Menu

Popular Posts

Friday, June 17, 2011

ပြုံးပါ



ကတိတည်သူ

"ကြည့်စမ်း မိုးရွာကြီး ထဲမှာ ထီးလည်း မပါဘဲ ရောက်အောင် လာခဲ့ပါလား။ ကျွန်မက ရှင် မလာတော့ဘူး လို့တောင် ထင်နေတာရှင့်"

"အေး မိုးရွာနေလို့ မလာဖြစ်တော့တဲ့ အကြောင်း လာပြောပြတာ။ တော်ကြာ ကတိပျက်တယ် ထင်မှာစိုးလို့"




တစ်ပုံစံထဲ

"သမီးရဲ့  ချစ်သူက ပိုက်ဆံ ချမ်းသာရဲ့လား"

"အင်း ဖေဖေတို့ ယောက်ျားတွေဟာ တစ်ပုံစံတည်းပဲ။ သူကလည်း ဖေဖေ့ကို ပိုက်ဆံ ချမ်းသာရဲ့လားလို့ မေးတယ်"



ကြော်ငြာ အစွမ်း

"ခင်ဗျားတို့ ဂျာနယ်ထဲ ကြော်ငြာ ထည့်လိုက်တာ အတော် ထိရောက်တာပဲ"

"ဘာလဲ ရောင်းအား မြင့်တက်လာလို့လား"

"ဟင့်အင်း... ဂိုဒေါင်စောင့် တစ်ဦး အလိုရှိသည်လို့ ကြော်ငြာ လိုက်တာ အဲဒီည မှာပဲ ဂိုဒေါင် အဖောက်ခံလိုက် ရတယ်"



ပိုရှက်ရမယ်

"ဟေ့ကောင် ငါ့ ပိုက်ဆံအိတ် နှိုက်တာ မရှက်ဘူးလား"

"ခင်ဗျား ပိုရှက်ဖို့ ကောင်းတယ်... ပိုက်ဆံအိတ်ထဲမှာ တစ်ပြားမှလည်း မရှိဘဲနဲ့ "



လူနာ။ ။ အသက် ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ
ဆရာဝန်။ ။ အိမ်ထောင်ပြုလိုက်ပါ...
လူနာ။ ။ အဲဒါက တကယ် အသက်ရှည်စေတယ်လား ဆရာ
ဆရာဝန်။ ။ အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။



တန်ဖိုး မရှိသောသူ

သူငယ်ချင်း နှစ်ယောက် အလောင်းအစား လုပ်ကြသည်။ တက္ကစီကား မှတ်တိုင်သို့ ရောက်လာပြီး တစ်ယောက်က တက္ကစီ ဒရိုင်ဘာကို မေးသည်။

"ဒီကနေ မြို့ထဲကို ဘယ်လောက် ပေးရမလဲ"

"နှစ်ရာ"

"ကျွန်တော့် သူငယ်ချင်းပါ ကျွန်တော်နဲ့ လိုက်မယ် ဆိုရင်ရော"

"နှစ်ရာပါပဲ"

"ကြားတယ် မဟုတ်လား ဘမောင်... မင်းဟာ ဘာတန်ဖိုးမှ မရှိတဲ့ အကောင်ဆိုတာ ယုံပြီလား"




"ကျွန်တော်ဟာ မိန်းမနဲ့ ပတ်သက်လာရင် ကုသိုလ်ကံ ဆိုးပါတယ်ဗျာ... ပထမ မိန်းမတုန်းက အိမ်ပေါ်က ဆင်းသွားတယ်"

"နောက်မိန်းမ ကျတော့ ဘယ်လို ဖြစ်သလဲ"

"သူ့ကျတော့ လုံးလုံးကို နှင်ချလို့ မရဘူး ဖြစ်နေတယ်ဗျာ"





ပေးရမှာပေါ့

လုံချည်ဆိုင် တစ်ဆိုင် ရှေ့တွင် လူတစ်ယောက် လုံချည် ၀ယ်ဖို့ ကြည့်နေရာက သူ့ နံဘးတွင် ရှိနေသော လူကြီး တစ်ယောက်အား -

"အန်ကယ် ဘယ်အဆင်က လှလဲဟင်"

"အကွက်ကြီးတာနဲ့ သေးတာ အကွက်ကြီးတာက ရင့်တယ်၊ သေးတာက ခန့်တယ်၊ အရောင်မှိုင်းတာ မယူနဲ့ အိုတယ်၊ အရောင် စိုတာက ပျိုတယ်၊ မင်းအရွယ်နဲ့ဆို ဟိုဘက်က ဟာယူ"

လုံချည် ယူ၍ ငွေပေးချေ ပြီးနောက် ပိုငွေကို ပြန်မအမ်းသောကြောင့် ထိုလူငယ်က ဈေးသည်အား -

"ကျွန်တော့ကို ပိုက်ဆံ အမ်းရဦးမယ်လေ"

"အမ်းတဲ့ငွေ ရှေ့နေကြီး ယူသွားပြီလေ... ခင်ဗျားက သူ့ သွားတိုင်ပင်တာကိုး"



ကြားတဲ့သူ ပေးကြေး

"ဟဲလို- သူငယ်ချင်းရေ ငါ့မှာ ငွေတစ်သောင်းလောက် အရေးတကြီး လိုနေတယ်ကွာ"

