Menu

Popular Posts

Saturday, July 9, 2011

ရယ်စရာ

 နေနှင့်လ(Sun & Mon)


လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်လောက်က အမေရိကန် နှင့် တရုတ်နိုင်ငံတို့အကြားအငြင်းအခုန်ပြိုင်ပွဲတစ်ခုဖြစ်ခဲ့တယ်။
ပြိုင်ပွဲအတွက်..တိုင်းပြည်တပြည်စီက အသိအမှတ်ပြုလေးစားခံရလောက်သော လူဆယ်ဦးဟာ ဟိမ၀န္ဒာတောင်တန်းမှာ တွေ့ဆုံခဲ့ကြတယ်။ အငြင်းအခုန်ပြိုင်ပွဲအတွက် ခေါင်းစဉ်ကတော့..” နေ နှင့် လ မှာ ဘယ်သူက ပိုပြီးအရေအကြီးဆုံးဖြစ်သလဲ”   ဟူ၍ဖြစ်သည်။တစ်ဖက်နှင့်တစ်ဖက်ဟာ အပြန်အလှန်စကားစစ်ထိုးအနိုင်လုခဲ့ကြတယ်.. ဒီလိုနဲ့ စကားနိုင်လုအငြင်းအခုန်ပြိုင်ပွဲကြီးဟာ တရက်ပြီးတရက်ပြီး ကုန်ဆုံးခဲ့သော်လည်း အဖြေကိုကား မဆုံးဖြတ်နိုင်ပဲရှိခဲ့ကြတယ်။ 
နောက်ဆုံး.. ၁၁ရက်မြောက်သောနေ့မှာတော့..အမေရိကန်တွေက တရုတ်တွေကိုအနိုင်ရရှိခဲ့တယ်။.. အမေရိကန်တို့အဖြေကား..
“ လ” ဟာ တကယ်တော့ “နေ ”  ထက်ပိုပြီးတော့အရေးကြီးပါတယ်..ဘာကြောင့်လဲဆိုလျှင်“လ”ဟာ ညအခါ မှောင်နေစဉ်မှာငါ့တို့ကိုအလင်းရောင်ပေးတယ်လေကွာ..ဒါပေမဲ့ “နေ” ကတော့ နေ့ဘက် ငါတို့မလိုအပ်တဲ့အချိန်အခါကြတော့မှာ အလင်းရောင်လာပေးတယ်လေ” ဟူသတည်း။


အမေရိကန်နှင့်တရုတ် ..စကားပြောဆိုခြင်း


၁၉၈၀ ၊အောက်တိုဘာလက.. အမေရိကန်ရေတပ်သဘောင်္ နှင့် တရုတ်ကမ်းရိုးတန်းအာဏာပိုင်တို့နှင့် တောင်တရုတ်ပင်လယ်ဗီယက်နမ်ကမ်းရိုးတန်းမှာ  ရေဒီယိုနှင့်အပြန်အလှန်စကားပြောခဲ့ကြတယ်..
တရုတ်။ ။တိုက်မိခြင်း အန္တာရယ် မှ ကင်းဝေးအောင် မင်းတို့ရဲ့လမ်းကြောင်းကိုတောင်ဘက် ၁၅ ဒီဂရီသို့ပြောင်းပေးပါ။
အမေရိကန်။   ။ တိုက်မိခြင်း အန္တာရယ် ကိုရှောင်ရှားနိုင်ရန် မင်းတို့ရဲ့ လမ်းကြောင်းကို မြောက်ဘက် ၁၅ ဒီဂရီပြောင်းဖို့ မင်းကိုအသိပေးအကြံပြုအပ်ပါတယ်..
တရုတ်။   ။ ဒါဟာမှားယွင်းမှုပဲ... မင်းတို့ဟာ တိုက်မိခြင်း အန္တာရယ် မှ ရှောင်ရှားနိုင်ရန် မင်းတို့လမ်းကြောင်းကို တောင်ဘက် ၁၅ ဒီဂရီသို့ပြောင်းရမယ်။
အမေရိကန်။   ။ အမေရိကန်ရေတပ်သဘောင်္ကတ်ပတိန်ဖြစ်ပါတယ်။ထပ်ပြောမယ်..... မင်းတို့လမ်းကြောင်းကိုပြောင်းပါ။
တရုတ်။   ။ မရပါဘူး.. ငါထပ်ပြောမယ်.. မင်းတို့ လမ်းကြောင်းကိုပြောင်းပါ။
အမေရိကန်။   ။အမေရိကန်ပြည်ထောင်စု MiDWAY လေယာဉ်တင်သဘောင်္ဖြစ်ပါတယ်..အမေရိကန်ပြည်ထောင်စု ပစိဖိတ်ရေပိုင်နက်ရဲ့ဒုတိယအကြီးဆုံးသဘောင်္လည်းဖြစ်ပါတယ်..ငါတို့မှာ  ဖျက်သဘောင်္ ၃ စင်း၊တိုက်သဘောင်္ ၃ စင်း၊ အမျိုးမျိုးသောမရေတွက်နိုင်တဲ့ ထောက်ပံ့ရေးရေယာဉ်တွေ ပူပေါင်းပါဝင်ပါတယ်.ဒါကြောင့် မင်းတို့လမ်းကြောင်းကို မြောက်ဘက်၁၅ ဒီဂရီ ပြောင်းဖို့ တောင်းဆိုပါတယ်။ ငါထပ်ပြောမယ်... မြောက်ဘက် ၁၅ ဒီဂရီ ဆိုတာပဲ...ဒါမှမဟုတ်ရင် တော့ ငါတို့သဘောင်္လုံခြုံရေးအတွက်တန်ပြန်တိုင်းထွာတဲ့ နည်းလမ်းတွေကိုစတင်အသုံးပြုရမယ်။
တရုတ်။  ။ မီးပြတိုက်မှ ဖြစ်ပါတယ်....မင်းတို့ဟာ ရာပေါင်းများစွာသောဒုက္ခသည်တွေတင်ဆောင်လာတဲ့ ဗီယက်နမ်ငါဖမ်းစက်လှေလေးတစ်စင်းကို တိုက်မိမဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်....


သတိမေ့ခြင်း(Amnesia)


တစ်ခါက... ကွီပြည်နယ်မှာ သတိအရမ်းမေ့တတ်တဲ့လူတစ်ယောက်ရှိတယ်..။ သူဟာ.. လမ်းလျှောက်စဉ်မှာ..ရပ်ဖို့မေ့နေတတ်တယ်...ပြီးတော့အိပ်နေစဉ်မှာ.. အိပ်ရာမှထ ဖို့မေ့နေတတ်တယ်...ဒါကြောင့်သူ့မိန်းမက.. သူနဲ့ပတ်သက်လို့အလွန်တရာမှာ.. စိုးရိမ်ပူပန်ခဲ့တယ်.. .ဒါကြောင့်သူ့ကို ပြောခဲ့တယ်... “ သခင် အီဟာ.. အလွန်တရာမှာပညာရှိပြီးတော့ ဘယ်ကိစ္စကိုမဆိုအလွယ်တကူသိရှိနိုင်တယ်၊ သေပြီးတဲ့သူတွေကိုတောင် အသက်ပြန်ရှင်လာအောင် လုပ်နိုင်တယ်.။ မင်းသူ့ကိုသွားပြီ.. မတိုင်ပင်ဘူးလား” လို့သူ့ယောကျာ်းကိုပြောလိုက်တယ်
လူကြီးက.. “ဒါဟာကောင်းတဲ့အကြံညဏ်ပဲ”လို့ သဘောတူလိုက်တယ်..
ဒါကြောင့့် သူဟာ မြင်းရဲ့ကျောပေါ်တက်၊ လေး နှင့်မြှားကိုယူပြီးတော့... သခင်အီဆီသွားဖို့ထွက်ခဲ့တယ်။ သခင်အီဆီမရောက်ခင်.. ၁၀ ကီလိုမီတာလောက်အရောက်မှာ သူဟာ အလေးသွားချင်လာတယ်..ပြီးတော့ .သူဟာ မြင်းပေါ်ကဆင်းလိုက်တယ်.. လေးမြှားတွေကို မြေကြီးထဲတွေကိုထိုးစိုက်လိုက်ပြီးနောက်၊သူရဲ့အလေးသွားချင်စိတ်ကိုသက်သာအောင် ကုန်းကုန်းကွကွငုံ့သွားရင်း ၊မြင်းကိုသစ်ပင်ဆီကိုခေါ်သွားလိုက်တယ်.....။သူ့ကိစ္စပြီးတဲ့နောက်မှာ .... သူဟာမတ်တပ်ထရပ်လိုက်ပြီး.. ဘယ်ဘက်ကိုကြည့်လိုက်တဲ့အခါမှာ.. မြှားတံတွေဆီမြင်ကွင်းရောက်သွားတယ်။
“၀ိုး...” သူကအလန့်တကြားအော်လိုက်တယ်၊”ငါတော့လွတ်လမ်းမမြင်တော့ဘူး၊မြှားတံလာတဲ့ဝေးရာအရပ်ကိုငါစဉ်းစားရမယ်..ငါကိုမြှားတံထိတော့မလို့”ဟုဆိုရင်း သူရဲ့ညာဘက်ကိုကြည့်လိုက်တယ်.. ထိုအခါမြင်းကိုသူမြင်ခဲ့တယ်...။
“ကောင်းလိုက်တာကွာ”.. “ငါဟာဆိုးရွားစွာတိုက်ခိုက်ခံနေရတာသော်လည်း.. အခုငါမမျှော်လင့်မထားတဲ့မြင်းတစ်ကောင်ကိုဆုလာဘ်အနေနဲ့ငါကိုပေးလိုက်တာဖြစ်မယ်”ဟုပျော်ရွှင်စွာဆိုလေသည်။
သူဟာမြင်းဇက်ကြိုးကိုဖမ်းဆွဲရင်း.. တစ်ပတ်လှည့်ဖို့လုပ်နေချိန်မှာ သူကိုယ်တိုင်စွန့်ထားသောမစင်ကိုအမှတ်တမဲ့တက်နင်းလိုက်တယ်.။ ထိုစဉ် သူက “အရေးထဲ... ကွာ ခွေးအီးပုံ က ငါ့ရူးဖိနပ်မှာမှလာကပ်ရတယ်လို့”.“ရွံစရာကောင်းလိုက်တာ”.. ဟုညီးညူးလိုက်တယ်။
သူဟာ မြင်းကိုကြာပွတ်နှင့်ရိုက်ရင်း... မှားယွင်းတဲ့လားရားဘက်ကိုဒုန်းဆိုင်းမောင်းနှင်သွားတယ်.... ရှေ့သို့သိပ်ကြာကြာမသွားလိုက်ခင်၊သူ့ရဲ့အိမ်ကိုပြန်ရောက်သွားတယ်.... သူဟာသူ့ရဲ့ကိုယ်ပိုင်အိမ်အရှေ့မှာ မြင်းကိုရှေ့တိုး၊နောက်ဆုတ်လုပ်ရင်း၊ မသိမသာမကြားတကြားလေပြောလိုက်တယ်..“ဒါဘယ်သူ့အိမ်လဲမသိဘူး၊.. သခင်အီရဲ့အိမ်သူအိမ်သားတွေများ အထဲမှာရှိနိုင်မလားမသိဘူး..”
အဲဒီအချိန်မှာ.. သူ့ရဲ့မိန်းမက.. သူကို့မြင်သွားတယ်.၊ သူဟာသတိပြန်လည်ဖို့စဉ်းစားနေရင်း... သူ့မိန်းမဟာ.. သူ့ကိုရိုင်းပြပြင်းထန်စွာအော်ငေါက်လိုက်တယ်.။ အလွန်စိတ်ဓါတ်ကျသွားတဲ့ လူကြီးက..“ ငါဘ၀ ..မှာမင်းကိုတစ်ခါမှ မမြင်ဘူးပါဘူး...ဘာကြောင့်ငါကိုဒီလောက်တောင် အောင်ဟစ်ငေါက်ငန်းနေရတာလဲ၊ မိန်းကလေး” ဟုဆိုလိုက်လေသတည်း။


