Menu

Popular Posts

Wednesday, October 5, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (problem/rest/step/think)

No problem! (ပြဿနာမရှိပါဘူး)


You say no problem! when you think that something will be easy to do or get:
(ပြဿနာမရှိပါဘူး (no problem!) ကို အကြောင်းအရာတစ်ခုခုကို လွယ်လင့်တကူလုပ်နိုင်တယ် (သို့) ရရှိနိုင်တယ်လို့ ထင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။)

  • 'I need my car back by Saturday'
    ငါ့ကားကို စနေနေ့ ပြန်လိုချင်တယ်။

    'No problem!
    It will be ready by tomorrow evening.'
    ပြသနာမရှိပါဘူး။
    နက်ဖြန်ညနေဆိုရင် အဆင်သင့် ဖြစ်နေပါပြီ။
  • 'I'm looking for a one-bedroom flat in this area.'
    ဒီရပ်ကွက်ထဲမှာ အိပ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခန်းကို ရှာနေပါတယ်။

    'No problem!
    There are quite a few vacant just now.'
    ပသနာမရှိပါဘူး။ အခုလောလောဆယ် လွတ်နေတဲ့အခန်းအချို့ ရှိနေပါတယ်။

You can also say no problem! to show that you can do something that somebody has asked you to do and that you are willing to do so:
(ရပါတယ်/ ကိစ္စမရှိပါဘူး (no problem) ကို တစ်စုံတစ်ယောက်က သင့်အား တစ်စုံတစ်ခု လုပ်ပေးရန်တောင်းဆိုသည်ကို  လိုလို လားလား လုပ်ပေးချင်ကြောင်း ဖေါ်ပြသည့် အနေဖြင့် ပြောနိုင်သည်။)

  • 'Can you mend this torn dress for me?'
    ဒီပြဲနေတဲ့ ဂါဝန်ကို ချုပ်ပေးနိုင်မလား?
    'No problem! It will be ready tomorrow.'
    ရပါတယ်၊ နက်ဖြန်ဆိုရင် အသင့်ဖြစ်နေပါပြီ။

You can also use no problem! as an informal reply when somebody thanks you for doing something:
(ရပါတယ်။ ကိစ္စမရှိပါဘူး (no problem) ကို တစ်စုံတစ်ယောက်က ကျေးဇူးတင်စကားပြောရာတွင်လည်း ရင်းနှီးစွာ တုန့်ပြန်သည့် အနေဖြင့် သုံးနိုင်သည်။)

  • 'Thanks for giving me a lift to the station.
    ဘူတာရုံကို ကားကြုံတင်လာတဲ့အတွက် ကျေးဇူးပါ။
    'No problem!'
    ရပါတယ်။ ကိစ္စမရှိပါဘူး

And the rest (ကျန်တာကရော)


You say and the rest to show that the actual number or amount of something is more than has been stated:
(ကို တစ်စုံတစ်ခု၏ အရေအတွက် (သို့) ပမာဏသည် ဖော်ပြထားသည်ထက် ပိုမိုများပြားနေသည်ကို ဖော်ပြလိုပါက သုံးပါသည်။)

  • 'A car like that would cost about $60,000.'
    ဒီလိုကားမျိုးက ဒေါ်လာ ၆၀ ၀၀၀ လောက်တော့ ပေးရမယ်။

    'And the  rest! I'd say nearer $70,000.'

    ကျန်တာကရော!  ကျွန်တော့် အမြင်ပြောရရင် ဒေါ်လာ ၇၀ ၀၀၀ နားကပ်နေတယ်။
  • It’ll take us at least three days to finish this work.'
    ဒီအလုပ်ကိုပြီးဖို့ အနည်းဆုံး ၃ ရက်လောက်တော့ ငါတို့လိုလိမ့်မယ်။

    'And the  rest! Only half the workers are
    working on this project.
    ကျန်တာကရော!   ဒီစီမံကိန်းမှာ အလုပ်သ္မားက တစ်ဝက်ပဲ အလုပ်လုပ်နေတာ။

Step on it (မြန်မြန်မောင်းပါ)


You say step on it in an informal context when you mean that there is a need for hurry or speed, especially with reference to driving a car:
(မြန်မြန်မောင်းပါ (step on it) ဆိုတဲ့ အသုံးအနှုန်းကတော့ ကားမောင်းတာနဲ့ ပိုပြီး ဆီလျော်ပါတယ်။ အဓိပ္ပါယ်ကတော့ အလျင်လိုတယ် မြန်မြန်မောင်းပါဆိုတဲ့ အဓိပ္ပါယ်ပါပဲ။)

  • You'll have to step on it or be late for the interview.
    မန်မြန်မောင်းပါ ! မဟုတ်ရင် အင်တာဗျူးနောက်ကျတော့မယ်။
  • Step on it. I promised my mother that we wouldn’t be late for lunch.
    မြန်မြန်မောင်းပါ !
    အမေ့ကို နေ့လည်စာစားဖို့နောက်မကျပါဘူးလို့ ကတိပေးထားတယ်။

I thought as much (ငါ ထင်သားပဲ)


You say I thought as much when you have found out that you were right about something that you thought or suspected:
ငါထင်သားပဲ (I thought as much) ကို တစ်စုံတစ်ရာအား သင်တွေးထင် (သို့) သံသယရှိထား တဲ့အတိုင်း ဟုတ်မှန်နေသည့်အခါတွင် အသုံးပါပြုပါသည်။)

  • I thought as much. That boy who's making all the noise is our neighbour's son.
    ငါထင်သားပဲ။
    အဲဒီဆူညံသံတွေကို လုပ်နေတဲ့ ကောင်လေးက ငါတို့ အိမ်နီးချင်းရဲ့ ကလေးပဲ။
  • I thought as much. The girl who got the job is the manager's daughter.
    ငါထင်သားပဲ။
    အလုပ်ရသွားတဲ့ကောင်မလေးက မန်နေဂျာရဲ့ သမီးပဲ။

Click "Like" if you want to see more posts like this. Thanks.

No comments:

Post a Comment