Menu

Popular Posts

Showing posts with label ဟာသများ. Show all posts
Showing posts with label ဟာသများ. Show all posts

Sunday, August 28, 2011

ဟာသ

ဟာသ
  နေရာ ... စိတ္တဇဆေးရုံ>
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
  ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
  လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
  ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
  ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူတည်း။

ဟာသ(၂)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့
အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
 ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
 အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က
 နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
 နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်" လို့
 ပြောလိုက်သတဲ့။

ဟာသ(၃)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
  နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
  ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
  ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
  ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
  လူနှစ်ယောက်ပျော်ရမယ်"
  တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
   ပျော်ရမယ်"
  သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
  ပြောလိုက်သတဲ့...
  "အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
  လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။

ဟာသ(၄) 
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
  ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
  ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
  မေးကြတော့တာပေါ့။

  ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

  `ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
  စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
  ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
  ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
  တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
  ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။

  ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ
  ငိုပြန်ပါလေရော။

  နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
  သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
  `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။

  မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။

ဟာသ(၅)
တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
  လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
  အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

  `အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´
  လို့မေးလိုက်တယ်။
  ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
  နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီ
  ပြန်ဖြေလိုက်တယ်။

  ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
  ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
  ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
  ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

  နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
  ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
  ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
  ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။

  `အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

Sunday, July 3, 2011

ရယ်ကြမယ် မောကြမယ်

တိုက်ခန်းသစ်မှာနေတဲ့ကိုချူချာ

ကိုချူချာ တိုက်ခန်းသစ် ရသည်။ နယ်မှ ရောက်လာသော ဆွေမျိုး များကို လိုက်ပြသည်။ ကြွားသည်။ ရေဆွဲ အိမ်သာကို ရောက်လာသည်။ ဆွေမျိုးများက မေးသည်။
  
"အဲ့ဒါ ဘာ ခေါ်သလဲ ဘာအတွက် သုံးသလဲ"

"ကျွန်တော်လည်း မသိဘူး၊ ဟောဒီ ကြိုးကို ဆွဲလိုက်ရင် ရေကျ လာတယ်။ လက်ဆေးဖို့ အချိန် ရတယ်၊ အဲ... မျက်နှာသစ် ဖို့တော့ အချိန် မမှီဘူး..."
                       
♥♥♥♥♥♥♥♥♥♥
ရှက်လို့ 

"ခင်ဗျားလက် ကျုပ်အိတ်ထောင်ထဲ ဘာလုပ်နေတာလဲ"

"မီးခြစ်ရှာနေတာပါ"

"တောင်းရင် ပေးမှာပေါ့ဗျ"

"တောင်းရမှာ ရှက်လို့ဗျ..."
                       

♥♥♥♥♥♥♥♥♥♥

ခွေးမဟုတ်ပါ 

ပီတာတို့ မိသားစု ညစာ စားနေကြသည်။ သုံးဦးစလုံး ငြိမ်သက်စွာ စားနေကြသည်။ ရုတ်တရက် ပီတာ့ အမေက ပြောသည်။

"သားအရိုးကို ကိုက်မနေနဲ့လေ၊သားဟာ ခွေးမဟုတ်ဘူးကွဲ့၊ ဖေဖေ့ကိုပေးလိုက်..."
                
♥♥♥♥♥♥♥♥♥♥

မ၀ယ်မနေရ  

"ဟေ့လူ ကျုပ်ဆီက ခြောက်လုံးပြူးကို ၀ယ်ပါ..."

"ဟာ ခြောက်လုံးပြူးကို ကျွန်တော်ဘာလုပ်ရမှာလဲ"

"၀ယ်စမ်းပါ၊ ဒါ ရှိသင့်တဲ့ ပစ္စည်း ပြီးတော့ အသစ်ကြီး ကျုပ်နှစ်ခါပဲ ပစ်ရသေးတယ်"

"ဒုတိယ တစ်ခါကလဲ သေချာအောင် ထပ်ပစ်ခဲ့ရတာ ၀ယ်ပါ၊ ခင်ဗျားကို ကျုပ် အကောင်း ပြောတာ"
"ဟာ မ၀ယ်ချင်ပါဘူးဗျာ၊ သေနတ် ရှိနေရင် ပစ်ချင်တဲ့စိတ် ပေါ်တတ်တယ်ဗျ"

"၀ယ်ပါလို့ ကျုပ် ခင်ဗျားကို ထပ်ပြီး အကြံပေးတယ်။ နို့မဟုတ်ရင် ကျုပ် တတိယအကြိမ် ပစ်မိလိမ့်မယ်၊ သိလား..."
                       
