Menu
Popular Posts
Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts
Friday, October 7, 2011
ကောင်းလေးရဲ့အချစ်ကြီးပုံ
ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်
ဟာ
ချစ်ကြိုက်လာကြတာ ချစ်သက်တမ်းသုံးနှစ်ပြည့်တဲ့အခါ
မှာ
လက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက် ရွေးချယ်သတ်မှတ်လိုက်တယ်....
ကောင်းလေးကတော့ ပျော်ရွှင်စရာကောင်းမယ့် သူတို့ရဲ့မင်္ဂလာရက်လေးကို
စိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့
......ဒါပေမယ့်
အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်
မှာပဲ သူ့ချစ်သူကောင်မလေးက
တခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲ လက်ထပ်သွားတယ်ဆိုတဲ့သတင်းကို
ကောင်လေးကြားလိုက်ရတယ်..... သူစုံစမ်းကြည့်လိုက်တော့
ကောင်မလေးကိုယ်တိုင်က
လိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်......အဲ့သတင်းကိုကြားတာနဲ့ကောင်လေးလည်းအရမ်းအံြ့
သပြီး
အရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင်
ငိုကြွေးနေတော့တယ်......
မကြာခင်မှာပဲ ကောင်လေးလည်း စိတ်ထောင်းကိုယ်ကြေပြီး အိပ်ယာထဲလဲတော့တယ်....
အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့အခြေအနေဟာ
ပိုပိုဆိုးလာခဲ့တယ်....
ဆရာဝန်ပြလည်း မသက်သာတော့ဘူး....
တနေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်
ကြီးတစ်ပါးက
ကောင်လေးရဲ့အိမ်ရှေ့မှာ ရပ်ပြီး တံခါးခေါက်လိုက်တယ်..
အိမ်ဖော်ကောင်မလေးလည်း တံခါးခေါက်သံကြောင့်ထွက်လာပြီး
တံခါးဖွင့်လိုက်တော့
ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့ စိတ်ရှုပ်စွာနဲ့"ကန်တော့ဆွမ်းပါ
ဘုရား"
လို့ပြောလိုက်တယ်...
ဘုန်းတော်ကြီးကပြုံးပြီးတော့...
..
"ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်
ပါဘူး.. ဒီအိမ်မှာလူမမာရှိတယ်ကြားလို့
ကိုယ်တော်ကလည်း
ဆေးနည်းနည်းကုတတ်တော့ လာကူညီပေးတာပါဒကာမလေး" လို့မိန့်ကြားလိုက်တယ်...
အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့မရကြောင်းနဲ့
သူမရဲ့သခင်တွေကိုပြန်ပြောကြည့်
ပါမယ်ဆိုတဲ့အကြောင်းပြောပြီး
အိမ်ရှင်တွေကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီးကို
အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်.......
ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရော
က်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့
အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့ နွမ်းနယ်နုန်းချိစွာလဲလျောင်းေ
နတဲ့
လူမမာသည်ကောင်လေးကိုတွေ့လိုက်
ရတယ်.... အိမ်ဖော်မိန်းကလေးလည်း
ဘုန်းတော်ကြီးအတွက် သောက်တော်ရေတခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲ
ထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်
တယ်...
ဘုန်းတော်ကြီးကလည်း အခြေအနေကြည့်ပြီးတော့....
" တော်တော်အခြေအနေဆိုးနေတာပဲ "
လို့ရေရွတ်လိုက်တယ်.....လူမမာကောင်လေးကလည်း စိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာ
မှမကြား
သလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်......ဘုန်းတော်ကြီးလည်းသူလုပ်
သင့်တာတွေလုပ်ပြီးတော့...
" ဒကာလေးကတော်တော်သနားစရာကောင်းတယ်....မယုံရင်မှန်ထဲကိုကြည့်လိ
ုက်စမ်းပါ"
လို့ မိန့်တော်မူပြီး ကောင်လေးအိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကို
ညွှန်ပြလိုက်တယ်...
ကောင်လေးလည်း လုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေး
ငိုင်ငိုင်နေနေရာကနေ
တစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်
ဆိုရင်ပဲ...
မှန်ထဲမှာသူ့ချစ်သူကောင်မလေးပုံ
ကိုတွေ့လိုက်ရတယ်.... သိပ်မကြာခင်မှာပဲ
ကောင်မလေးပုံရိပ်ကေ၀၀ါးပျောက်ကွ
ယ်သွားပြီး ပင်လယ်ကမ်းခြေတခုပုံ
ပြောင်းလဲသွားတယ်....
အဲ့ဒီ ပင်လယ်ကမ်းခြေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး လူအသွားအလာမရှိဘူး.....
လူမမာကောင်လေးက မှန်ထဲကပုံရိပ်ကို စိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ
မိန်းကလေးအလောင်းတစ်လောင်းဟာ လဲလျောင်းနေတဲ့အနေအထားနဲ့ ကမ်းခြေမှာရှိနေတာ
ကိုမြင်လိုက်ရတယ်..... ခဏကြာတော့ လူတစ်ယောက်ဖြတ်လျှောက်လာတယ်...
သူကအလောင်းကိုရွံရှာစွာကြည့်ပြီး လျင်မြန်စွာဖြတ်လျှောက်သွားတယ်.
....
အချိန်အတော်လေးကြာတော့ နောက်လူတစ်ယောက်ဖြတ်လျှောက်လြာ
ပီး
အဲ့ကောင်မလေးအလောင်းကိုတွေ့
သွားပြန်တယ်... ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး
သူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လိြု့
ခုံပေးပြီး ခရီးဆက်ထွက်သွားတယ်....
အဲ့လိုနဲ့ နောက်ထပ်အချိန်တော်တော်လေးကြာလာ
တော့
နောက်ထပ်လူတစ်ယောက်ရောက်လာပြန်
တယ်...
ဒီလူကအပေါ်ရုံခြုံထားပြီးလဲလျော
င်းနေတဲ့ပုံစံ
ကိုစိတ်ဝင်စားပြီး ခြုံထည်ကိုလှန်ကြည့်တော့
မိန်းကလေးအလောင်းကိုတွေ့သွားပြီ
း အရမ်းသနားစိတ်ဝင်လာကာ
မြေမြုပ်ပေးလိုက်ဖို့ဆုံး
ဖြတ်လိုက်တယ်... ဒါပေမယ့် သူ့ဆီမှာမြေကျင်းတူးဖို့ ဘာပစ္စည်းမှပါမလာဘူး....
နောက်ဆုံးမှာ သူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို
့ သူဆုံးဖြတ်လိုက်တယ်....
လူရွယ်ဟာ သူ့လက်နှစ်ဖက်နဲ့ မြေတွေကိုယက်ပြီး တဖြေးဖြေးချင်းတူးလာလိုက်တာ
ညနေစောင်းအချိန်မှာ မိန်းကလေး
အလောင်းကို မြုပ်ဖို့လုံလောက်တဲ့ ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွာ
းတယ်....
အဲ့လူလည်း မိန်းကလေးအလောင်းကို ကောင်းမွန်စွာမြုပ်နှံပေးခဲ့ပြီ
ခရီးဆက်ထွက်ခွာသွားတယ်... အဲ့ဒီနောက်မှာ
မှန်ထဲမှာမိန်းကလေးအလောင်းရဲ့မျ
က်နှာပုံပြန်ပေါ်လာပြီး
အဲ့မျက်နှာကနေသူ့ချစ်
သူကောင်မလေးရဲ့မျက်နှာကိုပြောင်
းသွားခဲ့တယ်.... လူမမာကောင်လေးလည်း
အလွန်အမင်းအံ့သြနေစဉ်မှာပဲ မြေမြုပ်ပေးတဲ့လူရွယ်ရဲ့
မျက်နှာပြန်ပေါ်လာပြီး လူတစ်ယောက်ရဲ့မျက်နှာအဖြစ် ပြောင်းသွားပြန်တယ်...
အဲ့ဒီနောက်မှာတော့ မှန်ထဲက ပုံရိပ်တွေ အကုန်ပျောက်ကွယ်သွားခဲ့တယ်....
ကောင်လေးလည်း အံ့သြစွာနဲ့မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက
ခုလိုပဲမိန့်ကြားတော်မူလိုက်တယ်
...
"ခုဆိုရင် ဒကာလေးလည်း သဘောပေါက်လောက်ပြီထင်တယ်...
အဲ့မိန်းကလေးအလောင်းက ဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်
တယ်..
ဘ၀တစ်ခုမှာ သူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့
ကုသိုလ်ကံရေစက်ကြောင့်
အဲ့ဒီလူငယ်ဟာဒီဘ၀မှာကောင်မလေးနဲ့လက်ထပ်ပေါင်းသင်းခွင့်ရခဲ့တယ်.
..
ဒကာလေးကတော့ သူမရဲ့အလောင်းကို
အပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ေ
ရစက်ကံကြောင့် ဒီဘ၀မှာသူမနဲ့
သုံးနှစ်တာချစ်ခင်ခွင့်ရခဲ့တယ်.
. ခုသုံးနှစ်ပြည့်လို့
ရေစက်ကုန်ချိန်မှာခွဲခွာရတယ်"
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်း အမြင်မှန်ရပြီး
နားလည်သဘောပေါက်သွားခဲ့တယ်.. နောက်ပိုင်းမှာ ကောင်လေးလည်း
ပြန်လည်ကျန်းမာလာပြီး လောကီကိုစွန့်လို့သင်္ကန်းဝတ်သွား
တော့တယ်...
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ..
ဆိုလိုချင်တာကတော့ လူသားတွေအချင်းချင်း ဒီဘ၀မှာအဖေ၊ အမေ၊
ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူ၊ ရန်သူအဖြစ်နဲ့
တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာ
ဟာ အမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး....
ဘ၀တစ်ခုခုက ပြုခဲ့တဲ့ရေစက်ကံကြောင့်သာ ဤမျှများပြားလှသော
လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ
တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ
့ကြတာဖြစ်ပါတယ်... အဲ့လိုပဲ
ရေစက်ကုန်ချိန်ရောက်ရင် ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
ဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ခွဲခွာကြရမှာပါ.....
အဲ့ဒါကြောင့် ခုမခွဲခွာရခင်အချိန်လေးမှာ
မိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့သူေ
တွအပေါ်မှာ တတ်နိုင်သလောက်
စိတ်ချမ်းသာမှုတွေ.. မေတ္တာတွေ ပေးနိုင်သလောက်ပေးနိုင်အောင်
ကြိုးစားသင့်ပါတယ်.....
ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းဘယ်သူကမှ ဘယ်သူ့ကို ဘယ်အချိန်မှာ
ရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို မသိနိုင်ကြလို့ပဲဖြစ်ပါတယ်......။
သူငယ်ချင်းတို့ရေး.................ညီမဖတ်မိတယ် စာသားလေးကိုကြိုက်လို့တင်ပေးလိုက်ပါတယ်
သူငယ်ချင်းတို့လည်ကြိုက်မယ်လို့ထင်ပါတယ်။
Saturday, October 1, 2011
အချစ်နှင့် အိမ်ထောင်ရေး
(၁) စောင့်မျှော်ခြင်းဆိုတာ မမြင်ရတဲ့လက်မည်းကြီးတစ်စုံပါ။ အထူးသဖြင့် အချစ်ကိုသတ်ဖြတ်ပြီး ပျော်ရွှင်နေတဲ့ လက်မည်းကြီးဖြစ်တယ်။
(၂) မြက်ရိုင်းတွေကြားမှာ ကျောက်စိုင်ကျောက်ခဲ မကြီးမားနိုင်ဘူး။ သေနတ်ဖျားမှာ ခြင်္သေ့ မသန်စွမ်းနိုင်ဘူး။ ရေခဲတောင်ရှေ့မှာ တိုင်တန်းနစ်သဘောင်္ မခိုင်ခံ့နိုင်ဘူး။ ကမ္ဘာပတ်သူရဲ့ရှေ့မှာ ကမ္ဘာကြီး မကျယ်ဝန်းနိုင်ဘူး။
ဘယ်အရာက ကြီးမား၊ သန်စွမ်း၊ ခိုင်ခံ့၊ ကျယ်ဝန်းနိုင်သလဲ?အခက်အခဲရှေ့မှာ အပြုံး ကြီးမားသန်စွမ်းနိုင်တယ်။
ဘေးအန္တရာယ်ရှေ့မှာ ယုံကြည်မှု ခိုင်မြဲနိုင်တယ်။
ထိခိုက်နာကျင်ခြင်းရဲ့ရှေ့မှာ မေ့လျော့ခြင်း ကျယ်ဝန်းနိုင်တယ်။
(၃) လင်ယောက်ျားအပေါ် ပါးစပ်ချိုတဲ့မိန်းမ ဘယ်တော့မှမနစ်နာဘူး။ ဒီစကားကို မှတ်ထားပါ!
(၄) သူ့"အမှား"ကို အပြစ်ရှာချင်ရင် သင့်ဖက်က"မှန်"ရပါမယ်။ စိတ်ခံစားချက်မှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဝေခွဲရခက်ပါတယ်။
(၅) အိမ်ထောင်ရေးမှာ အချစ်ကို မပျောက်ပျက်စေနဲ့။ အချစ်ရေးမှာ ကိုယ့်ကိုယ်ကို မပျောက်ပျက်စေနဲ့။
(၆) ခံစားချက်ဖိုရမ်မှာ ခံစားချက်အကြောင်း ဆွေးနွေးတဲ့လူ နှစ်မျိုးနှစ်စားရှိတယ်။ ပထမလူစားက မိသားစု"ပျော်ရွှင်ခြင်း" အကြောင်းပဲပြောတယ်။ ဒုတိယလူစားက မိသားစု"စိတ်ဆင်းရဲခြင်း"အကြောင်းပဲ ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်ခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုပျော်ရွှင်လာတယ်။ စိတ်ဆင်းရဲခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုစိတ်ဆင်းရဲလာတယ်။ တချို့က လမ်းခွဲပြတ်စဲတဲ့အထိပါပဲ။
(၇) ဆွေးနွေးကြတဲ့အရာက တစ်ခုတည်း၊ ကြုံတွေ့ရတဲ့ ပြဿနာကလည်း အတူတူပဲ။ ဒါပေမဲ့ တချို့က အကောင်းမြင်စိတ်၊ နှစ်မြို့တဲ့စိတ်နဲ့ ဖြေရှင်းကြတယ်။ တချို့က တသတ်မှတ်အတွေး၊ မကောင်းမြင်စိတ်နဲ့ ဖြေရှင်းတယ်။ ဒါဟာ လူလူချင်းကြား၊ မိသားစုကြားက ပျော်ရွှင်ခြင်းရဲ့ခြားနားချက်ဖြစ်တယ်။
(၈) "'ဒိုးတူပေါင်ဖက်"ဆိုတဲ့အဆင့်ကိုရောက်ဖို့ အိမ်ထောင်ကျတဲ့ ယောက်ျားမိန်းမတိုင်း မျှော်လင့်ကြတယ်။ "မိန်းမက ယောက်ျားကို ပိုနှစ်သက်မယ်၊ ပိုချီးကျူးမယ်၊ ယောက်ျားကို စနောက်မယ်ဆိုရင် ယောက်ျားတွေက ကျိုးနွံသိမ့်မွေ့ပါတယ်တဲ့" ယောက်ျားတွေက ပြောပါတယ်။ "ယောက်ျားက သဘောထားနည်းနည်းကြီးမယ်၊ အိမ်ထောင့်တာဝန်ကို နည်းနည်းပိုထမ်းရွက်မယ်ဆိုရင် မိန်းမတွေက ယောက်ျားစကားကို ပိုနားထောင်ပါတယ်တဲ့" မိန်းမတွေက ပြောပါတယ်။
(၉) အိမ်ထောင်ရေးမှာ ခံစားချက်တစ်မျိုးကို အချင်းချင်းချစ်မြတ်နိုးခြင်းလို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ဒိုးတူပေါင်ဖက်လို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ခွင့်လွှတ်နားလည်ခြင်းလို့ခေါ်တယ်။ အိမ်ထောင်ရေးဆိုတာ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ လှေငယ်တစ်စီးနဲ့တူတယ်။ တစ်ခါတလေမှာ လေငြိမ်လှိုင်းငြိမ်ပြီး လိုရာခရီးရောက်တယ်။ တစ်ခါတလေမှာ လေထန်လှိုင်းထန်တယ်၊ ကျောက်ဆောင်တွေပေါတယ်။ နားလည်ခြင်းဆိုတဲ့ရွက်ကိုလွှင့်ပြီး ခွင့်လွှတ်ဆိုတဲ့ပဲ့နဲ့ စုပေါင်းညီညာလှော်မှ ပျော်ရွှင်ခြင်းကမ်းကို ကပ်နိုင်မှာဖြစ်တယ်။
(၁ဝ) ကိုယ့်အမြင်ကို ကိုယ်တိုင်ဖွင့်ဆိုပေးပါ....
အင်တာနက်ပေါ်ဖတ်မိသမျှ ဘာသာပြန်သည်။  အားလုံးပျော်ရွှင်နိုင်ပါစေ ထက်ကောင်းကင်
Friday, September 30, 2011
2011 ၏ဂရင်းနစ်စံချိန်ဝင် ထူးဆန်းထွေလာများ
သူငယ်ချင်းတို့ရေ၊ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ ကမ္ဘာ့ထူးဆန်းတွေလာ တွေကို ပြောပြမယ်နော်၊ ရွှေဘလည်း ပါဝင်ပါတယ်၊ ဘယ်နေရာမှာ ပါဝင်တယ် ဆိုတာကိုတော့ ကျနော့ကို ခင်မင်ရင် သေချာလေး ကြည့်ပေါ့ဗျာ...
အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါတယ်။ (မြန်မာအသင်းရဲ့ ဘောလုံးထက် ၀ိုင်းတယ်ဗျ...နော)
ဗြိတိန် နိုင်ငံမှ အမျိုးသားတစ်ယောက်သည် ၄င်း၏အရေပြားသည် ဆွဲဆန့် သလိုဆွဲနိုင်ကြောင်းပြသကာ ဂရင်းနစ်စံချိန်တင်ပြခဲ့ပါသည် ၄င်းအရေပြားသည် 6.25 inches.(16cm) အထိဆွဲဆန့် နိုင်တယ်လို့ သိတယ်ဗျ။ (ဒါတော့ ဖြစ်နိုင်တယ် ဒေါဂွက်ထော်တောင် သူ့ဗိုက်ထဲမှာ ခလေး (၄)မွှာပူး ထည့်ထားနိုင်သေးတာ... ဟီးးး)
John Evans ဆိုသည့် ပုဂ္ဂိုလ် သည် ပေါင် 352ရှိသည့် ကားကို ၄င်း၏ခေါင်းပေါ်တွင်  33 စက္ကန့် ထိထားကာ မတ်ရပ်ပြပြီးဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။ (သြော်... သူတို့နိုင်ငံမှာ ကားကို ခေါင်းရွက်ရောင်းတုန်းပါလားနော်၊ တိုးတက်မှုကလည်း နှေးကွေးလိုက်တာ... အဟိ)
Juhn Rasanen ဆိုသည့် သူကတော့ အလေးချိန် 132 ပေါင်ရှိသည့် လူတစ်ယောက်ကို 5.40 မီတာ ရောက်သညိအထိ ပစ်ပြကာ ဂရင်းနစ်စံချိန်တင်ပြသွားခဲ့ပါတယ်။ (အောင့်မျက်လေး သေပါပြီဗျ)
အမေ၇ိကန်နိုင်ငံ Texas မြို့ တွင် ရှိသည့် Jackie Bibby ဆိုသည့် မြွေဆရာဟုခေါ်သည့် ပုဂ္ဂိုလ် သည် ထိုအထက်ပါဇလားထဲတွင် အဆိပ်အပြင်းဆုံး မြွေ 87 ကောင်နှင့်အတူ 45မိနစ် အတူနေပြကာ ဂရင်းနစ်စံချိန်ကိုတင်လိုက် ပါတယ်။ (အင်း.... အဲ့ဒီလူက မြွေလူသား ဖြစ်မယ်)
ှSpace Cowboy ဟုချစ်နိုးအမည်ပေးထားပါတယ် သူ့ ကိုတော့ သူ့ နာမည်အရင်းကတော့  Chayne Hultgren ဖြစ်ပါတယ်၊  သူရဲ့အောက်မျက်ခုံးနှင့် 907 ပေါင် အလေးချိန်ရှိတဲ့ အထက်ပါလှည်းကို ဆွဲပြကာ ဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။ (အတဲယားတယ်ကွာ ငါ့ကောင်မလေးတောင် ကြည့်ရဲလို့ မျက်စိ မိတ်ထားတယ်... ဟိ)
Austrain မှ Oliver Gratzer ဆိုသည့် အမျိုးသားတစ်ယောက်သည် ရေခဲသေတ္တာ 24 လေးလုံးကို အဝေးဆုံးသို့ ပျက်စီးအောင်လက်ဖြင့် တွန်းဖယ်ကာ တစ်မိနစ်အတွင်း လုပ်ပြခဲ့ပါတယ်။ (ကျနော်လည်း အလျော်တောင်းရမယ် ဒီလူကို)
Brain Duffied ဆိုသည့် ပုဂ္ဂိုလ်သည်  ကြက်သွန်နီ ဥတစ်လုံးကို 1မိနစ်နဲ့ 29 စက္ကန့် အတွင်းအကုန်စားပြကာ ထူးထူးခြားခြားစံချိန်တင်ပြသွားခဲ့ဖြင်းဖြစ်ပါတယ်။ (ကြက်သွန်နီက စပ်တယ်လေဗျာ....အဟိ...)
သူတို့ ကတော့ စံချိန်တင်တာလား ကားကောင်းမကောင်း စမ်းတာလားမသိဘူးပဲဟိ.. Smart Car သေးသေးလေးပေါ်တွင် လူ14 ယောက်ဝင်ကာ ပြသခြင်းဖြစ်ပါတယ်။ (ကျနော်တွေ့တာကတော့ ကောင်မလေးတွေချည်းပဲဗျ၊ ဒီလောက်ကျဉ်းကျဉ်း လေးထဲမှာ ကောင်လေးသာ ပါရင်လည်း လွယ်ဘူး လွယ်ဘူး.... ဟီးးး)
သူငယ်ချင်းတို့ရေ၊ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ ကမ္ဘာ့ထူးဆန်းတွေလာ တွေကို ပြောပြမယ်နော်၊ ရွှေဘလည်း ပါဝင်ပါတယ်၊ ဘယ်နေရာမှာ ပါဝင်တယ် ဆိုတာကိုတော့ ကျနော့ကို ခင်မင်ရင် သေချာလေး ကြည့်ပေါ့ဗျာ...
အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါတယ်။ (မြန်မာအသင်းရဲ့ ဘောလုံးထက် ၀ိုင်းတယ်ဗျ...နော)
ဗြိတိန် နိုင်ငံမှ အမျိုးသားတစ်ယောက်သည် ၄င်း၏အရေပြားသည် ဆွဲဆန့် သလိုဆွဲနိုင်ကြောင်းပြသကာ ဂရင်းနစ်စံချိန်တင်ပြခဲ့ပါသည် ၄င်းအရေပြားသည် 6.25 inches.(16cm) အထိဆွဲဆန့် နိုင်တယ်လို့ သိတယ်ဗျ။ (ဒါတော့ ဖြစ်နိုင်တယ် ဒေါဂွက်ထော်တောင် သူ့ဗိုက်ထဲမှာ ခလေး (၄)မွှာပူး ထည့်ထားနိုင်သေးတာ... ဟီးးး)
John Evans ဆိုသည့် ပုဂ္ဂိုလ် သည် ပေါင် 352ရှိသည့် ကားကို ၄င်း၏ခေါင်းပေါ်တွင်  33 စက္ကန့် ထိထားကာ မတ်ရပ်ပြပြီးဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။ (သြော်... သူတို့နိုင်ငံမှာ ကားကို ခေါင်းရွက်ရောင်းတုန်းပါလားနော်၊ တိုးတက်မှုကလည်း နှေးကွေးလိုက်တာ... အဟိ)
Juhn Rasanen ဆိုသည့် သူကတော့ အလေးချိန် 132 ပေါင်ရှိသည့် လူတစ်ယောက်ကို 5.40 မီတာ ရောက်သညိအထိ ပစ်ပြကာ ဂရင်းနစ်စံချိန်တင်ပြသွားခဲ့ပါတယ်။ (အောင့်မျက်လေး သေပါပြီဗျ)
အမေ၇ိကန်နိုင်ငံ Texas မြို့ တွင် ရှိသည့် Jackie Bibby ဆိုသည့် မြွေဆရာဟုခေါ်သည့် ပုဂ္ဂိုလ် သည် ထိုအထက်ပါဇလားထဲတွင် အဆိပ်အပြင်းဆုံး မြွေ 87 ကောင်နှင့်အတူ 45မိနစ် အတူနေပြကာ ဂရင်းနစ်စံချိန်ကိုတင်လိုက် ပါတယ်။ (အင်း.... အဲ့ဒီလူက မြွေလူသား ဖြစ်မယ်)
ှSpace Cowboy ဟုချစ်နိုးအမည်ပေးထားပါတယ် သူ့ ကိုတော့ သူ့ နာမည်အရင်းကတော့  Chayne Hultgren ဖြစ်ပါတယ်၊  သူရဲ့အောက်မျက်ခုံးနှင့် 907 ပေါင် အလေးချိန်ရှိတဲ့ အထက်ပါလှည်းကို ဆွဲပြကာ ဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။ (အတဲယားတယ်ကွာ ငါ့ကောင်မလေးတောင် ကြည့်ရဲလို့ မျက်စိ မိတ်ထားတယ်... ဟိ)
Austrain မှ Oliver Gratzer ဆိုသည့် အမျိုးသားတစ်ယောက်သည် ရေခဲသေတ္တာ 24 လေးလုံးကို အဝေးဆုံးသို့ ပျက်စီးအောင်လက်ဖြင့် တွန်းဖယ်ကာ တစ်မိနစ်အတွင်း လုပ်ပြခဲ့ပါတယ်။ (ကျနော်လည်း အလျော်တောင်းရမယ် ဒီလူကို)
Brain Duffied ဆိုသည့် ပုဂ္ဂိုလ်သည်  ကြက်သွန်နီ ဥတစ်လုံးကို 1မိနစ်နဲ့ 29 စက္ကန့် အတွင်းအကုန်စားပြကာ ထူးထူးခြားခြားစံချိန်တင်ပြသွားခဲ့ဖြင်းဖြစ်ပါတယ်။ (ကြက်သွန်နီက စပ်တယ်လေဗျာ....အဟိ...)
သူတို့ ကတော့ စံချိန်တင်တာလား ကားကောင်းမကောင်း စမ်းတာလားမသိဘူးပဲဟိ.. Smart Car သေးသေးလေးပေါ်တွင် လူ14 ယောက်ဝင်ကာ ပြသခြင်းဖြစ်ပါတယ်။ (ကျနော်တွေ့တာကတော့ ကောင်မလေးတွေချည်းပဲဗျ၊ ဒီလောက်ကျဉ်းကျဉ်း လေးထဲမှာ ကောင်လေးသာ ပါရင်လည်း လွယ်ဘူး လွယ်ဘူး.... ဟီးးး)
Monday, September 26, 2011
သနပ်ခါး
dsc01274.jpg
ပုံ ။  ရှင်မတောင်သနပ်ခါး 
theethee.jpg
theethee2.jpg
ပုံ ။  သီးသီး
dsc01275.jpg
        သနပ်ခါးကို ကျွန်မတို့ မြန်မာလူမျိုးများ နှစ်သက်ကြပါတယ်။မွေးကင်းစ အနှီးထုပ်အရွယ်တည်းက စလို့ သနပ်ခါးလိမ်းကြပါတယ်။
       မြန်မာနိုင်ငံမှာ ဘယ်နေရာကို သွားသွား သနပ်ခါးမျက်နှာများကို တွေ့ကြရမှာပါ။
သနပ်ခါးရဲ့ ရုက္ခဗေဒ အမည်ကတော့ Limonia crenulata  ဖြစ်ပြီး chinese box tree လို့ လူသိများပါတယ်။
     သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ တို့မှာ တွေ့ရှိရပါတယ်။
မြန်မာ့သနပ်ခါးထဲမှာ လူကြိုက်အများဆုံးကတော့ ရှင်မတောင် သနပ်ခါးဖြစ်ပါတယ်။
       ရှင်မတောင်သနပ်ခါးရဲ့ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း ရှင်မတောင် သနပ်ခါးကို နှစ်သက်ကြခြင်း ဖြစ်ပါတယ်။ ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးတယ်။ ရွှေဘိုသနပ်ခါးက ရှင်မတောင်သနပ်ခါးလို ထူးခြားစွာ အနံ့ မမွှေးပျံ့ ပေမယ့် ၀င်းဝါတဲ့ အဆင်းကိုပေးပြီး ညက်လှတဲ့အတွက် ရွှေဘိုသနပ်ခါးကိုလည်း ကျွန်မတို့ မြန်မာအမျိုးသမီးများက နှစ်သက်ကြပါတယ်။
သနပ်ခါးပင်နဲ့ မျိုးစိတ်နာမည်တူပြီး သနပ်ခါးနဲ့ လို့လည်း ခေါ်ဆိုကြတဲ့ သီးပင် (Limonia acidissima)လည်းရှိပါသေးတယ်။ သီးပင်ကို wood apple လို့ အမည်ခေါ်ဆိုကြပါတယ်။ မြန်မာလူမျိုးများက သီးပင်ရဲ့ အသီးကို ထန်းလျက်နဲ့ပေါက်ကာ ရောမွှေစားလေ့ရှိကြပါတယ်။ သီးပင်ရဲ့ အခေါက်ဖြစ်တဲ့ သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြပါတယ်။ ရှင်မတောင်သနပ်ခါးလို့ အနံ့ မမွှေးပျံ့  သော်လည်းပဲ ကျောက်ပျဉ်မှာ ရေနဲ့ သွေးလိုက်တဲ့အခါမှာ စေးနေပြီးတော့ လိမ်းလိုက်ရင် အသားအရေ စိုပြေ ၀င်းပလာတာကြောင့် ကျွန်မတို့ မြန်မာအမျိုးသမီးများက သီးခေါက်ကိုလည်း နှစ်သက်ကြပါသေးတယ်။
      သနပ်ခါးကို မြန်မာလူမျိုးများနှစ်သက်ကြတာဟာ သနပ်ခါးရဲ့
ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိကြောင့်လည်းပဲ ဖြစ်ပါတယ်။
နေလောင်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ သနပ်ခါးကို ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ မြန်မာနိုင်ငံမှာ အရေပြားထိန်းသိမ်းဖို့အတွက် အဓိကထားကြပါတယ်။အရေပြားယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနဲ့ရောသွေးကာ လိမ်းကျံကြပါတယ်။ မျက်နှာမှာ ၀က်ခြံကင်းပြီး အသားအရေ ချောမွေ့ဖို့အတွက် သနပ်ခါးက ဆေးဖက်ဝင်ပါတယ်။
        ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ နှစ်စဉ် သင်္ကြန်အကြိုနေ့တိုင်းမှာ သနပ်ခါးသွေးပွဲ ကျင်းပလေ့ရှိပါတယ်။
သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားလေးများက သီချင်းများ တီးမှုတ်သီဆိုကြပါတယ်။ သွေးပြီး ရရှိလာတဲ့ သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နဲ့ ဆေးကြာပြီး ကုသိုလ်ယူကြတဲ့ ဓလေ့ဟာ ယခုထိတိုင် ရခိုင်ပြည်နယ်မှာ ရှိနေပါတယ်။
      သနပ်ခါးအတုံးကို ကျောက်ပျဉ်မှာ ရေနဲ့သွေးလိမ်းခြင်းအပြင် သနပ်ခါးမှုန့်ကိုလည်း မျက်နှာလိမ်း ပေါင်ဒါ အဖြစ် အသုံး ပြုကြ ပါတယ်။
 အဆီပြန်တဲ့ အသားအရေ ရှိသူများအတွက် သနပ်ခါးဟာ အသင့်တော်ဆုံး အလှပြင် သဘာဝ မိတ်ကပ်တစ်မျိုးပဲ ဖြစ်ပါတယ်။
        ရှင်မတောင်သနပ်ခါးတုံးများကို သိမ်းဆည်းတဲ့အခါမှာ ပလပ်စတစ်အိတ်ထဲ ထည့်ပြီး သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။ သစ်သားစားပွဲပေါ်မှာ သစ်သားနဲ့ ထိထားရင် ရှင်မတောင်သနပ်ခါးနံ့သာ သစ်သားဆီကို ကူးသွားပြီး ရှင်မတောင်သနပ်ခါးက အနံ့ ပြယ်သွား တတ် ပါတယ်။
        ရှင်မတောင်သနပ်ခါးတုံးများ အထားကြာလို့ မမွှေးတော့ဘူးဆိုရင် ရေနွေးပွက်ပွက်ဆူကို သနပ်ခါးတုံးပေါ် လောင်းချလိုက်ရင် အနံ့ပြန်မွှေးလာပါတယ်။ ရှင်မတောင် သနပ်ခါးတုံးကို ရေနွေးပူပူနဲ့ ဆေးကြောပြီး နေပူပူမှာ နေလှန်းထားရင် ရှင်မတောင်နံ့ အလွန်မွှေးပျံ့ နေမှာ
 ဖြစ်ပါတယ်။
လောကအလှအွန်လိုင်းမဂ္ဂဇင်းမှကူးယူတင်ပြပါသည်ရှင့်..။
ကမ္ဘာကျော်အလွဲများ
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့ပါနော်၊ ဒီနေ့ကတော့ လွဲတာတွေပဲ ပြောတော့မယ်ဗျာ၊ ဒါကတော့ ရယ်စရာမဟုတ်ဖူးနော် မှတ်သားစရာလေးတွေ ပေါ့ဗျာ၊ ပြောပြမယ်နော်....
၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။
၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။
င်္၃။ Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။
၎။ Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။
၅။ Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။
၆။ Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။
သူငယ်ချင်းတို့ရေ၊ ကျနော် ပြောတာ မှားရင်လည်း စိတ်ဆိုရဘူးနော်၊ အမြင်လေးတွေ ဖလှယ်ချင်ပါတယ်...
