Menu

Popular Posts

Wednesday, June 29, 2011

ဘာသာစကားသည် ဟင်းချက်ခြင်းနှင့် တူညီပုံ (Why Language is Like Cooking by Tom Hayton)

Lexis စကားလုံး ဆိုတာ “vocabulary” ဝေါဟာရကိုဘဲ နောက်တစ်မျိုး ခေါ်တာဖြစ်ပါတယ်။ ခေါင်းထဲမှာသိထားပြီးတော့ လိုသလိုထုတ်သုံးတဲ့ စကားလုံးတွေဖြစ်ပါတယ်။

ဘာသာစကားမကျွမ်းကျင်ဘူးဆိုပြီးတော့ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးတဲ့ လူအတော်များများဟာ ဘာသာစကားမှာ သဒ္ဒါက အခက်ဆုံးအပိုင်းပဲလို့ ထင်ကြပါတယ်။

စာရေးသူကတော့ ဒါကို သဘောမတူပါဘူး။ ဝေါဟာရတွေက အများကြီး ပိုပြီး အရေးကြီးပါတယ်။ ဘာကြောင့်လဲ ပြောပြပါ့မယ်။

(၁) ဝေါဟာရတွေမပါဘူးဆိုရင် ဘာမှ ပြောနိုင်တော့မှာ မဟုတ်ပါဘူး။ သဘောတရားရှုထောင့်က ပြောမယ်ဆိုရင် အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေသိပေမယ့် ဝါကျတစ်ကြောင်းမှ ဖြစ်အောင် မတည်ဆောက် နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စကားလုံးတစ်လုံး သိပြီဆိုတာနဲ့ ဥပမာ ‘‘water’’, ရေ ဆိုပါတော့ အဲဒါဆို ဆက်သွယ်ပြောဆိုနိုင်ပါပြီ။ စကားလုံးအဓိပ္ပါယ်သိဖို့ပဲလိုပါတယ်။ (ဒီအကြောင်းကို နောက်ပိုင်းမှာ ဆက်ပြောပါ့မယ်။)

(၂) ဘာသာစကားရဲ့ အစိတ်အပိုင်း အတော်များများက အသင့်သုံး အနေအထားရှိပါတယ်။ ခေါက်ဆွဲခြောက်တစ်ထုပ်ကိုယူပြီး ရေနွေးဖျောစားလိုက်တာက ဂျုံကိုနယ်၊ ခေါက်ဆွဲဖြစ်အောင်လုပ်၊ ဆော့စ် လုပ်စသည်ဖြင့် ဟင်းချက်နည်းစာအုပ်ကို ကြည့်ပြီးတော့ ချက်ပြုတ်တာထက် အများကြီး ပိုမြန်ပါတယ်။

အလားတူဘဲ ‘‘Good morning’’, ကောင်းသောနံနက်ခင်းပါ ဆိုတဲ့အပြောမျိုး၊ ‘‘I look forward to hearing from you soon’’, မကြာခင် အကြောင်းပြန်လာလိမ့်မည်ဟု မျှော်လင့်စောင့်စားနေပါသည်ဟု အသုံးမျိုးတွေက အကုန်လုံး အစအဆုံး မှတ်ထားပြီးတော့ အသင့်ယူသုံးလိုက်ရုံပဲ ဖြစ်ပါတယ်။

အဲဒီ အသုံးအနှုန်းတွေကို သဒ္ဒါနည်းအရ ညွှန်ကြားချက်တွေ စည်းမျဉ်းတွေအတိုင်း လိုက်နာပြီးတော့ ကိုယ့်ဘာသာ ရေးသားဖော်ထုတ်လို့လည်း ရပါတယ်။ (I get a lot of people asking me why we say ‘‘I look forward to hearing?’’ as opposed to ‘‘I look forward to hear?’’) လို့ ဘာဖြစ်လို့ မသုံးတာလဲလို့ ကျွန်တော့်ကို ခဏခဏ မေးကြပါတယ်။) ဒါပေမယ့် အသင့်သုံးဝေါဟာရ တစ်စုအနေနဲ့ တစ်ခါတည်း မှတ်ထားလိုက်တာက ပိုပြီးတော့လည်း မြန်ပါတယ်၊ တွင်လည်း တွင်ကျယ်ပါတယ်။

