Menu

Popular Posts

Thursday, September 29, 2011

အစည်းအဝေးကို ဦးဆောင်ကျင်းပရန် အင်္ဂလိပ်စကား အသုံးအနှုန်းများ


အစည်းအဝေးကို အောင်အောင်မြင်မြင် ဦးဆောင်ကျင်းပနိုင်တဲ့ ကျွမ်းကျင်မှုကို အဖွဲ့အစည်းတွေက အများကြီး တန်ဖိုးထားကြပါတယ်။ အစည်းအဝေး စတင်ဖွင့်လှစ်ချိန်ဟာ အရေးကြီးပါတယ်။ ဦးဆောင် ကျင်းပသူအနေနဲ့ အစည်းအဝေးပြုလုပ်မယ့် ပုံစံကို သတ်မှတ်ပြီး သဘောတူညီထားတဲ့ အစည်းအဝေး အစီအစဉ်အတိုင်း လိုက်နာဖို့ လုပ်ပိုင်ခွင့်ကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဦးဆောင်ဆွေးနွေးသူက အစည်းအဝေး စတင်ချိန် ပြောကြားရာမှာ အောက်ပါ အပိုင်းများ ပါဝင်ရမှာ ဖြစ်ပါတယ်။

  • တက်ရောက်လာသူများရဲ့ အာရုံစူးစိုက်မှု ရယူပြီး စနစ်တကျ နေရာယူကြစေခြင်း
  • ကြိုဆိုခြင်းနှင့် တက်ရောက်လာတဲ့အတွက် ကျေးဇူးတင်စကား ပြောကြားခြင်း
  • အစည်းအဝေး ကျင်းပရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း
  • အစည်းအဝေး အစီအစဉ်နဲ့ အချိန်သတ်မှတ်ချက်ကို ပြောကြားခြင်း
  • တက်ရောက်သူများရဲ့ အခန်းကဏ္ဍ အသီးသီးကို သတ်မှတ်ပေးခြင်း
  • အစည်းအဝေး စတင်ခြင်း
အစည်းအဝေး စတင်ချိန် ပြောဆိုပုံကို နမူနာ ဖော်ပြလိုက်ပါတယ်။ အသုံးဝင်မယ့် စကား အသုံးအနှုန်းတွေကို ထင်ရှားအောင် ဖော်ပြလိုက်ပါတယ်။
Right, if we could start now.
အခု အစည်းအဝေး စတင်တော့မှာ ဖြစ်ပါတယ်။
First of all, I’d like to welcome you all to Bunbury Industries and, in particular, our guests from our regional offices in Europe and Asia.
ပထမဆုံး အနေနဲ့ တက်ရောက်လာကြသူများ အားလုံး အထူးသဖြင့် ဥရောပနဲ့ အာရှ ဒေသ အဆင့် ရုံးများက ဧည့်သည်များကို Bunbury စက်မှုလုပ်ငန်းများ ရုံးကနေ ကြိုဆိုပါတယ်။
As you will be aware, we’ve called this meeting in order to clarify some of the issues arising from our 2010 strategy.
သိရှိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၀ခုနှစ် မဟာဗျူဟာ နဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ် အချို့ကို ရှင်းလင်းလိုတဲ့ အတွက် ဒီအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါတယ်။
I trust you all have a copy of the agenda and the meeting should take about two hours, so I aim to finish by 12.30 at the latest.
အားလုံး အစည်းအဝေး အစီအစဉ် ရရှိကြပြီး ဖြစ်ပါတယ်။ အစည်းအဝေးက ၂နာရီလောက် ကြာမှာမို့ ၁၂နာရီခွဲထက် နောက်မကျဘဲ အစည်းအဝေး ပြီးနိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။
John has agreed to take the minutes and Peter is going to give us some background.