Friday, September 23, 2011
The Innovator’s DNA
Jeffery H. Dyer, Hel B. Gregersen, & Clayton M. Christensen (HBR December 2009)
လူအများစုက တီထွင်ကြံဆတယ်ဆိုတာ အရမ်းရှုပ်ထွေးခက်ခဲတယ်လို့ထင်ကြပါတယ်။ ဒီလို တီထွင်တတ်ဖို့ဆိုတာ သာမန်လူတွေ လက်လှမ်းမမှီနိုင်ဘူးလို့လည်း ထင်ကြပါတယ်။ ကိုယ်အဖွဲ့အစည်းထဲကိုတီထွင်ကြံဆနိုင်တဲ့ လူတွေ အလုပ်ဝင်လုပ်လာအောင်၊ ကိုယ့်ကိုယ်ကိုတီထွင်ကြံဆနိုင်စွမ်းရှိတဲ့သူ ဖြစ်လာအောင်ဘယ်လိုလုပ် ကြမလဲဆိုတာတွေက ဒီနေ့ခေတ်မှာအရမ်း အရေးကြီးလာပါတယ်။ တချို့လူတွေအတွက် တီထွင် ကြံဆနိုင်စွမ်းဆိုတာ မွေးရာပါအရည်အချင်းတစ်ခုဖြစ်ပေမယ့် အဲဒီ့အရည်အချင်းမပါလာတဲ့လူတွေကလည်း ကိုယ့်ဘာသာကိုယ်creative ဖြစ်အောင် ပြုစုပျိုးထောင်လို့ရနိုင်ပါတယ်။
Innovative ဖြစ်တဲ့ စွန့်ဦးတီထွင်သူ ၂၅ ယောက်၊ ကုမ္ပဏီအရာရှိ ၃၀၀၀ ကျော်နဲ့ ပစ္စည်းသစ်တီထွင် တဲ့လူ ၅၀၀ တို့ကို ၆ နှစ်ကြာ တွေ့ဆုံလေ့လာပြီးတွေ့ရှိခဲ့တာကတော့ creative ဖြစ်တဲ့လူတွေမှာ ရှာဖွေ တွေ့  ရှိထုတ်ဖော်နိုင်သော အရည်အသွေး - (Discovery Skills) - ၅ ချက်ရှိတယ်ဆိုတာပါပဲ။ အဲဒီ့အရည်အသွေးတွေမှာ စဉ်းစားတဲ့အပိုင်းနဲ့ လက်တွေ့ပိုင်းဆိုပြီး နှစ်ပိုင်းရှိပါတယ်။ စဉ်းစားတဲ့အပိုင်းမှာ ဆက်စပ်တွေးခေါ်ခြင်းက အဓိကဖြစ်ပြီး လက်တွေ့ ပိုင်းလုပ်ဆောင်တဲ့အပိုင်းမှာ မေးခွန်းတွေမေးတာ ၊ ကြည့်ရှုလေ့လာတာ ၊ လက်တွေ့ ပြုလုပ်တာနဲ့ လူမှုကွန်ယက်ကျယ်ပြန့်စွာ ထားတာတွေ ပါဝင်ပါတယ်။
Discovery Skill 1 - ဆက်စပ်တွေးခေါ်ခြင်း (Associating)
ပထမဆုံးအရည်အချင်းတစ်ခုကအပေါ်ယံကြည့်ရင် ဘယ်လိုမှမဆက်စပ်တဲ့ မတူညီတဲ့ ဘာသာရပ်နယ်ပယ် တွေကအမြင်တွေကိုဆက်စပ် စဉ်းစားနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ Intelligence ရှိရုံသာမကဘဲ သဘော တရားတွေကို ခြုံငုံပြီး ဆက်စပ်စဉ်းစားခြင်း (Holistic Thinking)ဆိုမျိုးလိုပါတယ်။ မတူညီတဲ့ ဘာသာရပ်တွေ ဆက်စပ်တွေးခေါ်ခြင်းအားဖြင့်ဥရောပတွင် Renaissance လို့ခေါ်တဲ့အင်မတန်မှ Innovative ဖြစ်တဲ့ အတွေးအခေါ်သစ်တွေပေါ်ပေါက်လာခဲ့တဲ့ဉာဏ်သစ်လောင်း ခေတ်ကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဥပမာ- Steve Jobs ဆိုရင်လည်း သူ့ဘ၀တစ်လျှောက်လုံးကမတူတဲ့ idea တွေကို ချိတ်ဆတ်ပြီးတွေးခေါ်ရာကနေ  အောင်မြင်နေသူဖြစ်ပါတယ်။
Discovery Skill 2 - မေးခွန်းများမေးခြင်း (Questioning)
စီမံခန့် ခွဲမှုပိုင်းမှာ ဆရာတစ်ဆူဖြစ်တဲ့ Peter Drucker က အဖြေမှန်ရဖို့က အခက်ဆုံးပြဿနာမဟုတ်ဘူး၊ မေးခွန်းမှန်ရဖို့ကအခက်အခဲဆုံးဖြစ်တယ်လို့ဆိုပါတယ်။ Tata ကုမ္ပဏီရဲ့ Chairman ဖြစ်သူ ကလည်း မမေးအပ် တဲ့၊ မမေးရဲတဲ့ မေးခွန်းမျိုးတွေလျှောက်မေးကြည့်ပါ (Question the unquestionable) လို့ဆိုတယ်။ထူးထူးခြားခြားတီထွင်ကြံဆမှုရှိတဲ့ မေးခွန်းတွေထွက်လာဖို့ဆိုတာက သာမန်ပဲ စဉ်းစားနေကျ လူတွေအတွက် ဆိုရင်တော့ စိန်ခေါ်မှုတစ်ရပ် ပဲပေါ့။တီထွင်ကြံဆနိုင်ဖို့ဆိုရင် ဒီလိုမေးခွန်းတွေမေးရပါတယ်...
"ဘာကြောင့်ဖြစ်ရတာလည်း"
"ဘာကြောင့်မဖြစ်ရတာလည်း"
"တကယ်လို့များ တစ်ခုခုဖြစ်ခဲ့ရင်" ဆိုတာမျိုးတွေပါ...
မန်နေဂျာတွေနဲ့ ဒါရိုက်တာအများစုက လက်ရှိအခြေအနေကနေနည်း နည်း ထပ် တိုးတက်ဖို့ကိုပဲ အလေးပေးတဲ့ မေးခွန်းတွေပဲ မေးတတ်ကြတယ်။ တီထွင်ကြံဆတတ်တဲ့စွန့်ဦးတီထွင်တဲ့သူတွေကတော့အမြဲ စွဲထားတဲ့ ယူဆချက်တွေနဲ့ သမရိုးကျအတွေးအခေါ်တွေကို စိန်ခေါ်တဲ့ မေးခွန်းတွေအမြဲတမ်းထုတ်ပြီး စဉ်းစားနေတတ်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာအများနဲ့ဆန့်ကျင်တတ်တတ်တဲ့ သူတွေ အမြဲလိုလို ရှိတတ်ပါတယ်။ အဲဒီ့လူတွေကအားလုံးက ကောင်းတယ်လို့သဘောတူထားတဲ့ ကိစ္စတွေကိုလည်းကန့်လန့်လုပ်တတ်တယ်။ ဆန့်ကျင်ဘက်လုပ်ရာကနေ ပိုကောင်းတဲ့ အမြင်တွေ၊ နည်းလမ်းတွေ၊ Idea အသစ်တွေရတတ်ပါတယ်။
ဒါ့ကြောင့် တချို့အဖွဲ့အစည်းတွေမှာ Idea အသစ်တွေလိုလာရင် Brainstorming လုပ်တဲ့ အခါမျိုး၊ Quality Circle ဖွဲ့စည်းတဲ့ အခါမျိုးတွေမှာကန့်လန့်တိုက်ဖို့ Devil’s Advocate တစ်ယောက်ကိုရွေးပြီး အဖွဲ့ဖွဲ့ပေးတတ်ပါတယ်။ Idea Generation အတွက် မတူတဲ့ Idea တွေများများရ ဖို့အတွက်ပါ။ ဒါကြောင့် ဆန့်ကျင်ဘက်ကိုအမြဲတမ်း တွေးတွေးပေးဖို့လိုပါတယ်။
တီထွင်ကြံဆတဲ့လူတွေကသူတို့စိတ်ထဲမှာကိစ္စတစ်ခုခုနဲ့ပတ်သတ်ပြီးလုံးဝဆန့်ကျင်နေတဲ့ အတွေးနှစ်မျိုး ရှိနေတတ်တယ်။ ဆန့်ကျင်ဘက်ကို တွေးပေး ခြင်းအားဖြင့် သမားရိုးကျ မဟုတ်တဲ့ နည်းသစ်တွေ ရလာနိုင် ပါတယ်။
Discovery Skill 3 - ကြည့်ရှုလေ့လာခြင်း (Observing)
ကုမ္ပဏီအရာရှိတွေက နေ့စဉ်ဘ၀ ဖြစ်ရပ်တွေ၊ အခြေအနေ တွေကိုလေ့လာပြီးတော့လည်းသာမန် မဟုတ်တဲ့ စီးပွားရေး အကြံဉာဏ်တွေရတတ်ပါတယ်။ ကြည့်ရှု လေ့လာတယ်ဆိုတာက အသေးစိတ် လေ့လာရ
မှာဖြစ်တယ်။ အဓိကအားဖြင့် မိမိရဲ့ကုန်ပစ္စည်းတွေကို ၀ယ်ယူနိုင်တဲ့လူရဲ့အခြေအနေ၊ အပြုအမှုတွေကို အသေးစိတ် ကြည့်ရှုလေ့လာဖို့ လိုပါတယ်။ တခြား Company တွေရဲ့ activitiesSupplier ရဲ့ activities ၊ နဲ့ ပြိုင်ဘက် ရဲ့ activities တွေကိုလေ့လာစောင့်ကြည့်ပြီး စီးပွားရေးအမြင်သစ်တွေရလာမှာပါ။
Discovery Skill 4 - လက်တွေ့စမ်းသပ်ခြင်း (Experimenting)
Innovators တွေက သူတို့ရဲ့idea တွေကို ပုံစံငယ်လုပ်ပြီး လက်တွေ့စမ်းသပ်တတ်ပါတယ်။ သူတို့ကသူတို့ ကျင်လည်တဲ့ ပတ်ဝန်းကျင်ကို စမ်းသပ်ခန်းလို သဘောထား တတ်ပါတယ်။ ဒီလို လက်တွေ့လုပ်ပြီး လက်တွေ့ဘ၀အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီးပိုမိုဆန်းသစ်တဲ့ အတွေးအခေါ်တွေရလာနိုင်တာပေါ့။
Discovery Skill 5 - လူမှုကွန်ယက်ကျယ်ပြန့်စွာ ထားခြင်း (Networking)
တီထွင်ကြံဆတဲ့သူတွေက မိမိ နှင့်မတူညီတဲ့ အမြင်ရှိတဲ့လူတွေနဲ့အပေါင်းအသင်းလုပ် ဆက်ဆံတတ်ပြီး သူတို့ရဲ့အသိပညာ အ၀န်းအ၀ိုင်း ပိုမိုကျယ်ပြန့်လာအောင် လုပ်တတ်ကြပါတယ်။ သူတို့က ဒေသခြား၊ နိုင်ငံခြားက မတူညီတဲ့ဘ၀၊ မတူညီတဲ့ နေထိုင်မှုပုံစံတွေကို လေ့လာတတ် ပါတယ်။
နိုင်ငံတကာဆွေးနွေးပွဲတွေတက်ပြီးစွန့်ဦးတီထွင်သူတွေ၊ ပညာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ စွန့်စားသူတွေ၊ အတွေးအခေါ်ပညာရှင်တွေနှင့်နှီးနှောဖလှယ်တွေ့ဆုံတာတွေ လုပ်ပြီး တော့လည်း အတွေးအခေါ်သစ် တွေရနိုင်ပါတယ်။ စွန့်ဦး တီထွင်ကြံဆမှုဆိုတာ မွေးကတည်းက ကိုယ့်သွေးထဲမှာ မတော်တဆ ပါလာခြင်းမျိုး မဟုတ်ပါဘူး။ ဆန်းသစ် တီထွင်တတ်ဖို့ကိုယ့်ဘက်က အမြဲတမ်း လေ့ကျင့်ပြင်ဆင်နေဖို့ လိုအပ်တယ်။
အဓိကအားဖြင့် ယခုဖော်ပြခဲ့တဲ့ Skills တွေကို သိရှိ နားလည်း ရုံတင်မဟုတ်ဘဲလက်တွေ့ ဘ၀မှာအကျင့်ဖြစ်သွား တဲ့အထိလေ့ကျင့် ပေးရမှာပါ။ အများနဲ့မတူတဲ့ တွေးခေါ်မှုမျိုးရဖို့အတွက် ပုံမှန်တွေးခေါ်မှုပုံစံတွေကခွဲထွက်ပြီး ဘောင်ခတ်မထားဘဲ လွတ်လပ်စွာ တွေးခေါ်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
Written by:
Aung Kyaw Htay
Training & Student Service Manager
Strategy First Institute
Download လုပ်ရန်
www.strategyfirstinstitute.com/index.htm
ကျွန်တော်နှင့်ငွေလဲသူများ(၁)
ကျွန်တော်ဒီအကြောင်းကိုရေးရမယ်ဆိုရင် ကိုယ့်ပေါင်ကိုယ်လှန်းထောင်းသလိုဖြစ်လိမ့်..မယ်။ ဒါပေမဲ့ဗျာ..မတတ်နိုင်ဘူး..လေ။ဘာဘဲဖြစ်ဖြစ်ပေါ့.. ..သင်ခန်းစာတစ်ခု အသိတစ်ခုအနေနဲ့တော့ဒီစာကိုကျွန်တော်ရေးရလိမ့်.မယ်။လူတွေကပြောကြတယ်ဗျ.. လူတွေကောင်းကြောင်း၊မကောင်းကြောင်း စသည်ဖြင့်ပေါ့ဗျာ။ ဒီမှာတော့ကျွန်တော်ပြောမှာက.. လူတွေမကောင်းကြောင်း.. ဘာဖြစ်လို့မကောင်းတာလဲလို့မေးမယ်ဆိုရင်တော့..ကျွန်တော်မှာဖြေစရာရှိပါတယ်။
အဖြစ်ကသည်လိုဗျ... . ပြောရမယ်ဆိုရင်တော့... စင်္ကာပူက မြန်မာပြည်ကို ..အပြန် မြန်မာငွေက.. သုံးစရာမရှိတော့... ကျွန်တော်နဲ့သူငယ်ချင်းနှစ်ယောက်.. ဆူးလေးကိုသွားပြီ ဒေါ်လာလဲမယ်ပေါ့ဗျာ..ဒီလိုနဲ့  ၄၅ ဘတ်စ် စီးပြီးတော့..  ဆူးလေးကို.. ရောက်ခဲ့တယ်.ဆိုပါစို့။ ဆူးလေးဘုရားအနီး.. လွတ်လပ်ရေးပန်းခြံနားက ဘတစ်ကားမှတ်တိုင်မှာ ကိုယ်တော်ချော(ဒေါ်လာငွေအရောင်းအ၀ယ်လုပ်တဲ့သူ)တွေက အကောင်းဆုံးမျက်နှာထားနဲ့ အချိုသာဆုံးပြုံးရင်းပေါ့ဗျာ...။ဒါနဲ့..ကျွန်တော်တို့ကို ..သူကမေးလေရဲ့.. ညီလေးတို့ဒေါ်လာလဲမလားပေါ့..။ ကျွန်တော်တို့ကလည်း ငွေလာမလဲခင်ကတည်းက.. ပေါက်ဈေးကိုအင်တာနက်မှာ ရှာထားတော့.. ငွေဈေးကို .. အကြမ်းအားဖြင့်သိတာပေါ့ဗျာ.။ဒါနဲ့. ကျွန်တော်ကမေးလိုက်တယ်.. ရောင်းဈေးနဲ့ဝယ်ဈေး..ဘယ်လောက်လဲပေါ့. .. ။ခြားနားချက်ကိုသိချင်တာကိုးဗျ။
ကိုယ်တော်ချောတွေက.. ပြောပါတယ်.... ဒေါ်လာလဲရင်.. ၆၄၀  ၊ မြန်မာငွေလဲရင်.. ၆၃၀   ပေါ့။ ကျွန်တော်လဲ.. ဘယ်ဆိုးမလဲပေါ့ ဟန်ကျပြီထင်တာကိုးဗျ။ဘာကြောင့်လဲ ဆိုရင် လွန်ခဲ့တယ် ၁ ပတ်လောက်က သူငယ်ချင်းတစ်ယောက်မြန်မာငွေလဲ ..တာ  စင်္ကာပူတစ်ဒေါ်လာ .. ၅၈၀ ကျပ်ပဲရတာလေ။ ဒါနဲ့..ဘယ်ပြောကောင်းမလဲ.. လဲတာပေါ့ဗျာ။  ကိုယ်တော်ချောတွေကလည်း..အုပ်စုနဲ့ဗျ.. တစ်ယောက်ထဲမဟုတ်ဘူး... အနည်းဆုံး ၇ ယောက်လောက်ရှိတယ်။ တစ်ချို့ကလဲ.. ပါလေရာငါးပိချက် .. အရိုးရရ.. အမြီးရရကောင်တွေပေါ့ဗျာ။ ဒီလိုနဲ့..ငွေစလဲတယ်ဆိုပါစို့...။ ကျွန်တော် က ဒေါ်လာ ၂၀၀ လောက်လဲမှာဆိုတော့...  မြန်မာငွေ ၁၂၆၀၀၀ ရမယ်ပေါ့ဗျာ။ သူတို့ကလဲ.. ကျွန်တော်ကို..မြန်မာငွေကိုအသေအချာရေပေးတဲ့ဗျ... ကျွန်တော်ကလဲ.. အသေအချာပြန်ရေဆိုတော့.. .. အရေအတွက်. ကတော့ကွက်တိပေါ့ဗျာ။.. ဒီလိုနဲ့.. ပြသာနာတက်မဲ့.. လမ်းကြောင်းကစပါလေရောဗျာ။
ဒီလိုဗျ... .. ကျွန်တော်ဘက်ကလည်း. မြန်မာငွေရပြီဆိုတော့.. ဒေါ်လာပြန်ပေးရတော့မှာလေ..။ဒေါ်လာ ၂၀၀ ပေးလိုက်ရင်..ဒီကိစ္စကအိုကေပြီလို့ထင်ထားတာကိုဗျ။ ဒါနဲ့.. ကျွန်တော်လဲ.. ဒေါ်လာ.. ၂၀၀ ထုတ်လဲပေးရော.. ကိုယ်တော်ချောတွေက.. စရစ်ပါလေရောဗျာ။.. ဘာတဲ့... ငါးဆယ်တန် . တစ်ရွက်က.. ထိပ်ကဖြူတယ်ဆိုလား..ညိုတဲ့ဆိုလား... အစင်းရာပါတဲ့ဆိုလား... စရစ်တာပေါ့ဗျာ.။ ကျွန်တော်ကလည်း.. စင်္ကာပူဘဏ်က... ထုတ်လာတာ.. အသစ်စက်စက်..သုံးတောင်မတောင်ရသေးဘူးလို့...ပေါ့။ ကိုယ်တော်ချောတို့ကလဲ... အင်တင်တင်နဲ့.. မလဲဘူးပေါ့ဗျာ..။ ဒီလိုနဲ့ ကျွန်တော်လက်ထဲက..မြန်မာငွေကို.. ပြန်ယူတာပေါ့ဗျာ။ကျွန်တော်က ဒါဆိုလဲ... တစ်ဒေါ်လာ.. ၆၂၀ ထားဗျာ။ ခင်ဗျာတို့ကလည်းရစ်စရာမရှိကြံဖန်ရစ်တယ်ပေါ့ဗျာပြောတော့.. သူတို့ကလည်းလဲမယ်ပေါ့.. ဆိုပြီးကျွန်တော်ကို ခုဏက. မြန်မာငွေကို.. ၂ ထောင်နုတ်ပြီးပြန်ပေးတာပေါ့ဗျာ..။ပြီးတော့.. .. ပါလေရာငပိချက်တွေက..အဖမ်းအဆီးရှိတယ်... အဖမ်းအဆီးရှိတယ်... ထားအော်ပါလေရော...ကျွန်တော်တို့လဲ... မြန်မာငွေယူပြီး.. ကိုယ်လမ်းကြောင်းကို.. လစ်တာပေါ့ဗျာ။ ၃၆ လမ်းနားလဲရောက်ရော... ပိုက်ဆံကိုပြန်ရေအကြည့်မှာ... ၂၀၀၀၀
ဗျာ... ရော့နေပါလေရောဗျာ...။စိတ်ကလည်းတော်တော် ညစ်သွားတယ်ခင်ဗျာ။ ဒီလိုနဲ့... ပြန်သွားပြီး ဒီကောင်တွေကို.. ပြန်ရှာ.. မယ်ပေါ့ဗျာ တွေ့လိုတွေ့ငြားပေါ့။..ဒီကောင်တွေက.. လူလည်ဗျ။ တစ်နေရာရာ..ဒိုးပြီးဆိုတာကာတော့.. ဗေဒင်မေးစရာမလိုပါဘူး..။ကျွန်တော်တို့လည်း... အဲဒီအနီးနားတစ်ဝိုက်ကလူတွေကို... .. inquire လုပ်တာပေါ့ဗျာ။ကျွန်တော်..စုံးစမ်းထားသလောက်ပေါ့ဗျာ... ကျွန်တော်ခံစားမိသလောက်ပြောရမယ်ဆိုရင်ဗျာ။
(၁)သတ်မှတ်ထားတဲ့ ပေါက်ဈေးဘောင်ကျော်ခဲ့ရင်... .(ဥပမာ..ပေါက်ဈေး.. ၅၈၀..ဒါပေမဲ့ သူတို့ပြောဈေး.. ၆၂၀)
(၂) ငွေရောင်းအ၀ယ်လုပ်တဲ့သူ... ၂ ယောက်ထက်ပိုခဲ့ရင်...