♥♥♥♥♥♥♥♥♥♥

မေမေကူပါ 

ပီတာလေး ကန်လိုက်သော ဘောလုံးမှာ အိမ်နီးချင်းဧ။် ပြတင်းပေါက်ကို ထိပြီး မှန်ကွဲသွားသည်။ အမေ ဖြစ်သူက ပီတာလေးကို ခြောက်လှန့်သည်။

"မင်းအဖေ မှန်အသစ် မယူလာမချင်း ပေါက်နေတဲ့ အပေါက်ကို မင်းရဲ့ ဖင်ပြောင်နဲ့ ပိတ်ပေးရမှာပဲ၊ နားလည်ထား"
   
ပီတာလေး မျက်ရည်များကြားက ပြောသည်။
   
"သားထမင်းစားချိန်မှာ သား အစား မေမေ ပိတ်ပေးနော်"
                       
♥♥♥♥♥♥♥♥♥♥

မှားပြီ 

အမျိုးသမီး - လမ်း တစ်လျှောက်လုံး ရှင် ဘာဖြစ်လို့ ကျွန်မ နောက် လိုက်နေ ရတာလဲရှင့်

အမျိုးသား - အခု ခင်ဗျား ကျွန်တော့်ဘက် လှည့်ပြီး ပြောလိုက် တော့မှ အဲ့ဒီ မေးခွန်းကို ကျွန်တော့် ကိုယ် ကျွန်တော် မေးမိတယ်ဗျာ။


♥♥♥♥♥♥♥♥♥♥
ကမ္ဘာကြီးက ကျဉ်းလွန်းတယ်
အမျိုးသားနှစ်ဦး ဂေါက်ရိုက် နေကြသည်။ ၎င်းတို့သည် တစ်ကျင်းပြီး တစ်ကျင်း ကျော်လာရာ ရှေ့ကျင်း များတွင် ကစား နေသည့် အမျိုးသမီး နှစ်ဦးအား မီလာ တော့သည်။ ထို အမျိုးသမီး များသည် ခပ်ဖြည်းဖြည်းနှင့် အေးအေး ဆေးဆေးသာ ကစား နေကြရာ ဂေါက်ကွင်း စည်းကမ်းကြောင့် ရှေ့လူကို စောင့်နေ ရသည့် အမျိုးသားများမှာ စိတ်မရှည် နိုင်အောင် ဖြစ်လာလေ တော့သည်။ တစ်ဦးက ဆိုသည်။  

"ကဲ အမျိုးသမီးတွေကို ငါတို့ကို အလှည့် ကျော်ခွင့် ပေးဖို့ သွားပြောကြရအောင်"
နှစ်ဦး သဘော တူညီချက် အရ အမျိုးသား တစ်ဦးက ရှေ့မှ နှစ်ယောက်ဆီ လျှောက်သွားသည်။ အတော် နီးသော အခါ ထိုသူသည် ၎င်း၏ အဖော် ထံသို့ ကသောကမျော ပြန်လှည့် ပြေးလာသည်။ တစ္ဆေ တွေ့လာ သကဲ့သို့ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေရင်း သူ့ သူငယ်ချင်းကို ရှင်းပြသည်။

"ဘုရား၊ ဘုရား....ကံကြီးပေလို့ အဲ့ဒီ မိန်းမ နှစ်ယောက်မှာ တစ်ယောက်က ငါ့ မိန်းမ၊ နောက် တစ်ယောက်က ငါ့ တိတ်တိတ်ပုန်း Baby လေးကွ၊ သူတို့ နှစ်ယောက် ဘယ်လိုများ သိနေ ပါလိမ့်။ တော်ပါသေးရဲ့ ငါ့ကိုမမြင်လို့"

ကျန်အမျိုးသားက ကရုဏာ သက်သည့် အကြည့်ဖြင့် ကြည့်ပြီး ထိုကိစ္စကို ၎င်း တာဝန် ယူကြောင်း ပြောသည်။ ထို့နောက် အမျိုးသမီးများထံ ထွက်သွားသည်။ သို့သော်လည်း ထိုသူပါ ပြန်ပြေးလာပြီး ပထမလူကို ပြောသည်။

"အောင်မယ်လေးဗျာ၊ ကမ္ဘာကြီး ကျဉ်းတယ်ဆိုတာ ခုမှယုံတော့တယ်။ မင်းနဲ့ ငါနဲ့ ဘ၀တူ ပဲကွ"


♥♥♥♥♥♥♥♥♥♥

ကျွန်မလည်းပါတယ်
ကိုဘလှ တစ်ယောက် နေအိမ်သို့ စိတ်လှုပ်ရှားစွာ ပြန်လာသည်။ မီးဖိုထဲတွင် ချက်ပြုတ် နေသည့် မိန်းမအား အလောတကြီး လှမ်းပြောသည်။

"ငါတို့တိုက် မြေညီထပ်မှာ နေတဲ့ အောင်မင်း ဆိုတဲ့ အကောင် အရက်ဆိုင်မှာ ပြောနေတာ ကြားခဲ့တယ်။ ဒီတိုက်မှာ ရှိနေတဲ့ မိန်းမတွေ ထဲမှာ သူနဲ့ မငြိဘူးတာ တစ်ယောက်ထဲ ရှိတယ်တဲ့"

ကိုဘလှ၏ ချစ်ဇနီးက ချက်ချင်း ပြန်ပြောသည်။
"ပာင်...ပာုတ်လား၊ ဒါဆိုရင် အခန်းနံပါတ် (၃၂) က ကောင်မပဲ ဖြစ်ရမယ်။ ဒင်းလို ရုပ်မျိုး ဘယ်သူမှ မကြိုက်ဘူး..."