Captain & First Officer


လေဆိပ်တစ်ခုမှ လေယာဉ်ပျံတစ်ဆင်းစတင်ထွက်ခွာလာသည်။ Captain မှာ ဂျုးလူမျိုးဖြစ်ပြီး၊ပထမတန်းစားအရာရှိမှာတရုတ်လူမျိုးဖြစ်သည်။ဒါဟာသူတို့အတွက်ပထမဆုံး အတူတကွလေယာဉ်ပျံသန်းမှုဖြစ်ပြီး ၊သူတို့နှစ်ယောက်ကြားမှာတစ်ဦးကိုတစ်ဦးကိုစကားမပြောပဲတိတ်ဆိတ်လျှက်လိုက်ပါလာခဲ့ကြသည်။ မိနစ် ၃၀ ကြာတော့.. ..
ဂျူးလူမျိုးCapatain က“ Chinese တွေကိုငါမကြိုက်ဘူး”လို့စကားစလိုက်သည်။
ပထမတန်းစာအရာရှိက..“အိုးး.. Chinese တွေကိုမကြိုက်ဘူးလား..ဘာကြောင့်လဲ”..ဟုပြန်ပြောလိုက်တယ်။
Captain က“ မင်းတို့ဟာ ပုလဲဆိပ်ကမ်းကို ဗုံးကြဲလိုက်တယ်လေကွာ..ဒါကြောင့်ငါ Chinese တွေကိုမကြိုက်တာပေါ့” ဟုဆိုလိုက်သည်။
အရာရှိက..“ မဟုတ်ဘူး.. မဟုတ်ဘူး... Chinese က ပုလဲဆိပ်ကမ်းကိုဗုံးမကြဲဘူး...Japanese တွေကြဲတာ.. Chinese မဟုတ်ဘူး” လို့ပြန်ငြင်းလိုက်တယ်..
အဲဒီနောက် Captain က “ Chinese,Japanese,Vietnamese .. အရေးမဟုတ်ပါဘူး...သူတို့ကအတူတူပဲလေးကွာ” လို့ဖြေလိုက်သည်။

နောက်ထပ် မိနစ်သုံးဆယ်တိတ်ဆိတ်နေပြီးနောက်.

.အရာရှိက..“ဂျူးတွေကိုမကြိုက်ဘူး” နောက်ဆုံးပြောလိုက်တယ်..

Captain က“ဘာကြောင့်လဲ.. ဘာကြောင့်ဂျူးတွေကိုမကြိုက်ရတာလဲ”ပြန်ပြောလိုက်သည်။

အရာရှိက.. “ဂျူးတွေက Titanic သဘောင်္ကိုနစ်မြုပ်လိုက်တာ” ...ဆိုလိုက်တယ်။

Captain က “မဟုတ်ဘူး.. မဟုတ်ဘူး... ဂျူးတွေက .. Titanic သဘောင်္ကို နစ်မြုပ်ခဲ့တာမဟုတ်ဘူး... ဒါဟာ Iceberg.. (ရေခဲကျောက်ဆောင်)တွေကြောင့်ဖြစ်ခဲ့တာ..”လို့ အမှန်သိအောင်ကြိုးစားခဲ့တယ်။

အရာရှိက.. . “Iceberg,Goldberg,Rosenberg....ကိစ္စမရှိပါဘူး.. အတူတူပါပဲ” ဟုပြန်ဖြေလိုက်လေသည်။



လေးစားစွာဖြင့်
အောင်ကျော်ဇင်မြင့်(Ref:Asian jokes.com)

Friday, July 8, 2011

ကျွန်တော်တို့ လူမျိုးတွေ ကိုယ်ခံအားကောင်းပါတယ်လို့ အယူမလွဲသင့်တဲ့ နေရာ (၇) ခု

ယနေ့ခေတ်မှာ လူအများစုဟာ ကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ အထိုက်အလျောက် ဗဟုသုတ ရှိနေကြပြီလို့ ဆိုနိုင်ပါတယ်။ အကြမ်းဖျင်းပြောရရင် အစာမစားခင်နဲ့ အိမ်သာက အထွက်မှာ လက်ဆေးရမယ်ဆိုတာမျိုး၊ အစားအသောက်တွေကို ယင်မနားအောင် ကာကွယ်ရမယ် ဆိုတာမျိုး၊ ရေကို တစ်နည်းနည်းနဲ့ သန့်ရှင်းအောင် ပြုပြင်စီရင်ပြီးမှ သောက်သုံးရမယ် ဆိုတာမျိုး ကလေးတွေကအစ သိရှိနားလည်ကြပါတယ်။ ရောဂါပိုးတွေ ကိုယ်ထဲဝင်ရောက် ကူးစက်ခြင်း မခံရအောင် သန့်ရှင်းမှုတွေနဲ့ ကာကွယ်တားဆီးတတ် လာကြပါပြီ။

ဒါပေမဲ့ တုပ်ကွေး မဖြစ်ချင်ရင် အပြင်က ပြန်လာပြီးတိုင်း လက်ဆေးပြီးမှ ပါးစပ်တွေ နှာခေါင်းတွေကို ထိကိုင်ရမယ် ဆိုတဲ့ ကျန်းမာရေး အသိပညာ နည်းနည်း အဆင့်မြင့်မြင့်မျိုး ရှိသူတွေတောင် မသိသေးတဲ့ (သို့) သိသော်လည်း သန့်ရှင်းမှု ဂရုမစိုက်မိတဲ့ ရောဂါကူးစက်ခံရနိုင်သော နေရာများ ရှိနေပြီး အဲဒီနေရာတွေကနေ လူတွေဟာ အမှုမဲ့ အမှတ်မဲ့ ရောဂါတွေ ရနေကြတာကို ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အညစ်အကြေးတွေ၊ အမှိုက်တွေ၊ မြေကြီးတွေမှာ ရောဂါပိုးတွေ ပါရှိနေတာ သိကြလို့ ကိုင်ပြီးရင် လက်ဆေးကြပေမယ့် အောက်ပါ နေရာ (၇) ခုကို ထိတွေ့ပြီးရင်တော့ လူအများစုက လက်မဆေးတတ်ကြကြောင်း သုတေသနများအရ သိရှိရပါတယ်။

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ နိုးထလှုပ်ရှားနေချိန် အတွင်း အချိန်တစ်မိနစ်တိုင်းမှာ ပျမ်းမျှ အရာဝတ္ထုမျက်နှာပြင် ၃၀ ခန့်ကို ကိုင်တွယ်ထိတွေ့ ဖြစ်နေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒီအရာတွေထဲမှာ ထိတွေ့မှု အကြိမ်အများဆုံး လုပ်လေ့ရှိပြီး သန့်ရှင်းအဆင့်မြင့်လို့ ရောဂါပိုးတွေ မရှိလောက်ဘူးလို့ လူတွေ ထင်နေကြသော်လည်း တကယ်လက်တွေ့ စစ်ဆေးကြည့်တဲ့အခါ ရောဂါပိုးတွေ ပြည့်ကြပ်ညပ်နေအောင် ပေါများလွန်းတဲ့ အရာဝတ္ထု (၇) ခုကို လွန်ခဲ့တဲ့ ရက်ပိုင်းထုတ် Medical Virology ဂျာနယ်မှာ စာရင်းပြုစု ဖော်ပြထားပါတယ်။ ၄င်းတို့ကတော့……………

(၁) Menu ခေါ် ရနိုင်သော အစားအစာများ စာရင်းကတ်
စားသောက်ဆိုင်တွေမှာ ထားတဲ့ ညစ်ပတ်ပေရေနေပြီး လောင်းထားတဲ့ ပလတ်စတစ်တွေပါ ကွာနေတဲ့ မီနူးကတ်တွေကို မြင်ဖူးမှာပါ။ ဒါတွေကို ကိုင်ကြည့်ကာ မှာယူပြီး လက်မဆေးတော့ဘဲ စားသောက်တဲ့ အကျင့်ဟာ စွဲနေပြီ ဖြစ်ပါတယ်။ ဒီလို ကတ်ပြားတွေ ပေါ်မှာ ရောဂါပိုးပေါင်းများစွာ တည်ရှိနေတာကို ဆိုင်ပေါင်းများစွာမှာ လိုက်လံ သုတေသန ပြုချက်များ အရ တွေ့ရှိရပါတယ်။ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ အဆိုပါ မီနူးကတ်ပြားတွေ အပေါ်မှာ ရောဂါရှိသူ ချောင်းဆိုးနှာချေခြင်းတွေ ကနေ ပျံ့လွင့်လာကာ ၁၈ နာရီကြာအောင် ရှင်သန်ပေါက်ပွားနေနိုင်သလို အခြား ရောဂါများ ဖြစ်စေတဲ့ ဘက်တီးရီးယား မျိုးစုံလည်း ရှိနေကြောင်း တွေ့ရပါတယ်။