(၃) ဝါကျအတော်များများက အရင်တုန်းက ပြောဖူးပြီးသား ဝါကျတွေပဲ ဖြစ်ပါတယ်။ ကျွန်တော် အခုလေးတင် ကြားလိုက်ရတဲ့ အပြန်အလှန် စကားပြောကြပုံကို ကြည့်ပါ။

Good luck, mate. ကံကောင်းပါစေ သူငယ်ချင်း။
Thanks. See you later. ကျေးဇူးတင်တယ်၊ နောက်တော့တွေ့မယ်။

ဒီအပြန်အလှန်ပြောဆိုခန်းမှာ ပြောဆိုတဲ့ အချိန်နဲ့ နေရာက လွဲလို့ ဘာမှ မထူးခြားပါဘူး။ အသင့်သုံး စကားစုတွေနဲ့ဘဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပြောသူတွေက သဒ္ဒါစည်းမျဉ်းတွေကို စဉ်းစားပြီး သုံးနေတာမျိုး မဟုတ်ဘဲ အသင့်သုံးအနေနဲ့ ယူသုံးလိုက်တာတွေ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ဆက်နွယ်ပြီး နောက်တစ်ချက်ကိုဆက်ပြောပါ့မယ်။

(၄) သဒ္ဒါစည်းမျဉ်းတွေကို လက်တွေ့အသုံးချတာ အများစုဟာ မသိစိတ်ထဲမှာပဲ ဖြစ်ပွားပါတယ်။ သိစိတ်ထဲမှာ မရှိပါဘူး။ တစ်နည်းအားဖြင့် ဆိုရရင် စကားပြောရာမှာဘဲဖြစ်ဖြစ်၊ စာရေးသားရာမှာဘဲ ဖြစ်ဖြစ် စကားလုံးတွေကို သဒ္ဒါနည်းအရ စဉ်းစားပြီးတော့ တည်ဆောက်နေရမယ်ဆိုရင် ပြီးတော့မှာ မဟုတ်ပါဘူး။ အင်မတန်နှေးကွေးသွားပါလိမ့်မယ်။ သဒ္ဒါစည်းမျဉ်းတိကျမှန်ကန်မှုကို အာရုံစူးစိုက်လွန်းရင် သွက်သွက်လက်လက် ပြောဆိုနိုင်မှုကို ထိခိုက်ပါတယ်။ ဥပမာ စကားအချေအတင်ပြောတယ်ဆိုပါတော့ အဲဒီအခါမှာ စကားကို အသွက်လက်ဆုံးပြောနိုင်တယ်ဆိုတဲ့ အင်္ဂလိပ်ဘာသာကို မိခင်ဘာသာစကား အနေနဲ့ပြောတဲ့သူတွေတောင်မှဘဲ အရင်ကလည်း မပြောဘူးသေးတဲ့ နူးညံ့သိမ်မွေ့တဲ့အချက်တွေကို ရှင်းလင်းပြောကြားဖို့ တော်တော်ဘဲ ကြိုးစားပြီး ပြောရတာဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေလိုမျိုး စကားအချေအတင် ပြောရာမှာ အတွေ့အကြုံပိုရှိတဲ့ သူတွေကတော့ ပိုပြီးတော့ သွက်လက်တယ်၊ ပိုပြီးတော့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ထင်ရပါတယ်။ အဲဒါက သဒ္ဒါ ပိုတတ်လို့ မဟုတ်ပါဘူး၊ စကားအချေအတင် ပြောတဲ့ အတွေ့အကြုံ များပြားသူဖြစ်တဲ့ အတွက်ကြောင့် အခက်အခဲ ကြုံတဲ့အခါမှာ သုံးလို့ရတဲ့ စကားစုတွေ စုပြီးဆောင်းပြီး ရှိနေခြင်းသာလျှင်ဖြစ်တယ်။ လူရွှင်တော်တွေဟာ တခါတည်း စင်ပေါ်မှာ ပြက်လုံးတွေကို ဖန်တီးယူတာမဟုတ်ပါဘူး ကြိုတင်စီစဉ်ထားတဲ့ ပြက်လုံးတွေကို အားကိုးအားထားပြုရတာဖြစ်တယ်။ ဘာသာစကားဆိုတာ အများစုက ကြိုတင်ပြင်ဆင်ထားရပါတယ်။

