Menu

Popular Posts

Friday, September 2, 2011

စကားတန်ဆာအလင်္ကာ

ဖွဲ့ဖွဲ့နွဲ့နွဲ့ စကားပြောတဲ့အခါ စာရေးကြတဲ့အခါမှာ အလင်္ကာတွေသုံးလေ့ရှိပါတယ်။ ဘာသာစကားလေ့လာကြတဲ့အခါမှာ ပထမတော့ စကားပြောကို လေ့လာကြပြီးတော့ အဆင့်မြင့်လာတဲ့အခါမှာတော့ စာပေကိုလေ့လာတဲ့အဆင့်သို့ရောက်လာကြပါတယ်။ ဒီလိုစာပေအနုပညာကို ဖန်တီးဖို့ပဲဖြစ်ဖြစ်၊ ခံစားဖို့ပဲဖြစ်ဖြစ် ရေးကြ၊ ဖတ်ကြမယ်ဆိုရင် အလင်္ကာလို့ ပြောရမယ့် Figure of speech တွေကို မသိမဖြစ် သိထားသင့်ပါတယ်။

စကားလုံးတွေမှာတိုက်ရိုက်သိနိုင်တဲ့ မူရင်းအနက် (connotation) နဲ့ ကောက်ချက်ဆွဲယူရတဲ့ ဆင့်ပွားအနက် (denotation) ရယ်လို့ရှိကြပါတယ်။ မြွေ ဆိုတဲ့စကားလုံးကိုမြင်လိုက်တာနဲ့ အဆိပ်ရှိသော ရှည်ရှည်မျောမျော တွင်းအောင်သတ္တ၀ါ connotation ကိုရပါတယ်။ သူ့ရဲ့နောက်ကွယ်ကမှ ကြောက်စရာကောင်းသော၊ အန္တရယ် ပေးတတ်သောအရာဆိုတဲ့ denotation ကိုလည်းရနိုင်ပါတယ်။ ဒါကြောင့်လည်း အခုခေတ်ဗန်းစကားမှာ ပြဿနာ ရှာတတ်တဲ့သူဆိုရင် "ဒီကောင်ကတော့ မြွေ ပဲ" "မြွေ ဖမ်းတယ်" လို့ပြောကြတယ်မလား။

အလင်္ကာ တွေဟာ ဆင့်ပွားအနက်ကိုအဓိကယူသုံးကြတာတွေ့ရပါတယ်။ အင်္ဂလိပ်စာပေမှာတော့ အလင်္ကာတွေ တော်တော်များများရှိပါတယ်။ အဲဒီအထဲကမှ ကျောင်းသားတွေ မြန်မာလိုသိပြီးသားဖြစ်တဲ့၊ သိသင့်တဲ့အလင်္ကာတစ်ချို့ကို ရွေးပြီး တင်ပြသွားပါမယ်။

Metaphor (ရူပကအလင်္ကာ)
ဆယ်တန်းမှာတုန်းက မြန်မာစာမှာ အလင်္ကာတွေအော်ကျက်ခဲ့ကြတာ မှတ်မိဦးမှာပါ။ "ဂုဏ်ရည်တူနှစ်ခုကို ထပ်တူပြု ယှဉ်တွဲသုံးနှုံးခြင်းကို ရူပကအလင်္ကာဟုခေါ်သည်" ဆိုတာလေ။ အင်္ဂလိပ်လိုတော့ metaphor ပါတဲ့။ (အသံထွက်မှားနိုင်ပါသည်။ အဘိဓါန်နှင့်စစ်ကြည့်ပါ။)

A metaphor is a literary figure of speech that uses an image, story or tangible thing to represent a less tangible thing or some intangible quality or idea; e.g., "Her eyes were glistening jewels".
 
wikipedia

ဆုပ်ကိုင်ပြဖို့ခက်တဲ့အရာကို ထိတွေ့မြင်သာနိုင်တဲ့ပုံရိပ်တစ်ခုခုနဲ့နှိင်းယှဉ်ပြလေ့ရှိပါတယ်။ သာမန်အားဖြင့်မတူတဲ့အရာနှစ်ခုကို တူသယောင် နှိင်းယှဉ်ပြလိုက်တဲ့အခါ သုံးတတ်ရင်သုံးတတ်သလောက် လှပတာကိုခံစားရမှာပါ။  မြန်မာတွေဆိုရင် ဒုက္ခပင်လယ်ဝေ တယ်လို့ပြောလေ့ရှိတယ်။ အင်္ဂလိပ်ကလည်း a sea of troubles တဲ့။ ဘ၀ဆိုတာ ခရီးရှည်ပဲ။ Life is a journey. အချစ်မှာကျရှုံးခြင်း။ ရုန်းထွက်ဖို့ခက်တယ်။ Falling in love.
အချိန်ဟာငွေပဲ။ Time is money.