ဒါတွေဟာ ဈေးချိုတဲ့ ပုံမှန်ဆိုင်တွေမှာမို့ ရှိနေတာလို့ သင်ထင်ပါလိမ့်မယ်။ ဈေးကြီးတဲ့ အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေမှာလည်း လူစည်ကားလေ၊ လက်တွေကနေ ပါလာတဲ့ ပိုးတွေ မီနူးကတ်ပေါ် ဖြန့်ဝေရာ ရောက်လေမို့ သိပ်မကွာခြားလှဘူးလို့ ဓာတ်ခွဲခန်း အခြေများအရ သိရပါတယ်။ ဒါကြောင့် မီနူးကိုင်ကာ မှာပြီးရင် လက်ဆေးပြီးမှ အစားစားဖို့ သတိပေးပါရစေ။ ဒါ့အပြင် မီနူးကို ပန်းကန်များ၊ ဇွန်းခက်ရင်းများနဲ့ မထိမိအောင်လည်း သတိနဲ့ ဝေးရာမှာ ထားရမှာ ဖြစ်ပါတယ်။

(၂) အအေးဖန်ခွက်နှုတ်ခမ်းက သစ်သီးစိတ်


ဖျော်ရည်ဖန်ခွက်တွေရဲ့ နှုတ်ခမ်းသားပေါ်မှာ အလှဆင်တဲ့ သဘောနဲ့ ချိတ်ပေးလိုက်တဲ့ သံပရာသီး၊ လိမ္မော်သီး စတဲ့ အသီးစိတ်လေး ဆယ်ခုမှာ ခုနစ်ခုဟာ ရောဂါပိုးတွေ ပါလာတတ်ကြောင်း စစ်ဆေးလေ့လာ တွေ့ရှိထားပါတယ်။ (ဒီ ၇၀% ဆိုတဲ့ အရေအတွက်ဟာ အစားအသောက်ဥပဒေ တင်းကြပ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တွေ့ရတဲ့ အရေအတွက် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဆိုရင်ေ
တာ့ ၇၀% ထက် များဖွယ် ရှိပါတယ်)

အဲဒီသစ်သီးစိတ်တွေပေါ်မှာ ၀မ်းလျှောဝမ်းပျက်ရောဂါ ဖြစ်စေတဲ့ အီးကိုလိုင် (E.coli) ပိုးနဲ့ အခြားပိုး ၂၅ မျိုးတောင် ပါလေ့ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ ဖန်ခွက်နှုတ်ခမ်းက အလှဆင်တဲ့ အသီးစိတ်ကို မသုံးဆောင်ဖို့ (သို့) စမှာကတည်းက မထည့်ပေးဖို့ မှာရန် လိုအပ်ပါတယ်။

(၃) အများသုံးကွန်ပျူတာ၏ ကီးဘုတ်
အင်တာနက်ကဖေး၊ ရုံးခန်း၊ လေဆိပ် စတဲ့ နေရာများမှာ ထားရှိတဲ့ အများသုံး ကွန်ပျူတာ ကီးဘုတ်များရဲ့ ခလုတ်တစ်ခုချင်းစီမှာ ရှိနေတဲ့ ရောဂါပိုးအရေအတွက်ဟာ အိမ်သာတံခါးလက်ကိုင်ပေါ်က ထက်တောင် ၅ ဆလောက် များနေတယ်လို့ လေ့လာမှုများ အရ တွေ့ရှိရလို့ ထိတွေ့သုံးစွဲပြီးတိုင်း လက်ဆေးသင့်ပါတယ်။ ဒါ့အပြင် အများသုံးခလုတ်တွေ ဖြစ်တဲ့ အလိုအလျောက်ငွေထုတ်စက်၊ ရုပ်ရှင်လက်မှတ် ကိုယ်တိုင် ရွေးချယ်ဝယ်ယူစက်၊ အများသုံး ဖုန်းခလုတ်များ စတာတွေဟာလည်း တူတူပဲလို့ ယူဆရပါမယ်။


ထိုသို့သော အန္တရာယ်ကို ကာကွယ်ရန် လေဆိပ်၊ ရုံး စသော နေရာများရှိ အများသုံး ကွန်ပျူတာများ၏ ကီးဘုတ်များကို ဆေးကြောနိုင်သော ကီးဘုတ်များဖြင့် အစားထိုး အသုံးပြုနိုင်နေပြီဟု သိရသည်။

(၄) စားသောက်ဆိုင် စားပွဲပေါ်က ပုလင်းများ
ဆား၊ ငရုပ်ကောင်း၊ ငန်ပြာရည်၊ ငရုတ်သီး၊ အချဉ်ရည်၊ သကြား စတာတွေ ထည့်ပြီး ချပေးထားတဲ့ ပုလင်းငယ်များ၊ ခွက်များရဲ့ လက်ကိုင်နေရာများဟာလည်း လူကိုင်များလွန်းလို့ ရောဂါပိုးတွေ စုဝေးရာ နေရာ (၈) ခုမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက လက်ဖက်ရည်ဆိုင်တွေ အတွက်ဆိုရင် ရေနွေးကြမ်း ထည့်တဲ့ ဓာတ်ဘူး/အိုး များရဲ့ လက်ကိုင်များကိုပါ ဒီစာရင်းထဲ ထည့်သွင်းသင့်ပါတယ်။ လက်ကိုင်ပုဝါ၊ လက်သုတ်ပုဝါ စတာတွေနဲ့ အုပ်ကိုင်ခြင်းဟာလည်း ဒီပစ္စည်းတွေပေါ်က ပိုးတွေကို ထိရောက်စွာ မကာကွယ်နိုင်လို့ အစာမစားခင် လက်ဆေးတာသာ အကောင်းဆုံး နည်းလမ်းလို့ ပညာရှင်များက ဆိုပါတယ်။



(၅) သန့်စင်ခန်း တံခါးလက်ကိုင်
ဒီအချက်ကတော့ ကြားဖူးကြပါလိမ့်မယ်။ အိမ်သာအတွင်းနံရံထက် အိမ်သာတံခါးလက်ကိုင်ဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး ပိုင်ဆိုင်မှုမှာ အဆပေါင်းများစွာ မြင့်မားပါတယ်။ ဘာလို့လဲဆိုတော့ အိမ်သာထဲ ၀င်ထွက်သမျှ သူတွေ အကုန်လုံး ထိကိုင်ကြလို့ ဖြစ်ပါတယ်။ ထို့အတူ တံခါးချက်များဟာလည်း တူတူပဲ ဖြစ်ပါတယ်။ ဒါတွေကို မထိမကိုင်ဘဲနဲ့ သင်ဟာ သန့်စင်ခန်း ထဲက ပြန်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ လှည့်ဖွင့်ရတဲ့ သော့ (Door Lock) ပါတဲ့ တံခါးမျိုး ဆိုရင်တော့ ပိုတောင် သေချာပါသေးတယ်။ အတွင်းမှာ လက်ဆေးပြီးမှ ပြန်ထွက်ရင် လက်ပြန်ညစ်ပေသွားမှာ ဖြစ်တဲ့အတွက် လက်ဆေးခြင်းကို သန့်စင်ခန်း အပြင် ထွက်လာပြီးမှ လုပ်နိုင်တဲ့ စနစ်မျိုး သုံးသင့်ပါတယ်။



အိမ်သာသုံးစက္ကူအသန့်၊ တစ်သျှူးစက္ကူ စတာတွေနဲ့ တံခါးလက်ကိုင်ကို အုပ်ကိုင်ပြီး ထွက်နိုင်ရင် အကောင်းဆုံး ဖြစ်ပြီး ဒီလို လုပ်ခြင်းအားဖြင့် သင့်ကို ပတ်ဝန်းကျင်က လူတွေက ဇီဇာကြောင်တယ်၊ အပိုလုပ်တယ်လို့ ထင်ကောင်းထင်နိုင် ပေမယ့် ဒီလို အကျင့်ကောင်းတစ်ခုဟာ သင့်ကို တုပ်ကွေးမိခြင်း၊ ၀မ်းပျက်ခြင်း၊ ယားနာပေါက်ခြင်း တို့လို မကြာခဏ နာမကျန်း ဖြစ်မှုလေးတွေကနေ သိသိသာသာ အကာအကွယ်ပေးတယ် ဆိုတာ တကယ်လုပ်ကြည့်ရင် သိရပါမယ်။

(၆) ဈေးဝယ်ခြင်း/လှည်း လက်ကိုင်


ဈေးဝယ်စင်တာတွေမှာ ရှိတဲ့ ဈေးဝယ်ခြင်းတွေ၊ လှည်းတွေရဲ့ လက်ကိုင်တွေ အားလုံးရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ရောဂါဖြစ်စေတဲ့ ပိုးတွေ ပေါက်ပွား တည်ရှိနေတတ်တယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာတစ်ဝန်း သုတေသနများ အရ သိရပါတယ်။ အဲဒီပိုးတွေရဲ့ အရေအတွက်ဟာ အများသုံး သန့်စင်ခန်းတွေထက်တောင် များနေတယ်လို့ စမ်းသပ်တွေ့ရှိရပါတယ်။ ဒီသုတေသနကို ၂၀၀၇ က ပြုလုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ဒီလို ရလဒ်တွေကြောင့် ကမ္ဘာ့နိုင်ငံအများစုမှာ ရှိတဲ့ ဈေးဝယ်စင်တာတွေမှာ လှည်းနဲ့ ခြင်းတောင်းတွေရဲ့ လက်ကိုင်တွေကို ဈေးဝယ်သူကိုယ်တိုင် မကိုင်ခင်မှာ ဆေးကြောနိုင်အောင် ပိုးသတ်လက်ဆေးရည်တွေ ထားပေးနေပြီလို့ သိရပါတယ်။ စားသုံးသူတွေမှာ သန့်ရှင်းရေး၊ ရောဂါကာကွယ်ရေး ဆိုင်ရာ အမူအကျင့်တွေ ရှိနေဖို့ စီးပွားရေး လုပ်ငန်းရှင်တွေက ဒါမျိုးတွေ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။

(၇) ဆေးခန်း
ဒီလို ဆိုလိုက်လို့ ရုတ်တရက် အံ့သြစရာ အချက်တစ်ချက်လို့ ထင်ရပေမယ့် တကယ် တွေးကြည့်ရင်တော့ အံ့သြစရာ မကောင်းလှပါဘူး။ ဆေးခန်းဆိုတာ နေမကောင်းသူတွေ စုဝေးရောက်ရှိရာ အရပ်မို့ ရောဂါပိုးမျိုးစုံ ပျံ့နှံ့တည်နေရာ အရပ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် တီဘီ၊ နမိုးနီးယား၊ တုပ်ကွေးလို အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါမျိုးတွေပေါ့။ လေလုံတဲ့ ဆေးခန်းလို အခန်းတစ်ခုထဲမှာ ဒီလိုလူနာ တစ်ယောက် ချောင်းဆိုး (သို့) နှာချေလိုက်ရင် ဒီပိုးတွေဟာ ကြမ်းပြင်ပေါ် မကျခင် အနည်းဆုံး ၃ ပေအကွာအဝေးတော့ သွားပါတယ်။ ဒါကြောင့် ရောဂါတစ်ခုဖြစ်လို့ ဆေးခန်းလာတာ ပြတဲ့ ရောဂါ မပျောက်ခင် နောက်တစ်ခုပါ ကူးစက်ခံရနိုင်တာမို့ ဆေးခန်းသွားရင် အောက်ပါ အချက်လေးတွေကို သတိထား လိုက်နာစေလိုပါတယ်။