♥♥♥♥♥♥♥♥♥♥

တခါက လူသား စားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံ စီးလေသည်။

လေယာဉ်မယ်။ ။ ဘာများ သုံးဆောင် မလဲရှင်

အကြီးအကဲ။ ။ ခရီးသည်တွေရဲ့ နာမည် စာရင်းကို အရင် ပြစမ်းပါ။
♥♥♥♥♥♥♥♥♥♥

တခါက ချစ်သူနှစ်ဦး စကားများကြသည်။

မိန်းကလေး။ ။ ရှင်ပာာ ဘာမှအသုံးမကျတဲ့ အမှိုက်ပဲ

ယောက်ျားလေး။ ။ အမှိုက်မှန်းသိရက်နဲ့ ဘာလို့ချစ်ခဲ့လဲ

မိန်းကလေးမှာ ပိုဒေါသထွက်သွားပြီး-

ရှင် ဘာသိလို့လဲ ဒါကျွန်မ recycle လုပ်နေတာရှင့်။
♥♥♥♥♥♥♥♥♥♥

 "ကျွန်တော်ပာာ ခင်ဗျားရဲ့ ပထမဦးဆုံး ချစ်သူလား"
 
"ဒါပေါ့ရှင်....ဘာဖြစ်လို့ ယောက်ျားလေးတိုင်းက ဒီမေးခွန်းကို မေးကြလဲမသိဘူး"

♥♥♥♥♥♥♥♥♥♥

"ကျုပ်မိန်းမဟာ အတော် မုသား ပြောတတ်တယ်" ဟု ယောက်ျား ဖြစ်သူက သူငယ်ချင်းလူယုံအား တိုင်၏။

"မင်း ဘယ်လိုသိသလဲ"

"မနေ့ညက သူ အိမ်ပြန်မလာဘူး၊ ဘယ်သွားနေလဲ  မေးတော့ သူ့ညီမ အဲမာ အိမ်မှာ အိပ်ခဲ့တယ်လို့ ပြောတယ်"

"အဲဒီတော့"

"ဒါ သူညာတာ ထင်ရှားတာပေါ့၊ ကျုပ်က အဲမာနဲ့ တစ်ညလုံး ရှိနေခဲ့တာပဲ"

♥♥♥♥♥♥♥♥♥♥

ဓာတ်မီး မရှိသော တောရွာ တစ်ခု၌ သန်းခေါင်ကျော် အချိန် အမျိုးသမီး တစ်ဦး မီးဖွားရာ ယောက်ျား ဖြစ်သူကို မီးအိမ် ကိုင်ခိုင်းပြီး ဆရာဝန်က မွေးပေး၏။ ပထမဦးစွာ ယောက်ျားလေး ထွက်လာရာ အဖေ ဖြစ်သူက မီးအိမ်ကို ကြမ်းပေါ် ချ၍ ၀မ်းသာအားရ ကလေးကို ပွေ့ချီ၏။

ဆရာဝန်က  "နေဦး၊ နေဦး၊ နောက်ကလေး တစ်ယောက် လာဦးမယ် ထင်တယ်၊ မီးအိမ် ပြန်ကိုင်ဦး" ဟုဆို၏။ ဆရာဝန်  ထင်သည့် အတိုင်း သမီး ကလေး တစ်ဦး ထွက်လာ၏။ အဖေ ဖြစ်သူက မီးအိမ်ကို ချ၍ သမီး ကလေးအား ယုယစွာ ပိုက်ထွေး၏။ ဆရာဝန်က တစ်ဖန်-

"ကြည့်ရတာ နောက်ကလေး တစ်ယောက် ထွက်လာ ဦးမယ် ထင်တယ်" ပာုဆို၍ မီးအိမ် ပြန်ကိုင် ပြရပြန်၏။ မိနစ် အနည်းငယ် အကြာ နောက်ထပ် သမီး ကလေး တစ်ဦး မွေးပြန်၏။ ဤတွင် ဖခင် ဖြစ်သူက ဆရာဝန်အား မေးမြန်းသည်မှာ...

"ဆရာ၊ မီးရောင်ပြလို့ ကလေးတွေ ထွက်လာတာလား" ဟု။


♥♥♥♥♥♥♥♥♥♥
(မောင်ကောင်းထိုက် ပာာသများမှ ကောက်နုတ်သည်) 

Tuesday, June 21, 2011

ပြုံးရွှင် ရယ်မော စေဖို့

ပြုံးရွှင် ရယ်မော စေဖို့

မေ့လိုက် 

အသည်းအသန် နာမကျန်း ဖြစ်ပြီး အိပ်ရာထဲ လဲနေသော အဘိုးအိုသည် သားများကို ဆင့်ခေါ် လိုက်သည်။

