှာ ကျွန်တော်နာမည်အမြဲတမ်းထည့်တယ် ။ ဒီတစ်ခါကျွန်တော် လေ့လာစရာဝက်ဆိုဒ်တွေကို တင်ပေးလိုက်ပါတယ် ။ တစ်ခုချင်းကို မိတ်ဆက်ပေးဖို့ မလွယ်လို့ တစ်ခုချင်းစီသွားပြီး ။ မိမိဝါသနာပါရာကို လေ့လာနိုင်ကြောင်းပါဗျာ ။ တော်တော်လေးကို ကောင်းပါတယ် ။ ကျွန်တော်တောင် အကုန်မကြည့်ရသေးကြောင်းပါ ။ 3D,2D  Design ,Photoshop Tutorial ဘာတွေညာတွေတော့ စုံနေတာပဲဗျာ ။ လေ့လာကြည့်လိုက်စမ်းပါ ။ သင့်အတွက် အကျိုးရှိစေမှာပါ ။


(1)Pixel2life
(2)Good-Tutorials
(3)Tutorialized
(4)TutorialGarden
(5)TutorialOutpost
(6)Hacker News 
(7)FaqPal
(8)Luxa
(9)Graphic-Design-Links
(10)FStutorials
(11)PhotoshopRoadmap
(12)Tutorial-center
(13)Tipstrs
(14)TutorialKit
(15)PSlover
(16) TotalTutorial
(17)TutorialMan
(18)Pure-Graphics
(19)PhotoshopTalent
(20)Photoshop 911 
(21)TutorialSubmitter    
(22)Design Bump 
(23)Free Directory -
(24)CGlinks
(25)Tutorio
(26)T-tutorials
(27)Tutorial-Mix
(28)TutorialAdvisor
(29)Pixel-Groovy
(30)Tutorialing
(31)TipClique
(32)TutorialToday
(33)CapitalTutorials
(34)vunkysearch.net
(35)Tutorial-Index
(36)GFXtuts
(37)Photoshop Lady
(38)Design Float
(39)PS Tuts
(40)Tutorial Street
(41)v7n
(42)Psdtop
(43)Zeronese
ခွန်မောင်ပန် http://www.decembermgmg1992.co.cc/

Friday, September 2, 2011

ကိုယ်ပိုင် Portable Software ဖန်တီးမယ်

 



            ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ဆော့ဖ်ဝဲအများစုဟာ ကွန်ပျူတာမှာ Install လုပ်ပြီးမှ အသုံးပြုလို့ရပါတယ်....
အဲဒီလို ကွန်ပျူတာမှာ Install မလုပ်ဆောင်ရပဲ Double Click ကလေး ကလစ်လိုက်ရုံနဲ့ အသုံးပြုလို့ရတဲ့ ဆော့ဖ်ဝဲတွေကို Portable Software လို့ခေါ်ဆိုကြပါတယ်....Portable ဆော့ဖ်ဝဲကို အသုံးပြုခြင်းအားဖြင့် Usb Drive ကလေးနဲ့ အလွယ်တစ်ကူ သယ်ဆောင် သွားနိုင်တဲ့အပြင် ဘယ်ကွန်ပျူတာမှာမဆို Install လုပ်စရာ မလိုဘဲ ချက်ချင်းအသုံးပြုနိုင်တဲ့အကျိုးကျေးဇူးရှိပါတယ်....
          ဒါကြောင့် ဒီနေရာမှာ လက်ဆောင်အဖြစ်ပေးချင်တာက မိမိ စိတ်ကြိုက် အသုံးပြုနေတဲ့ ဆော့ဖ်ဝဲတစ်ခုဟာ Portable Version မရှိခဲ့ဘူးဆိုရင်တော့ Portable Version အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ဖို့အတွက် Portable Version ဖြစ်အောင် ပြောင်းလဲပေးနိုင် မယ့် ဆော့ဖ်ဝဲလေးတွေပါပဲ.....။
          Portable Version အဖြစ်ပြောင်းလဲနိုင်မယ့် ဆော့ဖ်ဝဲနှစ်မျိုးကတော့ Cameyo နဲ့ Evalaze ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်.....။ အသုံးပြုရတာ လွယ်ကူတဲ့အတွက် အသုံးပြုနည်းကို မဖော်ပြပေးတော့ပါဘူး..... စိတ်ဝင်စားတယ် ဆိုရင် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပါတယ်။