(၁) ရောဂါဖြစ်နေတဲ့သူနဲ့ အဖော်ကလွဲလို့ ကျန်တဲ့လူပို တတ်နိုင်သမျှ မခေါ်လာပါနဲ့။ အထူးသဖြင့် ၁၂ နှစ်အောက် ကလေးတွေပေါ့။

(၂) စောင့်ရင်းဖတ်ဖို့ ချပေးထားတဲ့ စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာ ဆေးခန်း လာပြသွားသူတွေရဲ့ ပိုးတွေ ရှိနေမှာ အသေအချာမို့ စောင့်ရင်း ဖတ်ချင်ရင် ကိုယ့်အိမ်က စာအုပ်တွေပဲ ယူလာခဲ့ပါ။ ကလေးလူနာဆိုရင်လည်း ကလေးရဲ့ အရုပ်တွေပါ အိမ်ကပဲ ယူလာပါ။ အများအတွက် ချပေးထားတဲ့ အရာတွေကို ကလေးငယ်တွေ မထိကိုင်ပါစေနဲ့။

(၃) ဆေးရုံဆေးခန်း တစ်ခုခု သွားပြီးလို့ ပြန်လာရင် ပိုးသတ်ဆပ်ပြာ တစ်ခုခု (သို့) အယ်လ်ကိုဟော ၆၀% လောက် ပါဝင်တဲ့ ပိုးသတ်လက်ဆေးရည် (Hand Gel) တစ်ခုခုနဲ့ လက်ကို စင်ကြယ်စွာ ဆေးပါ။

(၄) လူအရမ်းများပြီး စောင့်ရတတ်တဲ့ ဆေးခန်းမျိုးဆိုရင် ပါးစပ်နဲ့ နှာခေါင်းစည်း မျက်နှာဖုံး ၀တ်ဆင်သင့်ပါတယ်။ ၀တ်ပြီးရင် လိုအပ်တဲ့ အချိန်အထိ မချွတ်ဖို့၊ ချွတ်ပြီးရင်လည်း ပြန်မသုံးဘဲ အသစ်တစ်ခု သုံးဖို့ လိုအပ်ပါတယ်။




အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ ကျွန်တော်တို့ လူမျိုးတွေရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံ အကျင့်နဲ့ မကိုက်ညီတာ တွေ့ရပါတယ်။ ဒါကြောင့် ပိုလွန်းတယ် ထင်ပြီး မလိုက်နာဘဲ မနေကြပါနဲ့လို့ ပြောလိုပါတယ်။ အများစု ပြောတတ်ကြတဲ့ စကားတစ်ခွန်း ရှိပါတယ်။ မြန်မာလူမျိုးတွေက တခြားလူမျိုးတွေထက် စာရင် သာမန်လူနေမှု အနေအထားမှာ ထိတွေ့နေထိုင်မှု ပိုများလို့ (ဥပမာ လမ်းဘေးဆိုင်တွေမှာ လူဦးရေ အားလုံးရဲ့ ၉၀% လောက်က စားဖူးသူတွေချည်းပဲ၊ မြစ်ရေ ကန်ရေသောက်လည်း ဘာမှ မဖြစ်ဘူး စသဖြင့်ပေါ့) တခြားလူမျိုးတွေထက် ကိုယ်ခံအား ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ လုံးဝ မှားတယ်လို့ မဆိုလိုပါဘူး။ တစ်ခုပဲ ရှင်းပြချင်ပါတယ်။ ရောဂါပိုးတစ်ခုဟာ ကိုယ်ထဲကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ၀င်ရောက်လာတဲ့ အခါမှာ ရောဂါပေးနိုင်သော အနိမ့်ဆုံး ပိုးကောင်ရေ (Minimal Infective Dose) ဆိုတဲ့ အရေအတွက်ကို ရောက်မှ ရောဂါ ဖြစ်စေတာ ဖြစ်ပါတယ်။ ပိုးတစ်မျိုးနဲ့ တစ်မျိုးလဲ မတူကြပါဘူး။

သာဓကဆောင်ရရင် ရောဂါပိုး A ရဲ့ Minimal Infective Dose က အကောင်ရေ ငါးသိန်းဆိုရင် ကိုယ်ထဲကို လေးသိန်းခွဲလောက် ရောက်လာရုံနဲ့ ရောဂါမပေါ်ပါဘူး။ ငါးသိန်းပြည့်မှ ရောဂါဖြစ်စေတာပေါ့။ ဒါကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အစာရေစာ သန့်ရှင်းမှုတွေ အားနည်းသော်လည်း တို့ကတော့ အကျင့်ဖြစ်လို့ ကိုယ်ခံအားက ခံနိုင်နေပြီ မထင်ပါနဲ့။ ကံအားလျော်စွာ Minimal Infective Dose မပြည့်ခဲ့လို့သာ ဖြစ်ပါလိမ့်မယ်။ ကိုယ်ထဲ ရောက်လာတဲ့ ပိုးအရေအတွက်ဟာ အဲဒီ အနိမ့်ဆုံး အရေအတွက်လေး ကျော်သွားတာနဲ့ ရောဂါဖြစ်မှာ ဖြစ်လို့ သန့်ရှင်းရေးဟာ မပေါ့ဆသင့်တဲ့ အချက်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
(From MMDaily)

Thursday, July 7, 2011

မိမိဆန္ဒကိုထုတ်ဖော်နိုင်ခြင်း (Assert Yourself by Guy Perring)

မိမိဆန္ဒထုတ်ဖော်ခြင်းဆိုတာကတော့ မိမိကိုယ်ကို လေးစားခြင်းနှင့် ဆက်စပ်မှု ရှိပါတယ်။ ဆက်သွယ်ပြောဆိုရာမှာ အရေးပါတဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ မိမိဆန္ဒထုတ်ဖော်တယ်ဆိုတာ စိတ်ထဲရှိတာကို ထုတ်ပြောဖို့ မကြောက်ရဘူး၊ အခြားသူတွေအပေါ် သြဇာသက်ရောက်နိုင်ဖို့ ကြိုးစားတာလည်း မဟုတ်ဘူး။ သူ့စည်းကိုယ့်စည်း ဘောင်မကျော်စေဘဲ ဆက်သွယ်ပြောဆိုတာသာလျှင် ဖြစ်တယ်။

မိမိဆန္ဒကိုထုတ်ဖော်ပြောကြားရာမှာ ထင်ရှားတဲ့နည်းလမ်း ၃ခု ရှိပါတယ်။ ပထမနည်းလမ်းကတော့ အကျိုးပြုနိုင်တဲ့ ကြိုတင်ပြင်ဆင်မှုလို့ ဆိုမယ်ဆိုရင် ဆိုနိုင်တယ်။

၁။ အစစ်အမှန်ချီးမွမ်းခြင်း

အခြားသူတွေကို အပြုသဘောမှတ်ချက်ပေးတာဟာ အကောင်းဆုံး လက်ဆောင်တစ်မျိုးပါဘဲ။ အခြားသူတွေကို အစစ်အမှန်ချီးမွမ်းမယ်ဆိုရင် သူတို့ကိုယ်သူတို့ ကျေနပ်သွားစေနိုင်ပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တ ၂ ပတ်လောက်တုန်းက အကူအညီပေးခဲ့သူကို အခုထက်ထိ ကျေးဇူးတင်ကြောင်း မပြောရသေးရင်လည်း နောက်မကျသေးပါဘူး၊ ကျေးဇူးတင်ကြောင်း ပြောနိုင်ပါတယ်။

ဒေးလ်ကာနက်ဂျီ ရေးသားခဲ့တဲ့ How to Win Friends and Influence People (မိတ္တဗလဋီကာ) စာအုပ်က သက်တမ်းအားဖြင့် ကြာခဲ့ပြီဖြစ်ပေမယ့် အခုထိ သက်ဆိုင်အကျုံးဝင်မှုရှိပါသေးတယ်။ စစ်မှန်တဲ့ ချီးမွမ်းမှု ဖြစ်ဖို့ အဓိကအရေးပါတဲ့ အပိုင်းကဏ္ဍအချို့ကို အကျဉ်းဖော်ပြထားပါတယ်။

၁။ တစ်ဖက်သားကို အရေးကြီးတယ်လို့ စိတ်ခံစားမှုရှိအောင် လုပ်ပေးပါ။
၂။ ပိုပြီးတော့ ကြီးမားတဲ့ စီမံချက်ကြီးကို အစိတ်အပိုင်းခွဲပြီးအတွက် လုပ်ပိုင်ခွင့်ပေးပါ။ လုပ်ဆောင်ချက်က ဘယ်လို အထောက်အကူပြုမယ်ဆိုတာ နားလည်အောင် ဆောင်ရွက်ပေးပါ။ လုပ်ငန်းတစ်ခုလုံး အောင်မြင်မှုရဖို့ ပိုပြီး အလေးအနက်ထား လုပ်ဆောင်လာကြလိမ့်မယ်။
၃။ လှိုက်လှိုက်လှဲလှဲပြောပါ။ မြှောက်ပင့်ပြောတာမျိုးကိုရှောင်ရှားပါ။
၎။ ဖြစ်နိုင်တဲ့နေရာတိုင်း နာမည်ခေါ်ပြီးတော့ အသုံးပြုပါ။ လူတွေက သူတို့နာမည် ကြားရတာကို သဘောကျကြပါတယ်။ လူတစ်ယောက် အကြိုက်ဆုံးစကားလုံးကတော့ သူ့နာမည်ပါဘဲ။
၅။ လူတစ်ယောက်ရဲ့နာမည်နဲ့ ကိုယ်ရေးကိုယ်တာသေးစိတ်အချက်တစ်ချို့ကို မှတ်မိအောင်ကြိုးစားပါ။
၆။ ပြုံးပါ။

၂။ ငြိစရာ ဆူးမရှိအောင်ပြုလုပ်ခြင်း

တစ်ခါတစ်ခါမှာ လူတွေကို ဆက်ဆံပုံနည်းလမ်း အားနည်းချက်ကြောင့် ရန်သူလို တုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ဘက်က မသင့်တော်တာ ပြုလုပ်မိလို့ ဆက်ဆံရ ခက်သူတွေ ဖြစ်သွားတတ်ပါတယ်။ ဥပမာ ဖုန်းဆက်တဲ့အခါမှာ မလိုအပ်ဘဲ စောင့်ခိုင်းထားတာမျိုး၊ ပုံမှန် ဖောက်သည်တွေရဲ့ နာမည်တွေကို မေ့နေတာမျိုး၊ အီးမေးလ် ပို့တဲ့အခါ မပြန်တာမျိုး၊ “ကျေးဇူးတင်ပါတယ်” လို့ မပြောမိဘဲ မေ့နေတာမျိုး တွေ ဖြစ်ပါတယ်။