 "သားတို့ရေ... အဖေတော့ သိပ် ကြာကြာ နေရ တော့မယ် မထင်ဘူး။ အဖေ မရှိတဲ့ နောက် မင်းတို့ ဆက်လက် ဆောင်ရွက် နိုင်အောင် ကိစ္စ အချို့ကို အသိပေး ချင်တယ်။ ကိုင်း... ရေးမှတ် ထားကြ။ ဦးမြင့်အေးက အဖေ့ကို ငွေ သုံးထောင် ပေးစရာ ရှိတယ်"

"စိတ်ချ အဖေ... ကျွန်တော်တို့ မှတ်ထား လိုက်ပါပြီ... ဖုန်းဆက်ပြီး သတိပေး လိုက်ပါ့မယ်"

"ဦးခင်ဖေက အဖေ့ကို ငွေ လေးထောင် ပေးစရာ ရှိတယ်"

"စိတ်ချ အဖေ... စာရေး အကြောင်းကြား လိုက်ပါ့မယ်... စာကို မှတ်ပုံ တင်ပြီး ပို့ပါမယ်"

"ဦးစိုးပိုင် ကတော့ အဖေ့ကို ငွေ ငါးထောင် ပေးစရာ ရှိတယ်"
 
"ဒီ နေ့ပဲ ကြေးနန်းစာ ပို့လိုက် ပ့ါမယ်... ဘာမှ စိတ်မပူနဲ့ အဖေ "
"ဦးကျော်ခက်ကို အဖေ ငွေ နှစ်သောင်း ပေးစရာ ရှိတယ် "

"ဟာ အဖေ ကလဲ... ဒီ အချိန်မှာ စိတ်မကောင်း စရာတွေ မတွေးနဲ့လေ... မေ့လိုက်... မေ့လိုက် "

*****
သာတာ တွေ့ရင် တော့လား

ရောဂါ ဝေဒနာကြောင့် သိပ် ကြာကြာ မနေရတော့ဟု ဆရာဝန်များ ကောက်ချက်ချ ထားသည့်  အဖွားက သူမ၏ ခင်ပွန်းသည်အား လေသံ တိုးတိုးဖြင့် ပြောသည်။

"ကျွန်မ သေရင် ရှင် နောက် အိမ်ထောင်ပြု မှာလား"

"ဟင့်အင်း..."

"ဘာဖြစ်လို့လဲ... ရှင် ဒီလောက် အသက် မကြီးသေး ပါဘူး... ပြီးတော့... ရှင် ကျန်းမာရေးလည်း ကောင်းနေသားပဲ"

"မင်းထက် သာတဲ့ မိန်းမကို ငါ ရှာတွေ့ မှာမှ မဟုတ်ဘဲကွာ... မင်းလို မိန်းမ မျိုးပဲ ဆိုရင်တော့ ဘာလုပ်မှာလဲ... မယူချင်ပါဘူး..."

*****
ရွေးရခက်ကြီး

ယောက်ျားကြီး တစ်ယောက် မိန်းမ ဖြစ်သူ မျက်နှာ မြင်မည် ဆိုသဖြင့် သားဖွားခန်း အရှေ့တွင် ထိုင်စောင့် နေသည်။ တစ်နာရီလောက် ကြာသော အခါ နဖူးပေါ် ချွေးကို သုတ်ကာ ဆရာဝန် အခန်းထဲမှ ထွက်လာသည်။ ယောက်ျားကြီးဘက် လျှောက်လာပြီး ပြောသည်။

"အခြေအနေ လုံးဝ မကောင်းဘူး... ခင်ဗျား တစ်ခုခုကို ရွေးရ လိမ့်မယ်... ကျွန်တော်တို့ အမေ သို့မဟုတ် ကလေးကိုပဲ ကယ်နိုင်မယ်ဗျ "

"ကိုင်း... ခင်ဗျား အဆုံးအဖြတ် ပေးပါ"

"ကျွန်... ကျွန်တော် ဘယ်လို ဆုံးဖြတ်ရ မယ်မှန်း မသိပါဘူး... ကလေးက ကျွန်တော်နဲ့ ရတဲ့ ကလေး မဟုတ်ဘူး... တစ်ဖက်က ပြန် စဉ်းစား တော့လဲ နောက် မိန်းမ တစ်ယောက်ကို ကျွန်တော် အချိန် မရွေး ကောက်ယူလို့ ရတယ်... ဟုတ်တယ် မဟုတ်လား ဆရာ"
*****

အလည်ကျူးသူ 

ယောက်ျား ဖြစ်သူ မနက် ငါးနာရီမှ အိမ်ပြန် ရောက်လာသည်။

မိန်းမက ခါးထောက်ပြီး မေးသည်။

"ရှင် ဘယ်ကို သွားနေတာလဲ"
" ရှင်သာ ကျွန်မနဲ့ မညားရင် ရှင် ဘယ်ကို သွားသွား နေမှာလဲ လို့ မင်း ငါ့ကို ခဏ ခဏ မေးဖူးတယ် မဟုတ်လား... အေး... အခု ငါ အဲဒီက ပြန်လာတာ ဟေ့"