Cameyo


G talk အကောင့် ဘာကြောင့်ပျောက်

G talk အကောင့် ဘာကြောင့်ပျောက်
တကယ်တမ်းတော့ ကျွန်တော်တို့အကောင့်ကို ဘယ်သူမှမခိုးပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ပဲ လုပ်နေကြတာပါ။ တစ်ခါတစ်ခါ မသိလိုက်ပဲပိတ်ဖို့မေ့ကျန်ခဲ့တတ်ကြပါတယ်။
ပထမအချက်က-
Gmail ပိတ်ဖို့မေ့ခဲ့တာ(သို့မဟုတ်) Remember password ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှ ကျန်ခဲ့တက်ပါတယ်။ Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး။
Password Viewer Software တွေရယ်  password-recovery-for-google တွေကိုအသုံးပြုရပါတယ်။


ဒုတိယအချက်က-
Key Logger တွေကိုအသုံးပြုပြီး Password ကို ခိုးယူခဲ့ကြပါတယ်။ တစ်ချို့ အင်တာနက်ဆိုင်တွေမှာတော့ Key logger ကို စက်ထဲ ထည့်သွင်းထားပြီး User တွေရဲ့ Password တွေကို ယူတတ်ကြပါတယ်။
အခုနောက်ပိုင်းခေတ်စားလာတာက Phishing နည်းပညာလို့ခေါ်ပါတယ်။
အဲ့ဒါကတော့ Gmail Home page အတုတွေ ရယ်၊ Gmail inbox ထဲဝင်လာတဲ့ Mail မှာ Recover လုပ်မလား ဆိုတဲ့ Fade mailကို သွားဖွင့်ပီးတော့ User-name နဲ့ Password ကိုထည့်ပေးလိုက်မိရင် မိမိရဲ့ အကောင့်ကို တစ်ခြားသူက သိရှိသွားနိုင်တဲ့အကြောင်းအရာတွေပါ။
ကျနော့်အကောင့်ဘာကြောင့် ပျောက်ရတာလဲဆိုတော့- ကျနော်က blogspot ရေးပါတယ် ပြိးတော့ Youtube က နည်းပညာနဲ့ပတ်သတ်တဲ့သတင်းတွေကိုဖတ်ပါတယ်။ တစ်ချို့ဆိုက်တွေကို မြန်မာပြည်ကပိတ်ထားတော့ US Proxy ကို ၀ယ်ပြီး ပြောင်းသုံးပါတယ်။ ဒါမှ ကျော်ကြည့်လို့ရမယ် အသုံးချလို့ရမှာကို……….
ပုံမှန် လုပ်တဲ့အလုပ်တွေကို မြန်မာ Proxy နဲ့သုံးပါတယ် ပြီးတော့ ကျော်ပြီးသုံးရတော့မယ်ဆိုရင် US Proxy ကို သုံးမိလိုက်တယ် အဲ့ဒီတော့ ခုနကအသုံးပြုတုန်းက မြန်မာ Ip Address နဲ့၊ အခုချက်ခြင်းပဲ US IP ကို ပြောင်းသွားတာဆိုတော့ဆိုတော့ Google Server ကမယုံတင်ကာဖြစ်ပြီး ဖြတ်လိုက်တယ်လို့ ထင်ပါတယ်။ အဲ့ဒီတော့အကောင့်လေးက ပျက်သွားရော။ အကယ်၍ Proxy နှစ်ခု အပြောင်းအလဲလုပ်မယ်ဆိုရင် အနည်းဆုံး (၂)နာရီခြားပါ ။  By Pass Program တွေဖြစ်တဲ့ Freedom တို့လိုမျိုးသုံးလည်းအတူတူပါပဲ ဆင်ခြင်နိုင်အောင် လို့ပါ။
Disable ဖြစ်သွားခဲ့ရင်တော့ 24 နာရီစောင့်ကြည့်လိုက်ပါ။ ပြီးမှ ပြန်ဖွင့်ကြည့်ပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ချို့အကောင့်တွေ ပြန်မရခဲ့ပါဘူး တစ်ချို့အကောင့်တွေတော့ လွယ်လွယ်နဲ့ပြန်ရခဲ့ပါတယ် ။
Disable ဖြစ်သွားခဲ့ရင် အကူအညီတောင်းခံရမည့်နေရာကို သွားမယ့်လင့်လေးပါ...
Gmail မှာ လုံခြုံရေးစနစ် အဓိက (၃)ခုရှိပါတယ်။ Gmail Password ပျောက်သွားလို့ Gmail အကောင့်တစ်ခု ဆုံးရှုံးသွားပီလို့မထင်လိုက်ပါနဲ့ ပြန်ယူလို့ရပါတယ် ပြန်ယူနည်း (၃)နည်း ရှိပါတယ်
(၁) Gmail Recover လုပ်ထားပါ ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ။ Gmail Recover လုပ်မယ်ဆိုရင် အကောင့်နှစ်ခုပိုင်ဆိုင်ထားရမှာဖြစ်ပြီး အကောင့်အချင်းချင်း Recover ပေးထားလို့ ရပါတယ်။
(၂)  Answer your security question
Answer your security question ကတော့ Password ကို အရင်ပေးထားတဲ့ Security Question အသစ် ကို ပြောင်းတာဖြစ်ပါတယ်။

