Menu

Popular Posts

Tuesday, June 21, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

As a matter of fact (အမှန်တကယ်ကတော့)

အခြေအနေမှန်က အဲဒီလို မဟုတ်ဘူး ဒီလိုပါလို့ ပြောချင်ရင် as a matter of fact ကို သုံးနိုင်တယ်။

Your hotel was in the middle of town and so I suppose it is rather noisy.
No, as a matter of fact it is very quiet. They have good double glazing and we had rooms at the back.
ခင်ဗျားတည်းတဲ့ ဟိုတယ်က မြို့လယ်ခေါင်မှာဆိုတော့ အသံဆူညံမယ်ထင်တယ်နော်။
မဆူညံပါဘူး။ တကယ်တော့ အင်မတန် တိတ်ဆိတ်ပါတယ်။ မှန်နှစ်ထပ်တပ်ထားပြီး အခန်းကလည်း နောက်ထဲက အခန်းတွေလေ။

I suppose your daughter will have left home by now.
No, as a matter of fact she is still at home. She is studying at the local university.
အခုလောက်ဆို သမီးက အိမ်မှာ မနေတော့ဘူးထင်တယ်နော်။
ဟင့်အင်း၊ တကယ်တော့ သမီးက အိမ်မှာနေတုံးဘဲ။ အနားက တက္ကသိုလ်မှာ တက်နေတယ်။

ပြောလက်စ စကားမှာ ထပ်ဖြည့်ပြီး စိတ်ဝင်စားစရာ ဒါမှမဟုတ် အံ့သြစရာကို as a matter of fact ကို သုံးနိုင်တယ်။

I've decided to accept the job offer. As a matter of fact I start on Monday.
အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။ တကယ်တော့ တနင်္လာနေ့မှာ အလုပ်စတက်မှာ။


For goodness' sake (အမလေး)

အံ့သြတယ်၊ တုန်လှုပ်တယ်၊ စိတ်တိုတယ်လို့ ပြောချင်ရင် for goodness' sake ကို သုံးနိုင်တယ်။

For goodness' sake, Jane. You can't go to a formal party wearing those jeans.
အမလေး ဂျိန်းရယ်၊ ဒီဂျင်းဘောင်းဘီဝတ်ပြီး ပွဲနေပွဲထိုင်သွားလို့ ဘယ်ဖြစ်မှာလဲ။

For goodness' sake, hurry up. We'll miss the plane if we don't leave now.
အမလေး မြန်မြန်လုပ်ပါ။ အခုအိမ်ကမထွက်ရင် လေယာဉ်မီတော့မှာ မဟုတ်ဘူး။


In all honesty (အမှန်အတိုင်း အားမနာတမ်း ပြောရရင်)

အခုပြောမယ့်စကား လုံးဝမှန်တယ်လို့ အလေးအနက်ပြုချင်ရင် in all honesty ကို သုံးနိုင်တယ်။

Jack studies hard, but in all honesty, he is not a good enough student to get into university.
ဂျက်က စာကြိုးစားပါတယ်။ ဒါပေမယ့် မှန်တာပြောရမယ်ဆိုရင် တက္ကသိုလ် တက်ရလောက်အောင် စာမတော်ရှာဘူး။

You can certainly apply for the job, but, in all honesty, I don't think you'll get it.
မင်း အလုပ်လျှောက်မယ်ဆိုရင်တော့ လျှောက်လို့ ရတာပေါ့။ ဒါပေမယ့် မှန်တဲ့အတိုင်း ပြောရမယ်ဆိုရင် မင်း အဲဒီအလုပ်ကို ရလိမ့်မယ်လို့ မထင်ဘူး။


Not to mention (မဆိုထားနဲ့။)

ပြောမယ့်စကားကို အလေးအနက်ပြုဖို့ နောက်ထပ် အချက်အလက်တစ်ခု ထပ်ဖြည့်ချင်ရင် not to mention ကို သုံးနိုင်တယ်။

Jim has a lot of property. He owns three flats in London, not to mention the house in the south of France and one in Scotland.
ဂျင်မ်မှာ အိမ်တွေ အများကြီးဘဲ။ ပြင်သစ်တောင်ပိုင်းက အိမ်နဲ့ စကော့တလန်က အိမ်ကို ထည့်မပြောနဲ့အုံး၊ လန်ဒန်မှာ တိုက်ခန်း သုံးခန်းပိုင်တယ်။

Why are you buying more clothes? You have a wardrobe full of them, not to mention the ones in the attic.
ဘာဖြစ်လို့ အဝတ်အစားတွေ နောက်ထပ်ဝယ်နေတာလဲ။ ထပ်ခိုးက အဝတ်အစားတွေကို ထည့်မပြောနဲ့အုံး၊ တစ်ဘီဒိုစာအပြည့် ရှိတယ်လေ။



Click "Like" if you want to see more posts like this. Thanks.

No comments:

Post a Comment