I can mingle with the stars, and throw a party on Mars;
I am a prisoner locked up behind Xanax bars."
(Lil Wayne, "I Feel Like Dying")

ကြယ်တွေနဲ့တွဲပျော်၊ နွှဲမကွဲ့ပွဲတော်
ဂြိုလ်အင်္ဂါပေါ်မှာလ. . .
. . .ဇန်းနက်သံတိုင်နောက်ဆီက
လှောင်ပိတ်ခံအကျဉ်းစံတစ်ယောက်ရယ်ပ။
xanax (စိတ်ညိမ်ဆေးတစ်မျိုး)

"Time is a dressmaker specializing in alterations."
(Faith Baldwin, Face Toward the Spring, 1956)
အချိန်ဆိုတာ ပုံစံပြောင်းရာမှာကျွမ်းကျင်တဲ့ အပ်ချုပ်သမားပဲ။

simile(ဥပမာအလင်္ကာ)
အသုံးအများဆုံးအလင်္ကာတစ်ခုပါပဲ။ လူနှစ်ယောက်မတည့်ဘဲခဏခဏရန်ဖြစ်ကြရင် " ကြွက်နဲ့ကြောင်အတိုင်းပဲ။"

"ခင့်မျက်နှာဝါ၀ါဝင်း
ရွှေလမင်း ပုံနှယ်" တို့  ဦးပုံညရဲ့ ရေသည်ယောက်ျားပြဇတ်ထဲက "ဘိန်းစားဆေးငတ် ဆေးမပြတ်သည့်နှယ်"

စသည်ဖြင့်တင်စားသုံးနှုံးပုံဖြစ်ပါတယ်။ သူ့မှာက metaphor ထက်ပိုပြီးတိုက်ရိုက်ကျတဲ့သဘော ရှိပါတယ်။ like, such as, as, as... as  ဆိုတဲ့စကားလုံးတွေနဲ့သုံးပါတယ်။
ဥပမာ-
He is like a mouse in front of the teacher.
ဆရာရှေ့ရောက်ရင်တော့ ကြွက်ကလေးအတိုင်းပဲကုပ်နေတယ်။

He fights like a lion.
ခြင်္သေ့တစ်ကောင်အလားတိုက်ခိုက်တယ်။

as .... as ပုံစံတွေကတော့ အများကြီးပါပဲ။
As black as coal○
As black as pitch
As blind as a bat
As blind as a mole
As bold as brass
As brave as a lion
As bright as a new pin
As broad as it is long

Hyperbole အတိသယ၀ုတ္တိအလင်္ကာ
Hyperbole haɪˈpɜrbəliː/ hy-pur-bə-lee; is the use of exaggeration as a rhetorical device or figure of speech. It may be used to evoke strong feelings or to create a strong impression, but is not meant to be taken literally.

လိုချင်သည့်အချက်ကိုပေါ်လွင်အောင်ပြချင်လို့ဖြစ်စေ၊ သရော်ရာ၊ ဟာသရသမြောက်အောင်ရေးရာမှာဖြစ်စေအလွန်အကျူးဖွဲ့ဆိုခြင်းဖြင့် ထင်ရှားအောင်ပြတဲ့အနေနဲ့ရေးလေ့ရှိပါတယ်။ မကြာခဏကြားဖူးနေကျစကားလုံးတွေဖြစ်တဲ့  "မင်းကိုပြောတာအကြိမ်တစ်ထောင်လောက်ရှိပြီ" I've told you a million times.  အချုပ်တန်းဆရာဖေရဲ့
"ချမ်းပုံမှာကမ်းကုန်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့"

ဆိုတာမျိုးနဲ့ခပ်ဆင်ဆင်
“It was so cold, I saw polar bears wearing jackets” ဆိုတာမျိုးတွေပါ။