(၅) အင်္ဂလိပ်သဒ္ဒါပိုင်နိုင်ဖို့ဆိုတာဟာ အင်္ဂလိပ်ဘာသာကို မိခင်ဘာသာစကားအဖြစ် ပြောသူတွေ မဟုတ်တဲ့ သူတွေ အတွက် အင်မတန်အချိန်ကြာတဲ့ ကိစ္စဖြစ်ပါတယ်။ သဒ္ဒါနည်း တိကျမှန်ကန်ဖို့ဆိုတာ တကယ်တော့ အရေးကြီးတာ မှန်ပါတယ်။ သို့သော်လည်း ဆက်သွယ်ပြောဆိုဖို့ ရည်မှန်းတယ်ဆိုရင်တော့ ဝေါ ဟာရတွေကို ဦးစားပေးရမှာဖြစ်ပါတယ်။

ဒီဘာသာစကားကို ဒီလိုမျိုးရှုမြင်တာကို “the Lexical Approach”, ဝေါဟာရ အဓိက ချဉ်းကပ်ပုံလို့ ခေါ်ကြပါတယ်။ Michael Lewis စာအုပ်မှာ စပြီး သုံးနှုန်းခဲ့တာဖြစ်ပါတယ်။

လက်တွေ့အားဖြင့်ပြောရမယ်ဆိုရင် သဒ္ဒါစာအုပ်ကို အပင်ပန်းခံပြီးတော့ လေ့လာတာထက် အင်္ဂလိပ် ဘာသာစကားကို မိခင်ဘာသာအဖြစ် ကျွမ်းကျင်စွာ သုံးစွဲတဲ့သူတွေ ပြောနေတဲ့စကားတွေကို နားထောင်၊ သူတို့ ရေးတဲ့ စာတွေကို ဖတ်ပြီးတော့ သဘာဝကျတဲ့ စကားအသုံးအနှုန်းတွေကို အတွဲလိုက် မှတ်မိဖို့ အဓိကထားပြီး ကြိုးစားတာက ပိုပြီးတော့ အဓိပ္ပာယ်ရှိပါတယ်။

အစီရင်ခံစာ ရေးသားပုံကို လေ့လာချင်တယ်ဆိုပါစို့။ အကောင်းဆုံး အစီရင်ခံစာ ရေးနည်းရေးဟန် ဥပမာတွေ ရှာရမယ်။ (ဆိုပါစို့ စတော့အိတ်ချိန်းမှာ စာရင်းသွင်းထားတဲ့ စာရင်းပါဝင်တဲ့ ကုမ္ပဏီတွေရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေကို လေ့လာနိုင်တယ်။) ပြီးရင် အဓိကအချက်တွေကို ဖော်ပြပြီး ချိတ်ဆက်ဖို့အသုံးပြုတဲ့ စကားစုတွေကို မျဉ်းသားထားနိုင်တယ်။ ဘယ်လိုမျိုးလဲဆိုတော့

‘‘We experienced slow growth?’’
တိုးတက်မှုနှေးကွေးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

‘‘We expect to bounce back?’’
ပြန်လည်မြင့်တက်လာမည်ဟု မျှော်မှန်းသည်။

‘‘These results are encouraging.’’
ဤရလဒ်များမှာ အားတက်စရာဖြစ်သည်။

ဒါမျိုးတွေဖြစ်ပါတယ်။ ဒီအသုံးအနှုန်းတွေရဲ့ သဒ္ဒါနည်းအရ တည်ဆောက်ပုံကို အချိန်အများကြီး အကုန်ခံပြီးတော့ ခွဲခြားစိတ်ဖြာနေလို့လည်း ရတာပါဘဲ။ ဘာနဲ့တူသလဲဆိုတော့ အသင့်စားခေါက်ဆွဲမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေကို ခွဲခြားလေ့လာသလို ဖြစ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲစားရုံပဲ ဆိုရင်တော့ ဒါတွေမလိုပါဘူး။

ဟင်းချက်ရာမှာလိုဘဲ ဘာသာစကားမှာလည်း အချို့သော နည်းလမ်းတွေက ပိုပြီးပြည့်စုံပါတယ်။ အသင့်စားခေါက်ဆွဲဟာ ရေနွေးထည့်ပြီးတော့ အုပ်ထားလိုက်ဖို့ဘဲ လိုပါတယ်။ အဲဒါကြောင့် “Good” နဲ့ “time of the day” လို စကားတွေဟာ နောက်မှာ မနက်၊ နေ့လည်၊ ညနေ ထည့်ပေးလိုက်ဖို့သာ လိုပါတယ်။ တစ်ချို့ကတော့ ဘာမှတောင် ပြုပြင်စရာ မလိုပါဘူး “How are you” လို စကားမျိုးဖြစ်ပါတယ်။

