Menu

Popular Posts

Wednesday, June 15, 2011

စိတ်ခွန်အားပေးသည့် အတိုဆုံးအဆိုအမိန့်များ

1. He who lives only for himself is truly dead to others.
မိမိတစ်ဦးတည်းအတွက်သာ  အသက်ရှင်နေထိုင်သူသည် တစ်ပါးသူတို့အတွက် အမှန်တကယ်သေသူသာဖြစ်သည်။

2. Be kind, for everyone you meet is fighting a hard battle. 
သင်မြင်တွေ့ရသူတိုင်းသည် ခက်ခဲသည့်စစ်ပွဲကို တိုက်ခိုက်နေရသည့်အတွက် ဂ၇ုဏာထားပါ။

3. Kindness is the language which the deaf can hear and the blind can see. 
ကြင်နာမှုသည် နားမကြားသူတို့၌ကြားနိုင်၍ မျက်မမြင်တို့မြင်နိုင်သည့် ဘာသာစကားဖြစ်သည်။

4. Without kindness, there can be no true joy.
ကြင်နာမှုကင်းမဲ့လျှင်စစ်မှန်သည့်ပျော်ရွှင်မှုမရှိနိုင်။

5. What do we live for if not to make life less difficult for each other.
အသက်ရှင်နေထိုင်မှု အခက်အခဲလျော့နည်းအောင် တစ်ဦးနှင့်တစ်ဦးမကူညီနိုင်လျှင်                    
ကျွန်ုပ်တို့အဘယ်အတွက် အသက်ရှင်နေကြသနည်း။

6. If you can't accept losing,you can't win. 
ရှုံးနိမ့်မှုကိုလက်မခံနိုင်လျှင်အောင်မြင်မှုကိုမရနိုင်။

7. Success is the journey, not a destination. 
အောင်မြင်မှုသည်ခရီးစဉ်ဖြစ်သည်။ခရီးဆုံးမဟုတ်။

8. Arriving at a goal is the starting point of another.  
ရောက်ရှိသည့်ပန်းတိုင်သည် နောက်ပန်းတိုင်တစ်ခု၏ တာထွက်ဖြစ်၏။

9. Success has ruined many a man.
အောင်မြင်မှုကြောင့်လူပေါင်းမြောက်မြားစွာ ပျက်စီးခဲ့ကြရပြီ။

10. Success is getting what you want, happiness is wanting what you get.
အလိုရှိသောအရာကို ရရှိခြင်းသည်အောင်မြင်မှု၊ ရရှိသည့်အရာကို နှစ်သက်ခြင်းသည် ပျော်ရွှင်မှု။

11. The hardest victory is the victory over oneself.  
အခက်အခဲဆုံးသောအောင်နိုင်မှုသည် မိမိကိုယ်မိမိ အောင်နိုင်မှုပင်တည်း။

12. Self-trust is the first secret of success. 
အောင်မြင်ခြင်း၏ပထမဆုံးလျှို့ဝှက်ချက်မှာ မိမိကိုယ်မိမိယုံကြည်မှုပင်တည်း။

13. As soon as you trust yourself,you will know how to live.   
မိမိကိုယ်မိမိ ယုံကြည်မှုရှိလာသည်နှင့် သင်သည် မည်သို့အသက်ရှင်နေထိုင်သွားရမည်ကိုသိလာလိမ့်မည်။

14. Don't ask of your friends what you can do yourself.
မိမိကိုယ်တိုင်လုပ်နိုင်သည့်အရာကို သူငယ်ချင်းများအားမခိုင်းပါနှင့်။

15. These who can commend themselves can command others.
မိမိကိုယ်မိမိ ကွပ်ကဲနိုင်သူတို့သည် အခြားသူများကိုလည်း ကွပ်ကဲနိုင်ကြသည်။

No comments:

Post a Comment