ကျောင်းသားတွေကတော့မကြာခဏအိမ်စာတွေတစ်ပုံကြီး "I had a ton of homework. " ညည်းလေ့တယ်။ ကိုယ့်သူငယ်ချင်းကို "မင်းဦးနှောက်ကဖြုတ်လောက်ပဲရှိပါတယ်ကွာ" လို့ပြောချင်ရင် "Your brain is the size of a pea."လို့ပြောလို့ရတယ်။ ဦးပုညရဲ့ "သုံးစွဲမကုန်၊ တောင်နှယ်ပုံ၊ ငွေမှုန်လေးရွေး၊ ခြိမ့်အောင်ကြွယ်တဲ့ မယ်သူဌေးငယ်. . . .
အထည်အထုပ်၊ ငွေစသာဟုတ်ပါစေ၊ ဖြုတ်မျက်လုံးလောက် သေးလို့ပင်ပျောက်ကတဲ..." စတာလေးတွေခံစားကြည့်ကြပါဦး။

ဘယ်လောက်လှလိုက်သလဲ။

onomatopoeia မြည်သံစွဲအလင်္ကာ
An onomatopoeia  is a word that imitates or suggests the source of the sound that it describes.

ဂရိဘာသာ onomatopoiia ကနေလာတဲ့ စကားလုံးပြုလုပ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိပါ တယ်။ မြည်တဲ့အသံကို ကြားရသလိုစာထဲမှာထည့်ရေးလိုက်တဲ့အခါ စာဖတ်သူရဲ့စိတ်ထဲမယ် စာထဲကနေရာကို ကိုယ်တိုင်ရောက်ရှိနေယောင် ခံစားရပါတယ်။ ငယ်ငယ်ကလေးဘ၀တုန်းက ဆော့ကစားခဲ့ကြတဲ့ "ဒေါက်ဒေါက် ဘယ်သူလဲ"
Knock-knock Who's there?
Boo
Boo who?
Don't cry, I was only joking ကိုမှတ်မိကြဦးမှာပါ။ မြည်သံစွဲစကားတွေကလဲအများသား။ ဒါပေမယ့် မြန်မာနားနဲ့အင်္ဂလိပ်နား မတူတဲ့အတွက်ကြောင့် စကားလုံးတွေလဲကွဲသွားကြပါတယ်။ ကျွန်တော့်အကြိုက်ဆုံး ဆရာကြီးမင်းသုဝဏ်ရဲ ဖိုးမောင်ကဗျာထဲက "ဒိုင်း-ဒုန်း-ဒိန်း သံရွာလုံးညံ၍" ဆိုတဲ့ သေနတ်ပစ်သံကိုတော့ အင်္ဂလိပ်တွေက bang လို့ကြားကြတယ်။ ကြက်ဖအော်သံ အောက်-အီး-အီး-အွတ် ကျတော့ Cockadoodle do doo တဲ့။

နမူနာတစ်ချို့ဖတ်ကြည့်ကြပါဦး။
Honk Honk = ကားသံ ပွမ်ပွမ်
Giggle = ခစ်ခစ် (ရယ်သံ)
Meow = ညောင် (ကြောင်သံ)
Quack = ဂတ်-ဂတ် (ဘဲသံ)

Illiteration (သံတူကပ်အလင်္ကာ)
The repetition of an initial consonant sound, as in "a peck of pickled peppers." Adjective: alliterative.
အစဗျည်းသံကိုယူပြီး ထပ်ကာထပ်ကာရေးဖွဲ့တာမျိုးပါ။  ရှင်ဥတ္တမကျော်ရဲ့ ဆယ့်နှစ်ရာသီတောလား ရတု ထဲက

"တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရန်းဘက်၍၊ တိမ်သက်တန့်ရောင်၊ အ၀ါပေါင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုံခဲ့တချက်" သံတူကပ်အလင်္ကာတွေသုံးထားတာ အင်မတန်မှ သာယာနာပျော်ဖွယ်ကောင်းပါတယ်။ Illiteration အတွက်အကောင်းဆုံးဥပမာကတော့ tongue twister တွေပါပဲ။

She sells seashells by the seashore.
The shells she sells are surely seashells.