(၃)လက်ဖက်ရေဆိုင်.. (သို့) တစ်ဆိုင်ဆိုင်မှာ မလဲခဲ့ဘူးဆိုရင်
(၄)ငွေအရောင်းအ၀ယ်လုပ်သူရဲ့မျက်နှာထားဟာ... တည်ကြည်မှုပျက်ပြာနေခဲ့ရင်
(၅)မိမိရောင်းမယ့်..ဒေါ်လာကို.. အပြစ်အနာအဆာကို..ရှာကြံပြောပြီး.. အာရုံကိုပြောင်းအောင်လုပ်ခဲ့မယ်ဆိုရင်
(၆)ဒေါ်လာငွေကို.. ကိုယ်တိုင်ရေခွင့်မရှိခဲ့ဘူဆိုရင်(ဥပမာ..ဒေါ်လာ ၃၀၀ လဲမယ်ဆိုပါတော့ဗျာ.. .ဒေါ်လာကိုသူတို့ရှေ့မှာမိမိကိုယ်တိုင်တစ်ရွက်ချင်းရေခွင့်မရှိဘဲ.. ပေးလိုက်ရတယ်ပေါ့ဗျာ)
(၇)ငွေလဲမယ့်သူက.. မိမိတစ်ယောက်တည်းဖြစ်ခဲ့ရင်
(ဂ)ငွေအရောင်းအ၀ယ်လုပ်သူရဲ့ဖုန်းနံပါတ် မရှိခဲ့ဘူးဆိုရင် (သို့)အသိမိတ်ဆွေ(သို့)အရင်ကငွေလဲဖူးသူမဟုတ်ခဲ့ရင်
(၉)ငွေလဲပြီးနောက်... သူတို့ရှေ့မှာ..ငွေကိုနောက်တစ်ခါပြန်စစ်နိုင်ခွင့်မရှိခဲ့ဘူးဆိုရင်
(၁၀)အဖမ်းအဆီးရှိတယ်.. အဖမ်းဆီရှိတယ်လို့... တစ်စုံတစ်ယောက်က..ပြောသံကိုကြားရခဲ့ရင်
(၁၁)ငွေအရောင်းအ၀ယ် လုပ်တဲ့သူဟာ... တောက်တဲ့လိုနောက်ကတစ်ကောက်ကောက်လိုက်နေခဲ့မယ်ဆိုရင်
(၁၂)ငွေအရောင်းအ၀ယ် လုပ်သူဟာ.. သာမန်ထက်. အပိုစကားတွေပြောနေခဲ့မယ်ဆိုရင်
မယုံပါနဲ့... အလိမ်ခံရဖို့.. ရာခိုင်နှုန်းတော်တော်များပါတယ်..။
(နောက်မှဘဲ... သူတို့ဘယ်လိုဘယ်ပုံလိမ်တယ်ဆိုတာကတော့... နောက်ဆက်တွဲ..အနေနဲ့ချန်ထားပါစေအုံးဗျာ)
ခင်မင်စွာဖြင့်
အောင်ကျော်ဇင်မြင့်
Friday, September 9, 2011
ချစ်ခြင်းမေတ္တာ "Copy--- Paste"
အိမ်ရောက်တာနဲ့ "ထမင်းဆာလိုက်တာ... ထမင်းမကျက်သေးဘူးလား" လို့ အော်တတ်တဲ့သူဟာ သားသမီးပါ။ အိမ်ရောက်တာနဲ့ အဝတ်အစားတောင်မလဲဘဲ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်ပြုပ်တာ အမေပါ။
"ထမင်းက ပူလိုက်တာ၊ ဟင်းက ငန်လိုက်တာ" လို့ ညည်းတွားတတ်သူဟာ သားသမီးပါ။
အသီးအရွက်လေးပဲဖြစ်ဖြစ် ရှိတာလေးနဲ့ အရသာရှိရှိ ကြိုးစားချက်ပြုပ်တာ အမေပါ။
အမြဲတမ်း ပိုက်ဆုံလိုပြီလို့ လက်ဖြန့်တောင်း၊ မပေးပြန်တော့လည်း စိတ်တိုစိတ်ကောက်တတ်သူဟာ သားသမီးပါ။ ချွေတာမျှသုံး ဘာမဆို အသေးစိတ်တွက်ချက်လို့ သားသမီးပညာရေးအတွက်ဆိုရင် တွန့်တိုနှမြောခြင်းမရှိတာ အမေပါ။
မနက်အိပ်ရာထရမှာပျင်းတဲ့အပြင် ဟိုဟာဒီဟာ ညည်းတွားကျီး(ချေး)များတတ်တာ သားသမီးပါ။ ညဥ့်နက်မှအိပ်ရာဝင် မိုးလင်းရင်စောစောထလို့ မနက်စာပြင်ဆင်တာ အမေပါ။
အိမ်စာများတယ်၊ ကျောင်းသွားရတာ မောတယ်လို့ ညည်းတွားတတ်တာ သားသမီးပါ။ အဝတ်လျှော်၊ ထမင်းချက် တစ်နေကုန် အလုပ်ပင်ပင်ပန်းပန်းလုပ်တာတောင် မညည်းတွားတဲ့အပြင် ညအခါ သားသမီးနဲ့အတူ စာကျက်ဖော်လုပ်တာ အမေပါ။
တခြားလူချမ်းသာတာကို အားကျပြီး ကိုယ့်အိမ်ဆင်းရဲကြောင်းကို အပြစ်ဆိုတတ်တာ သားသမီးပါ။ အလုပ်မရှိရင် အငြိမ်မနေတတ် မနက်မိုးလင်းက မိုးချုပ်အထိအလုပ်လုပ် ငွေရှာတာ အမေပါ။
ကိုယ့်မိသားစုမွေးနေ့ကို မမှတ်မိ၊ ကိုယ့်သူငယ်ချင်းမွေးနေ့ရောက်ရင် မနက်စောစော လက်ဖြန့်ငွေတောင်း လက်ဆောင်ဝယ်ပေးတတ်တာ သားသမီးပါ။ ကိုယ့်မွေးနေ့ကိုမေ့ပြီး မိသားစု၊ သားသမီးတွေရဲ့မွေးနေ့ကို လက်ဆောင်တွေနဲ့ ပြင်ဆင်ပေးတတ်တာ အမေပါ။
အပြင်မှာ စိတ်ညစ်တာကြုံခဲ့ရင် အိမ်မှာမပြတ်ညည်းတွားပြပြီး ကိုယ်ချင်းစာစိတ်၊ နှစ်သိမ့်စိတ်ကို တောင်းဆိုတတ်တာ သားသမီးပါ။ အပြင်မှာ ဘယ်လောက်ပဲ စိတ်ညစ်တာကြုံခဲ့ကြုံခဲ့ အိမ်ပြန်ရောက်ရင် အတတ်နိုင်ဆုံးပြုံးရွှင်နေတတ်တာ အမေပါ။
စိတ်ညစ်၊ စိတ်တိုရင်ပေါက်ကွဲ၊ စိတ်ရှုပ်ရင်ညည်းတွားလို့ အိမ်ကို ခံစားချက်တွေပေါက်ကွဲရာနေရာလို့ သတ်မှတ်တတ်တာ သားသမီးပါ။ စိတ်ညစ်၊ စိတ်ရှုပ်တာတွေကို ရင်မှာမြိုသိမ့် ကိုယ့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေ မိသားစုကို ကူးစက်သွားမှာစိုးတာ အမေပါ။
ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက်နဲ့ မအားဘူးလို့အကြောင်းပြ အိမ်ကိုဖုန်းအဆက်နည်းတာ သားသမီးပါ။ ဖုန်းထဲမှာ နေကောင်းလား! စားဝလား! လို့စိတ်ပူ သားသမီးတွေကို အမြဲလွမ်းဆွတ်စိတ်ပူတတ်တာ အမေပါ။
အိမ်ကစုဆောင်းထားတာတွေ ခဏ"ချေးငှား"ပြီး အိမ်ကြီးအိမ်ကောင်းနဲ့ သက်တောင့်သက်သာနေတာ သားသမီးပါ။ တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ် အခုချိန်ထိ အိမ်အိုအိမ်ဟောင်းလေးနဲ့နေတာ အမေပါ။
အားလပ်ရက်တွေကို သူငယ်ချင်းတွေနဲ့ပျော်ပါး အိမ်ပြန်ဖို့မေ့နေတတ်တာ သားသမီးပါ။ သားသမီးတွေကို ခဏလေးပဲမြင်ရမြင်ရ မြင်ရတဲ့တခဏမှာ စိတ်ပျော်ရွှင်ချမ်းမြေ့နေတတ်တာ အမေပါ။
မိန်းမရ၊ ယောက်ျားရရင် မိဘကိုမေ့တတ်တာ သားသမီးပါ။
သားသမီးအတွက် တစ်သက်စိတ်ပူရုံမက မြေးတွေကိုပါ စိတ်ပူထိန်းကျောင်းပေးတတ်တာ အမေပါ။
ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ဖျားမှာချိတ်ဆွဲ၊ လက်တွေ့မှာ လှုပ်ရှားမှုမပြတတ်တာ သားသမီးပါ။ ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ထဲက လုံးဝထုတ်မပြောလည်း သားသမီးအပေါ် အချစ်တွေအမြဲကျဲဖြန့်တတ်တာ အမေပါ။
ချစ်ခြင်းမေတ္တာက အဲဒီလိုနည်းနည်းလေးတော့ အမြဲလွဲနေခဲ့ပါတယ်။ ဒါဟာ မိဘနဲ့သားသမီးကြားက ခြားနားချက်လေးပါ။ သားသမီးတွေ တဖြေးဖြေးကြီးပြင်းပြီး မိဘနေရာကို ရောက်လာချိန်ကျမှ ချစ်ခြင်းမေတ္တာရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်လာပါလိမ့်မယ်။ ပြီးတော့ အဲဒီချစ်ခြင်းမေတ္တာတွေကို ဘဝရဲ့အမှတ်တရအဖြစ် သိုလှောင်လာပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်မတို့က အဲဒီချစ်ခြင်းမေတ္တာကို " Copy----- Paste" အကြိမ်ကြိမ်လုပ်ဖို့ပဲ ပိုလိုအပ်နေပါတယ်။ ဒါမှ မိဘတွေကို ပျော်ရွှင်ချမ်းမြေ့စေမယ့် ခံစားမှုတွေကို ကျွန်မတို့ပေးနိုင်ပါလိမ့်မယ်။
***** "အမေ"ဆိုတဲ့နေရာမှာ "မိဘ" လို့ ဖြည့်ဖတ်နိုင်ပါတယ်။
မူရင်း--- http://www.jj59.com/jingpinwenzhang/0100450.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Thursday, September 8, 2011
Myanmar Network အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်း (Motivation in the Workplace from Learn English Website) Read more: အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်း (Motivation in the Workplace from Learn English Website) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A392673&xgs=1&xg_source=msg_share_topic#ixzz1XQOsROs8
MP3 အသံဖိုင်၊ မူရင်းဆောင်းပါးနှင့် လေ့ကျင့်ခန်းများကို British Council Learn English website (http http://learnenglish.britishcouncil.org/en/professionals-podcasts/mo...) တွင် သွားရောက်လေ့လာနိုင်ပါသည်။  
စီစဉ်ခန့်ခွဲမှုပညာ ပါမောက္ခတစ်ဦးနှင့် အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်းအကြောင်း တွေ့ဆုံမေးမြန်ထားတာကို နားထောင်ကြည့်ပါ။
မေး။       ။ မန်နေဂျာတစ်ယောက်အတွက် အလုပ်ခွင်မှာ စိတ်လှုံ့ဆော်ရတာ ဘယ်လောက်အရေးကြီးပါသလဲ။
ပါမောက္ခ။ အိုဗျာ။ စိတ်ကိုလှုံ့ဆော်တယ်ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ မန်နေဂျာတစ်ယောက်ရဲ့ အလုပ်မှာ အရေးအကြီးဆုံးအချက်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ဘယ်အလုပ်မျိုးပဲဖြစ်ဖြစ်၊ မန်နေဂျာတစ်ယောက်ရဲ့ တာဝန် ကတော့ အလုပ်ပြီးဖို့ပါပဲ။ ဒါကြောင့် မန်နေဂျာတစ်ယောက်ဟာ အလုပ်သမားတွေရဲ့စိတ်ကို လှုံ့ဆော်ဖို့လိုပါတယ်။ အဖွဲ့အနေနဲ့လဲ လှုံ့ဆော်ရမယ်။ တစ်ဦးချင်းစီအနေနဲ့လဲ လှုံ့ဆော်ရမယ်။ စိတ်ပါအောင် မစွဲဆောင်နိုင်ဘူးဆိုရင် အလုပ်ပြီးမှာ မဟုတ်ဘူး။
မေး။       ။ မန်နေဂျာတွေအနေနဲ့ ဒီလိုစွဲဆောင်တာတွေကို ဘယ်လိုများလုပ်နေကြသလဲ။ သိပ်တော့လွယ်မယ့်ပုံ မဟုတ်ဘူး။
ပါမောက္ခ။ ဟုတ်ပါတယ်။ ဒါကသိမ်မွေ့နက်နဲတဲ့ကိစ္စပါ။ ဒါပေမယ့် မန်နေဂျာတွေဆီမှာ နည်းလမ်းကောင်းတွေရှိပါ တယ်။ ဒီနည်းလမ်းကောင်းတွေကို သင်ထားပြီးတော့ စိတ်ပါအောင် လှုံ့ဆော်တယ်။ ပြီးတော့ ထုတ်လုပ်မှုကို အမြင့် ဆုံးရအောင် လုပ်တယ်။
မေး။       ။ နည်းလမ်းကောင်းတွေဆိုတာ ဘာတွေလဲ။
ပါမောက္ခ။ ဟုတ်တယ်။ နည်းလမ်းကောင်းဆိုတာက ချီးကျူးစကားပြောတာပါတယ်။ ဆက်လုပ်လို့ပြောတာပါတယ်။ လုပ်ထားတဲ့အလုပ်ကို အသိအမှတ်ပြုတာလဲ ပါတယ်။ ပြီးတော့ နည်းလမ်းကောင်းထဲမှာ ယုံကြည်မှုရှိတယ်ဆိုတာလဲ ပါတယ်။ ဘာတွေမျှော်လင့်တယ်ဆိုတဲ့ အချက်ပါတယ်။ ဒီအချက်တွေက အလုပ်သမားတွေအတွက် အရေးကြီးတဲ့ အချက်တွေပါ။
မေး။       ။ ပိုက်ဆံကကော။ ပိုက်ဆံကို ဘယ်လိုသဘောထားမလဲ။
ပါမောက္ခ။ ဟုတ်ပါတယ်။ ပိုက်ဆံဆိုတာကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် နည်းလမ်းကောင်းကို စာရင်းလုပ် လိုက်ရင် ပိုက်ဆံက နောက်ဆုံးနေရာက လိုက်တယ်။
မေး။       ။ ပိုက်ဆံရဲ့ရှေ့မှာ ဘယ်နည်းလမ်းတွေက နည်းလမ်းကောင်းတွေလဲ။ ဘယ်အချက်တွေက အလုပ်သမား တွေအတွက် ပိုပြီးအရေးကြီးသလဲ။
ပါမောက္ခ။ ဟုတ်ပါတယ်။ ကျွန်တော်ပြောပြခဲ့တဲ့အချက်တွေက အရေးကြီးပါတယ်။ ပြီးတော့အလုပ်ကို တန်ဘိုးတက် အောင်လုပ်တာလဲ ပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ဆက်သွယ်ရေးကောင်းအောင် လုပ်တာလဲပါတယ်။
မေး။       ။ ပါမောက္ခကြီးပြောနေတဲ့ အချက်တွေကို သက်သေပြနိုင်တဲ့ နမူနာတွေလက်တွေ့ ရှင်းပြပါလား။
ပါမောက္ခ။ သိပ်ကောင်းတဲ့နမူနာတစ်ခုကတော့ ၀က်စ်တန်အလက်ထရစ်ကုမ္ပဏီပဲ။ မန်နေဂျာတွေဟာ အလုပ်သမား တွေအပေါ် အရေးတစ်ယူလုပ်လာတဲ့အချိန်ကစပြီး ထုတ်လုပ်မှုတွေ အရမ်းတက်လာတယ်။ မန်နေဂျာတွေဟာ အလုပ် သမားတွေကို ပြောပြောဆိုဆိုရှိလာတယ်။ ဆုံးဖြတ်ချက်တွေချရမယ့် ကိစ္စတွေမှာ ပါဝင်ကြဖို့ကိုလဲ အားပေးတယ်။ ဒီတော့ ငါတို့အလုပ်တွေဟာ အရေးကြီးပါလားလို့ ခံစားမိလာကြတယ်။ ဒီတော့ အလုပ်ဖြစ်တာပေါ့။
မေး။       ။ ထုတ်လုပ်မှုတွေကော တက်လာသလား။
ပါမောက္ခ။ ဟုတ်ပါတယ်။ ဆွီဒင်ကုမ္ပဏီ ကိုချွန်း ဆိုရင်လဲ နမူနာပြလို့ရပါတယ်။ အဲဒီကုမ္ပဏီက ပျက်မလိုတောင်ဖြစ် သွားတယ်။ အဲဒီအချိန်မှာ မန်နေဂျာတွေက ဆုံးဖြတ်ချက်အသစ်ချပြီး လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်။
မေး။       ။ သူတို့ ဘယ်လိုလုပ်ကြသလဲ။