*****

ပျောက်နေတဲ့ သားသမီးတွေ

"ဘိုးဘွား ရိပ်သာမှာ နေချင်တယ် ဆိုရင် ဘယ်လို အချက်အလက် တွေနဲ့ ပြည့်စုံမှ လက်ခံ တာလဲဟင်"

"သားထောက် သမီးခံ မရှိမှ လက်ခံ တာပါ... အဘွားမှာ သားသမီး ရှိသလား"

"သမက် လေးယောက်နဲ့ ချွေးမ သုံးယောက် ရှိတယ်"
*****

အကြိုက်ချင်း မတူပါ 

ကိုဘမောင်က သူ့ မိန်းမကို ကြည့်ပြီး ပြောသည်။

"မင်း ဆောင်းထားတဲ့ ခရီးသွား ကပ်ဦးထုပ်ကို ငါ သိပ် မကြိုက်ချင်ဘူး"

 မိန်းမက မဲ့ရွဲ့ပြီး ပြန် ပက် သည်။

"ရှင် ကြိုက်တဲ့ အရက် ပုလင်းကို ကျွန်မ ခေါင်းမှာ ဆောင်းလို့ မရလို့ ပါတော်"


*****

လူတစ်ယောက် သွားစိုက် ဆိုင်ထဲ ၀င်၍ အံဆုံး နှစ်ချောင်း နုတ်ခ မေး၏။ သွားဆရာဝန်က -

"ဒေါ် လာ ၈၀" ဟုဆို၏။

"ဈေးကြီး လိုက်တာ... ဒီထက် ပေါတဲ့နည်း မရှိဘူးလား"  

"ထုံဆေး မပါရင် ဒေါ် လာ ၆၀နဲ့ ရမယ်"  

"ဒါလည်း ဈေးကြီး သေးတာပဲ"

သွားဆရာဝန်က ခေါင်းကုတ်၍- 

"ကဲ... ထုံဆေးလည်း မသုံး၊ ပလိုင်ယာ နှစ်ချောင်းနဲ့ ဆွဲနုတ်ရင် ဒေါ် လာ ၂၀နဲ့ ရမယ်" ဟုဆို၏။

"ဒီထက် မလျှော့နိုင် ဘူးလား"

"ကဲ... ဒီလိုဆို နောက်ပိတ်ဆုံး လျှော့တဲ့ နည်း ကတော့ ကျုပ် တပည့် တစ်ယောက် အတွေ့အကြုံ ရအောင် နုတ်ခိုင်းမယ်... ၁၀ ဒေါ်လာပဲ ကျမယ်"

"အဲ... ဒီလို မှပေါ့... နောက် တနင်္လာနေ့ ကျုပ် မိန်းမ လွှတ်လိုက်မယ်"


*****

အိမ်မက်

အမျိုးသမီး တစ်ဦးသည် သူမ မက်သော အိပ်မက် အကြောင်းကို ခင်ပွန်း ဖြစ်သူအား ပြောပြနေ လေသည်။

"ညက အိပ်မက် ထဲမှာ မောင်က ကျွန်မကို ပုလဲ အစစ် ဆွဲကြိုး တစ်ကုံးကို ပေးတယ်လို့ မက်တယ် ၊ အဲဒါ ဘာ အဓိပ္ပာယ်လဲ မသိဘူးနော်"

ထိုအခါ ခင်ပွန်းသည်က ဆိုသည်။

"အေး ညကျရင် ဘာ အဓိပ္ပာယ်လဲ ဆိုတာ သိရမှာပေါ့"

ထိုနေ့ ညတွင် အိမ် ပြန်လာသော ခင်ပွန်းသည်က လှပစွာ ထုပ်ပိုး ထားသော အထုပ် တစ်ထုပ်ကို ပေးလိုက်သည်။ ဇနီး ဖြစ်သူက ၀မ်းသာ အားရနှင့် အထုပ်ကို ဖွင့်ကြည့်ရာ ထို အထုပ် ထဲတွင် စာအုပ် တစ်အုပ်ကို တွေ့ရ လေသည်။ စာအုပ်အမည်မှာ "အိပ်မက်အဘိဓာန်" ဟူ၍ ဖြစ်လေသည်။


*****

ဆုတောင်းပါ  

နစ်မြုတ်လု ဆဲဆဲ ဖြစ်နေသော သင်္ဘော၏ ကပ္ပတိန်က သင်္ဘောသား အားလုံး ကြားအောင် အော်မေးသည်။

"မင်းတို့ အထဲမှာ အန္တရာယ်ကင်း ဂါထာ ရွတ်တတ်တဲ့ ကောင် ရှိသလား"

"ကျွန်တော် ရွတ်တတ် ပါတယ် ခင်ဗျ"

"အေး... အဲဒါဆို မင်းရွတ်ပြီး နေရစ်ခဲ့... ကျန်တဲ့ လူတွေ အားလုံး အသက်ကယ် အင်္ကျီ အမြန်ဆုံး ၀တ်ကြ... အသက်ကယ် အင်္ကျီ တစ်ထည် လိုနေတာနဲ့ အတော်ပဲ"



