Menu

Popular Posts

Wednesday, August 31, 2011

ပျော်စရာရွှင်စရာ အီဒီယံစကားပဒေသာ

1. Achilles Heel

မြန်မာမှာ ‘‘ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး’’ လို့ရှိတယ်။ အနောက်နိုင်ငံသားတွေလည်း ဆံပင်မှာ ခွန်အားရှိတယ်လို့ ယူဆကြပါတယ်။ ဂရိရှေးဟောင်းဒဏ္ဍာရီမှာ သူရဲကောင်းတစ်ယောက်ရဲ့ အားနည်းချက်ဟာ ခြေဖနောင့်မှာလို့ ဆိုထားပါတယ်။ လူတစ်ယောက်ကို Achilles Heel လို့ပြောလိုက်ရင် သူ့ရဲ့အားနည်းချက်ကိုဆိုလိုတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်လောက်ကြံ့ခိုင်တယ်ပြောပြော ပျော့ကွက်ကတော့ရှိ နေတတ်ပါတယ်။ အလားတူ ကုမ္ပဏီအဖွဲ့အစည်း၊ စစ်တပ် တစ်တပ် စတာတွေမှာလည်း ပျော့ကွက်လို့ခေါ်တဲ့ အားနည်းချက် တစ်ခုခုတော့ ရှိနေတတ်ပါတယ်။ သစ္စာဖောက်တစ်ယောက်ဟာ ရန်သူကို လျှို့ချက်ဖော်ထုတ်ပေးလိုက်လို့ ပျော့ကွက် (အားနည်းချက်) Achilles Heel ကိုသိသွားပြီး၊ ဖြိုခွဲလို့မရနိုင်တဲ့  ခံတပ်ကို ဖြိုခွဲနိုင်လိုက်တယ်ဆိုတာကို ဒီလိုသုံးစွဲသွားပါတယ်။
The traitor disclosed to the enemy the underground tunnel, the Achilles Heel, in the otherwise impregnable fort.

2. Ahead of the Times

‘‘ခေတ်ရှေ့ပြေး’’ ဆိုတာရှိပါတယ်။ စိတ်ကူးအကြံအစည်၊ အတွေးအခေါ်၊ တီထွင်မှုစတာတွေ သူများတကာထက် ရှေ့ရောက်နေတာ၊ ခေတ်ရှေ့ပြေးတာ၊ ခေတ်အမြင် ခေတ်အတွေးရှိတာ၊ အခြေအနေ (ကာလ) တစ်ခုမှာ သူများမတွေးဘူးတာ၊ မကြံစည်ဘူးတာတွေကို တွေးတောကြံဆ စိတ်ကူးနိုင်တာကို ahead of the times လို့ပြောပါတယ်။ မဟာတီထွင် ဖန်တီးရှင်ကြီးတွေဟာ သူတို့ခေတ် သူတို့အခါမှာ ရှေ့တန်း ရောက်အောင် လုပ်ဆောင်ပြနိုင်ခဲ့လို့ ဒီစကားနဲ့ဂုဏ်ပြုသုံးစွဲခဲ့ပါတယ်။ ခေတ်တစ်ခေတ်မှာ တီထွင်ဖန်တီးရှင်ကြီး တွေ ဖြစ်ခဲ့ကြရတဲ့ သူတွေဟာ နှောင်းတစ်ခေတ်ရောက်ရင်တော့ ဘယ်လောက်ပဲ ahead of the times ဖြစ်ခဲ့ပါစေ အမေ့ခံတွေ ဖြစ်သွားရတတ်ပါတယ်။
All great inventors were ahead of their time.

3. All Eyes/Ears

ထူးထူးခြားခြား အာရုံစိုက်ခြင်း၊ အများနဲ့မတူ တစ်မူထူးပြီး အလေးထားခြင်း၊ စောင့်ကြည့်ခံနေရခြင်း၊ စိတ်ဝင်စားခံရခြင်း၊ အများအာရုံကို သိမ်းကြုံးဖမ်းစားထားနိုင်ခြင်းကို All Eyes/Ears လို့ပြောပါတယ်။
I was all eyes when I watched her perform on the trapeze.
He is all ears when he is listening to his favourite songs.