ပါမောက္ခ။ ပြောမယ်ဆိုရင်တော့ အလုပ်သမားတွေအပေါ်မှာထားတဲ့ သဘောထားကို ပြောင်းလဲလိုက်တာပါပဲ။ မန်နေဂျာတွေဟာ အမိန့်ပေးခိုင်းတဲ့ အလုပ်ကို ရပ်လိုက်ကြတယ်။ အမိန့်ပေးခိုင်းတဲ့နေရာမှာ စည်းရုံးလှုံ့ဆော် လာတယ်။
မေး။       ။ အဲဒီနည်းလမ်းက အလုပ်ဖြစ်သလား။
ပါမောက္ခ။ တကယ်အလုပ်ဖြစ်တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ 15 သန်း ရှုံးနေရာက ဆယ်နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း 100 ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။
မေး။       ။ ကောင်းပါပြီဗျာ။ တည့်တည့်ပဲ မေးပါရစေ။ ပါမောက္ခကြီးပြောနေတာက အလုပ်သမားတွေဟာ ငွေကို စိတ်မ၀င်စားဘူးလို့ ပြောနေတာလား။
ပါမောက္ခ။ ကျွန်တော်ပြောနေတာက အလုပ်သမားတွေဟာ ငွေတစ်ခုတည်းကို စိတ်ဝင်စားတာ မဟုတ်ဘူးလို့ ပြောတာပါ။ ဒီအချက်က အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ဘ၀မှာ ပျော်ရွှင်ဖို့အတွက် အဆင့်တစ်ခုကို ရောက်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်တော်အရင်က ပြောခဲ့သလို တစ်ခြားအရေးကြီးတဲ့ အချက်တွေရှိနေပါတယ်။ ချီးကျူးစကား တွေ၊ ဆက်လုပ်လို့ပြောတဲ့စကားတွေ၊ အသိအမှတ်ပြုတဲ့စကားလုံးတွေ၊ ယုံကြည်မှုတွေ၊ မျှော်လင့်ချက်တွေ၊ အလုပ်ကို တန်ဘိုးထားတတ်အောင် အားပေးတဲ့စကားတွေ၊ ပြီးတော့ အပြန်အလှန်ဆက်သွယ်ရေး နည်းလမ်းကောင်းတွေဟာ အရေးကြီးတဲ့အချက်တွေပါ။
MP3 အသံဖိုင်၊ မူရင်းဆောင်းပါးနှင့် လေ့ကျင့်ခန်းများကို British Council Learn English website (http http://learnenglish.britishcouncil.org/en/professionals-podcasts/mo...) တွင် သွားရောက်လေ့လာနိုင်ပါသည်။
Read more: အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်း (Motivation in the Workplace from Learn English Website) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A392673&xgs=1&xg_source=msg_share_topic#ixzz1XQOjwCYS
Wednesday, September 7, 2011
ရေညှိပင်နဲ့ ဝါးပင်
တနေ့ မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့  အားလုံးကိုအရှုံးပေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊အလုပ်ကိုအရှုံးပေးလိုက်မယ်မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။တောထဲရောက်တော့နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင်
ဘုရားသခင်နဲစကားပြောဖို့ သူဆုံးဖြတ်လိုက်တယ်။ 
ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား-
ကျွန်တော်ဘဝကိုအရှုံးပေးတော့မယ်။ကျွန်တော်အရှုံးပေးသင့်တယ်လို့ ပဲကျွန်တော်ထင်တယ်။
အရှုံးမပေးသင့်ကြောင်းသက်သေတစ်ခုတောင်ဘုရားသခင်ကျွန်တော့်ကိုပေးစရာမရှိဘူးမဟုတ်လား…”
လို့ မေးလိုက်တယ်။ဒါနဲ့ ဘုရားကပြန်မေးတယ်တဲ့။
“အသင့်အနားမှာရေညှိပင်တစ်ပင်နဲ့  ဝါးပင်တစ်ပင် တွေ့ လား” တဲ့။သူကတွေ့ ကြောင်းပြောတဲ့အခါမှ
ဘုရားက -“အိုလူသား။ အဲဒီရေညှိပင်နဲ့  ဝါးပင်ကို စပျိုးတုန်းကအတူတူပဲ။အစေ့နှစ်မျိုး ကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေသြဇာနဲ့နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။
မြေပေါ်မှာပေါက်လာပြီးမြေပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။ဝါးစေ့ကလေးကတော့ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ်ငါသူ့ အပေါ်မှာစွန့် လွှတ် အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီး ရေ လောင်း  ခဲ့ပါတယ်။
တစ်နှစ်လောက်ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက်တောင်ပိုပြီးပြန့် ပွားလာပါတယ်။
ဝါးစေ့လေးစိုက်ထားတဲ့နေရာမှာတော့ဘာမှဖြစ်မလာသေးပါဘူး။
၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲဘာထူးခြားမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့ အပေါ်မှာလက်လျှော့လိုက်ခြင်းမရှိဘဲ ဆက်ပြီးရေလောင်းပေးခဲ့ပါတယ်။၅နှစ်မြောက်မှာတော့ဝါးပင်ညှောင့်လေးစထွက်လာပါတယ်။ ဒီလိုစထွက်လာပြီး၆လအတွင်းမှာပဲ ပေ၁ဝဝ ကျော်အပင်ကြီးဖြစ်သွားပါတော့တယ်။ ဝါးပင်ဟာ ဒီလို အချိန် တို အတွင်း မှာ ဒီ လောက်အမြင့်ကြီးတက်နိုင်ဖို့ ၅နှစ်ကြာ အမြစ်တွယ်ယူခဲ့ရတယ်လေ။
ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့အရာ ချမပေးပါဘူး။
သူ့ နေရာနဲ့သူဖြစ်လာဖို့ အရည်အချင်းတွေပေးထားတယ်လေ။ ဝါးပင်လေးအပေါ်မှာ
လက်မလျှော့သလို အသင့်အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့ ။ ရေညှိပင်ဟာ
ရေညှိပင်နေရာမှာနေပြီး သစ်တောကို စိမ်းလန်းစေသလို၊ ဝါးပင်ဟာ
ဝါးပင်နေရာမှာနေပြီး သစ်တောကို လှပစေပါတယ်။
သင့်အလှည့်လာမှာပါ။ သင်အမြင့်ကိုတက်ဖို့ အခု အမြစ်တွယ်ဖို့ 
အချိန်ပေးထားတာပါ။”…လို့ ပြန်ဖြေသတဲ့။
ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက်မြင့်မြင့်တက်မှာလဲ” လို့ ပြန်မေးပါတယ်။
လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့  ပြန်ဖြေတော့
ဘုရားက “အေး..အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ
တက်လို့ ရတယ်။ ကြိုးစားပြီးတက်ပေတော့” လို့  ပြန်ပြောလိုက်ပါတယ်။
အဆိုးအားဖြင့်အရှုံးမခံနှင့် အကောင်းအားဖြင့်အဆိုးကိုနိုင်လော့
လ၀န်း
Tuesday, September 6, 2011
အင်္ဂါဂြိုဟ်သားနှင့် ကဗျာဆရာ စကားပြောခြင်း
(A)
မေး။ ။ ဒါဟာ ဘာလဲ။
ဖြေ။ ။ အဲဒါဟာ ပန်းလေးတစ်ပွင့်ပါ။
မေး။ ။ သူ့မှာ ဘာရည်ရွယ်ချက်ရှိသလဲ။
ဖြေ။ ။ ကျွန်တော် မသိဘူး။ သူ့မှာ ဘာရည်ရွယ်ချက်ရှိမလဲလို့ ကျွန်တော် မပြောနိုင်ဘူး။ သူဟာ သဘာဝပေါက်ပင်ပါ။ သူ့အလိုအလျောက်ပေါက်လာတယ်၊ ပြီး သူ့အလိုအလျောက်ပဲ ပွင့်လာခဲ့တယ်။
မေး။ ။ သူ့ဖြစ်စဉ်ဟာ ဘာလဲ။
ဖြေ။ ။ သူဟာ မျိုးစေ့လေးတစ်စေ့ဘဝကနေ အပွင့်ကလေးတစ်ပွင့် ပွင့်လာတယ်။ ပြီးတော့ အချိန်တန်ရင် အဲဒီအပွင့်ကလေး ကြွေသွားတာပါပဲ။
မေး။ ။ အချိန်တန်ရင်ဆိုတာ ဘာကိုရည်ညွှန်းတာလဲ။
ဖြေ။ ။ သူဆက်လက်ရှင်သန်ဖို့ တာဝန်ပြီးဆုံးသွားပြီလို့ ဆိုလိုတာပါ။
မေး။ ။ သူဟာ မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ သူဟာ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။
(B)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ ဒါဟာ စာအုပ်တစ်အုပ်ပါ။
မေး။ ။ သူရော မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။ သူဟာ (လုံလောက်တဲ့ အခြေအနေရှိရင်) ချိုမြိန်တဲ့မြို့ကြီးတွေကို မျိုးဆက်ပြန့်ပွားစေနိုင်ပါတယ်။
မေး။ ။ သူ့ရဲ့ အသုံးဝင်မှုက ဘာလဲ။
ဖြေ။ ။ သူဟာ တောင်များကို ရွေ့စေနိုင်ပါတယ်။ ကြယ်တာရာများကို ညှို့ငင်ထားနိုင်စွမ်းပါတယ်။ မုန်တိုင်းကို နဖားကြိုး ထိုးထားနိုင်ပါတယ်။ ကန္တာရမှာ သစ်တောကြီးတွေ ပေါက်လာစေပါတယ်။
မေး။ ။ တောင်၊ ကြယ်တာရာ၊ မုန်တိုင်း၊ ကန္တာရနဲ့ သစ်တောဆိုတာတွေကို ဘယ်မှာ တွေ့နိုင်မလဲ။
ဖြေ။ ။ စာအုပ်ထဲမှာ တွေ့နိုင်ပါတယ်။
မေး။ ။ စာအုပ်ကို စားသောက်လို့ရလား။
ဖြေ။ ။ ပိုးဟပ်နဲ့ ခြကလွဲလို့ ဘယ်သူမှ စာအုပ်ကို စားသောက်လို့မရပါ။
မေး။ ။ အဲဒီ စာအုပ်ဟာ အလေးချိန်ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ ရှစ်အောင်စပါ။
(C)
မေး။ ။ ဟိုဟာ ဘာဖြစ်နေတာလဲ။
ဖြေ။ ။ လူတစ်ယောက် ငိုနေတာပါ။
မေး။ ။ သူဘာတာဝန်ကို ထမ်းဆောင်နေတာလဲ။
ဖြေ။ ။ သူ…သူ့ကြေကွဲမှုကို ထုတ်ဖော်နေတာပါ။
မေး။ ။ ထူးခြားတဲ့အသံလှိုင်းကို သူဘယ်လိုရသလဲ။
ဖြေ။ ။ သူ့ကြေကွဲမှုက တစ်ဆင့်ရပါတယ်။
မေး။ ။ ကြေကွဲမှုကို ဘယ်စက်ရုံက ထုတ်လုပ်သလဲ။ သူ့ရဲ့ ဖော်မြူလာကိုပြောပြပါ။
ဖြေ။ ။ ကြေကွဲမှုကို စက်ရုံတွေက ထုတ်လုပ်ဖို့ ဘယ်တုန်းကမှ အစီအစဉ်မရှိကြပါဘူး။ ကြေကွဲမှုဆိုတာ ဆိုးဝါးတဲ့ စိတ်ခံစားချက်တစ်မျိုးပါ။ သူ့ရဲ့ ဖော်မြူလာကို မပြောပြနိုင်တာဟာ ကြေကွဲစရာပါပဲ။
မေး။ ။ သူဟာ မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ တိကျတဲ့ မှတ်တမ်းမှတ်ရာ မရှိပါ။
မေး။ ။ ကြေကွဲမှုဟာ စုစုပေါင်းအလေးချိန် ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ တိကျတဲ့ မှတ်တမ်းမှတ်ရာ မရှိပါ။
(D)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ သေနတ်တစ်လက်ပါ။ (ကျွန်တော် ကျည်ဆံထည့်ထားတယ်)
မေး။ ။ သူ့မှာ ဘာရည်ရွယ်ချက်ရှိသလဲ။
ဖြေ။ ။ သူဟာ သက်ရှိတွေကို သက်မဲ့ဖြစ်စေတယ်။
မေး။ ။ စွမ်းအင် အသွင်ပြောင်းလဲခြင်း ဖြစ်စေတာလား။
ဖြေ။ ။ ဟုတ်ကဲ့။ စွမ်းအင် အသွင်ပြောင်းလဲခြင်း ဖြစ်စေပါတယ်။
မေး။ ။ သူကရော မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။ ကမ္ဘာသမိုင်းမှာ အမည်အမျိုးမျိုးနဲ့ ထင်ရှားတဲ့စစ်ပွဲကြီးတွေဟာ သူ့ရဲ့ မျိုးဆက်ပြန့်ပွားမှုပေါ့။
မေး။ ။ သူ့ကို ဖန်တီးထုတ်လုပ်ထားတဲ့ သတ္ထုအမျိုးအစားကို ပြောပြပါ။
ဖြေ။ ။ ကြေးဝါနဲ့ သံမဏိပါ။
(E)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ ငွေစက္ကူပါ။
မေး။ ။ သူဟာ သီးပွင့်နိုင်ပါသလား။
ဖြေ။ ။ ဟုတ်ကဲ့။ သီးပွင့်နိုင်ပါတယ်။ ဒုက္ခတရားနဲ့ ပျော်ရွှင်မှုဟာ သူ့ရဲ့ အသီးအပွင့်တွေပေါ့။
မေး။ ။ သူဟာ အစာစားသလား။
ဖြေ။ ။ ဟုတ်ကဲ့။ စားပါတယ်။ ချွေးစက်နဲ့ တွေးခေါ်မျှော်မြင်မှုကို သူစားသုံးပါတယ်။
မေး။ ။ သူဘယ်လို အစာချက်သလဲ။ ကလိုရိုဖီးကတစ်ဆင့် ချက်လုပ်သလား။ အစာအိမ်က ချက်လုပ်သလား။
ဖြေ။ ။ သူဟာ တိတ်ဆိတ်တဲ့ အမိန့်တစ်မျိုးပေးပြီး အစာကို ချက်လုပ်ပါတယ်။
မေး။ ။ သူ့ရဲ့ ထင်ရှားတဲ့ဂုဏ်သတ္တိကို ပြောပြပါ။
ဖြေ။ ။ သူဟာ မိုက်မဲစေပါတယ်။ မိုက်မဲသူကိုလည်း ယဉ်ကျေးစေပါတယ်။ ကိုယ်တိုင်မီးလောင်ပြီး မီးလောင်ခြင်းကို အားပေးပါတယ်။
မေး။ ။ သူကရော မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။ ဘဏ်တိုက်ကြီးတွေနဲ့ ကြွေးစာရင်းတွေဟာ သူ့ရဲ့မျိုးဆက်ပြန့်ပွားမှုပါ။
(F)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ ဖောင်တိန်တစ်လက်ပါ။
မေး။ ။ သူဘာတာဝန်ကို ထမ်းဆောင်သလဲ။
ဖြေ။ ။ လူတစ်ယောက်ရဲ့ ဦးခေါင်းကို လူတစ်ယောက်ရဲ့ ဦးခေါင်းနဲ့ ဆက်သွယ်ပေးပါတယ်။