*****
လက်မအားလို့ပါ

"တပ်သား မောင်မြ၊ မင်းဆီမှာ လက်နက် အပြည့်အစုံ ရှိပါ လျက်နဲ့ ဘာဖြစ်လို့ တိုက်ပွဲ ဖြစ်တဲ့ နေရာ ကနေ ထွက်ပြေး ရသလဲ"

"လက် တစ်ဖက်မှာ ရိုင်ဖယ် ရှိတယ်၊ နောက် တစ်ဖက်မှာ လက်ပစ်ဗုံး ကိုင်ထားတယ်၊ ဒါကြောင့် လက် နှစ်ဖက်လုံး မအားဘူး။ ဘာလဲ... ရန်သူ့ကို ကျွန်တော့် သွားနဲ့ ကိုက်ရမှာလား"


 *****

(မောင်ကောင်းထိုက်နှင့် တင်ဆွေမိုး ပာာသ များထဲမှ ဖြစ်ပါသည်)

Saturday, June 18, 2011

စိတ်အမော ပြေစေဖို့


ဒါလည်း စဉ်စားသင့်ပါတယ်

လူနာရှင်- ဆေးဖိုး ဘယ်လောက် ကျသလဲ ဆရာ

ဆရာဝန်- ဆေးခန်းမှာ ဆိုရင် တစ်မျိုးပေါ့၊ အခုလို အိမ်မှာ ဆိုရင် ခြေကြွခ အပါအ၀င် ထောင့်ရှစ်ရာ ကျပါတယ်
 
လူနာရှင်- ကျွန်တော် ဆရာ့ကို လာခေါ်ရတာ အတွက် ခြေကြွခ ပြန်မပေးဘူးလား
 ϠϠϠϠ

ကြာလှပြီ

ဆေးရုံ တစ်ရုံတွင် သူနာပြု ဆရာမ တစ်ဦးသည် မွေးလူနာများကို လာရောက် စောင့်စား နေကြသော ဖခင်များ ထဲမှ တစ်ဦးကို လာပြောသည်။

"ရှင် ၀မ်းသာပေတော့၊ သား ယောက်ျား ချောချောလေး မွေးတယ်"

ထိုအခါ အခြားသူ တစ်ယောက်က မကျေမနပ်နှင့် ထပြောသည်။

"ဘယ်လိုလဲဗျ၊ ဒီလူက နောက်မှ ရောက်တာ၊ ကျုပ်က ရောက်နေတာ ကြာလှပြီ"
ϠϠϠϠ

လုပ်ပေးနိုင်မလား

အိမ်နီးချင်း မိန်းမပျိုလေး တစ်ယောက်ကို ဘေးအိမ်မှ အမျိုးသမီးက အကူအညီ တစ်ခု တောင်းသည်။

"ရှင် နေပူစာလှုံတဲ့ အခါ မလုံမလဲ အ၀တ်အစားနှင့် နေပူစာလှုံပေး ပါလားရှင်

အိမ်နီးချင်း မိန်းမပျိုလေးက သူ ပြောသည်ကို နားမလည် သဖြင့် တအံတသြနှင့် ဘာဖြစ်လို့လဲ ဟု ပြန်မေး လိုက်သည်။

"ကျွန်မ ယောက်ျားကို မြက် ထွက် ရိတ်ခိုင်း မလို့ရှင့်"
ϠϠϠϠ

ဆုတောင်းနေတယ်

ကျေးရွာ တစ်ရွာ ထဲသို့ ကားနှင့် ဖြတ်သွားရင်း အိမ် တစ်အိမ် မီးလောင် နေသည်ကို တွေ့ရပြီး ထို အိမ်ရှေ့ရှိ သစ်ပင် တစ်ပင်ကို မှီပြီး ထိုင်နေသော တောသား တစ်ယောက် ကိုလည်း တွေ့ရသဖြင့် ကားမောင်းလာသူက ရပ်ပြီး မေးလိုက်သည်။

"ဟေ့လူ ခင်ဗျား အိမ် မီးလောင်နေတယ် မဟုတ်လား"

ထိုသူက မလှုပ်မယှက်နှင့် ပြန်ဖြေလေသည်။

"ကျုပ် သိပါတယ်"

"အဲဒါ ခင်ဗျား ဘာမှ မလုပ်ဘူးလား"

"လုပ်တာပေါ့ဗျ၊ မီးစလောင် ကတည်းက မိုးရွာအောင် ဆုတောင်း နေတာပေါ့"
ϠϠϠϠ

မုန်တိုင်းပဲ

မြို့ တစ်မြို့တွင် မုန်တိုင်း တိုက်ခတ် သဖြင့် အိမ်များ ပြိုကျ ပျက်စီး ကုန်ရာ မိသားစု တစ်စုသည် အနီး အနားရှိ အခြား မြို့ တစ်မြို့မှ ဆွေမျိုးသားချင်းများထံ သူတို့၏ သားငယ် ဖြစ်သူ ဘော်ဘီကို ပို့ထား လိုက်သည်။ ၃ရက်ခန့် ကြာသော အခါ ဆွေမျိုးများ ထံမှ သံကြိုးစာ တစ်စောင် ရောက်ရှိ လာရာ အောက်ပါ အတိုင်း တွေ့ရ လေသည်။

"ဘော်ဘီကို ပြန်ပို့မည်... မုန်တိုင်းသာ ပို့လိုက်ပါ"
ϠϠϠϠ

No Choice

ကြည်နူး နေသော လင်မယားက မိသားစုဝင် တိုးမည့် အကြောင်း သားလေး မောင်ပီတာကို သတင်းပေး လေသည်။

"သား သားက ညီလေး လိုချင်လား၊ ညီမလေး  လိုချင်လားဟင်..."