(၃) I no longer have access to these
အပေါ်ကပေးထားတဲ့နည်းအတိုင်းမရပါက နောက်ဆုံးလုပ်ဆောင်ရမည့်အပိုင်းဖြစ်ပါသည်။(အသေးစိတ်လွန်းပါသည်)

မှတ်ချက်။ ဖြစ်နိုင်ရင်တော့အဆင့်တစ်ဆင့်လုပ်ပြီးတိုင်း (၂၄)နာရီ ခြားပေးပါ။မရတဲ့အခါမှ နောက်တစ်ဆင့်လုပ်ပါ.
ရှင်းလင်းချက် (၁) Gmail Recover လုပ်ထားပါ
မိမိ၏ ဂျီမေလ်း password မေ့သွားခဲ့လျှင်  password recovery options ကိုအသုံးပြုပြီး password reset လုပ်နိုင်ပါ သည်။ Password reset လုပ်ရာတွင် Email Optoions / Phone Option နှင့် Security Option များစသည်ထဲမှ တစ်ခုခု ကိုအသုံးပြုပါသည်။ အသုံးအများဆုံး password recovery option ကတော့ Email option ကို ပဲ အသုံးပြုပါသည်။  (ရှင်းလင်းချက်ကိုကြည့်ပါ)
(Recovering Your Password လုပ်ရန်မေလ်းအား whitecloud12909@gmail.com အဖြစ် နမူနာထားပါမည်။)
(1)             မိမိ  Password recovery လုပ်ချင်သောဂျီမေလ်း ကို Sign in လုပ်ပါ။
              (ဥပမာ nyaalinkarr@gmail.com)
(2)             Gmail setting / Accounts and Imports / Change account setting မှ Change password recovery options ကို အဆင့်ဆင့် Click ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမည်။
 



ဝိုင်းပြထားသော Add or remove email address နေရာကို Click  နှိပ်၍ Add an additional email address နေရာတွင်
password recovery လုပ်ချင်သော ဂျီမေလ်းအကောင့်ကို ရိုက်ထည့်ပါ။  ပြီးလျှင် Save  ကိုနှိပ်ခြင်းဖြင့် Password Recovery လုပ်ဆောင်ပြီးစီးပြီဖြစ်ပါသည်။ ယခုလို လုပ်ဆောင်ထားခြင်းဖြင့် အကယ်၍ Password မေ့ခဲ့သည်ရှိသော အခက်အခဲတစ်စုံတစ်ရာမရှိပဲ မိမိ ဂျီမေလ်း၏ password ကိုအလွယ်တကူပြန်ယူလို့ရပါသည်။
မိမိရဲ့ Password (လျှို့ဝှက်)နံပတ် မမှတ်မိတော့လျှင် ပြန်လည်လုပ်ဆောင်ရန်
1.             အောက်ပါပုံအတိုင်း Gmail ကို Open လိုက်ပါ.။ User name မှာ Password မေ့နေသောအကောင့် နာမည်ကိုရိုက်ပါ။
(Password မေ့နေသော မေလ်းအား nyaalinkarr@gmail.com  အဖြစ် နမူနာထားပါမည်။)
ဝိုင်းပြထားသောနေရာမှာ Can’t access your account? ကို Click ပါ။
 
2.     အောက်တွင်ဖော်ပြထားသောပုံအတိုင်း Password Recovery လုပ်ထားစဉ်က ဂျီမေလ်းလိပ်စာကို ကိုရိုက်ပြီး Summit ကို Click ပါ။

3.     အောက်ကပုံအတိုင်းဖော်ပြပေးထားသော စာတွေကို အကြီးဆို အကြီး၊ အသေးဆို အသေး မှန်ကန်စွာရိုက်ရပါမည်။ပြီးလျှင်တော့ Continue ကို Click ပါ။




















4.     အောက်မှာတွေ့ရသည့်အတိုင်း Email to ကို On ပေးပါ။ ပြီးလျှင် Continue ကို ဆက်လက် Click ပေးပါ။
Email to ******@g*****.com ဆိုတာက မိမိရဲ့ password အသစ်ကိုပြောင်းလို့ရမယ့်လင့်ကို Recover ပေးထားတဲ့မေးထဲသို့ပို့ပေးမှာဖြစ်ပါသည်။ အဲ့ဒါကို ကလစ်ပေးပီးတော့ Continue ကိုနှိပ်လိုက်တာနဲ့ Recover mail ထဲကိုရောက်သွားပါလိမ့်မယ်။