အဓိကအရေးကြီးတာက အဲဒီစကားစုတွေကို သုံးရာမှာ မှန်ကန်တဲ့အသုံးပြုနည်း စည်းမျဉ်းတွေကို လိုက်နာဖို့ဘဲဖြစ်ပါတယ်။ ဒါကတော့ စကားစုတစ်ခုစီရဲ့ အဓိပ္ပာယ်၊ ဘယ်လိုသုံးရသလဲ၊ အသံဘယ်လိုထွက်ရသလဲ၊ အခြားဘာတွေနဲ့ တွဲပြီးသုံးရသလဲ (ဘယ်စကားတွေနဲ့ ပေါင်းစည်းနိုင်သလဲ)၊ အဓိပ္ပာယ် ဆင်တူတွေ၊ အဓိပ္ပာယ်ဆန့်ကျင်ဘက်တွေ၊ နောက်ပြီးတော့ အလဲအလှယ်အပြောင်းအလဲပြု လုပ်နိုင်တာတွေ ဖြစ်ပါတယ်။

“We experienced slow growth.”, ကြီးထွားမှုနှေးကွေးခြင်းနှင့် ကြုံတွေ့ခဲ့ရသည် ဆိုရင် အရင်က ကုမ္ပဏီရဲ့ ဆောင်ရွက်ချက်ကို ပြောကြားတဲ့အခါမှာ သုံးရတယ်လို့ သိရမယ်။ ဒီအချိန်မှာ တွဲသုံးလို့ရတာတွေကို နည်းနည်းလေ့လာထားလို့ရတယ်။

“We experienced slow growth in the first/second/third/fourth quarter.”
ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တ သုံးလပတ် အတွင်း ကြီးထွားမှုနှေးကွေးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

ဒါမှမဟုတ်ရင်

“We experienced slow growth initially.’’
ကနဦးမှာ ကြီးထွားမှု နှေးကွေးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

စသည်ဖြင့် လေ့လာထားရပါမယ်။

အပြန်အလှန်အားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတွေကို နည်းနည်းပြောင်းပြီး အဓိပ္ပာယ် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားအောင် လုပ်နိုင်ပါတယ်။

“We experienced rapid growth.”
ကြီးထွားမှု လျင်မြန်ခြင်းနှင့် ကြုံတွေ့ခဲ့ရတယ်။

ဘာသာစကားကျွမ်းကျင်မှုဆိုတာဟာ ဝေါဟာရစု အစိတ်အပိုင်းတွေ ပေါင်းစပ်နိုင်ဖို့ ကြိုတင် စုဆောင်းထားမှဖြစ်မယ်။ ဘာသာစကားကျွမ်းကျင်ဖို့ အဓိကသော့ချက်ကတော့ ဟင်းချက်ရာမှာလို စပ်ဟပ် ပေါင်းစပ်တတ်ဖို့ဖြစ်တယ်။

(Tom Hayton ၏ Why Language is Like Cooking အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)


အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/why-language-is-like မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။

Monday, June 27, 2011

Chinese Artist Turns Cabbage into Art

JuDuoqiဟာ ဂေါဖီထုပ်သိုလှောင်ရေးလုပ်ငန်းကိုစတင်ဖို့ပီကျင်းမြို့ရဲ့ဟင်းရွက်ဈေးတန်းလေးကိုသွားခဲ့ပါတယ်။ဒါပေမဲ့ဒါတွေကိုချက်ပြုတ်ဖို့ရည်ရွယ်ပြီးအသုံးပြုခဲ့တာတော့မဟုတ်ပါဘူး။တကယ်တော့၃၈နှစ်အရွယ်ရှိတဲ့အနုပညာဖန်တီးရှင်သူမဟာအသုံးမပြုတော့တဲ့ဟင်းသီးဟင်းရွက်တွေကိုသူမရဲ့အလုပ်လုပ်ခြင်းအနုပညာဖြစ်အသွင်းပြောင်းလဲဖို့ရည်ရွယ်ခဲ့တာပါ။တခါတရံကျွန်တော်တို့စဉ်းစားလို့မရနိုင်တဲ့၎င်းဟင်းသီဟင်းရွက်တွေဟာလှပတဲ့အမျိုးသမီးတွေအဖြစ်ဖေါ်ကျုးပေးနိုင်ပါတယ်။