မောင်ပီတာက -

"တစ်ယောက်မှ မကြိုက်ဘူး ဆိုရင်လဲ မရတော့ဘူး မဟုတ်လား"

ϠϠϠϠ

တူညီသောဆန္ဒ

လူပျိုပေါက် သားက မိဘများအား ရန်လုပ် နေသည်။

"တော်ပြီ...မေမေ ဖေဖေ တို့နဲ့ နေ နေရတာ ကျွန်တော် ငြီးငွေ့ လာပြီ"

"အမြဲတမ်း သတ်မှတ်တဲ့ အချိန် အိမ်ပြန် ရောက်ရတယ်... ဘယ်မှလည်း မလည်ရဘူး... ကျွန်တော် လွတ်လပ်ရေး လိုချင်တယ်... စွန့်စား ချင်တယ်။ ဘီယာစုပ်ပြီး မိန်းမချောတွေ နောက် လိုက်ချင်တယ်။ တော်ပြီ... ကျွန်တော် မနေတော့ဘူး... သွားတော့မယ်... ကျွန်တော့်ကို မတားပါနဲ့"

ဤသို့ ပြောပြီး တံခါးဘက် လျှောက်သည်။ အဖေ ဖြစ်သူ နောက်က ပြေးလိုက် လာသည်။

သားက အဖေကို ခက်ထန်စွာ ပြောသည်။

"ကျွန်တော့်ကို မတားနဲ့လို့ ပြောတာ အဖေ မကြားဘူးလား... ကျွန်တော့်ကို လမ်းဖယ် ပေးပါ"

"အထင်မမှားပါနဲ့ သားရယ်... ဖေဖေ မင်းနဲ့ အတူ လိုက်မလို့ပါကွ"
ϠϠϠϠ

မေးချင်တာ မေး၍ ဖြေချင်တာ ဖြေ

"အသက် ၄၀ နောက်ပိုင်းမှာ မိန်းမတွေ ဘာကိုမုန်းကြသလဲ"

"အသက် ၄၀ ကျော်ရင် မှတ်ပုံတင် ကတ်ပြားကို"

"၅၀ကျော်ရင်"

"မှန်ကို"

"ပင်စင် ယူပြီးရင်"

"ယောကျာ်းကို မုန်းကြတယ်လို့ ကြားဖူးတာပဲဗျာ"
ϠϠϠϠ

ကြိုတင် ကာကွယ်တဲ့ ကိုချူချာ

ဒုတိယ ကမ္ဘာစစ် အတွင်းက ဖြစ်သည်။ မိုင်း အပြည့် မြှုပ်ထားသော လမ်းအတိုင်း တပ်သား ချုချာ သတိထား လျှောက်လာသည်။ နား နှစ်ဖက်ကို လက်ညှိုး နှစ်ချောင်းဖြင့် ထိုးပိတ် ထားသည်။ နှုတ်မှလည်း ပြောသည်။

"မတော်တဆ တက်နင်းမိလို့... ဗုံးပေါက်တာကြောင့်နဲ့ နားကန်းသွားရင် ဒုက္ခ"
ϠϠϠϠ

မကျေနပ်ဘူး

ဘတ်စ်ကား ပေါ်တွင် ဖြစ်သည်။ ခရီးသည် လူကြီး တစ်ယောက် အသံ ကျယ်ကျယ်နှင့် မကျေမနပ် စကား ပြောသည်။

"အခုခေတ် လူငယ်တွေ အင်မတန် မိုက်ရိုင်းကြတယ်... သိလည်း မသိတတ်ကြဘူး... ကိုယ်ကိုယ်တိုင် ထိုင်လိုက် ကြတယ်။ တခြား လူကို နေရာ ဖယ်ပေးဖို့ စဉ်းကို မစဉ်းစားကြဘူး" 

"ခင်ဗျား... ဘာ မကျေမနပ် ဖြစ်နေတာလဲ... ခင်ဗျား ကိုယ်တိုင် ထိုင်နေရတယ် မဟုတ်လားဗျ"

"ကျုပ် မိန်းမ... ရပ်နေ ရတယ်လေဗျာ"
ϠϠϠϠ

ရထား ထွက်သွားပြီ

သေတော့မည့် ယောကျာ်းက မိန်းမကို ပြောသည်။

"မငိုပါနဲ့ မိန်းမရယ်... ငါသေရင် မင်း နောက်ယောကျာ်း ရဦးမှာပါ"

"မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့... အင်း... လွန်ခဲ့တဲ့ ဆယ်နှစ်က ဆိုရင် တော့လား"
ϠϠϠϠ

ဆရာဝန်နှင့် သူ့လူနာ

"ဒေါက်တာ... ကျွန်မ ယောက်ျား အိပ်မက် ထဲမှာ စကား ပြောတယ်ရှင့်"

"ရော့ ... ဟော့ဒီဆေး ယူသွား... သူ စကား ပြောတာ ရပ်သွားလိမ့်မယ်"

"စကား ပြောတာ... မရပ်စေချင်ပါဘူး... ပီပီသသ ပြောအောင်ပဲ လုပ်ပေးပါ ဆရာရယ်"
ϠϠϠϠ

အိပ်ဆေး

"ဒေါက်တာ... ညပိုင်း ကျွန်တော် ကဗျာ ရေးတဲ့ အခါ မနက် အထိ အိပ်မပျော်ဘူး ခင်ဗျ"

"ခင်ဗျား ရေးတဲ့ ကဗျာကို ဖတ်ကြည့်ပါ"
ϠϠϠϠ

စိတ်ကူးယဉ် စာပေ

စာအုပ်ဆိုင် အတွင်းသို့ လူ တယောက် ၀င်လာပြီး ဆိုင်ရှင် အမျိုးသမီးအား ဤသို့ မေးလိုက်သည်။

"စာအုပ် တစ်အုပ် ၀ယ်ချင်လို့ဗျာ၊ စာအုပ် နာမည်က မေ့နေပြီ၊ အကြောင်းအရာက ယောက်ျားတွေဟာ မိန်းမတွေ အပေါ် ဘယ်လို လွှမ်းမိုး ချုပ်ကိုင် ထားတယ် ဆိုတာ ရေးထာတာ"

အမျိုးသမီးက ဖြေလိုက်သည်-

"ဟောဟိုက စိတ်ကူးယဉ် စာပေများ ဆိုတဲ့ စာအုပ်စင်တွေ ထဲမှာ ရှာကြည့်ပါ"
ϠϠϠϠ
အလုပ်  အင်တာဗျူး

အလုပ် တစ်ခု အတွက် လူတစ်ယောက်ကို တွေ့ဆုံ မေးမြန်းလျက် ရှိသည်။ ထိုသူအား မေးလိုက်သည့် မေးခွန်းမှာ အမျိုးသမီး တစ်ယောက် စီမံ ခန့်ခွဲ အုပ်ချုပ်မှု အောက်တွင် အလုပ် လုပ်နိုင်မလား ပာူ၍ ဖြစ်သည်။ ထိုအခါ ထိုလူက အောက်ပါ အတိုင်း ပြန်လည် ဖြေကြားသည်။

"ကျွန်တော်ပာာ ဗြိတိသျှ လူမျိုး ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့် နိုင်ငံကို ဘုရင်မက အုပ်ချုပ် နေပါတယ်။ ကျွန်တော့် နိုင်ငံရဲ့ ၀န်ကြီးချုပ် ကလည်း အမျိုးသမီး တစ်ဦးပါ။ ဒါ့အပြင် ကျွန်တော်ပာာ အိမ်ထောင်ကျ ခဲ့တာ နှစ်ပေါင်း ၃၀ ခန့် ရှိပါပြီ။ ဒီတော့ အမျိုးသမီး တစ်ယောက်က ခိုင်းရင် ဘယ်လို လုပ်ရမယ် ဆိုတာ ကျွန်တော် သိပြီးသားပါ"

ထိုလူအား အလုပ်ခန့်လိုက်လေသည်။

ϠϠϠϠ

ပိတ်လိုက်ပြီ

လူတစ်ယောက်သည် ဆွေးနွေးပွဲ တစ်ခုကို ဦးဆောင် စီစဉ်၍ ကျင်းပလျက် ရှိသည်။ ယင်း ဆွေးနွေးပွဲ အမည်မှာ "  ကလေးများ ပြုစု ပျိုးထောင်ရာ၌ လိုက်နာရန် စည်းမျဉ်း ဥပဒေသများ"   ပာူ၍ ဖြစ်သည်။

မကြာမီတွင် ထိုသူသည် အိမ်ထောင်ပြု ပြီးနောက် ကလေးများ ရလာသည့် အခါတွင် သူ၏ ဆွေးနွေးပွဲ အမည်ကို ဤသို့ ပြောင်းလိုက်သည်။

"  ကလေးများ ပြုစု ပျိုးထောင်ရန် အတွက် အကြံပေးချက်များ"

ထို့နောက် သူ၏ ကလေးငယ်များ ဆယ်ကျော်သက် အရွယ်သို့ ရောက်လာသော အခါ ထို ဆွေးနွေးပွဲကို မကျင်းပတော့ရန် ဆုံးဖြတ်လိုက်လေတော့သည်။

ϠϠϠϠ

(မောင်ကောင်းထိုက်နှင့် တင်ဆွေမိုး ဟာသများ ထဲက ဖြစ်ပါတယ် )