4. All Rolled Into One

‘‘တစ်နွယ်ငင် တစ်စင်ပါ’’ လို့ဆိုရမယ်ထင်ပါတယ်။  အလှမယ်ပြိုင်ပွဲမှာ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်ကြောင့်သာမက ဉာာဏ်ပညာပါထက်မြက်တာကြောင့် ဆုရရှိသွားတာကို all rolled into one လို့သုံးပါတယ်။ လူတစ်ယောက်မှာ အရည်အချင်းတစ်ခုမက ပေါင်းစည်းရှိနေတာမျိုးပါ။ ပညာတတ်၊ ကဗျာ ဆရာ၊ အတွေးအခေါ်ပညာရှင်ဆိုတဲ့ ဂုဏ်ထူးသုံးမျိုးနဲ့ ပြည့်စုံလို့ ဒီလိုသုံးသွားပါတယ်။
He may not look to be a very learned person but believe me he is a poet and philosopher all rolled into one.

5. All's Fair in Love and War

‘‘အချစ်နဲ့စစ်မှာ မတရားတာမရှိ’’ ဆိုတဲ့စကားလေး ကြားဖူးမှာပေါ့။ အချစ်နဲ့စစ်မှာ တရားတာတွေ၊ မတရားတာတွေ ကြည့်မနေတတ်ပါဘူး။ အနိုင်ရဖို့သာ အဓိကထားတတ်ကြပါတယ်။ လူ့ဘောင်က သာမန် သတ်မှတ်ချက်တွေဟာ အချစ်နဲ့စစ်မှာ လိုက်နာစရာနီတိတွေ ဖြစ်ချင်မှဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း ထောက်လှမ်းရေးတပ်အရာရှိတစ်ယောက်က သူ့နာမည်ကျော်စပိုင် လက်ထောက်တစ်ယောက်ကို အချစ်နဲ့ စစ်မှာ တရားတယ်ဆိုတာကို ဒီလိုပြောသွားပါတယ်။
You don't have to worry about her getting hurt, in the process. Remember, all's fair in love and war.

6. Answer/Obey The Call Of Nature

သဘာဝတရားကပေးလာတဲ့ အောင့်အည်းထားသမျှ ဖြေလျှော့လိုခြင်းမှာ လူနဲ့ တိရစ္ဆာန်အတူတူပါပဲ။ ‘‘အပေါ့’’ ‘‘အလေး’’ စွန့်ချင်တာကို answer/obey the call of nature လို့ပြောပါတယ်။ အိမ်သာနီးရင် အိမ်သာပြေး၊ အိမ်သာဝေး လို့ ထိန်းမနိုင်သိမ်းမရဖြစ်လာရင် ထုံးစံအတိုင်း ချုံတိုးကြရတာ ဓမ္မတာပါ။ အိမ်သာတက်ချင်နေ ပါလျှက်နဲ့ အစည်းအဝေးသွားရတာကို ဒီလိုပြောတယ်။
 He left the meeting in between to answer a call of nature.

7. As Free As Air

ကန့်သတ်ထားတာတွေ၊ ပေးဆောင်ဖို့တာဝန်ရှိတာတွေ၊ သတ်မှတ်ချက်တွေကနေ ရှောင်လွှဲလိုရင် as free as air လို့ သုံးပါတယ်။ တစ်နည်းအားဖြင့်လူတစ်ယောက်အနေနဲ့ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ၊ ဆန္ဒတွေကနေ ထိန်းချုပ်ပြီး လုံးဝထွက်ပြေး လွတ်မြောက်လိုတဲ့အခါမှာ သုံးပါတယ်။ လူပျိုဘဝနဲ့ ကမ္ဘာပတ်ချင်ပေမယ့် မိန်းမနဲ့ ကလေးတွေရှိ လာရင် မလွတ်လပ်တော့ဘူး ဆိုတာကို ဒီလိုသုံးတယ်။
It's quiet all right for a bachelor like John to travel around the world, but if you've got a wife and children you are not as free as air.