Juက"သူမရဲ့နေ့စဉ်ဘ၀နှင့်အတူဖြတ်သန်းဖို့နည်းလမ်းတစ်ခုကိုရှာဖွေခဲ့အချိန်လွန်ခဲ့သောငါးနှစ်ကတည်းကသူမရဲ့အနုပညာအလုပ်မှာဟင်းသီဟင်းရွက်တွေအသုံးပြုခြင်းကိုစတင်ခဲ့တာပါ” ဟုပြောဆိုခဲ့ပါတယ်။မိန်းကလေးရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုကိုယ်စားပြုပေးနိုင်တဲ့(သို့)ခြေလက်အင်္ဂါနဲ့အခြားအသုံးဝင်တဲ့ဆက်စပ်ပစ္စည်းတွေအဖြစ်ဖြတ်တောက်လို့ရနိုင်တဲ့ ဂေါဖီထုပ်တွေကိုရှာဖွေရတာဟာသူမအတွက်တော့အချိန်နာရီများစွာသုံးစွဲရတဲ့အလုပ်တစ်ခုပါ။

တရုတ်နိုင်ငံရဲ့မြို့တော်ဆင်ခြေဖုံးရပ်ကွယ်ထဲကသူမရှဲ့Studioထဲပြန်ရောက်တဲ့အခါမှာတော့သူမဟာဂေါဖီထုပ်တွေကိုလူကိုယ်ခန္ဓာရဲ့အစိတ်အပိုင်းအသီးသီးနှင့်ပုံစံတူအောင်ဓါးလေးတွေ၊သွားကြားထိုးတံလေးတွေနဲ့ပုံစံပြန်ဖော်ရပါတယ်။ပြီးတော့၎င်းတို့ကိုလှပသေသပ်သောရုပ်တုလေးတွေဖြစ်အောင်စီစဉ်ရပါတယ်။

ဂေါဖီထုပ်ရဲ့လတ်ဆတ်ခြင်း၊ပုပ်သိုးဆွေမြည့်ခြင်း၊ခြောက်သွေ့ခြင်းကဲ့သို့သောပြိုကွဲခြင်းအဆင့်ဆင့်တွေဟာဆန်းပြားတဲ့သက်ရောက်မှုတွေဖန်းတီးနိုင်တယ်ဆိုတာသူမသဘောပေါက်နားလည်ထားပါတယ်။
JuDuoqiကပြောခဲ့တာကတော့"ဂေါဖီထုပ်တွေဟာအရွယ်အစားအမျိုးမျိုး၊အရောင်အမျိုးမျိုးရှိကြပါတယ်။ကွဲပြားခြားနားတဲ့အလင်းရောင်အောက်နှင့်မတူညီတဲ့အခြေအနေတွေမှာ  ကျွန်မဟာဂေါဖီတွေကိုပုံစံအမျိုးမျိုးဖန်တီးခဲ့ပါတယ်၊ပြီးတော့ဆန်းပြားတဲ့စိတ်ကူးစိတ်သန်းတွေအကောင်အထည်ဖော်နိုင်ဖို့ ၄င်းတို့ကိုဓါတ်ပုံရိုက်ယူရပါတယ်။ဒါပေမဲ့အမှန်အတိုင်းပြောရရင်မော်ဝင်တဲ့ပဉ္စလက်များစွာဟာကင်မရာ(Camera)ရဲ့အကျိုးသက်ရောက်မှုကြောင့်ဖြစ်တယ်ဆိုတာတော့ဝန်ခံပါရစေ။
စားပွဲပေါ်မှာလဲလျောင်းနေတဲ့ ဂေါဖီမိန်းကလေးရဲ့ထူးခြားတဲ့အစိတ်အပိုင်းတွေကိုဓါတ်ပုံရိုက်ပြီးတဲ့နောက်ပိုင်းမှာ၊Ju ဟာတည်းဖြတ်softwareအသုံးပြုပြီးအပိုင်းအစတစ်ခုချင်းစီကိုပြန်လည်တည်ဆောက်ခဲ့ပါတယ်။တခါတရံအပိုင်းအစလေးတစ်ခုအတွက်ရက်သက်တစ်ပတ်(သို့)တစ်ရက်မျှကြာပါတယ်။