ရိုင်းစိုင်းတဲ့အပြုအမူတွေကို အခြားသူတွေက ကိုယ့်ကို ပြုမူလာမယ်ဆိုရင် ဘယ်လိုတုံ့ပြန်မလဲ။ အဲဒီအကြောင်းတွေကိုပဲ စိတ်ထဲမှာမှတ်ထားပြီးတော့ တွေ့တဲ့လူတွေကို လျှောက်ပြောပြမလား။ ဒါမှမဟုတ်ရင် မေ့ပစ်လိုက်မလား။ တခြားသူက မိမိထံကို ပစ်ပေးလိုက်တဲ့ စိတ်ဆိုးစရာတွေကို လက်ခံထားလို့လည်းရတယ်။ စွန့်ပစ်လိုက်လို့လည်းရတယ်။ ကိုယ်တိုင်ရွေးချယ်မှုဖြစ်ပါတယ်။

အခြားသူကြောင့် ဆူးစူးတယ်ဆိုရင် အဲဒီဆူးကို ကိုယ်တိုင် နုတ်ပစ်လိုက်လို့ ရရက်သားနဲ့ ဆူးစူးအောင် လုပ်တဲ့သူ ပြန်လာနုတ်ပေးလို့ အော်ပြောနေမှာလား။
-ရှေးတရုတ်စကားပုံ

၃။ တစ်ဖက်သား စိတ်မချမ်းသာအောင် ပြောတတ်သူများနဲ့ ဆက်ဆံခြင်း

အချို့လူတွေက သာသာနဲ့ နာနာနှက်ဆိုသလို ချီးမွမ်းတဲ့အခါမှာ မကောင်းတာ တစ်ခုနဲ့ ဆက်တွဲပြီးတော့ နှိပ်ကွပ်ပြောတတ်တယ်။ ဥပမာ “You’re actually smarter than you look”, “ရုပ်ကြည့်တော့ ထက်မြက်မယ် မထင်ရပေမယ့် တစ်ကယ်တော့ ဉာဏ်ရှိပါတယ်” လို့ ပြောတာမျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် တမင်ထိခိုက်အောင် ပြောတာမျိုးလည်းဖြစ်ပါတယ်။ ဥပမာ “You’re not very good at this type of thing, are you?”, “ဒီအလုပ်မျိုး သိပ်မလုပ်တတ်ရှာဘူးနော်” လို့ပြောတာမျိုးပါ။

အဲဒီလိုမျိုး တစ်ဖက်သားကို ကလိတတ်တဲ့ လူတွေနဲ့ စကားပြောတဲ့အခါမှာ စိတ်ခံစားမှုကို ငြိမ်အောင် ထိန်းထားနိုင်ဖို့လိုအပ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး ထိန်းထားပါ။

၁။ နှိပ်ကွပ်ပြီးတော့ပြောတာကို ကြားရပြီးတဲ့နောက်မှာ အခြေအနေကို နားလည်ပုံကို ဆင်ခြင်သုံးသပ် ပြောကြားပါ။
၂။ အခြေအနေကို ဝန်ခံပြောကြားပါ။
၃။ မိမိအမြင်ကို ထုတ်ပြောပါ။
၎။ ဖွင့်ပြီးမေးတဲ့မေးခွန်းကို မေးပါ။  အခြားရွေးချယ်နိုင်တဲ့နည်းလမ်းကို ကမ်းလှမ်းပါ။

ဥပမာ

ဝယ်ယူသူ - You’re not very good at doing this, are you? Looks like you haven’t been in the job long. (အလုပ်လုပ်တာ မကျွမ်းကျင်ဘူးနော်။ အလုပ်ဝင်တာ မကြာသေးဘူးလား။)
သင် -    (1) You think I don’t know what I’m doing?  (၁) (ဒီအလုပ်ကို မလုပ်တတ်ဘူးထင်လို့လား။)
ဝယ်ယူသူ - သြော် ကြာနေလို့ပြောတာပါ။ အလုပ်က လွယ်လွယ်လေးကို အကြာကြီး လုပ်နေလို့။
သင် -    (2) I can understand why you say that, Mr Lee – it does seem like a long time for a routine banking transaction. (3) We have tight procedures that we all need to follow to ensure the safety of our customers’ financial details. It will take me another 5 minutes to complete this. (4) Would you like to wait here or would you prefer to phone me later to know the result?
(၂) အခုလို ပြောရတဲ့အကြောင်းကို နားလည်ပါတယ်။ သာမန်ဘဏ်လုပ်ငန်းကလေးကို မကြာသင့်ဘဲ ကြာနေတယ်လို့ ထင်စရာပါဘဲ။ (၃) ဘဏ် ဖောက်သည်တွေရဲ့ ငွေကြေး အချက်အလက် အသေးစိတ်တွေ လုံခြုံအောင် လုပ်ထုံးလုပ်နည်းတွေ အတိအကျ လိုက်လုပ်ရလို့ပါ။ နောက်ငါးမိနစ် ဆိုရင် ပြီးပါပြီ။ (၄) ဒီမှာပဲ စောင့်နေမလား။ ဒါမှမဟုတ်နောက်မှ ဖုန်းပြန်ဆက်မလား။
ဝယ်ယူသူ -  No, if it’s only going to be another 5 minutes I might as well wait. (ငါးမိနစ်ပဲဆိုရင်တော့ စောင့်လိုက်ပါ့မယ်။)


အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/assert-yourself-by-guy မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။

Wednesday, July 6, 2011

Fair Judgment





Duan Guanqing တစ်ယောက် တိုင်းပြည်တပြည်ရဲ့အတိုင်ပင်ခံအဖြစ်ထမ်းဆောင်နေရတဲ့အချိန်မှာ သူကိုလူတွေက ရိုးသားသူ၊စိတ်ထားဖြောင့်မတ်သူအဖြစ်သိကြတယ်.. တနေ့သောအခါ..သူဟာ ဆန်ဆိုင်ရှေ့ကိုဖြတ်သွားစဉ်..တစ်စုံတစ်ခုကြောင့်ရန်ဖြစ်နေကြတဲ့လူတစ်အုပ်တွေ့ခဲ့တယ်။
သူစုံစမ်းကြည့်လိုက်တဲ့အခါမှာ.. တိုင်းသူပြည်သားတစ်ယောက်ဟာဆန်ပိုင်ရှင်ရဲ့ကြက်ငယ်ကလေးတစ်ကောင်ကိုခြေနဲ့နင်းသတ်ခဲ့တယ် ၊ပြီးတော့ ဆန်ပိုင်ရှင်ဟာ သူ့ရဲ့နစ်နာကြေးအတွက် အသပြာ ၉၀၀ ကိုတောင်းဆိုခဲ့တယ်.. ဆိုတာ သိလိုက်ခဲ့ရတယ်။
Duan က “ကြက်ကလေးတစ်ကောင်ကို အသပြာ ၉၀၀ လောက် ဘာကြောင့်ပေးရလဲ“ လို့မေးလိုက်တယ်
ထိုအခါ..တိုင်းသူပြည်သားလေးက“ ဆန်ဆိုင်ပိုင်ရှင်ကပြောတယ် သူ့ကြက်ဟာမျိုးကောင်းမျိုးသန့်ကြက်မျိုးဖြစ်ပြီးတော့.. နောက်လအနည်းငယ်အတွင်းမှာ...၉၀ ကျပ်သားအထိအလေးချိန်ရှိလာလိမ့်မယ်.. လက်ရှိဈေးနှုံးမှာ တစ်ဆယ်သားကြက်တစ်ကောင်ကို..အသပြာ၁၀၀ ပေးရတယ်..ဒါကြောင့်သူက သူ့ရဲ့ ဆုံးရူံးမှုအတွက် အသပြာ၉၀၀တောင်းတာ“ဟုပြန်ပြောလိုက်တယ်..
ထိုစကားကိုကြားလိုက်တဲ့အခါ.. Duan က “ဒါအမှန်ပဲလား“ လို့ ဆန်ဆိုင်ပိုင်ရှင်ကိုမေးလိုက်တယ်...
ဆန်ဆိုင်ပိုင်ရှင်က ခေါင်းညိတ်ပြီးတော့.. ဟုတ်တယ်..အဲဒီလိုနည်းအားဖြင့်ငါတွက်ချက်ခဲ့တာ.... “ ဟုပြောလိုက်တယ်
ထိုနောက်.. Duan က .. ဒီကိစ္စကိုအဆုံးအဖြတ်ပေးဖို့အချိန်ရောက်လာခဲ့တယ်.. ဒါကြောင့်သူက.. “ အသပြာ ၉၀၀ ဟာမများပါဘူး...မင်းသူ့ကို ဒါဟာပေးသင့်တာပေါ့.. မင်းဆီမှာမလောက်ရင်.. ငါစိုက်ပေးမှာပါကွာလို့“ တိုင်းသူပြည်သားလေးအားပြောပြလိုက်တယ်..
Duanနောက်ကပွဲကြည့်ပရိသတ်အားလုံးကတော.. ဒါဟာမျှတတဲ့.. အဆုံးအဖြတ်မဟုတ်ဘူး..လို့ အပြစ်တင်ဝေဖန်ကြတယ်..
တိုင်းသူပြည်သား..ကတော့ ငြင်းဆိုအားမရှိပါဘူး.. ဒါကြောင့် သူ့ရဲ့အ၀တ်အစားတွေကို အသပြာ ၆၀၀ နဲ့ ပေါင်ပြီးတော့..Duan ပေးတဲ့ အသပြာ ၃၀၀ နဲ့အတူ..ဆန်ဆိုင်ပိုင်ရှင်ကို ကြက်ကလေး အတွက် လျောပေးလိုက်ရတယ်
ပိုက်ဆံတွေကိုကြည့်ပြီးတော့.. ဆန်ဆိုင်ပိုင်ရှင်ဟာ.. အလွန်တရာကျနပ်သွားတယ်..ဒါကြောင့် အသပြာတွေကိုယူ ပြီ သွားတော့မယ်အလုပ်မှာ..Duan က ကမန်းကတန်းပြောလိုက်တယ်..
“ခဏစောင့်ပါအုံးကွာ..ငါပြောတာနားထောင်စမ်းပါအုံး...စကားပုံရှိတယ်ကွ.. ..ဆန်တပြည်...ကြက်တစ်ဆယ်သား...ဆိုတာ...ပြောရမယ်ဆိုလျှင်တော့ကွာ..ကြက်တစ်ကောင်တစ်ဆယ်သားရောက်ဖို့.. ဆန်တစ်ပြည်စားရတယ်ကွာ....အခုဆိုလျှင် ကြက်ကသေပြီလေ...ဒါကြောင့်မင်း ဆန်ကိုးပြည် သက်သာသွားတာပေါ့ .. ငါပြောတာဟုတ်တယ်မဟုတ်လား...ဒါဆိုမင်းဟာ တိုင်းသူပြည်သားလေးကို ဆန်ကိုးပြည်ပေးမှသာလျှင် မျှတမှာပေါ့ကွ.. ” လို့ဆိုလိုက်တယ်...
ဒီစကားလည်းကြားရော.... ဆန်ဆိုင်ပိုင်ရှင်ဟာ..ပါးစပ်ကြီးအဟောင်းသားနဲ့ချက်ချင်းဘာပြန်ပြောရမှန်းမသိဖြစ်အောင်ဆွံအသွားတယ်.... သူဘာမှာမလုပ်နိုင်ဘူးလေ.. သူစကားနဲ့သူချောင်ပိတ်မိသွားတယ်..နောက်ဆုံးတော့.. တိုင်းသူပြည်သားလေးကို ဆန်ကိုးပြည်ပေးလိုက်ရတာပေါ့..
တိုင်းသူပြည်သားလေးလည်းဆန်အိတ်နှင့်အတူပျော်ရွှင်စွာထွက်ခွာသွားပါတော့တယ်..လူတွေအားလုံးက.. Duan Guangqing ကို သူ့ရဲ့ တရားမျှတဲ့ဆုံးဖြတ်မှု.. ဖြောင့်မတ်မှန်ကန်မှုအတွက် ချီးမွမ်းထောပနာပြုခဲ့ကြတယ်..