မေး။ ။ သူ့ရဲ့ဖွဲ့စည်းပုံကို ရှင်းပြပါ။
ဖြေ။ ။ ချွန်ထက်တဲ့ သတ္တုထိပ်ဖျားရှိပြီး အထဲမှာ ဉာဏ်ပညာမြစ် စီးဆင်းနေပါတယ်။ အဖုံးမှာ ချိတ်တစ်ခု ပါရှိတယ်။
မေး။ ။ သူ့ရဲ့ တန်ဖိုးကို ပြောပါ။
ဖြေ။ ။ နယူးယောက်မြို့ကြီးနဲ့ တန်ဖိုးချင်း ညီမျှပါတယ်။
မေး။ ။ သူ့ကို အသုံပြုပုံကို ပြောပြပါ။
ဖြေ။ ။ အရွေ့ စွမ်းအင်ကနေ ဘာသာဗေဒအဖြစ် ကူးပြောင်းရာမှာ သူ့ကို အသုံးပြုကြပါတယ်။
(G)
မေး။ ။ ခင်ဗျား ဘယ်သူလဲ။
ဖြေ။ ။ ကျွန်တော် ကဗျာဆရာပါ။
Friday, September 2, 2011
ပါဏာတိပါတကံအကြောင်းကိုလေ့လာသုံးသပ်ခြင်း
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။(သတ္တဝါ၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)တဲ့။ဒါက ဦးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စောင့်ထိန်းနေကြဖြစ်တဲ့ ငါးပါးသီလရဲ့ ပထမဆုံး သီလဖြစ်ပါတယ်။သတ္တဝါ၏ အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုရင် ပါဏာတိပါတ ကံလုံခြုံတယ်ပေါ့။သတ္တဝါရဲ့ အသတ်ကို သတ်လိုက်ရင် ပါဏာတိပါတကံကို ကျူးလွန်တာပါ။
ပါဏာတိပါတကံကို ကျူးလွန်လိုက်ရင် အောက်ပါဆိုးကျိုးတွေကို ရရှိစေပါတယ်။
(၁)။အသက်တိုခြင်း။
(၂)။အနာရောဂါထူပေါခြင်း။
(၃)။အင်အားဆုတ်ယုတ်ခြင်း။
(၄)။ကြောက်ရွံ့တတ်ခြင်း။
(၅)။စိုးရိမ် ပူဆွေးစိတ် များခြင်း။
(၆)။သူတစ်ပါး အနှိပ်စက်ခံရခြင်း၊
(၇)။သူတစ်ပါးသတ်လို့သေရခြင်း။
(၈)။ကိုယ်လက်၊အင်္ဂါချို့တဲ့ခြင်း။
(၉)။ကိုယ်လုံးကိုယ်ထည်အချိုးမကျခြင်း။
(၁၀)။ချစ်သူတို့နှင့်ကွဲကွာရခြင်း။ စသော ဆိုးကျိုးများကို ရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသူ၊ကျန်းမာရေး မကြာခဏမကောင်းပဲ အနာရောဂါထူပြောသူ။အားအင်ယိုယွင်းပြီး ချည့်နဲ့နေသူ။ဘေးရန်တစ်ခုခုပေါ်ပေါက်လာလျှင် အလွန်အမင်းကြောက်ရွံ့တတ်သူ၊စိုးရိမ် ပူပန်မှုများတတ်တဲ့သူ၊ သူတပါးရဲ့အနှိပ်စက်ခြင်းကို ခံနေရသူ၊သူတစ်ပါးသတ်လို့သေခြင်း၊မိမိဘာမိမိ အဆိပ်သောက် ကြိုးဆွဲချပြီး သေတတ်သူ၊ကိုယ်လက်အင်္ဂါ မပြည့်မစုံပဲ ချို့ယွင်းနေသူ၊ကိုယ်လုံးကိုယ်ထည် အချိုးမကျပဲဖြစ်နေသူ၊
အခြွေရံတွေပျက်ဆီးပြီး ချစ်တဲ့သူနဲ့ဝေးကွာခြင်းစတဲ့ချက်တွေနဲ့ပြည့်စုံနေသူများကိုတွေ့ရင် အဲဒီသူသည် အတိတ်က ပါဏာတိပါတကံကို ကျူးလွန်းခဲ့သူလို့သိထားစေချင်ပါတယ်။ဒါက ပါဏာတိပါတကံကို ကျူးလွန်လို့ ခံစားရတဲ့ဆိုကျိုးတွေပါ။
ပါဏာတိပါတလုံခြုံသူများကျတော့ ဆိုးကျိုးနဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုဖြစ်စေပါတယ်။အသက်ရှည်ခြင်း၊အနာရောဂါကင်းခြင်း၊အားအင်ပြည်ဖြိုးခြင်း၊
ကြောက်ရွံ့မှုကင်းခြင်း၊စိုးရိမ်ပူပန်မှုကင်းခြင်း၊သူတစ်ပါးတို့၏နှိပ်စက်ခြင်းမှကင်းဝေးခြင်း၊သူတစ်ပါး
သတ်လို့သေရခြင်းမှကင်းဝေခြင်း၊မိမိကိုယ်မိမိ အဆိပ်စသည်သောက်သေခြင်းမှကင်းဝေးခြင်း၊ကိုယ်လက်အင်္ဂါချို့တဲ့မှုမရှိခြင်း၊ကိုယ်လုံးကိုယ်ထည်လှပခြင်း၊
ချစ်ရသူနဲ့ပေါင်းသင်းရခြင်း၊အခြွေအရံများပြားခြင်း၊စတဲ့အကျိုးတရားတွေကိုခံစားကြရမှာဖြစ်ပါတယ်။
အရှင်လတ်လတ် ပုပ်နေသော ရဟန်း
သာဝတ္ထိပြည် ဇေတဝန်ကျောင်းဝင်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်းတော်တစ်ပါး ညောင်စောင်းပေါ်မှာ လူးလိမ့်ရင်း ဝေဒနာအပြင်းအထန်ခံစားနေပါတယ်။ရဟန်းရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ဆီးသီးခန့်၊ဆီးဖြူသီးခန့် ပမာဏရှိတဲ့ အနာလုံးကြီးများ သွေးတစိုစို ပြည်တရွှဲရွှဲ တစ်ကိုယ်လုံး အပ်ချစရာ နေရမကျန်အောင် အနှံ့အပြားပေါက်နေပါတယ်။ရဟန်းတော်ရဲ့ တစ်ကိုယ်လုံးကား ပုပ်စော်နံနေပါတယ်။ပြုစုမည့်သူလည်း တစ်ဦးတစ်ယောက်မျှမရှိပါဘူး။
ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ မဟာဂရုဏာတော် မေတ္တာကတော့ အင်မတန်မှကြည်ညိုဖွယ်ကောင်းလှပါတယ်။ဘာလို့လဲဆိုတော့ ပုပ်စော်နံပြီး မည်သူမှ မကပ်တဲ့ ဂိလာနရဟန်းတော်ကို ပြုစုဖို့ဆိုပြီးကြွရောက်တော်မူပါတယ်။မြတ်စွာဘုရား ရဟန်းတော်နားကိုရောက်လာတော့မှ အခြားရဟန်းတွေက ဝိုင်းအုံလာပြီး ဂိလာန ရဟန်းရဲ့ ကိုယ်ပေါ်မှာရှိတဲ့ သင်္ကန်းတွေကို လျှော်ဖွပ် လဲလှယ်ပေးခြင်း၊အနာလုံးကြီးများကို ဖန်ရည်ဖြင့်ဆေးကြောပေးခြင်း၊ဆေးထည့်ပေးခြင်း စတဲ့ သူနာပြုလုပ်ငန်းများကိုလုပ်ဆောင်ပေးတာပါ။အဲလိုပြုစုပေးလိုက်တော့မှ ထိုဂိလာနရဟန်း သက်သာရာရကာ ငြိမ်သက်တဲ့ စိတ်နဲ့ မှိန်းနေပါတယ်။
ပြောချင်တာက ထိုဂိလာနရဟန်း ဘာလို့အခုလို ဆိုးရွားတဲ့ရောဂါဝေဒနာကို ခံစားရတာလဲဆိုတာကိုပြောပြချင်တာပါ။လောကမှာ တရားသဘောအရ(အကြောင်းရှိမှ အကျိုးဖြစ်တယ်)။အကြောင်းကင်းပြီး အကျိုးဖြစ်လို့မရဘူး။ဒီရဟန်းဘာကြောင့် အခုလို ရောဂါဆိုး ဝေဒနာဆိုကျိုးကိုခံစားရတာလည်းဆိုတော့ ကဿပ မြတ်စွာဘုရားလက်ထက်တော်အခါက ထိုရဟန်းဟာ ငှက်မုဆိုးဖြစ်ခဲ့ပါတာပါ။ငှက်မျိုးစုံကို သတ်ပြီး ဘုရင့်စားတော်ပွဲအတွက် ဟင်းလျာတစ်ခုအနေနဲ့ဆက်သရပါတယ်။ကျန်တဲ့ ငှက်တွေကိုရောင်းပါတယ်။ရောင်လို့ မကုန်တဲ့ငှက်တွေကိုတော့ မပျံနိုင်အောင် အတောင် တွေကိုချိုးထားပါတယ်။မသွားနိုင်အောင်ခြေထောက်တွေကို ချိုးထားပါတယ်။တစ်ချို့ငှက်တွေကိုတော့ နောက်တစ်နေ့မှာသတ်ပြီးရောင်းချပါတယ်။အတောင်ချိုး၊ခြေချိုးထားတဲ့ငှက်တွေကိုတော့ နှစ်ရက် သုံးရက်နေပြီးမှသတ်ဖြတ်ပြီးရောင်းချပါတယ်။အဲဒီတော့ ငှက်များဟာ ဆင်းရဲဒုက္ခကို အချိန်ကြာကြာခံစားရပြီးမှ အသတ်ခံကြရတာပါ။အဲဒီမကောင်းတဲ့ အကုသိုလ်ကံအကြောင်းကြောင့် ယခုဘဝမှာ အရှင်လတ်လတ်ပုပ်နေတဲ့ ဆိုးကျိုးကိုခံစားရတာပါ။
ဒါပေမယ့် တစ်နေ့တော့ ငှက်မုဆိုးက ထိန့်လန့်သံဝေဂဖြစ်တာနဲ့ ရဟန္တာအရှင်မြတ်တစ်ပါးကို အရသာရှိတဲ့ ဆွမ်းနှင့် ဆွမ်းဟင်းလျာကိုလောင်းလှူပြီး မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ရပါစေလို့ဆုတောင်းပါတယ်။ယခုဘဝရောက်တော့ ထိုဂိလာနရဟန်းက ဝေဒနာကနေသက်သာလာတဲ့အခါ မြတ်စွာဘုရားက ဘာမျှ အသုံးမကျတဲ့၊ဘာမျှတင့်တယ်ခြင်းမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးရဲ့ အပြစ်ပြတရားတွေကိုဖော်ထုတ်ပြီး သစ္စာလေးပါးတရားတို့ကိုဟောပေးလိုက်တော့ ရဟန္တာ အရှင်မြတ်ကို လှူဒါန်းခဲ့တဲ့ ကုသိုလ်အထောက်ပံ့ကြောင့် အရဟတ္တ ဖိုလ်ဥာဏ်ထိရပြီး ပရိနိဗ္ဗာန်စံဝင်ခဲ့ပါတယ်။ဒီနေရာမှာတစ်ခုမေးဖွယ်ရှိလာပြန်တယ်။အဲဒါဘာလဲလို့ဆိုတော့ သတ္တဝါတွေကိုညှဉ်းပန်းနှိပ်စက်တဲ့ အကုသိုလ်ကံကြီးရှိနေပါလျှက် အရဟတ္တဖိုလ်ဥာဏ်ထိရနိုင်သလားပေါ့လေ။အဲဒီတော့ ပဉ္စာနန္ဒိရိယကံ မြတ်စွာဘုရားကိုသွေးစိမ်းတည်အောင်ပြုခြင်း၊ရဟန္တာကိုသတ်ခြင်း၊သံဃာသင်းကွဲစေခြင်း၊အမိကိုသတ်ခြင်း၊အဖကိုသတ်ခြင်းဆိုတဲ့ ကံကလွဲရင် ကျန်တဲ့အကုသိုလ်ကံကို အရိယာမဂ်က ပယ်သတ်နိုင်ပါတယ်။အဇာတသတ်မင်းသားဆိုလျှင် သာမညဖလသုတ်ကို နားကြားပြီးတော့ သောတာပန်တည်ရမည့်အစား အဖသတ်ထားတဲ့ကံကြောင့် အရိယာမဂ်နဲ့လွဲခဲ့တာပါ။အဲဒီတော့ အတိတ်ဘဝက မမြင်ရတဲ့ အကုသိုလ်ကံကြွေး၊ဒီဘဝမှာပြုလုပ်ထားတဲ့အကုသိုလ်ကံကြွေးတွေကို နှလုံးမသာမယာမဖြစ်ကြပဲ ပြုသင့်ပြုထိုက်တဲ့ ဒါန၊သီလ၊သမထ၊ဝိပဿနာအလုပ်များကိုကြိုးစားလုပ်သင့်တယ်လို့အသိပေးချင်တာပါ။
အကုသိုလ်ကံကြွေးတွေကို အရိယာမဂ်ကပယ်သတ်နိုင်တယ်ဆိုပြီး ကုသိုလ်အလုပ်ကိုမလုပ်ပဲ အကုသိုလ်အလုပ်တွေကိုတော့မလုပ်စေချင်ပါ။ဘာလို့လဲဆိုတော့ ဒီဘဝမှာတကယ်အရိယာမဂ်ကိုရမယ်ဆိုတာ ဘယ်သူမှကျိန်းသေ တွက်ဆလို့မရပါဘူး။ဂိလာနရဟန်းအရိယာမဂ်ကိုရတယ်ဆိုတာကလည်း သားသတ်မုဆိုးဘဝက ရဟန္တာအရှင်မြတ်ကိုလှူဒါန်းခဲ့တဲ့ကုသိုလ်ရယ် ၊အခြားဘဝတွေမှာပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေရယ် ပါရမီဥာဏ်တွေရင့်သန်လို့သာရခဲ့တာပါ။ဦးဇင်းတို့တွေက ပါရမီဥာဏ်ရင့်သန်နေတဲ့သူတွေဟုတ် မဟုတ်ဆိုတာ သေချာပြောလို့မရတာဖြစ်သည့်အတွက် အကုသိုလ်ကိုတော့ရှောင်ကြဉ်စေချင်ပါတယ်။ဒါက ပါဏာတိပါတကံကိုကျူးလွန်လို့ ခံစားရတဲ့ အကျိုးဒုက္ခပြ ပုံပြင်လေးတစ်ခုပါ။
ပါဏာတိပါတကံလုံခြုံရင်တော့ အထက်ကဖော်ပြခဲ့တဲ့ ကောင်းကျိုးတွေထဲက သူတစ်ပါးသတ်လို့မသေပဲအသက်ချမ်းသာခွင့်ရ၊လက်တွေ့ခံစားရတဲ့ အကျိုးတရားလေးတစ်ခုပြောပါဦးမယ်။ရှေးတုန်းက သီဟိုဠ်ကျွန်းမှာလယ်သမားကြီးတစ်ဦးပေါ့လေ နွားပျောက်လို့ နေရာအနှံ့အပြားလိုက်ရှာနေရာကနေ တောင်စောင်းတစ်ခုပေါ်မှာရပ်ပြီး နွားများကိုလှမ်းမျှော်ကြည့်ရှူ့ပြီးရှာဖွေနေတုန်း စပါးကြီးမြွေတစ်ကောင်က လယ်သမာကြီးရဲ့ ခြေထောက်ကို ရစ်ပတ်ထားပါတယ်။လယ်သမားကြီးက လက်ထဲမှာကိုင်ထားတဲ့ ထက်လှတဲ့ ပဲခွပ်ဖြင့် မြွေကြီးကို ခုတ်ပိုင်းရန်ကြံစည်ပြီးကာမှ၊ဝိင်္ဂလဗုဒ္ဓရက္ခိတမထေရ်ထံမှာ ဆောက်တည်ခဲ့သီလကို ပြန်ပြီးသတိရလို့ မြွေကြီးကို မသတ်ပဲ ပဲခွပ်ကိုတောထဲသို့လွင့်ပစ်လိုက်ပါတယ်။အဲဒီအခါရောက်တော့မှ မြွေကြီးက အခွေကိုဖြေကာ တောထဲသို့လျှောကနဲ ဝင်သွားပါတယ်။ပြောချင်တာက သူတစ်ပါးအသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျှင် မိမိလည်း အသက်ချမ်းသာရတယ်၊အသက်ရှည်တယ်လို့ပြောလိုခြင်းသာဖြစ်ပါတယ်။ပါဏာတိပါတကံကျူးလွန်
လျှင် ပစ္စုပ္ပန်လည်းမကောင်း၊နောင်သံသရာလည်းမကောင်း။နောင်သံသရာဆိုရင်တော့ ဆိုးကျိုးဆယ်မျိုးလုံးနဲ့ဆိုးကျိုးတွေခံစားရပြီး၊ရှောင်ကြဉ်မယ်ဆိုရင်တော့ အခုလည်းကောင်း နောင်သံသရာလည်းကောင်းပါတယ်။အားလုံး သူတစ်ပါးအသတ်ကိုသတ်ခြင်းမှ ရှောင်ကြဉ်စေလိုကြောင်း ဒီပိုစ့်လေးနဲ့ အသိပေးလိုက်ရပါသည်။ဒီလောက်ဆိုရင် ပါဏာတိပါတကံရဲ့ ဆိုးကျိုး၊ကောင်းကျိုးတို့ကိုသိနားလည်လောက်ပါပြီး။အဒိန္ဒာဒါန အကြောင်းကိုဆက်ရေးပါဦးမည်။
အားလုံးကိုယ်စိတ်နှစ်ပါး၊ကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)ပ
မြန်မာလူမျိုးများ ကဥာဏ်ရည်မနိမ့်ပါ.... ဆိုတဲ့ စာရေးဆရာကောင်းသန့် 
မြန်မာလူမျိုးများ ကဥာဏ်ရည်မနိမ့်ပါဘူး။ဥာဏ်ရည်မြင့်ပါတယ်။စာဖတ်အားနည်းတာ ကြောင့်ဖွံ့ ဖြိုးမှူနှေး နေရတာပါ။ဥရောပနိုင်ငံတွေမှာ စာအုပ်ထုတ်ရင်အရေအတွက်(၂ - သန်း)လောက်ထုတ်ရတယ် ၊ အရှေ့ တောင်အာရှမှာတော့ သောင်းဂဏန်းထုတ်ကြတယ်။ မြန်မာနိုင်ငံမှာက တော့ စာအုပ်ထုတ်ရင် စာအုပ်အရေအတွက်က ၅၀၀ ၊ ၁၀၀၀ လောက်ပဲထုတ်နေရတယ်။အသိဥာဏ်နိမ့်ကျတာ စနစ်ရောလူပါ နှစ်ခုစလုံးနဲဆိုင်တယ်။