5.     ထိုအခါ Password recovery လုပ်ထားသော ဂျီမေလ်းအကောင့်ထဲသို့ မေလ်းတစ်စောင့်ရောက်ရှိလာပါလိမ့်မည်။

6.     ရောက်ရှိလာသော မေလ်းအားဖွင့်ရန်အတွက် Recovery လုပ်ထားသော ဂျီမေလ်းကို  Sign in လုပ်ပါ။
မေလ်းကိုဖွင့်၍ ပုံတွင်ပြထားသည့် Link ကိုနှိပ်ပါ။


7.     Link ကိုနှိပ်လျှင်  အောက်တွင်ပြထားသည့်ပုံအတိုင်း New Password နှင့်  Re-enter password တွင် Password အသစ်ကိုရိုက်ထည့်ပြီးနောက် Reset Password ကို နှိပ်ပေးပါ။

ဒါဆိုရင် Password မေ့သွားသောအကောင့် ကို ယခုယူထားသော Password အသစ်ဖြင့်  Sign in လုပ်၍ ပြန်လည်အသုံးပြုနိုင်ပါပြီ။

xxxxxxxxxxxxxxxxxxxxxxxxx
ရှင်းလင်းချက် (၂) I no longer have access to these
I no longer have access to these ဆိုတာလေးကို ကလစ်လေးပေးပီးတော့ Conitinue ကိုနှိပ်လိုက်ပါ ။ အောက်မှာ ပြထားတဲ့ Box လေးတစ်ခုကျလာပါလိမ့်မည်

ပထမဆုံးက မိမိမှာအကောင့်အပိုတစ်ခု(သို့) မိမိသူငယ်ချင်းရဲ့ဂျီမေးလိပ်စာတစ်ခုခုကို ခနငှားပီးတော့ Contact informationand problem details  ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့-
An email adress we can use to contact you* ဆိုတဲ့အကွက်လေးထဲမှာ ထည့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဂျီမေးလိပ်စာအတိုင်း  Password ပြောင်းမယ့် လင့်ကိုပို့ပေးမှာဖြစ်ပါသည်။ ပြီးရင် အောက်နားလေးက I am unable to reset my password ဆိုတာလေးကို Click ပေးပါ။
Product information  အောက်နားက Do you use Gmail with this account?* ဆိုတဲ့နေရာမှာ Yes ကိုရွှေးပေးလိုက်ပါ ရွေးပေးလိုက်ရင် အောက်နားမှာ အကွက်လေးတွေထပ်ထွက်လာပါလိမ့်မယ်။ အကွက်လေးထဲမှာ မိမိပျောက်သွားတဲ့
ဂျီမေးလိပ်စာကိုထည့်လိုက်ပါ ။ပြီးလျှင် အောက်နားမှာ Do you have a verification code? ဆိုတာလေးရှိပါတယ်။ အဲ့ဒါက အကောင့်လုပ်ကတည်းက recover mail ပေးပြီးတော့ လုပ်ထားမှရပါတယ် အဲ့ဒီကုဒ်လေးကို သိရင်တော့ ထည့်ပေးလိုက်ပါ။ မသိရင်လည်း ထားခဲ့လို့ရပါတယ်။ ဆက်ပြီး Email adresses of up to five frequently emailed contacts: ဆိုတဲ့နေရာမှာ မိမိအကောင့် လုပ်တုန်းက အရင်ဆုံး Add တဲ့သူ (သို့)အရင်ဆုံး မေးလ်ပို့ တဲ့သူတစ်ယောက် ရဲ့ အကောင့်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ (ဒါကလည်းမလွယ်လှပါဘူး. မှတ်မိချင်မှမှတ်မိပါလိမ့်မယ်)
Other account information
Account creation date* အကောင့် လုပ်ခဲ့တဲ့ လနဲ့နှစ်ကို ထည့်ပေးရပါမယ်။ Last successful login date ဆိုတာက နောက်ဆုံး ဖွင့်ခဲ့တဲ့နေ့ကို ထည့်ပေးရပါမယ်။  အတိအကျထည့်ပေးရပါမယ်။ မသိရင်တော့ထားခဲ့လိုက်ပါ။ ပြီးရင် password အဟောင်းကို last password you remember* အဲ့အကွက်လေးထဲမှာထည့်ပေးလိုက်ပါ။ Submit ကို နှိပ်လိုက်ပါ။ နည်းနည်းလေးကြာရင်တော့ ကျွန်တော် ထိပ်ဆုံးမှာ(An email adress we can use to contact you* ) ထည့်ထားတဲ့ဂျီမေးလ်လိပ်စာထဲကို Password အသစ်ပြောင်းမယ် လင့်လေးရောက်လာပါလိမ့်မယ် အဲ့ဒီမှာပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ။