လေးစားစွာဖြင့်
အောင်ကျော်ဇင်မြင့်..(Ref:Fair Judgment  By: Anonymous )(Chinese Jokes)

Monday, July 4, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

How’s it going (အဆင်ပြေရဲ့လားကွ။?)

သူငယ်ချင်း အချင်းချင်း ပြောတဲ့ အခြေအနေမျိုးမှာ နေကောင်းရဲ့လား အနေအထိုင် အလုပ်အကိုင် အဆင်ပြေလားလို့ မေးချင်ရင် how's it going ကို သုံးနိုင်တယ်။

Hi, Jack. How's it going? I haven't seen you for ages.
ဟေ့ကောင် ဂျက် ဘာတွေလုပ်နေလဲ၊ မင်းကို မတွေ့တာ ကြာလှပြီ။

I hear you're studying French at university. How's it going?
တက္ကသိုလ်မှာ ပြင်သစ်စာ သင်နေတယ်ကြားတယ်။ လိုက်နိုင်လား

How are you? How are you getting on?
နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား။

I hate to think (တွေးတောင်မတွေးကြည့်ချင်)

အခြေအနေဆိုးနေကြောင်း ဒါမှမဟုတ် ဆိုးသွားနိုင်ကြောင်း အလေးအနက် ပြောချင်ရင် hate to think ကို သုံးနိုင်တယ်။

I hate to think what might have happened if the policeman hadn't stopped the drunk driver.
ရဲက မူးပြီးမောင်းတဲ့သူကို မတားဆီးခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ မတွေးဝံ့စရာဘဲ။

I hate to think how noisy the children's party will be.
ကလေးတွေ ပါတီပွဲ ဘယ်လောက်ဆူညံလိုက်မလဲ တွေးတောင် မတွေးကြည့်ချင်ဘူး။

I dread to think ကိုလည်း အလားတူ သုံးနိုင်တယ်။

I dread to think how badly I've done in that exam.
စာမေးပွဲမှာ မဖြေနိုင်လို့ အဲဒီအကြောင်း မတွေးချင်လောက်အောင်ဘဲ။

You never know (ဘယ်သိနိုင်မလဲ။)

ဖြစ်ဖို့ အလားအလာ နည်းပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူးလို့ ပြောချင်ရင် you never know ကို သုံးနိုင်တယ်။

You never know. They might offer you the job even though some of the rest of the candidates are better qualified.
ဘယ်သိနိုင်မလဲ။ အခြား အလုပ်လျှောက်တဲ့သူတွေက အရည်အချင်း ပိုသာပေမယ့် မင်းကို ခန့်ချင်လည်း ခန့်မှာပေါ့။

The hotel's fully booked for the whole of August, but you never know. There may be some cancellations.
ဟိုတယ်မှာ သြဂုတ်လတစ်လလုံးအတွက် ဘွတ်ကင်လုပ်ထားကြတာ အခန်းပြည့် ဖြစ်နေတယ်။ ဒါပေမယ့် ဘယ်သိနိုင်မလဲ။ မလာနိုင်တော့လို့ ဘွတ်ကင်ကို ဖျက်လိုက်တာတွေလည်း ရှိချင်ရှိမှာပေါ့။

Not on your life! (သေတောင်မလုပ်ဘူး။)

လုံးဝမလုပ်နိုင်ဘူးလို့ ငြင်းချင်ရင် not on your life! ကို သုံးနိုင်တယ်။

Are you going to work this weekend?
Not on your life! I am going to spend the day at the beach.
လာမယ့် စနေတနင်္ဂနွေမှာ အလုပ်လုပ်မှာလား။
လုံးဝမလုပ်နိုင်ဘူး။ တစ်နေ့လုံး ပင်လယ်ကမ်းခြေမှာ သွားနေမလို့။

Would you like to help with the garden?
Not on your life! I hate gardening.
ပန်းခြံထဲမှာ ကူပေးမလား။
လုံးဝဥဿုံဘဲ၊ အပင်စိုက်တာ ဝါသနာမပါဘူး။

Tell me about it! (မှန်လိုက်တဲ့စကား)

သူငယ်ချင်း ဒါမှမဟုတ် ရင်းနှီးသူချင်း ပြောတဲ့ အနေအထားမှာ အဲဒီလိုမျိုး ကြုံဖူးတယ် သဘောတူတယ်လို့ အလေးအနက် ပြောချင်ရင် tell me about it! ကို သုံးနိုင်တယ်။

It takes so much work to keep the garden of this size tidy.
Tell me about it! I'm having to pay someone to look after mine and I can't really afford it.
ဒီလောက်ကြီးတဲ့ ပန်းခြံကို သပ်သပ်ရပ်ရပ် ဖြစ်နေအောင် အတော်လုပ်ယူရတယ်။
သိပ်မှန်တာပေါ့။ တို့ပန်းခြံဆိုရင် လူငှားနဲ့ ထားရတယ်။ တကယ်တော့ လူငှားခ မတတ်နိုင်ဘူး။

Rents in this town seem very high!
Tell me about it! Most of my salary goes on rent.
ဒီမြို့မှာ အိမ်(ခန်း)ငှားခ သိပ်ဈေးကြီးတာဘဲ။
ဟုတ်လိုက်လေ။ ရတဲ့လခ အိမ်ငှားခပေးတာနဲ့ ကုန်သလောက်ဖြစ်သွားတယ်။