ဒီနေ့ ကလွန်ခဲ့တဲ့နှစ် (၂၀) နဲ့  မတူတော့ဘူး။ဒါကပြောင်းလဲမှူတစ်ခုပါ ။ ဒီအပြောင်းအလဲနောက်မှာ နောက်ထက်အပြောင်းအလဲတွေများကြီးဖြစ်နိုင်တယ် ။ရွေးကောက်ပွဲဝင်တဲ့ အထဲမှာအသိပညာ အတက်ပညာရှင်တွေ ပါဝင် လာခြင်းကမြန်မာတို့ အတွက်အပေါင်းလက္ခဏာလို့ မျှော်လင့်နိုင်ပါလိမ့်မယ်။
နိုင်ငံဖွံဖြိုးတိုးတက်ဖို့ ဆိုတဲ့နေရာမှာလွတ်လပ်တဲ့ စီးပွားရေးစနစ် ၊ တောင့်တင်းခိုင်မာတဲ့ပညာ ရေးစနစ်တို့ ကအဓိကအချက် နှစ်ချက်ဖြစ်ရမယ်။ ဒီနှစ်ချက်က အပြန်အလှန်အညမညသဘော ဆောင်နေတယ်။ မလွတ်လပ်တဲ့စီးပွားရေးနဲ့ လူတွေလုပ်ကိုင်ဖို့ အခွင့်အလမ်းအားနည်း နေတယ်ဆိုရင် လူတိုင်းလူတိုင်း ချောင်ချောင်ချိချိ မရှိနိုင်ဘူး။ စီးပွားရေး မချောင်လည်ရင် ပညာမသင်နိုင်ဘူး။ပညာမသင်နိုင်ရင် ဆင်းရဲမွဲတေမယ် ။ ဆင်းရဲမွဲတေရင် ကိုယ့်ဘ၀ကိုယ် ဘယ်လိုတည်ဆောက်ရ မယ်ဆိုတာကို မသိနိုင်ဘူး ။ ဒါကြောင့်ဒီနှစ်ခုက အပြန်အလှန် အမှီသဟဲပြုနေတယ်။ မိမိဘ၀ကိုမိမိကိုယ်တိုင်မှမတည်  ဆောက်နိုင်တဲ့ လူတစ်ယောက်ဟာ နိုင်ငံဖွံ့ ဖြိုးရေးအတွက်ကိုမဆိုထားနှင့် နိုင်ငံကောင်းကျိုး အတွက်ပါဝင်ကူညီဖို့ တောင် အလှမ်းဝေးလှပါတယ်။
Written by : Ohnmar
Thursday, August 18, 2011
............ဘုရားရှေ့က ခြင်္သေ့ရုပ်က ဒီလိုပါ..........
စာရေးသူယခု တင်ပြသွားမည့်စာသားလေးက (ဘုရားရှေ့က ခြင်္သေ့ရုပ်က ဒီလိုပါ )ဆိုတဲ့ အကြောင်းလေးကို
မှားသောအပိုင်း နှင့် မှန်သောအပိုင်း ဆိုပြီး
နှစ်ပိုင်းခွဲခြားရေးသားသွားမှာဖြစ်ပါတယ်။ ယခုအကြောင်းအရာကို ရေးသားရခြင်းအကြောင်းကား စာရေးသူ ဟင်္သာအကြောင်းကို ရေးသား၍ မျှဝေလိုက်သောအခါ စာပေချစ်ခင်သူများသည် ခြင်္သေ့အကြောင်းကိုလည်း သိချင်ပါသည် ဆက်လက်၍ ရေးသားပေးရန် တောင်းဆိုသူများ ရှိခဲ့သောကြောင့် ခြင်္သေ့အကြောင်းကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။ အချို့စာပေချစ်ခင်သူများသည် ဘုရားစေတီများရှေ့တွင် ခြင်္သေ့ပုံကို တွေ့မြင်ကြရသည့်အခါ ခြင်္သေ့အကြောင်းကို သိချင်သူများ
အလွန်တရာများလှသည်။ တချို့သိသူများရှိသလို မသိသူများလည်း အလွန်များလှသည်။ တချို့သိသူများကလည်း ဃဃနန သိသူရှိသလို လွဲမှားပြီး သိကြသူများလည်းရှိကြသည်။ သိပြီးသူများလည်း ပြန်လည်၍သိစေခြင်းငှါလည်းကောင်း၊ တိတိကျကျ မသိသေးသည့် သူများလည်း မှန်မှန်ကန်ကန် သိစေခြင်းငှာလည်းကောင်း လက်လှမ်းမှီသမျှ ရှာဖွေစုဆောင်း၍ရေးသားသွားပါမည်။
တချို့ဗုဒ္ဓဘာသာဝင် အများစုသည် သီဟဗာဟု မင်းကို အကြောင်းပြုပြီး ဘုရားစေတီရှေ့များတွင် ခြင်္သေ့ရုပ်ပုံများ ထုလုပ်ထားသည်ဟု ရေးသားသူများရှိသလို သိရှိထားကြသူများလည်း ရှိကြပေသည်။ အထက်ပါ အထောက်ထား မှန်မမှန် ဝေဖန်သုံးသပ်ဘို့ များစွာလိုအပ်လှပေသည်။
သီဟဗာဟုမင်းနှင့်ပတ်သက်ပြီး ဘုရာစေတီများရှေ့တွင် ခြင်္သေ့ရုပ်ပုံများထုလုပ်ထားသည်ဟုရေးသားထားသော
( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ ) ထုတ်တွင်လည်းကောင်း၊
မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) နှင့်
ဓမ္မရတနာ(Google groups) မှာလည်း ဖြန့်ဝေထားသည်ကို စာရေးသူရှာဖွေဖတ်မှတ်ထားပါသည်။
ရေးသားထားပုံမှာ...........
..............ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု...........
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာသာတရားကို လွန်စွာယုံကြည် ကိုးစားကာ ရိုသေကိုင်းရှိုင်းကြပေသည်။ မြန်မာပြည်တ၀န်း အရပ်ရပ်တွင် ဘုရားစေတီ ပုထိုးတို့ကို တွေ့မြင်နိုင်ပါသည်။ ယင်းစေတီပုထိုးတို့၏ မုခ်ဦးတွင် ခြင်္သေ့ရုပ်တု နှစ်ခုကို တွေ့မြင်ရသည်မှာ အထင်အရှားပင်။ ထိုကဲ့သို့ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့မြင်ရခြင်း အကြောင်းရင်းမှာ အောက်ပါ ပုံဝတ္ထုအရတို့ ဖြစ်ပါသည်။
ရှေးအခါက ၀င်္ဂတိုင်းကို အစိုးရသော ၀င်္ဂရာဇ်မင်းသည် ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်၏။ ထိုမိဖုရားမှ သမီးတော်တပါး ဖွားမြင်၏။ သမီးတော်လေး၏ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည်-ဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မင်းသမီးကို ကေသရီ-ဟု အမည်မှည့်ကြ၏။ ကေသရီသည် လွန်စွာလှပ ချောမောလှသော်လည်း ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၏။ ခမည်းတော်၊ မယ်တော်တို့ ဆိုဆုံးမခြင်းကို နာခံခြင်း မရှိသောကြောင့် ပြည်မှ နှင်ထုတ်လိုက်၏။
မင်းသမီးလည်း ဆင်းရဲသူမ အသွင်ဖြင့် လှည်းကုန်သည်တို့နှင့် လိုက်သွားလေသည်။ လာဠတိုင်းဖြစ်သော တောအုပ်သို့ ရောက်သည့်အခါ ကျောက်ဂူ၌ နေသော ကေသရာဇာခြင်္သေ့မင်းသည် လှည်းအပေါင်းကို လိုက်လေသည်။ လှည်းသားများ ကြောက်ရွံ့၍ ထွက်ပြေးပုးန်းရှောင်ကြ၏။ မင်းသမီးမှာမူ နိမိတ်ဖတ်ပညာရှိတို့ စကားကို သိထားလေရာ ခြင်္သေ့မင်းရှိရာသို့ ပြေးသွားတော့၏။ ခြင်္သေ့မင်းလည်း မင်းသမီးကို မြင်တွေ့လေသော် တပ်မက်သောစိတ်ရှိသဖြင့် ခါးအမြီးတို့ကို လှုပ်လျက် နားနှစ်ဖက်ကို ချပြီးလျှင် စောင့်နေ၏။ မင်းသမီး၌ တပ်စွန်းခြင်းရှိသောကြောင့် မိမိကျောကုန်းထက်၌ တင်ပြီးလျှင် ကျောက်ဂူသို့ ခေါ်ဆောင်သွား၏။မင်းသမီးသည် ခြင်္သေ့မင်းဖြင့် သားတယောက်၊ သမီးတယောက် အမြွှာမွေးဖွား၏။ သားကို သီဟဗာဟု နှင့် သမီးကို သီဟသီဝလိ-ဟု အမည်မှည့်၏။ သားနှင့်သမီးတို့ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော် မိခင်အား ၄င်းတို့သည် မိခင်နှင့်သာ အသွင်တူ၍ ဖခင်နှင့် မည်သို့သောကြောင့် အသွင်မတူသနည်းဟု မေး၏။ ထိုအခါ မိခင်က ယင်းသည် ခြင်္သေ့မင်းနှင့် ပေါင်းဖက်ရသည့်အကြောင်းကို ပြောပြလေသည်။ သားဖြစ်သူက မိခင်နှင့် နှမကိုခေါ်၍ မိမိအဘိုးရှိရာ ၀င်္ဂတိုင်းသို့ ထွက်ပြေး၏။ ၀င်္ဂတိုင်း၏ နယ်စွန်ဖြစ်သော ပစ္စန္တရာဇ်သို့ ရောက်လေရာ မင်းသမီးဦးရီးတော်၏ သားဖြစ်သူ အနုနမည်သော စစ်သူကြီးနှင့် တွေ့ဆုံကြလေသည်။ အနုနစစ်သူကြီးက အကျိုးအကြောင်းကို မေးမြန်းရာ ၀င်္ဂမင်း၏ သမီးတော်ဖြစ်ကြောင်း
သိသွားသဖြင့် ၀င်္ဂမြို့သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေလေသည်။ခြင်္သေ့မင်းလည်း အစာရှာရာမှ ပြန်လာသော် ဇနီးနှင့်သားသမီးတို့ကို မတွေ့သဖြင့် ပူပင်သောကရောက်ကာ လိုက်လံရှာဖွေရာ တိုင်းစွန်ပြည်နားသို့ပင် ရောက်ရှိခဲ့၏။ ခြင်္သေ့ဝင်သဖြင့် ရွာအများပျက်စီးကြရလေသည်။ ထို့ကြောင့် ပြည်သူအများက ၀င်္ဂမင်းကြီးအား ခြင်္သေ့ကို နှိမ်နင်းပေးပါရန်
လျှောက်ထားကြသည်။ မင်းကြီးလည်း ဆင်ကုန်းထက်တွင် ဆုငွေထောင်ထုပ်ကို တင်လျက် ခြင်္သေ့ရန် နှိမ်နင်းနိုင်သူကို ရှာဖွေစေ၏။ သီဟဗာဟု သတို့သားလည်း ဤခြင်္သေ့သည် ငါတို့ကို မတွေ့သမျှ ရှာဖွေမည်သာ။ သို့ဖြစ်၍ ဤခြင်္သေ့ကို သတ်မှ ငြိမ်းအေးမည်-ဟု မယ်တော်ကို တိုင်ပင်၏။ မယ်တော်က နှစ်ကြိမ်တိုင်တိုင် တားမြစ်သည်။ သုံးကြိမ်မြောက်၌မူ မယ်တော်ကို မပန်ကြားဘဲ အသပြာထောင်ထုပ်ကို ယူပြီးလျှင် ဓား၊ လှံ၊ လေးမြားတို့ကိုယူ၍ ခြင်္သေ့ရှိရာ ကျောက်ဂူသို့ သွားလေ၏။ ခြင်္သေ့မင်းလည်း အဝေးမှ လာနေသောသားကို မြင်ရသော် ချစ်ခြင်းမေတ္တာစိတ်ဖြင့် စောင့်လင့်ကာ နေတော့သည်။ မင်းသားလည်း မြားရောက်နိုင်သည့် နေရာမှရပ်၍ မြားဖြင့်ပစ်လွှတ်၏။ သားအား ချစ်ခြင်းမေတ္တာအဟုန်ကြောင့် မြားသည်
ခြင်္သေ့မင်း၏ နဖူးကို ထိမှန်သော်လည်း စူရှခြင်းမရှိဘဲ ပြန်လည်၍ မင်းသား၏ခြေရင်း၌ ကျ၏။ ဤသို့ သုံးကြိမ်မြောက် ပစ်ပါသော်လည်း ရှေးနည်းတူပင် ပြန်လည်၍ မင်းသား၏ခြေရင်း၌ကျ၏။ ပစ်ဖန်များသော် ခြင်္သေ့မင်းလည်း အမျက်ထွက်လာသဖြင့် လိုက်၍ နှိပ်စက်ခြင်းငှါ ကိုယ်ကို လှုပ်ရှား၏။ ထိုအခါမှ ပစ်လွတ်သောမြားသည် နဖူးမှဝင်၍ ရင်သားကို ထွင်းဖောက်ကာ ကျောကုန်းမှ ထွက်ပြီးလျှင် မြေသို့ဝင်လေ၏။ ခြင်္သေ့မင်းလည်း သေဆုံးလေရာ မင်းသားသည် ခြင်္သေ့ဦးခေါင်းကို ဖြတ်၍ မင်းအား ဆက်သရန် ယူဆောင်လာခဲ့သည်။
ဝင်္ဂမင်းကြီးသည် ခြင်္သေ့ရန်ကို နှိမ်နင်းရန် သီဟဗာဟုအား စေလွှတ်ပြီးနောက် ကိုယ်တွင်းရောဂါဖြင့် ကံတော်ကုန်လေသည်။ အလောင်းကို သင်္ဂြိုဟ်ပြီး ခုနစ်ရက်မြောက်နေ့တွင် မင်းသားပြန်ရောက်လာခဲ့၏။ သီဟဗာဟုသည် ၀င်္ဂမင်း၏ မြေးတော် အရင်းလည်း ဖြစ်သဖြင့်လည်းကောင်း၊ ခြင်္သေ့ရန်ကို နှိမ်နင်းအောင်နိုင်ခဲ့သဖြင့်လည်းကောင်း၊ မှူးမတ်အပေါင်းတို့က ထီးနန်းကို အပ်နှင်းကြလေသည်။ သီဟဗာဟုလည်း မယ်တော်နှင့် ခင်ပွန်းအနုရက္ခ စစ်သူကြီးတို့အား ထီးနန်းကို အပ်နှင်းကာ မင်းပြုစေ၏။ မိမိမူကား နှမတော် သီဝလိကို မိဖုရားပြုကာ လိုက်လိုသူများကို ခေါ်ဆောင်လျက် မိမိအား မွေးဖွားရာ လာဠတောအုပ်ကို ရှင်းလင်းသုတ်သင်ပြီးလျှင် ခြင်္သေ့ဂူကို အဦးထား၍ မြို့တည်နေလေသည်။ ထိုမြို့ကို သီဟပုရမြို့-ဟု အမည်သမုတ်၏။
သီဟဗာဟုမင်းသည် မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိကာ ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဘုရားစေတီပုထိုးတို့၏ မုခ်ဝတွင်လည်းကောင်း၊ ပစ္စယံ ၀န်းကျင်တွင်လည်းကောင်း၊ ခြင်္သေ့ရုပ်တုတို့ကို တွေ့မြင်နိုင်ပါသည်။ အသောကမင်းကြီး၏ စိုက်ထူသော ဆန်ချီနှင့်ဘာရု (Sanchi and Bharut) တွင်ရှိသည့် တိုင်ထိပ်၌ ခြင်္သေ့သုံးစီ၏ ရုပ်တုကို တွေ့မြင်ရပါသည်။
အထက်ပါ ပုံဝတ္ထုအရ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့ရသည်ဟု ယူဆမိပါသည်။
( တက္ကသိုလ်-ခေမာ။ ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ )
အထက်ပါအထောက်အထားနှင့်ရေးသားထားသော အကြောင်းအရာများကို ရေးသားရာဝယ် ကျမ်းအမည်မပါပါ။
ထို့ကြောင့်စာရေးသူသည် ကျမ်းအမည်ကို ထပ်၍ ဖြည့်စွက်ထည့်ပေးလိုက်ပါသည်။ ကျမ်းအမည် ...မဟာဝင် စာအုပ်ကြီးဖြစ်ပါသည်။
မဟာဝင်စာအုပ်သည် အမှန်တော့ သီဟိုဠ်ရာဇ၀င် စာအုပ်ဖြစ်ပါသည်။ စာပေကို ချစ်ခင်ကြသူ မိတ်ဆွေအားလုံးတို့ ဘာသာရေးမှာ အသိတိုးစေဘို့ မဟာဝင်စာအုပ်ကို ဖတ်စေချင်ပါသည်။
အထက်ပါဆောင်းပါး၏ ဆိုလိုချက်ကို အကျဉ်းချုပ်ပြရမယ်ဆိုရင်..