"I watched the bare brown back of the prisoner marching in front of me."
(George Orwell, "A Hanging," 1931)

Illiteration လိုမျိုးပဲ စကားလုံးတစ်လုံးတည်းကို ထပ်ကာထပ်ကာသုံးတာကိုကျတော့ Anaphora လို့ခေါ်ပါတယ်။
ဥပမာ-

 “What the hammer? what the chain?
In what furnace was thy brain?
What the anvil? what dread grasp
Dare its deadly terrors clasp?”

The Tyger by William Blake
အသံထွက်ရွတ်ဆိုကြည့်တဲ့အခါမှာ ကဗျာရဲ့အရသာ၊ စာဖတ်သူကို တစ်ဝက်နဲ့ရပ်လို့မရဘဲ အဆုံးထိတွန်းခေါ်သွားတဲ့ခွန်အားလေးတွေခံစားရမှာပါ။ မြန်မာစာပေမှာလည်းအများကြီးရှိပါတယ်။ ရှင်မဟာရဌသာရရဲ့ မုတ္တာရွဲသီရေးနည်း နဲ့ရေးထားတဲ့ကဗျာတစ်ပုဒ်လည်းရှိပါတယ်။ မမှတ်မိတော့လို့ ထည့်မရေးနိုင်တာခွင့်လွှတ်ပါ။

Oxymoron
A figure of speech in which incongruous or contradictory terms appear side by side; a compressed paradox.
သူလည်းစကားအလင်္ကာတစ်မျိုးပါပဲ။ တစ်ခါတစ်လေမှာ ဟာသရသပေါ်လွင်အောင် ဆန့်ကျင်ဖက် အနက်ဆောင်တဲ့စကားလုံးတွေကိုတမင်တွဲသုံးတဲ့လေ့ရှိပါတယ်။ အထင်ရှားဆုံးဥပမာကတော့ open secret လူသိများတဲ့လျှို့ဝှက်ချက်တဲ့။ လျှို့ဝှက်ပါတယ်ဆိုမှ ဘယ်လိုဖြစ်လို့ ဗျောင်ကြီးဖြစ်နေရတာလဲ။ စေ့စေ့တွေးလေ ပြုံးချင်လေပါပဲ။ အောက်က oxymoron တွေကိုကြည့်ပြီးစဉ်းစားကြည့်ကြပါဦး။

"The best cure for insomnia is to get a lot of sleep."
(W.C. Fields)

အိပ်မပျော်တဲ့ရောဂါအတွက်အကောင်းဆုံးကုသနည်းကတော့ အိပ်ရေး၀၀အိပ်ဖို့ပါပဲ။ (အိပ်မပျော်ပါဘူးဆိုကာမှအိပ်ခိုင်းနေတယ်။)

"A yawn may be defined as a silent yell."
(G.K. Chesterton)
သမ်းဝေခြင်းဆိုတာတိတ်တခိုးအော်တာလို့မှတ်နိုင်တယ်။ (အော်ပါတယ်ဆိုမှ တိတ်တခိုးလုပ်လို့ရပါမလား။)

"I hate intolerant people."
(Gloria Steinem)
သည်းမခံတတ်တဲ့လူတွေကိုကျွန်တော်မုန်းတယ်။ (ဒါဆိုရင်သူကိုယ်တိုင်ကိုမုန်းရမလို။)

"Health food makes me sick."
(Calvin Trillin)
ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကြောင့်ကျွန်တော်နေမကောင်းဖြစ်ရတာ။
(နောက်တစ်မျိုး။ ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုမုန်းတယ်။)

"That building is a little bit big and pretty ugly."
(James Thurber)
ဒီအဆောက်အအုံက နည်းနည်းတော့ကြီးပြီးတော်တော်ရုပ်ဆိုးတယ်။
(အင်္ဂလိပ်စကားလုံး a little bit နဲ့ pretty တို့အဓိပ္ပါယ်နဲ့ယှဉ်စဉ်းစားပါ။)

တခြားပြုံးချင်စရာ oxymoron တွေပေးရင်းနဲ့ ဒီဆောင်းပါးလက်စသတ်လိုက်ပါတယ်။
စာပေအနုပညာရဲ့ရသများခံစားနိုင်ကြပါစေ။

agree to disagree
all alone
Almost done
accurate estimate
Auto Pilot
awfully good
bad luck
born dead
dark day
dim light
deaf listener
easy labor
elected king
Free Credit

ဇာနည်(Myway!)
၁-၉-၂၀၁၁

No comments:

Post a Comment