Sunday, July 3, 2011

စိတ်ကျချင်းကို ဘယ်လိုကာကွယ်မလဲ


ချော်လဲကျခြင်းသည် ရှက်ဖွယ်မဟုတ်၊ ပြန်၍ မမတ်နိုင်ခြင်းသာ ရှက်စရာဖြစ်သည်" ဟုဆိုကြသည်။
          စိတ်ကျခြင်းဆိုသည်မှာ တစ်ခါတစ်ရံမှဖြစ်ရလျှင် တော်ပေဦးမည်။ သို့သော် ဘဝဆိုသည်မှာ ဤသို့ အမြဲမဖြစ်တတ်။ ဆက်ဆံပေါင်းသင်းရသူတို့နှင့် ကွေကွင်းရခြင်း၊ ဖယ်ရှားခံရခြင်းစသည့် လောက၏ အထိအဆောင့်၊ အတိုးအဝှေ့များကြောင့် ကြည်သာနေသော စိတ်ဓာတ်သည် အုံ့မှိုင်း၍ ကျဆင်းရသောအ ခါများစွာ ကြုံရတတ်လေသည်။
          လူတို့မှာ စိတ်အနေအမျိုးမျိုးရှိရာတွင် တစ်ခါတစ်ရံ ခေတ္တခဏ စိတ်ဓာတ်ကျရခြင်းသည် ပုံမှန်ပင်ဖြစ် သည်။
          သို့သော် မိမိတွင် ဖြစ်ပေါ်ခံစားရသော စိတ်အခြေအနေသည် သင့်တင့်ရုံမျှဖြစ်သော စိတ်ကျရောဂါ ဖြစ်သည်ဟု စစ်ဆေးစမ်းသပ်သော ဆရာဝန်တို့ကိုယ်တိုင်က အကဲဖြတ်လျှင် ထိုစိတ်ကျမှုအား ပြန်၍မြင့် တက်လာစေသော နည်းလမ်းများကို ကျွမ်းကျင်သူများက နည်းပေးနည်းပြ ပြုလုပ်နိုင်သည်။ ထိုသို့မဟုတ်ဘဲ နာတာရှည်နှင့် ပြင်းထန်သော စိတ်ကျရောဂါမျိုးကို ခံစားနေရလျှင်သော်မှ အောက်ပါနည်းလမ်းများက သက် သာရာရကြောင်းကို ပေးနိုင်ပါမည်-
          စိတ်ကျရောဂါအကြောင်း ပိုမိုသိရှိအောင် လေ့လာပြီး ပျောက်ကင်းချမ်းသာကြောင်း လက္ခဏာများ ကိုရှာကြည့်ပါ။ စာအုပ်ဖတ်ခြင်း၊ အသံသွင်းချက်နှင့် ဗီဒီယိုဖြင့် ပညာပေးချက်တို့ကိုလည်း နားဆင်၍ အား ထားနိုင်သည်။ ဤကဲ့သို့ လေ့လာလျှင် ထိုစိတ်အနေမျိုးမှ ကိုယ်တစ်ဦးတည်းသာ ခံစားရသည်မဟုတ်၊ကိုယ် စိတ်မှာဖြစ်ပေါ်သော လက္ခဏာများသည် လူတောသူတော၌ ဖြစ်လေံဖြစ်ထများသော အခြေအနေဖြစ်သည် ကို သဘောပေါက်လာလိမ့်မည်။
          စိတ်ကျရောဂါ၏ ဆန့်ကျင်ဘက်သည် ဖော်ထုတ်တင်ပြခြင်းဖြစ်သည်။ စိတ်ကျစိတ်မှိုင်းနေခြင်းသည် မိမိ၏ခံစားချက်များကို ဖိနှိမ်ခြင်းနှင့် တိမ်မြုပ်စေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်စိတ်ခံစားမှုများကို အနုပညာ၊ တေးဂီတနှင့် အခြားသော ရသဖန်တီးမှု နည်းလမ်းများဖြင့် လိုက်စား၍ ဖော်ထုတ်သင့်သည်။
          နေအိမ်ပြင်ပသို့ နေ့စဉ် နာရီအနည်းငယ်မျှ ထွက်ဖြစ်ဖို့လိုသည်။ တစ်ယောက်တည်းတစ်နေရာတည်း တွင်နေရပါက စိတ်ကျဖွယ်အတွေးများ၊ လက္ခဏာများကို ဖြစ်ပေါ်စေတတ်သည်။ ထို့ကြောင့် စာကြည့်တိုက်၊ စာဖတ်ခန်းများသို့ သွားပါ။ ဈေးဝယ်ထွက်ပါ။ ရုပ်ရှင်ကားသွား၍ကြည့်ပါ။စိတ်ကိုနှိုးပေးမှုဖြစ်သော Stimulation သည် စိတ်ကျလက္ခဏာရှိသူများ အတွက်အရေးကြီးသည်။ စိတ်ကိုနှိုးဆွနိုးကြားစေခြင်းသည် ဦးနှောက်ထဲရှိ စိတ်ပျော်မှုအာရုံဆက်ကြောင်း ( neurotransmitter) များ၌ ဆီရိုတိုနင် (Serotonin) ခေါ် ဓာတ်ကို စီးဆင်းစေ သည်။
          ရက်သတ္တပတ်လျှင် နှစ်ကြိမ်ခန့် မိတ်ဆွေများနှင့်ဆုံပါ။ လုပ်ငန်းအတွက် အစည်းအဝေးချိန်းခြင်း၊နေ့ လယ်စာဖြင့် အလုပ်သဘောညှိနှိုင်းရန် ရက်ချိန်းခြင်း သို့မဟုတ် တယ်လီဖုန်းဆက်ရန် စီစဉ်ခြင်းတို့ကို ပုံမှမ ပြုလုပ်ဘဲ အချင်းချင်းစကားပြောဖို့၊ ရယ်မောဖို့၊ စိတ်ပြေလက်ပျောက်ဖြစ်ဖို့ တွေ့ဆုံသင့်သည်။ ထိုအခါ ဦး နှောက်ထဲမှ စိတ်ပျော်ရွှင်မှုနှင့် နေသာထိုင်သာရှိမှု အာရုံဆက်ကြောင်းများကို နိုးကြားသွက်လက်အောင် နှိုး ဆွပေးရာ ရောက်လိမ့်မည်။
          ပျော်ရွှင်ပေါ့ပါးခြင်းသည် ကူးစတ်တတ်သောသဘောရှိသဖြင့် ရယ်မိပြုံးမိရန်အတွက် ရုပ်မြင်သံကြား ထဲမှာ ဇတ်မြူးကို ထိုင်ကြည့်ပါ။ ဟာသရုပ်ရှင်းကားကိုသွားကြည့်ပါ။ ပွဲခင်းထဲက လူပြက်ပြက်သည်ကိုရှုစား ပါ။
          စိတ်ကူးချင်ရာ ဘာမဆိုစိတ်ကူးပါ။ စိတ်မကူးအပ်သည်ဟူသောအကြောင်းမရှိ။ စိတ်ကူးပေါ်သမျှ လက်သင့်ခံခြင်းသည် ပြီးပြီးပျောက်ပျောက်ဖြစ်သွားဖို့အကြောင်း ဖြစ်နိုင်သည်။ ထို့အတူပင် စိတ်ကူးတို့မှာ အမျိုးမျိုးပေါ်နေမည်ဖြစ်သော်လည်း မိမိကသာ မပြောင်းမလဲကျန်ရှိနေမည်ကို သဘောပေါက်ဖို့ဖြစ်သည်။
          မိမိကိုယ်တိုင် သည်းခံစောင့်စားပါ။ တစ်ခါတစ်ရံ ကိယ်ကရှေ့ တစ်လှမ်းတက်မည်။ တစ်ခါတစ်ရံ နောက်သို့  နှစ်လမ်းဆုတ်ရသည့် အခါမျိုးလည်းရှိမယ်သာ ဖြစ်သည်။ ပြေလည်ပြီးစီးမှုဆိုသည်မှာတစ်ဖြောင့်          
တည်း တိုက်ရိုက်လာသည်မဟုတ်။ မနက်ဖြန်ဆိုသည်မှာ တစ်ဖန်ကြိုးစားခွင့်ရှိသည့် အခွင့်အလမ်းဟု မှတ်
ယူထားဖို့ ဖြစ်သည်။
         အလုပ်တစ်လှည့်၊ နားနေခြင်းတစ်လှည့်ဖြစ်စဉ်သည်  ခန္ဓာကိုယ်၏ သဘာဝစည်းချက်ကို ညီညွတ်
စေရန် အာဖြည့်ပေးသောကိစ္စဖြစ်သည်။ သာဓကအားဖြင် နေ့ စဉ် အချိန်မှန်မှန်အိပ်ရာဝင်ပြီး အချိန်မှန်မှန်
အိပ်ရာမှ  နိုးကြားပြီးထရန်ဖြစ်သည်။ ကိုယ့်အတွင်းစိတ်က ရှုပ်ထွေး၍ စည်းဝါးကညီဖြစ်နေလျှင် အချိန်ဇ
ယားချ၍ လုပ်ကိုင်ခြင်းက စီစဉ်တကျ ဖြစ်စေဖို့ အကြောင်းဖြစ်သည်။ အအိပ်ပျက်လျှင် စိတ်ကျလက္ခဏာ
မျိုးဖြစ်သည့် အာရုံမစူးစိုက်နိုင်ခြင်း၊ မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်းနှင့် စိတ်ကျလက်စ အနေအထားကို ပိုမို
ဆိုးရွားစေနိုင်သည်။ ထို့ ကြောင့် အချိန်မည်မျှအိပ်မှ အိပ်ရေးဝပြီး စိတ်ကြည်လင်မည်ကို ကိုယ့်ဘာသာ
ကို  စမ်းသပ်ချင့်ချိန်ကြည့်သင့်သည်။
         ရုတ်တရက်အမြင်၌  မယုံကြည်စရာကိစ္စမျိုးဖြစ်စေကာမူ အကောင်းမြင်ကြည့်ပါ။ ဤသို့ စိတ်ထား
နိုင်လျှင် စိတ်ကျေနပ်ဖွယ် အကြောင်းမျိုးကိုပင် ကြုံရနိုင်သည်။ အပြုသဘောရလဒ်ကို မျှော်ကိုးစိတ်ရှိပါ
လျှင် ထိုအကျိုးမျိုးရရှိစေရန် ကိုယ်တိုင်က ကြိုးစားမိဖို့ များသည်။ ထိုအခါ အခြားသူတို့ ကလည်း  အ
ကောင်းမြင်၍  လာကြလိမ့်မည်။ ကျွန်ုပ်တို့ ၏ စိတ်ကူးပုံ အကောင်းအဆိုးသည်  စိတ်အနေကို တိုက်
ရိုက်အကျိုးသက်ရောက်စေနိုင်သည်။
       ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့ မှ သတင်းများကို နားဆင်ကြည့်ရှုပါ။ သတင်းစာ၊ မဂ္ဂဇင်း၊ စာစောင်များ ကိုမှန်မှန်ဖတ်ရှုပါ။ ခေတ်ကာလ မျက်မှောက်ရေးရာများကို သိရှိနေခြင်းဖြင့် ကိုယ့်ပတ်ဝန်းကျင်ဘဝများနှင့် တစ်သားတည်း ဆက်စပ်သိရှိခံစားလိုက်ရမည်။ သတိထားရမည့်အချက်တစ်ချက်မှာ စိတ်မကြည်လင်စရာ သတင်းမျိုး အဖြစ်အပျက်မျိုးကို အချိန်ယူ၍ ကြည့်ရှု့ခြင်း ဖတ်ရှု့ခြင်းတို့ကို နာရီဝက်မျှထက်ပို၍ အချိန်မပေး သင့် မကောင်းသတင်းတို့ကို အကြာကြီး ထိုင်ကြည့်နေခြင်းအားဖြင့် အကျိုးမရှိနိုင်။
(from Forever)

ရယ်ကြမယ် မောကြမယ်

တိုက်ခန်းသစ်မှာနေတဲ့ကိုချူချာ

ကိုချူချာ တိုက်ခန်းသစ် ရသည်။ နယ်မှ ရောက်လာသော ဆွေမျိုး များကို လိုက်ပြသည်။ ကြွားသည်။ ရေဆွဲ အိမ်သာကို ရောက်လာသည်။ ဆွေမျိုးများက မေးသည်။
  
"အဲ့ဒါ ဘာ ခေါ်သလဲ ဘာအတွက် သုံးသလဲ"

"ကျွန်တော်လည်း မသိဘူး၊ ဟောဒီ ကြိုးကို ဆွဲလိုက်ရင် ရေကျ လာတယ်။ လက်ဆေးဖို့ အချိန် ရတယ်၊ အဲ... မျက်နှာသစ် ဖို့တော့ အချိန် မမှီဘူး..."
                       
♥♥♥♥♥♥♥♥♥♥
ရှက်လို့ 

"ခင်ဗျားလက် ကျုပ်အိတ်ထောင်ထဲ ဘာလုပ်နေတာလဲ"

"မီးခြစ်ရှာနေတာပါ"

"တောင်းရင် ပေးမှာပေါ့ဗျ"

"တောင်းရမှာ ရှက်လို့ဗျ..."
                       

♥♥♥♥♥♥♥♥♥♥

ခွေးမဟုတ်ပါ 

ပီတာတို့ မိသားစု ညစာ စားနေကြသည်။ သုံးဦးစလုံး ငြိမ်သက်စွာ စားနေကြသည်။ ရုတ်တရက် ပီတာ့ အမေက ပြောသည်။

"သားအရိုးကို ကိုက်မနေနဲ့လေ၊သားဟာ ခွေးမဟုတ်ဘူးကွဲ့၊ ဖေဖေ့ကိုပေးလိုက်..."
                
♥♥♥♥♥♥♥♥♥♥

မ၀ယ်မနေရ  

"ဟေ့လူ ကျုပ်ဆီက ခြောက်လုံးပြူးကို ၀ယ်ပါ..."