သီဟဗာဟုမင်းရဲ့ မိခင်ဟာ ခြသေ့င်္နဲ့ ပေါင်းသင်းပြီး သားဖြစ်သော သီဟဗာဟုနဲ့ သမီးဖြစ်သော သီဟသီဝလ တို့ကိုမွေးပါသည်။ မွေးဖွားလာသော သီဟဗာဟုဟာ အဖေဖြစ်တဲ့ ခြသေ့င်္ကို နောက်ဆုံးသတ်မိသောကြောင့်.သီဟဗာဟုမင်းလည်း မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအခါ နောင်တတရား ရပြီး ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်သည်.ဟု ဆိုလိုပါတယ်.
တကယ်စဉ်းစားကြည့်မယ်ဆိုရင်ဖခင်ကိုသတ်မိလို့ နောင်တ ရ ကိုးကွယ်တာနဲ့ ဘုရားရှေ့မှာ ခြင်္သေ့ပုံကို ထားတာနဲ့ နှိုင်းယှဉ်ကြည့်လိုက်သောအခါ မသက်ဆိုင်ပဲ ကွာခြားနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် စာပေချစ်ခင်သူ ဗုဒ္ဓဘာဝင်တို့လည်း အလေးနက်ထား နှိုင်းယှဉ်ပါက ခြင်္သေ့ရုပ်ကို ဘုရားရှေ့မှာထားမှုနဲ့ မသက်ဆိုင်တာကို သိနိုင်ပါလိမ့်မည်။
စာရေးသူ လေ့လာရှာဖွေပြီး အမှန်ကို တင်ပြရမည်ဆိုလျှင်........
ဗုဒ္ဓဘာသာနဲ့ပက်သက်တဲ့ သင်္ကေတများအကြောင်းကိုလေ့လာလိုက်သောအခါ ..အောက်ပါတိုင်းဖြစ်ပါသည်။
ဦးဇင်းတို့ ဂေါတမဘုရားရှင်သည် ၀ါဆိုလတွင်
ပဋိသန္ဓေယူခြင်း၊
တောထွက်ခြင်း၊
တရားဦး ဓမ္မစကြာဟောကြားခြင်းတို့ဖြစ်ပါသည်။
ပဋိသန္ဓေယူသောအခါ ဆင်သင်္ကေတဖြင့်လည်းကောင်း၊
တောထွက်သောအခါ မြင်းသင်္ကေတဖြင့်လည်းကောင်း၊
တရားဦး ဓမ္မစကြာဟောကြားသောအခါ စကြာ .လှည်းဘီး သင်္ကတဖြင့်လည်းကောင်း အမှတ်သားပြုထားသည်ကိုတွေ့ရပါသည်။
တဖန်...
ကဆုန်လတွင်
ဖွားမြင်ခြင်း၊
ပွင့်( သစ္စာသိ) ခြင်း၊
စံ (ပရိနိဗ္ဗာပြု) ခြင်း နှင့် ဗျာဒိတ်ခံ ယူခြင်းတို့ကို စာပေတွင် လေ့လာတွေ့ရှိရပါသည်။
ဖွားမြင်သောအခါ ကြာသင်္ကေတနှင့် ရာသီခွင်ကို နွားသင်္ကေတတို့ဖြင့်လည်းကောင်း၊
ပွင့် ( သစ္စာသိ) သောအခါ ဗောဓိပင်နှင့် ခြင်္သေ့သင်္ကေတတို့ဖြင့်လည်းကောင်း၊
စံ (ပရိနိဗ္ဗာန်ပြု) သောအခါ နွားသင်္ကေတနှင့်ထူပါသင်္ကေတတို့ဖြင့်လည်းကောင်း၊
ဗျာဒိတ်ခံသောအခါ ကြာသင်္ကေတတို့ဖြင့်လည်းကောင်း စာပေမှာ လေ့လာမှတ်သားရပါသည်။
သင်္ကေတတို့၏ ဆိုလိုချက်များကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသေးသည်။
ကြာ ..... မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်အခါက မွေးပြီးလျင်ပြီးချင်း နင်းလျောက်ခဲ့သောအရာ၏ သင်္ကေတ ဖြစ်ပါတယ်။
နွား ...... မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်နဲ့ ပရိနိဗ္ဗာန်စံဝင်သည့် လ၌ ရှိသော ရာသီခွင်၏ သင်္ကေတဖြစ်ပါတယ်။
ဆင် ..... မယ်တော်မာယာဝမ်းကြာတိုက်သို့ ပဋိသန္ဓေယူခဲ့စဉ်က အမှတ်အသားဖြစ်သည့် သင်္ကေတဖြစ်ပါတယ်။
မြင်း ...... မြတ်စွာဘုရားလောင်းတော် တောထွက်စဉ်က စီးခဲ့သော မြင်း၏ သင်္ကေတဖြစ်ပါတယ်.
(တနည်း) ကုသိုလ်တရားများပြုရာတွင် လျင်မြန်စွာပြုခြင်း၏ သင်္ကေတဖြစ်ပါတယ်..
စကြာ..... ဘုရားရှင် ဓမ္မစကြာဟောစဉ်က မဂ္ဂင်ရှစ်ပါး၏ သင်္ကေတဖြစ်ပါတယ်..
ဗောဓိပင် ....... သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ခဲ့သည့် နေရာ၏ သင်္ကေတဖြစ်ပါတယ်
ထူပါ ..... ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ကာ မီးသင်္ဂြိုလ်ပူဇော်ခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
ခြသေ့င်္ .... သစ္စာလေးပါးကို ရဲဝံ့စွာသိခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
(တနည်း)ဘုရားရှင်တို့မည်သည် အကျိုးကို မကျင့်ပါ..အကြောင်းကိုသာ ကျင့်ပါတယ်။..
ခြင်္သေ့၏ သဘောသဘာဝသည် ရဲ့ရင့်ခြင်း မကြောက်လန့်ခြင်းဖြစ်၏။ ခြသေ့င်္သည် သားကောင်ကို ဖမ်းသောအခါ ငယ်သည်ဖြစ်စေ ၊ ကြီးသည်ဖြစ်စေ အားအင်အပြည့်ဖြင့် ဖမ်းလေ့ဖမ်းထရှိသည်။ အားအင်အကုန်ထုတ်သုံးခြင်းဆိုတဲ့ အကြောင်းတရားကြောင့် မည်သည့်သတ္တ၀ါမျှ မလွတ်တော့ဘဲ အသေသတ်ပုတ်နိုင်မည်။ ခြင်္သေ့သည် တစ်စုံတစ်ဦးက သူ့အား မည်သည့်လက်နက်ဖြင့် ပစ်ခတ်ပြီး ရန်မူသော်လည်း လက်နက်ကို အရေးမစိုက် အကြောင်းဖြစ်သော ရန်သူကိုသာ ရဲဝံ့စွာ နောက်မဆုတ်ပဲ ခုခံတိုက်ခိုက်ပြီး အနိုင်ယူလေ့ရှိပါသည်။ ခြင်္သေ့သည် အကြောင်းတရားကိုသာ လိုက်ပြီး အပြတ်ရှင်းသည်ဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။
ထိုနည်းတူစွာ မြတ်စွာဘုရားရှင်သည်လည်း သစ္စာလေးပါးကို သိရာဝယ် ပြိုင်ဘက်မရှိ ရဲရင့်လှပေသည်။ အမှန်ဖြစ်သော ပဋိစ္စသမုပ္ပါဒ် တရားကို သိသည့်အတိုင်း ရဲရဲ ၀ံ့ဝံ့ ချပြသင်ပြပေးသည်။ထို့ကြောင့် မြတ်စွာဘုရားရှင်၏ ပဋိစ္စသမုပ္ပါဒ် တရားတော်သည်အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘ၀ တို့ ဖြစ်ပေါ်မလာအောင် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကျင့်သုံးပြီး သူတစ်ပါးကိုလည်း ကျင့်သုံးစေလျက် အကြောင်းတရားကိုသာ ပယ်ခွာသည်။
အကြောင်းတရားများ ဖြစ်ပေါ်မလာပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ) သည် နောက်ထပ်ဖြစ်မလာနိုင်တော့ချေ ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေသောကြောင့် အကျိုးတရားတို့ကို မဖြစ်အောင် လုပ်ယူ၍ မရစကောင်းပါ။
လူသားများသည် ခန္ဓာ ဟူသော (ဒုက္ခသစ္စာ) အကြောင်းတရားများ မရှိပါက ဝေဒနာ ဇရာ ၊ မရဏ ဟူသော အကျိုးတရားတို့ ဘယ်သောအခါမှ ဖြစ်စရာအကြောင်းမရှိချေ ။ ခန္ဓာ ဟူသော (ဒုက္ခသစ္စာ) အကြောင်းတရားရှိ၍သာ ဝေဒနာ ၊ ဇရာ၊ မရဏ တို့ ဖြစ်ပေါ်လာကြရသည်။
ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ပင်ကိုယ်သဘာဝအတိုင်း ဖြစ်ပေါ်နေသော အကျိုးတရားကို သတ်ဖြတ်၍ မရသောကြောင့် အကျိုးတရားကို မကျင့်ပါ။
ခန္ဓာဟူသော ဒုက္ခသစ္စာ အကြောင်းတရားကိုသာ အဓိကအားဖြင့် သတ်ဖြတ်သောကြောင့် အကြောင်းတရားကိုသာ ကျင့်ပါသည်ဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။
အထက်ပါ စကားနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်ပါက ခြင်္သေ့သည် အကြောင်းကိုသာ လိုက်၍ အဓိကထား သုတ်သင်ပါသည်။
မြတ်စွာဘုရားရှင်ကလည်း အကြောင်းတရားကို အဓိကထားသတ်ဖြတ်ပယ်ခွင်းလေ့ရှိပါသည်။ ဤသို့အားဖြင့် ခြင်္သေ့နှင့် မြတ်စွာဘုရားရှင်သည်
အကြောင်းတရားတို့ကို အဓိကထားရှင်းလင်းသတ်ဖြတ် သုတ်သင်တာခြင်းတူကြသည်။
လောကလူသားတို့သည် တစ်ဦးနှင့်တစ်ဦးမတရားလိုချင်မှု လောဘ ၊ လိုချင်တာမရကြသည့်အခါ မုန်းတီးမှုဒေါသ စသော
အကြောင်းတရားတို့များစွာဖြစ်ကြသောကြောင့် သံသရာ ဘ၀ပင်လယ်ပြင်မှ အဆုံးမသတ်နိုင်ဘဲ ကျင်လည်နေကြရသည်။
အကယ်၍သာ လောဘစသော အကြောင်းတရားတို့ ဖြစ်ပေါ်မလာပါက ဆင်းရဲခြင်း ဒုက္ခဆိုတာလည်း ဖြစ်လာဘွယ်မရှိခြေ။
ထို့ကြောင့် မြတ်စွာဘုရားရှင်သည်လည်း သံသရာဝယ် ကျင်လည်နေကြရသော သတ္တ၀ါအားလုံးတို့အား အကြောင်းတရားတို့ကို
ပယ်သတ်ရန် လမ်းပြပေးသည်။ လောဘစသော တရားတို့လွှမ်းမိုးနေကြသော လူသားတို့အား ဤတရားတို့သည် သံသရာ ရှည်ကြောင်းဖြစ်၏။ သံသရာမှထွက်မြောက်ကြောင်း တရားတို့ကို ကျင့်သုံးနိုင်ပါမှ ဘ၀ငြိမ်းချမ်းမှုအစစ်ကို ရနိုင်မည်။
ထို့ကြောင့် လူသားအားလုံးတို့အား ဘ၀ငြိမ်းကြောင်းတရားတို့ကို ထာဝစဉ် အမှတ်ရစေခြင်း ၊ ကျင့်သုံးစေခြင်းငှါ ခြင်္သေ့ရုပ်တုကို ထုလုပ်ပြသထားခြင်းဖြစ်ပါသည်။
လူသားအားလုံးတို့အား ဘုရားစေတီများရှေ့က ခြင်္သေ့ပုံကို မြင်ကြသည့်အခါ အော်.......ဘုရားရှေ့က ခြင်္သေ့ရုပ်က ဒီလိုပါလားဟု သိကြစေငှာ ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါသတည်း..........
စာရေးသူသွားရောက်လေ့လာသောနေရာများ
၁။ မဟာဗုဒ္ဓ၀င် ရှစ်တွဲ
၂။ မဟာဝင်
၃။ လည်တီဆရာတော်၏ ဘုရားရှိခိုး ခုနှစ်မျိုး
၎။ BUDDHiST SYMBOLS
၅။ ဓမ္မစေတီ ဟောထားသော နှလုံးသားဝယ် ဘုရားတည် အပိုင်း (၁)
၆။ ( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ ) ထုတ်တွင်လည်းကောင်း၊
မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) နှင့်
ဓမ္မရတနာ(Google groups)
၇။ www.dhammaceti.org
မှတ်ချက်........
၁နှင့်၂ သည် ဗုဒ္ဓဘာသာဝင်များတွက် တကယ်သိမှ တကယ့်ဗုဒ္ဓဘာသာဖြစ်မှာမို့ တကယ်ဖတ်မှတ်ရမယ့်စာအုပ်များပါ။
၃.သည် ဂေါတမမြတ်စွာ ဘုရား ဘယ်နေ့ ဖွားပြီး ဘယ်နေ့မှာ တောထွက်တယ် စသည်သိအောင် နှုတ်တွင် ဗုဒ္ဓဘာဝင်တိုင်း ရထားသင့်သည်။
၎ သည် ဗုဒ္ဓဘာသာ သင်္ကေတများ အကြောင်းကို ရေးသားထားသော အင်္ဂလိပ်စာအုပ်ဖြစ်သည်။
ယင်းစာအုပ်ကို အင်တာနက်ပေါ်တွင်လည်း ဖတ်လို့ အဆင်ပြေပါသည်။
ကျန်သော အညွှန်းများကို သိနိုင်လောက်ပါပြီ။။။
အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/