ဒီနည်းလေးက ကိုယ့်အကောင့် အခိုးခံရသူတွေအတွက် လုပ်ရတာအဆင်ပြေပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်ပဲသိနိုင်တဲ့အချက်အလက်တွေပဲဖြစ်လို့ပါ။ဒါပေမဲ့လည်း ကျွန်တော်တို့ ကိုယ်တိုင်မှတ်သားထားမိဖို့လိုပါလိမ့်မယ်။


စေတနာများစွာဖြင့်
အလင်္ကာည

Friday, July 15, 2011

G talk မှာ မိမိ အမည်မကျန်အောင် လုပ်တဲ့နည်း


...ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများပါတယ် ။   အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်    ခဲ့စေအောင်သုံးတဲ့နည်းလေးပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင်  မိမိရဲ.ရှေကဘယ်သူတွေ Gtalk၀င်သွားလဲ၊   သူတို.ရဲ. Gmail Addressတွေက ဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။      နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ GmailAddressကိုသူများ မသိအောင် ဘယ်လိုဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့  စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။
    (သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
     Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။
     ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။
     တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၇။  Account နှိပ်ပါ။
     G-mail Address များကိုတွေ.ရပါလိမ့်မည်။
     အကယ်လို.မိမိ G-talk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိG-mail Addressနာမည်
     ပေါ်နေပါလိမ့်မည်။
     ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
     Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right
     ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။


နောက်တစ်နည်း ရှိပါတယ်သေးတယ်.

၁။ G talk မှာ sing out ထွက်ပြီးတာနဲ့... log in address ကို ဖျက်လိုက်ပါ.... ပြီးရင် G talk box ကိုပိတ်လိုက်ပါ....
၂။ ပိတ်ပြီးတာနဲ့ Desktop screen ရဲ့ညာဘက်ထောင့်မှာ G-talk icon ပုံလေးပေါ်ကို right click နှိပ်ပြီး exit နဲ့ ထွက်လိုက်ပါ....
ဒါဆိုရင်ပြီးပါပြီ။


မိမိ Block ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete လုပ်နည်း

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။
http://multiplygroups.multiply.com/journal/item/634  မှာလည်း သွားရောက် ဖတ်ယူလို့ရပါတယ်။

Monday, June 27, 2011

အီးမေလ်းအား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ

Encrypt-your-Gmail-Email


ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာအလျှောက် အင်တာနက် နဲ့ အီးမေးလ်အသုံးပြုသူတိုင်း မိမိတို့အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထားသင့်ပေသည်။ အီးမေလ်း လိပ်စာလေးတစ်ခုရိုက်ထည့်ပြီးပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။


Internet Service Provider (ISP)
ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခုထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။

Email Provider
မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ - Gmail သုံးတယ်ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။

Corporate Environment
တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Document တွေ အမှားအယွင်းနဲ့ ၀န်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံအတွက် ထားထားကြတယ်။

Hotel/Conference Center/Internet Café
Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ... ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server / Gateway Router တွေကို တိတိကျကျ လုံခြုံမှု့မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။

Housing Provided Connectivity
condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြားဝင်ဖောက်တာပဲဖြစ်စေ ၀င်ရောက်နိုင်တယ်။

College Environment
College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက်လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်/

Local Loop Interceptionအကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာ သုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

MAN environmentယခုအချိန်မှာတော့ MAN တွေကို ပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

Wireless Network Access Point
Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်. ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စည်တို့လည်းပါဝယ်တယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။

ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။ ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီးပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။
အကောင်းဆုံးနည်းလမ်းဖြစ်တယ်။Encrypt လုပ်ဖို့အတွက် http://www.instructables.com/id/Encrypt-your-Gmail-Emailဒီလင့်လေးမှာသွားရောက်လေ့လာကြည့်လိုက်ပါ။ပြည်စုံစွာရှင်းပြထားပေးပါတယ်။
From Forever Friend

Saturday, June 25, 2011

Useful Websites Sharing

This summary is not available. Please click here to view the post.

Monday, June 20, 2011

သင်မကြားဖူး(လောက်)သော Browser ၁၀ ခု

Firefox. Internet Explorer. Chrome. Safari. Opera. We’ve pretty much all heard of them by now. They’ve been fighting for market share for the past few years (Internet Explorer has been fighting for it for a lot longer than that), and it’s unlikely any of them will ever come out the absolute winner. They try to be all things to all people. And that’s great.

Except…

What if you’re looking for a browser that does just the things you want to do online? What if you’re sick of all the browser-war hubub and want something that’s truly unique and different (and, maybe, works better than the mainstream options)? What then?