"ဟာ ခြောက်လုံးပြူးကို ကျွန်တော်ဘာလုပ်ရမှာလဲ"

"၀ယ်စမ်းပါ၊ ဒါ ရှိသင့်တဲ့ ပစ္စည်း ပြီးတော့ အသစ်ကြီး ကျုပ်နှစ်ခါပဲ ပစ်ရသေးတယ်"

"ဒုတိယ တစ်ခါကလဲ သေချာအောင် ထပ်ပစ်ခဲ့ရတာ ၀ယ်ပါ၊ ခင်ဗျားကို ကျုပ် အကောင်း ပြောတာ"
"ဟာ မ၀ယ်ချင်ပါဘူးဗျာ၊ သေနတ် ရှိနေရင် ပစ်ချင်တဲ့စိတ် ပေါ်တတ်တယ်ဗျ"

"၀ယ်ပါလို့ ကျုပ် ခင်ဗျားကို ထပ်ပြီး အကြံပေးတယ်။ နို့မဟုတ်ရင် ကျုပ် တတိယအကြိမ် ပစ်မိလိမ့်မယ်၊ သိလား..."
                       
♥♥♥♥♥♥♥♥♥♥

မေမေကူပါ 

ပီတာလေး ကန်လိုက်သော ဘောလုံးမှာ အိမ်နီးချင်းဧ။် ပြတင်းပေါက်ကို ထိပြီး မှန်ကွဲသွားသည်။ အမေ ဖြစ်သူက ပီတာလေးကို ခြောက်လှန့်သည်။

"မင်းအဖေ မှန်အသစ် မယူလာမချင်း ပေါက်နေတဲ့ အပေါက်ကို မင်းရဲ့ ဖင်ပြောင်နဲ့ ပိတ်ပေးရမှာပဲ၊ နားလည်ထား"
   
ပီတာလေး မျက်ရည်များကြားက ပြောသည်။
   
"သားထမင်းစားချိန်မှာ သား အစား မေမေ ပိတ်ပေးနော်"
                       
♥♥♥♥♥♥♥♥♥♥

မှားပြီ 

အမျိုးသမီး - လမ်း တစ်လျှောက်လုံး ရှင် ဘာဖြစ်လို့ ကျွန်မ နောက် လိုက်နေ ရတာလဲရှင့်

အမျိုးသား - အခု ခင်ဗျား ကျွန်တော့်ဘက် လှည့်ပြီး ပြောလိုက် တော့မှ အဲ့ဒီ မေးခွန်းကို ကျွန်တော့် ကိုယ် ကျွန်တော် မေးမိတယ်ဗျာ။


♥♥♥♥♥♥♥♥♥♥
ကမ္ဘာကြီးက ကျဉ်းလွန်းတယ်
အမျိုးသားနှစ်ဦး ဂေါက်ရိုက် နေကြသည်။ ၎င်းတို့သည် တစ်ကျင်းပြီး တစ်ကျင်း ကျော်လာရာ ရှေ့ကျင်း များတွင် ကစား နေသည့် အမျိုးသမီး နှစ်ဦးအား မီလာ တော့သည်။ ထို အမျိုးသမီး များသည် ခပ်ဖြည်းဖြည်းနှင့် အေးအေး ဆေးဆေးသာ ကစား နေကြရာ ဂေါက်ကွင်း စည်းကမ်းကြောင့် ရှေ့လူကို စောင့်နေ ရသည့် အမျိုးသားများမှာ စိတ်မရှည် နိုင်အောင် ဖြစ်လာလေ တော့သည်။ တစ်ဦးက ဆိုသည်။  

"ကဲ အမျိုးသမီးတွေကို ငါတို့ကို အလှည့် ကျော်ခွင့် ပေးဖို့ သွားပြောကြရအောင်"
နှစ်ဦး သဘော တူညီချက် အရ အမျိုးသား တစ်ဦးက ရှေ့မှ နှစ်ယောက်ဆီ လျှောက်သွားသည်။ အတော် နီးသော အခါ ထိုသူသည် ၎င်း၏ အဖော် ထံသို့ ကသောကမျော ပြန်လှည့် ပြေးလာသည်။ တစ္ဆေ တွေ့လာ သကဲ့သို့ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေရင်း သူ့ သူငယ်ချင်းကို ရှင်းပြသည်။

"ဘုရား၊ ဘုရား....ကံကြီးပေလို့ အဲ့ဒီ မိန်းမ နှစ်ယောက်မှာ တစ်ယောက်က ငါ့ မိန်းမ၊ နောက် တစ်ယောက်က ငါ့ တိတ်တိတ်ပုန်း Baby လေးကွ၊ သူတို့ နှစ်ယောက် ဘယ်လိုများ သိနေ ပါလိမ့်။ တော်ပါသေးရဲ့ ငါ့ကိုမမြင်လို့"

ကျန်အမျိုးသားက ကရုဏာ သက်သည့် အကြည့်ဖြင့် ကြည့်ပြီး ထိုကိစ္စကို ၎င်း တာဝန် ယူကြောင်း ပြောသည်။ ထို့နောက် အမျိုးသမီးများထံ ထွက်သွားသည်။ သို့သော်လည်း ထိုသူပါ ပြန်ပြေးလာပြီး ပထမလူကို ပြောသည်။

"အောင်မယ်လေးဗျာ၊ ကမ္ဘာကြီး ကျဉ်းတယ်ဆိုတာ ခုမှယုံတော့တယ်။ မင်းနဲ့ ငါနဲ့ ဘ၀တူ ပဲကွ"


♥♥♥♥♥♥♥♥♥♥

ကျွန်မလည်းပါတယ်
ကိုဘလှ တစ်ယောက် နေအိမ်သို့ စိတ်လှုပ်ရှားစွာ ပြန်လာသည်။ မီးဖိုထဲတွင် ချက်ပြုတ် နေသည့် မိန်းမအား အလောတကြီး လှမ်းပြောသည်။

"ငါတို့တိုက် မြေညီထပ်မှာ နေတဲ့ အောင်မင်း ဆိုတဲ့ အကောင် အရက်ဆိုင်မှာ ပြောနေတာ ကြားခဲ့တယ်။ ဒီတိုက်မှာ ရှိနေတဲ့ မိန်းမတွေ ထဲမှာ သူနဲ့ မငြိဘူးတာ တစ်ယောက်ထဲ ရှိတယ်တဲ့"

ကိုဘလှ၏ ချစ်ဇနီးက ချက်ချင်း ပြန်ပြောသည်။
"ပာင်...ပာုတ်လား၊ ဒါဆိုရင် အခန်းနံပါတ် (၃၂) က ကောင်မပဲ ဖြစ်ရမယ်။ ဒင်းလို ရုပ်မျိုး ဘယ်သူမှ မကြိုက်ဘူး..."

♥♥♥♥♥♥♥♥♥♥

တခါက လူသား စားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံ စီးလေသည်။

လေယာဉ်မယ်။ ။ ဘာများ သုံးဆောင် မလဲရှင်

အကြီးအကဲ။ ။ ခရီးသည်တွေရဲ့ နာမည် စာရင်းကို အရင် ပြစမ်းပါ။
♥♥♥♥♥♥♥♥♥♥

တခါက ချစ်သူနှစ်ဦး စကားများကြသည်။

မိန်းကလေး။ ။ ရှင်ပာာ ဘာမှအသုံးမကျတဲ့ အမှိုက်ပဲ

ယောက်ျားလေး။ ။ အမှိုက်မှန်းသိရက်နဲ့ ဘာလို့ချစ်ခဲ့လဲ

မိန်းကလေးမှာ ပိုဒေါသထွက်သွားပြီး-

ရှင် ဘာသိလို့လဲ ဒါကျွန်မ recycle လုပ်နေတာရှင့်။
♥♥♥♥♥♥♥♥♥♥

 "ကျွန်တော်ပာာ ခင်ဗျားရဲ့ ပထမဦးဆုံး ချစ်သူလား"
 
"ဒါပေါ့ရှင်....ဘာဖြစ်လို့ ယောက်ျားလေးတိုင်းက ဒီမေးခွန်းကို မေးကြလဲမသိဘူး"

♥♥♥♥♥♥♥♥♥♥

"ကျုပ်မိန်းမဟာ အတော် မုသား ပြောတတ်တယ်" ဟု ယောက်ျား ဖြစ်သူက သူငယ်ချင်းလူယုံအား တိုင်၏။

"မင်း ဘယ်လိုသိသလဲ"

"မနေ့ညက သူ အိမ်ပြန်မလာဘူး၊ ဘယ်သွားနေလဲ  မေးတော့ သူ့ညီမ အဲမာ အိမ်မှာ အိပ်ခဲ့တယ်လို့ ပြောတယ်"

"အဲဒီတော့"

"ဒါ သူညာတာ ထင်ရှားတာပေါ့၊ ကျုပ်က အဲမာနဲ့ တစ်ညလုံး ရှိနေခဲ့တာပဲ"

♥♥♥♥♥♥♥♥♥♥

ဓာတ်မီး မရှိသော တောရွာ တစ်ခု၌ သန်းခေါင်ကျော် အချိန် အမျိုးသမီး တစ်ဦး မီးဖွားရာ ယောက်ျား ဖြစ်သူကို မီးအိမ် ကိုင်ခိုင်းပြီး ဆရာဝန်က မွေးပေး၏။ ပထမဦးစွာ ယောက်ျားလေး ထွက်လာရာ အဖေ ဖြစ်သူက မီးအိမ်ကို ကြမ်းပေါ် ချ၍ ၀မ်းသာအားရ ကလေးကို ပွေ့ချီ၏။

ဆရာဝန်က  "နေဦး၊ နေဦး၊ နောက်ကလေး တစ်ယောက် လာဦးမယ် ထင်တယ်၊ မီးအိမ် ပြန်ကိုင်ဦး" ဟုဆို၏။ ဆရာဝန်  ထင်သည့် အတိုင်း သမီး ကလေး တစ်ဦး ထွက်လာ၏။ အဖေ ဖြစ်သူက မီးအိမ်ကို ချ၍ သမီး ကလေးအား ယုယစွာ ပိုက်ထွေး၏။ ဆရာဝန်က တစ်ဖန်-

"ကြည့်ရတာ နောက်ကလေး တစ်ယောက် ထွက်လာ ဦးမယ် ထင်တယ်" ပာုဆို၍ မီးအိမ် ပြန်ကိုင် ပြရပြန်၏။ မိနစ် အနည်းငယ် အကြာ နောက်ထပ် သမီး ကလေး တစ်ဦး မွေးပြန်၏။ ဤတွင် ဖခင် ဖြစ်သူက ဆရာဝန်အား မေးမြန်းသည်မှာ...

"ဆရာ၊ မီးရောင်ပြလို့ ကလေးတွေ ထွက်လာတာလား" ဟု။


♥♥♥♥♥♥♥♥♥♥
(မောင်ကောင်းထိုက် ပာာသများမှ ကောက်နုတ်သည်)