"ဘာ- ဘာပြောတယ်... မင်းပြောတာ ကောင်းကောင်း မကြားရဘူးကွ"

"ငါ့မှာ ငွေတစ်သောင်းလောက် လိုနေလို့"

"ဟေ့အေး... ဘာပြောမှန်း လုံးဝကို မကြားရဘူး"

ထိုစဉ် တယ်လီဖုန်း အော်ပရေတာ၏ အသံ ထွက်ပေါ်လာသည်။

"ဟေ့လူ သူ ပြောနေတာ ကျွန်တော် ကောင်းကောင်း ကြားရတယ်။ ငွေတစ်သောင်း လိုချင်လို့တဲ့"

"ဟုတ်လား ခင်ဗျားက ကြားတယ်ဆိုတော့ သူလိုနေတဲ့ ငွေတစ်သောင်း ခင်ဗျားပဲ ပေးလိုက်"



ငွေ ငွေ ငွေ

သားက အဖေကို မေးသည်။

"ဖေဖေ၊ ငွေ ဆိုတာ ဘာလဲဟင်"

အဖေ ဖြစ်သူ မျှော်လင့်ချက် အပြည့်ဖြင့် ပြန်ပြောသည်။

"ငွေဆိုတာ ကိုယ်ပိုင်ကား၊ ၀ီစကီ နဲ့ မိန်းမချောတွေပေါ့"

"ငွေမရှိဘူး ဆိုရင်ရော"

"အဲဒါဆို ဘတ်စ်ကား ၊ လက်ဖက်ရည်ကြမ်းနဲ့  မင်းအမေပေါ့ သားရယ်"




အဖြေမှန်

ဂဏန်း သချာင်္ သင်နေချိန်တွင် ဖြစ်သည်။ ဆရာမက ပီတာလေး ကိုမေးသည်။

"၁၀၀ ကနေ ၁ နှုတ်လိုက်ရင် ဘယ်လောက် ကျန်မလဲ"

"သုည နှစ်လုံး ကျန်ပါမယ်"




ဦးလေးကိုယူသွားလို့

"မင်းနဲ့ ဟိုကောင်မလေးနဲ့ လက်မထပ်ဖြစ်ခဲ့ဘူးလား"

"အေးကွ"

"ဘာဖြစ်လို့လဲ... ကျောင်းတုန်းက မင်းတို့ တတွဲတွဲနဲ့... သူ့ကို ပြောမပြဘူးလား။ မင်းဟာ မင်းဦးလေးရဲ့ တစ်ဦးတည်းသော အမွေဆက်ခံ ရသူ ဆိုတာ"

"ပြောပြာမိတယ်လေ... အဲဒါကြောင့် အခုတော့ သူဟာ ငါ့အဒေါ် ဖြစ်နေပြီ"



ရှာပုံတော်

ကုမ္ပဏီ ပိုင်ရှင် သူဌေးသည် သူ့စက်ရုံမှ မကြာခဏ ပစ္စည်းပျောက် နေသောကြောင့် မန်နေဂျာကို
တင်းတင်းကြပ်ကြပ် စစ်ဆေးရန် မှာကြားထားသည်။

တစ်ခုသော ညနေ အလုပ်ဆင်းချိန်၌ မန်နေဂျာ စစ်ဆေးနေပုံကို သူဌေးက မြင်တွေ့သွားသည်။

"အလုပ်သမားတွေအားလုံး အင်္ကျီ ချွတ်ပြီး လုံချည် ခါးတောင်းကျိုက်"

"ဘာပစ္စည်း ပျောက်ပြန်ပြီလဲ မန်နေဂျာကြီးရဲ့ "

"စည်ပိုင်း တစ်လုံး ပျောက်သွားလို့ပါ သူဌေး"




ပညာရှိ အဖြေ

လူတစ်ယောက်သည် ပညာရှိကြီး ဆိုကရေးတီးကို မေးမြန်းလိုက်သည်။

"ကျွန်တော် အိမ်ထောင်ပြုသင့် သလား၊ မပြုသင့်ဘူးလားခင်ဗျာ"

"ဘာပဲဖြစ်ဖြစ် ဒီကိစ္စ နှစ်ခုစလုံး အတွက် ခင်ဗျား နောင်တရမိပါလိမ့်မယ်"



"ငါသေရင် မင်း နောက် အိမ်ထောင်ပြုမှာလား မိန်းမ"

"မပြုပါဘူးရှင်... ကျွန်မ ညီမနဲ့ပဲ သွားနေတော့မှာပေါ့... ဒါနဲ့ ကျွန်မ သေရင်ရော ရှင် နောက်အိမ်ထောင် ပြုမှာလား

"ငါလည်း မပြုပါဘူးကွာ... မင်း ညီမနဲ့ပဲ သွားနေတော့မှာပေါ့"




From ROSE ( မိတ်ဆွေများ ပြုံးနိုင်ဖို့ မောင်ကောင်းထိုက်နှင့် ရဲစတိုင်း၏ ဟာသများ အထဲမှ ကောက်နုတ် ဖော်ပြထားပါတယ်။)

1 comment:

  1. အေကေရေ ဖတ်ပြီး ပြုံးသွားပါတယ်။ :)

    ReplyDelete