Posted Image



Well, there’s good news. There are more than a dozen excellent alternative browsers out there if you’re looking for something distinctive. Below are ten such web browsers, along with why you might want to consider using them.


1. Stainless
Posted Image

Stainless is a browser created in response to Google Chrome. It utilizes multi-processing architecture like Chrome (which, at the time of inception, wasn’t available for OS X), but also has some excellent features not found in other browsers. One of the most interesting features is the ability to log into one website using two different accounts in separate tabs.

Why you should consider it: The ability to log into a site with different credentials in different tabs makes this an excellent option for many. It’s especially useful if you have, say, work-related Gmail accounts and personal Gmail accounts.

Current release version: 0.7.5

Operating systems supported: OS X Leopard and Snow Leopard.


2. Maxthon
Posted Image

Maxthon is a highly configurable browser that places an emphasis on security. It has a built-in Ad Hunter that blocks most ads, as well as security features to prevent spyware, malware, and viruses. It lets you fully customize your browsing experience (you can choose between using menus, hot keys, word aliases, toolbars, or mouse gestures, plus there are more than 1,400 plug-ins to add functionality). It has filters available to block irritating or offensive content.

Other Maxthon features include a built-in screen capture tool, URL aliases for faster surfing, a built-in feed reader, an online favorites service, advanced proxy rules, and an anti-freeze feature.

Why you should consider it: If you want a customizable browser, Maxthon might be what you’re looking for; it’s built specifically for power users. Between plugins, skins, filter packs, and other customizable features, it truly lets you personalize your browsing experience. For parents concerned about their children’s’ activities online, the filters for blocking content can be reassuring.

Current release version: 2.5.11 (the Classic Version is also available: 1.6.5)

Operating systems supported: Windows


3. Sleipnir
Posted Image

Sleipnir is very popular in Japan with a majority share in the country. It’s a profoundly customizable browser that maintains speed and performance despite customizations. There are skins and plugins available for it, letting you change the design and settings of the browser to suit your needs. And as all good browsers should, it stresses on security and usability, and allows for tabbed browsing.

Why you should consider it: Sleipnir is an option if you want a highly customizable browsing experience.

Current release version: 2.9.2

Operating systems supported: Windows 98 and newer


4. Swiftfox
Posted Image

Swiftfox is an optimized build of Firefox that’s faster and more cutting edge than the regular Firefox distribution. It works with Firefox plugins, making it remarkably extensible. The overall user interface is similar to Firefox, but is a bit more minimalist and clutter-free. Most other features are in line with what Firefox has to offer.

Why you should consider it: If you love Firefox but want something faster and lighter, then Swiftfox is your best bet.

Current release version: 3.5.6

Operating systems supported: Linux


5. Lunascape
Posted Image

Lunascape is the world’s first and only triple engine browser. That’s right: it’s a hybrid browser that runs on Gecko, Trident, and WebKit. It supports plugins and add-ons from Firefox, Internet Explorer, as well as their own plugin platform. It’s touted to be faster and lighter than many other browser options.

Why you should consider it: If you find yourself constantly switching back and forth between browsers (either for cross-browser testing of web designs or because of add-ons available only to Firefox or Internet Explorer), Lunascape is a perfect fit for you.

Current release version: 6.0.1

Operating systems supported: Windows


6. Konqueror
Posted Image

Konqueror combines web browsing, local and remote file management, and a universal viewing app that lets you view documents without having to launch other programs. It’s open source and HTML 4.01 compliant. It embraces Netscape plugins (like those for Flash or RealVideo). Konqueror also has a built-in FTP and WebDAV support.

Why you should consider it: If you’re a Linux user who wants a browser that can multitask, then Konqueror is definitely something to look into. It’s especially useful for those who want to be able to manage files right from within their browser.

Operating systems supported: Linux


7. SeaMonkey
Posted Image

SeaMonkey is developed by Mozilla and is an "all-in-one" internet suite of apps. While the browser within SeaMonkey is pretty standard (and not unlike Firefox), what sets it apart is that it has integrated email, newsgroups, an HTML editor, IRC Chat, and web development tools. The mail feature offers tabbed reading and supports tagging and alternate views for better email finding and reading. The HTML editor renders CSS and gives you dynamic image and table resizing. For web developers, you can take advantage of the JavaScript debugger and a DOM inspector.

Why you should consider it: For developers and designers, SeaMonkey has a plethora of useful built-in features. It’s also a great option for people who like to run the bare minimum number of apps.

Current release version: 2.0.1

Operating systems supported: Windows 2000 and newer, Mac OS X 10.4 and newer, and Linux.