Ju က ” သူမရဲ့ဖန်တီးမှုတွေဟာ တကယ့်အစစ်အမှန်ုဖြစ်ခြင်းကိုတော့ မှတ်တမ်းတင်ထားခြင်းမဟုတ်ပါဘူး၊ အသစ်အသစ်များစွာဖန်တီးဖို့အတွက်သူမဟာဓါတ်ပုံတွေကိုအသုံးပြုခဲ့ရတာပါ။သူမရဲ့ဖန်တီးမှုတွေအားလုံဟာတစ်ခုနဲ့တစ်ခုမတူကွဲပြားတဲ့ပုံစံတွေရှိတဲ့အတွက်ကြောင့် ၊ တစ်ခုချင်းစီပြီးမြောက်ဖို့အတွက်မတူညီတဲ့လုပ်ငန်းပမာဏာတွေသုံးစွဲခဲ့ရပါတယ်"ဟုပြောဆိုခဲ့ပါတယ်။

ပီကျင်းရဲ့ခေတ်မီအနုပညာပြခန်းမှာလာရောက်လည်ပတ်ခဲ့တဲ့ Zhang Yong က
“ဒီဟင်းသီးဟင်းရွက်ဖြင့်ပြုလုပ်ထားတဲ့အနုပညာဟာကျွန်တော်ကိုချက်ချင်းလက်ငင်း၎င်းရဲ့ပရိသတ်ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်"လို့ပြောကြားခဲ့ပါတယ်။
ပြီးတော့သူကဆက်လက်ပြီး“ ဂေါဖီမိန်းကလေးဟာအလွန်တရာမှကျက်သရေရှိပါတယ်။ဒီအနုပညာရှင်ကတော့မိန်းကလေးတစ်ယောက်ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုပုံဖော်ဖို့ ဂေါဖီထုပ်ကိုအပြည့်အ၀သုံးစွဲဖန်းတီးထားတာပါ။ဒါဟာအလွန်ပီပြင်လှပပြီးနူးညံ့ဆွယ်ဆောင်မှုရှိတဲ့အနုပညာရသတစ်ခုပါ။"ဟုပြောဆိုသွားပါတယ်။

Juရဲ့လှပတဲ့အနုပညာဖန်တီးမှုတွေကိုတော့ပီကျင်း၊လန်ဒန်၊ပဲရစ်၊လော့(စ်)အိမ်ဂျယ်လ်စ် နှင့်မီယာမီ ပြသအောင်မြင်ခဲ့ပါတယ်။ကန့်သတ်တည်းဖြတ်ထားသောသူမရဲ့ဖန်တီမှုများကိုတစ်ခုလျှင်Euros Dollar 2000 မှ 3000 (သို့) အမေရိကန်ဒေါ်လာ 2,900 မှ 4,300 ဖြင့်ရောင်းချခဲ့ပါတယ်။
လေးစားစွာဖြင့်
အောင်ကျော်ဇင်မြင့်(Ref:Chinese Artist Turns Cabbage into Art
2011-06-14Tour de Sohu: Source:) 

အီးမေလ်းအား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ

Encrypt-your-Gmail-Email


ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာအလျှောက် အင်တာနက် နဲ့ အီးမေးလ်အသုံးပြုသူတိုင်း မိမိတို့အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထားသင့်ပေသည်။ အီးမေလ်း လိပ်စာလေးတစ်ခုရိုက်ထည့်ပြီးပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။


Internet Service Provider (ISP)
ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခုထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။

Email Provider
မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ - Gmail သုံးတယ်ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။

Corporate Environment
တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Document တွေ အမှားအယွင်းနဲ့ ၀န်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံအတွက် ထားထားကြတယ်။

Hotel/Conference Center/Internet Café
Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ... ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server / Gateway Router တွေကို တိတိကျကျ လုံခြုံမှု့မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။

Housing Provided Connectivity
condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြားဝင်ဖောက်တာပဲဖြစ်စေ ၀င်ရောက်နိုင်တယ်။

College Environment
College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက်လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်/

Local Loop Interceptionအကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာ သုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

MAN environmentယခုအချိန်မှာတော့ MAN တွေကို ပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

Wireless Network Access Point
Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်. ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စည်တို့လည်းပါဝယ်တယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။

ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။ ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီးပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။
အကောင်းဆုံးနည်းလမ်းဖြစ်တယ်။Encrypt လုပ်ဖို့အတွက် http://www.instructables.com/id/Encrypt-your-Gmail-Emailဒီလင့်လေးမှာသွားရောက်လေ့လာကြည့်လိုက်ပါ။ပြည်စုံစွာရှင်းပြထားပေးပါတယ်။
From Forever Friend