Menu

Popular Posts

Monday, July 4, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

How’s it going (အဆင်ပြေရဲ့လားကွ။?)

သူငယ်ချင်း အချင်းချင်း ပြောတဲ့ အခြေအနေမျိုးမှာ နေကောင်းရဲ့လား အနေအထိုင် အလုပ်အကိုင် အဆင်ပြေလားလို့ မေးချင်ရင် how's it going ကို သုံးနိုင်တယ်။

Hi, Jack. How's it going? I haven't seen you for ages.
ဟေ့ကောင် ဂျက် ဘာတွေလုပ်နေလဲ၊ မင်းကို မတွေ့တာ ကြာလှပြီ။

I hear you're studying French at university. How's it going?
တက္ကသိုလ်မှာ ပြင်သစ်စာ သင်နေတယ်ကြားတယ်။ လိုက်နိုင်လား

How are you? How are you getting on?
နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား။

I hate to think (တွေးတောင်မတွေးကြည့်ချင်)

အခြေအနေဆိုးနေကြောင်း ဒါမှမဟုတ် ဆိုးသွားနိုင်ကြောင်း အလေးအနက် ပြောချင်ရင် hate to think ကို သုံးနိုင်တယ်။

I hate to think what might have happened if the policeman hadn't stopped the drunk driver.
ရဲက မူးပြီးမောင်းတဲ့သူကို မတားဆီးခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ မတွေးဝံ့စရာဘဲ။

I hate to think how noisy the children's party will be.
ကလေးတွေ ပါတီပွဲ ဘယ်လောက်ဆူညံလိုက်မလဲ တွေးတောင် မတွေးကြည့်ချင်ဘူး။

I dread to think ကိုလည်း အလားတူ သုံးနိုင်တယ်။

I dread to think how badly I've done in that exam.
စာမေးပွဲမှာ မဖြေနိုင်လို့ အဲဒီအကြောင်း မတွေးချင်လောက်အောင်ဘဲ။

You never know (ဘယ်သိနိုင်မလဲ။)

ဖြစ်ဖို့ အလားအလာ နည်းပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူးလို့ ပြောချင်ရင် you never know ကို သုံးနိုင်တယ်။

You never know. They might offer you the job even though some of the rest of the candidates are better qualified.
ဘယ်သိနိုင်မလဲ။ အခြား အလုပ်လျှောက်တဲ့သူတွေက အရည်အချင်း ပိုသာပေမယ့် မင်းကို ခန့်ချင်လည်း ခန့်မှာပေါ့။

The hotel's fully booked for the whole of August, but you never know. There may be some cancellations.
ဟိုတယ်မှာ သြဂုတ်လတစ်လလုံးအတွက် ဘွတ်ကင်လုပ်ထားကြတာ အခန်းပြည့် ဖြစ်နေတယ်။ ဒါပေမယ့် ဘယ်သိနိုင်မလဲ။ မလာနိုင်တော့လို့ ဘွတ်ကင်ကို ဖျက်လိုက်တာတွေလည်း ရှိချင်ရှိမှာပေါ့။

Not on your life! (သေတောင်မလုပ်ဘူး။)

လုံးဝမလုပ်နိုင်ဘူးလို့ ငြင်းချင်ရင် not on your life! ကို သုံးနိုင်တယ်။

Are you going to work this weekend?
Not on your life! I am going to spend the day at the beach.
လာမယ့် စနေတနင်္ဂနွေမှာ အလုပ်လုပ်မှာလား။
လုံးဝမလုပ်နိုင်ဘူး။ တစ်နေ့လုံး ပင်လယ်ကမ်းခြေမှာ သွားနေမလို့။

Would you like to help with the garden?
Not on your life! I hate gardening.
ပန်းခြံထဲမှာ ကူပေးမလား။
လုံးဝဥဿုံဘဲ၊ အပင်စိုက်တာ ဝါသနာမပါဘူး။

Tell me about it! (မှန်လိုက်တဲ့စကား)

သူငယ်ချင်း ဒါမှမဟုတ် ရင်းနှီးသူချင်း ပြောတဲ့ အနေအထားမှာ အဲဒီလိုမျိုး ကြုံဖူးတယ် သဘောတူတယ်လို့ အလေးအနက် ပြောချင်ရင် tell me about it! ကို သုံးနိုင်တယ်။

It takes so much work to keep the garden of this size tidy.
Tell me about it! I'm having to pay someone to look after mine and I can't really afford it.
ဒီလောက်ကြီးတဲ့ ပန်းခြံကို သပ်သပ်ရပ်ရပ် ဖြစ်နေအောင် အတော်လုပ်ယူရတယ်။
သိပ်မှန်တာပေါ့။ တို့ပန်းခြံဆိုရင် လူငှားနဲ့ ထားရတယ်။ တကယ်တော့ လူငှားခ မတတ်နိုင်ဘူး။

Rents in this town seem very high!
Tell me about it! Most of my salary goes on rent.
ဒီမြို့မှာ အိမ်(ခန်း)ငှားခ သိပ်ဈေးကြီးတာဘဲ။
ဟုတ်လိုက်လေ။ ရတဲ့လခ အိမ်ငှားခပေးတာနဲ့ ကုန်သလောက်ဖြစ်သွားတယ်။

No comments:

Post a Comment