8. OmniWeb
Posted Image

OmniWeb is a WebKit browser created by the same people who created OmniGraffle and OmniOutliner. It aims to be fun and easy to use (like other Omni products) and shares a similar user interface. It has all the standard browser features we’ve come to expect (including tabbed browsing, bookmarks, and ad blocking), but also includes Workspaces, which lets you save browsing sessions to open later and includes an auto-save option and a built-in RSS reader.

Why you should consider it: For Mac users who want a browser that’s efficient and easy to use, OmniWeb might be just what you’re looking for. It’s appropriate for power users too, and the Workspaces feature is especially handy.

Current release version: 5.0.1

Operating systems supported: Mac OS X 10.4.8 or newer


9. Camino
Posted Image

Think of Camino as a Firefox build specifically for Macs, built on the Gecko 1.9 rendering engine. It includes phishing and malware protection, tabs (including a tab overview function that lets you see all your open tabs at once), "annoyance blocking" (which blocks ads, pop-ups, and Flash animations), Keychain support (to save your browsing credentials), and download notifications. It also includes AppleScript support, feed detection, session saving, recently closed tabs, and full keyboard access.

Why you should consider it: Camino is a great browser for Mac users who like Firefox but want something built specifically for the Mac.

Current release version: 2.0

Operating systems supported: Mac OS X 10.4 or newer


10. Flock
Posted Image

Flock is probably better known than many of the other browsers above, especially if you’re a social media addict. Flock was created specifically to make managing your social media activities easier from within your browser.

Flock focuses on staying connected through social media by making sharing and publishing things easier. It integrates directly with Facebook, Gmail, Digg, YouTube, MySpace, Flickr, Twitter, WordPress, Blogger, Delicious, Bebo, TypePad, Picasa, and more. Special features include a People sidebar, a Media bar (to browse photos and videos from your favorite sites), a built-in feed reader, a photo uploader, a blog editor, and more. There are also extensions and custom themes available for download.

Why you should consider it: Flock is a great choice for social media power users who want to be able to connect with all their social media accounts from one place.

Current release version: 2.5

Operating systems supported: Windows, Linux, Mac OS X
from (PadonMar)