8. At The Crack Of Dawn

နေလုံးကြီးပြူထွက်လာတာနဲ့ အမှောင်ကိုခွင်းတဲ့ အလင်း တန်းတွေက ကောင်းကင်ပြင်ကြီးတစ်ခုလုံးကို ဒိုင်းခနဲ ထိုးခွဲလိုက်သလိုပါပဲ။ ဒါကို အရုဏ်ခွင်းတယ်လို့ at the crack of dawn ဆိုပြီး သုံးကြပါတယ်။ ကျန်းမာမှ အလုပ် လုပ်နိုင်မယ်လို့ယုံကြည် သူတစ်ယောက်ကတော့ အာရုဏ်ကျင်းလို့ အလင်းရောက်တာနဲ့ လေ့ကျင့်ခန်း တစ်နာရီစာလောက် ရုံးမသွားမီစလုပ်နေပါပြီ။
He believes in keeping fit, he gets up at the crack of dawn and first exercises for an hour before getting ready for office.

9. A Backhanded Compliment

လက်နောက်ပြန်ပေးပြီးနှုတ်ဆက်တယ်ဆိုတာ တစ်ယောက်ယောက်ကို ချီးကျူးတာ၊ ချီးမြှောက်တာကို ခေါ်တာ ပါ။ ဒါပေမယ့် ရိုးရိုးချီးကျူးတာတော့မဟုတ်ပါဘူး။ ငေါ့တော့တော့အမူအယာ၊ ထေ့တေ့တေ့ လေသံတွေနဲ့ မထီမဲ့မြင်လုပ်တာမျိုးကို a backhanded compliment လို့ပြောပါတယ်။ အဆဲခံနေရပေမယ့် ပြုံးပြီး ဟန်ဆောင်မျိုသိပ်ထားရတာမျိုး၊ အပြစ်တင်အဝေဖန်ခံနေ ရပေမယ့် ငြိမ်ခံနေရတာမျိုးပေါ့။ ပြိုင်ပွဲတစ်ခုမှာ အားကြီးတဲ့ နပန်းသမားတစ်ယောက်က ရှုံးသွားလို့ ပိန်သေးသေးနပန်းသမားကို ငေါ့တော့တော့လေသံနဲ့ ဒီလိုပြောလိုက်တယ်။
 " Congrats! You fought quite well", said the strong wrestler, to the thin one, who had just won the match. Indeed, what a backhanded compliment, thought the thin one.

10. Barking Dogs Seldom Bite

‘‘ဟောင်လွန်းသည့်ခွေး လူမလေး’’ လို့မြန်မာစကားပုံမှာရှိပါတယ်။ သူတို့ကတော့ ဟောင်တဲ့ခွေး ကိုက်ခဲပါတယ်တဲ့။ ဟန်ကိုယ့်ဖို့ဆိုပြီး အသံကောင်းဟစ်နေတဲ့ခွေးဟာ အန္တရာယ်မရှိနိုင်ပါဘူး။ သူ့မှာရှိတဲ့ မာန်ကိုထောင်ပြီး ဟောင်ပြနေပေမယ့်၊ ဟောင်လွန်းတော့လည်း ပေါတောတောဖြစ်သွားပြီး ကြောက်စရာ မကောင်းတော့ပါဘူး။ အလားတူပါပဲ လူ့လောကမှာလည်း ဟောက်လွန်း၊ ခြောက်လွန်းတဲ့သူတွေကို အလေးထားစရာမလိုဘူးဆိုတာကို ဒီလိုပြောတယ်။
You must not worry about the new supervision, after all barking dogs seldom bite.

No comments:

Post a Comment