Friday, June 17, 2011

Online Security အတွက် အချက်(၁၀)ချက်


လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်တာနက် သုံးစွဲမှုနှုန်း ရုတ်တရက် မြင့်တက်လာတဲ့ နည်းတူပဲ အွန်လိုင်းကနေ တဆင့် အချက်အလက် ခိုးယူမှု၊ ဘဏ်အကောင့် နံပါတ်ခိုးယူ သုံးစွဲမှု၊ စတဲ့ ဆိုက်ဘာ
ဒုစရိုက်မှုတွေလည်း တပြေးညီ မြင့်တက် လာခဲ့ပါတယ်။
ဒီနေ့ခေတ်ရဲ့ အင်တာနက်သုံးစွဲသူအားလုံးရဲ့ 91% ဟာအွန်လိုင်း အန္တရာယ်တွေရဲ့
ခြိမ်းခြောက်ခံနေရပြီး ဘယ်ကိုကာကွယ်ရမလဲဆိုတာလဲ မသိကြရပါဘူး။ ဒါကြောင့်
ကိုယ့်ရဲ့ Online Security အတွက် လုံခြုံ စိတ်ချရအောင် ကာကွယ်ပေးနိုင်တဲ့
အချက် (၁၀) ချက်ကို အောက်မှာ ဖော်ပြပေးလိုက် ပါတယ်။
နံပါတ် (၁)
သင့်ကွန်ပျူတာမှာ ကောင်းမွန်တဲ့ Antivirus နဲ့ Anti-spyware တွေ Install လုပ်ထားဖို့လိုအပ်ပြီး အမြဲ Up-to-date ဖြစ်နေအောင် ပြုလုပ်ထားသင့်ပါတယ်။
Recommended ပေးထားတဲ့ Anti-spyware တွေကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
နံပါတ်(၂)
ကိုယ်ကိုယ်တိုင် သိတဲ့၊ သုံးနေကျဖြစ်တဲ့၊ ယုံကြည်ရတဲ့ website တွေကိုသာ ၀င်ရောက်ကြည့်ရှုသင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ တစ်ခါမှ မသုံးဘူးတဲ့ website
တစ်ခုကို ၀င်ကြည့်မယ်ဆိုရင်တော့ ကြော်ငြာ(Ad) တွေ၊ ခေါင်းစည်း(Banner)
တွေကို Click မနှိပ်မိဖို့ သတိထားပါ။
နံပါတ်(၃)
Email ကတဆင့် ရောက်ရှိလာတဲ့ Attachment File တွေကို Download မယူခင်ရော ယူပြီး မ Run ခင်မှာပါ Virus Scan စစ်ဆေးပါ။
နံပါတ်(၄)
သင့်ရဲ့ Operating System နဲ့ Browser တို့ကို ပုံမှန် Update ပြုလုပ်ပေးပါ။ ပိုကောင်းတဲ့ လုံခြုံရေးအတွက်ဆိုရင် အင်တာနက်သုံးစွဲတဲ့အခါ
ကိုယ်သုံးတဲ့ Browser ရဲ့ နောက်ဆုံးထုတ် Version ကိုအသုံးပြုပြီး
သုံးစွဲသင့်ပါတယ်။
နံပါတ်(၅)
သင့်ရဲ့ Password ( Email, Bank Account ) တွေကို ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ ဘယ်လို အကြောင်းပြချက် အတွက်ဖြစ်စေ Share
မသုံးမိပါစေနဲ့။ Password ရွေးချယ်တဲ့အခါမှာလဲ Strong ဖြစ်အောင်ရွေးပါ။
Password တစ်ခုရွေးတဲ့အခါ
1. Capital Letters
2. Small Letters
3. Symbols
4. Numbers
အထက်ပါ (၄) ခုအနက် (၃) ခု ပါဝင်သင့်ပါတယ်။ Password ကိုလဲ (၃) လတစ်ကြိမ်လောက် အသစ်ပြောင်းသင့်ပါတယ်။ ပြီးတော့ အလွယ်တကူ ခန့်မှန်းနိုင်တဲ့ Password မျိုးတွေ မပေးသင့်ပါဘူး။ ဥပမာပြောရရင်- ဖုန်းနံပါတ်၊
ချစ်သူရည်းစားအမည်၊ စသည်ပေါ့။
နံပါတ်(၆)
Website တစ်ခု ဖွင့်မယ်ဆိုရင် Browser Address Bar ပေါ်မှာ URL ကို အပြည့်အစုံရိုက်ပါ။ ဥပမာ သင်က Gmail ကိုဝင်မယ်ဆိုရင် http://mail.google.com လို့ http:// ပါ ပါအောင် ရိုက်ပါ။
နံပါတ်(၇)
Login Page တစ်ခုမှာ Password ရိုက်ထည့်တော့မယ်ဆိုရင် အပေါ်က Address မှာ http အစား https လို့ ပြောင်းနေလား သေချာအောင်ကြည့်ပါ။ Https ဟာ SSL ( Secure Sockets Layer) ဖြစ်ပြီး Http ထက် ပိုပြီး Security ကောင်းပါတယ်။
နံပါတ်(၈)
Phishing Emails ( မေးလ်အတုများ ) ကိုသတိထားပါ။ သင့်ထံရောက်လာတဲ့ မေးလ်တွေထဲက ဥပမာ- ဒီလင့်ခ်ကို နှိပ်ပြီး Account
Settings ကို ပြောင်းရန် အစရှိသည်အားဖြင့်ဖော်ပြထားတဲ့ မေးလ်တွေက Link
တွေကိုမနှိပ်မိပါစေနဲ့။ သင့်ကို Spoofed Pages ( Page အတု )တွေဆီကို ခေါ်သွားပြီး Login ၀င်ခိုင်းနိုင်လို့ပါ။ Phishing နဲ့ Spoofed အကြောင်း နောက်ပိုင်းမှာ အကျယ်ရှင်းပြပါ့မယ်။
နံပါတ်(၉)
အသုံးပြုပြီးတဲ့အခါ အမြဲတမ်း Logout ထွက်ပါ။ Logout ထွက်ရုံတင်မက Browser ရဲ့ Cache နဲ့ History တွေကို ရှင်းပေးပါ။ ( Mozilla Firefox မှာဆိုရင် Tools ထဲက Clear Private Data ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear လုပ်ပေးပါ )
နံပါတ်(၁၀)
Internet Cafe တွေက Public Computers တွေမှာ Bank အကောင့်လို အရေးကြီးတဲ့ အချက်အလက်မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ်ဆိုရင်လဲ Spyware,
keystroke-logger, password-sniffer တွေလိုမျိုး Software တွေ အဲဒီ
Computer တွေမှာ Install လုပ်ထားမထား သေချာအောင်လုပ်ပါ။
အထက်ပါအချက် (၁၀) ချက်ကိုလိုက်နာခြင်းဖြင့် သင့်အတွက် ဆိုက်ဘာအန္တရာယ်မှ 90% ကာကွယ် ပေးနိုင်ပါလိမ့်မယ်။ ဆိုက်ဘာ တိုက်ခိုက်ခံရမှု အန္တရာယ်မှ ကင်းဝေးကြပါစေ။


မြို့တော်ပုသိမ်သတင်း