ဂျွန်က မှတ်တမ်း ရေးသားပါမယ်။ ပီတာက နောက်ခံ အချက်အလက်တွေကို ဦးစွာ တင်ပြပေးမှာ ဖြစ်ပါတယ်။
So Peter, would you like to start…
အခု ပီတာကို စတင် ပြောကြားဖို့ ဖိတ်ခေါ်ပါတယ် ...
အစည်းအဝေး ဦးဆောင်ကျင်းပသူဟာ အဖွင့် ပြောကြားရာမှာ အစည်းအဝေး အောင်အောင်မြင်မြင် ပြီးစီးနိုင်ဖို့ အထူးကြိုးစားတာကို တွေ့ရပါတယ်။ အထက်ဖော်ပြပါ အစည်းအဝေး ဖွင့်လှစ်ပုံကတော့ စနစ်တကျ အလေးအနက် ဖွင့်လှစ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပုံမှန် ဌာနခွဲတွေ၊ ဌာနတွေမှာ အလွတ်သဘော စကားအသုံးအနှုန်းတွေကိုလည်း သုံးနိုင်ပါတယ်။ အောက်ပါအတိုင်း ခပ်တိုတို ပြောကြားပြီးတော့လည်း အစည်းအဝေးကို စတင်နိုင်ပါတယ်။
OK, let’s start.
ကဲ စ လိုက်ကြစို့။
Thanks for coming and you all got a copy of the agenda by email. အစည်းအဝေးလာတက်တဲ့အတွက် ကျေးဇူး တင် ပါတယ်။အစည်းအဝေးအစီအစဉ်ကိုလည်း အီးမေးလ်နဲ့ ပို့ထားပါတယ်။
Let’s try and finish by 11.
၁၁နာရီမှာ ပြီးနိုင်အောင် ဆွေးနွေးကြပါမယ်။
First item on the agenda is recruitment, Claire?
ပထမဆုံးဆွေးနွေးရမယ့် အကြောင်းအရာကတော့ ၀န်ထမ်းသစ်ခန့်ထားရေးဖြစ်ပါတယ်။ ကလဲယာ က ဆွေးနွေးပေးပါဦး။
အစည်းအဝေး မအောင်မမြင်ဖြစ်ရတဲ့ အဓိကအကြောင်းတစ်ရပ်ကတော့ သဘောတူညီထားတဲ့ အစီအစဉ်ကနေ သွေဖည်သွားခြင်းဖြစ်ပါတယ်။ ဦးဆောင်ကျင်းပသူရဲ့ အခန်းကဏ္ဍကတော့ ဆွေးနွေးချက်တွေကို သတ်မှတ်ထားတဲ့ အကြောင်းအရာတွေဆီ ပြန်ပြီး ဦးတည်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ဖို့ အသုံးပြုနိုင်မယ့် နည်းလမ်း အချို့ ရှိပါတယ်။
I think we are getting sidetracked here, let’s get back to the agenda.
ဒါဆိုရင်တော့ အစီအစဉ်ကနေ ချော်ထွက်သွားပြီထင်ပါတယ်။ အစီအစဉ်အတိုင်းဘဲ ဆွေးနွေးကြရအောင်။
I think we are moving away from the point, let’s return to the agenda.
လိုရင်းအချက် မဟုတ်တော့ဘူးထင်ပါတယ်။ အစီအစဉ်မှာပါတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြပါ။
It’s an interesting discussion, but perhaps we can save it for a separate meeting.
စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ဒါပေမယ့် သီးခြားအစည်းအဝေးတစ်ခုလုပ်ပြီး ဆွေးနွေးကြရမယ် ထင်ပါတယ်။
ဦးဆောင်ကျင်းပသူအနေနဲ့ သတ်မှတ်ချိန်အတိုင်း ဖြစ်စေဖို့ကိုလည်း သတိထားပြီး အချိန်နဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။
I’m wary of the time, so can we move on to item 3 on the agenda.
အချိန်သိပ်မရတော့တဲ့အတွက် အစည်းအဝေး အစီအစဉ် နံပါတ် ၃ ကို ဆက်ဆွေးနွေးကြရအောင်။
Time is running short, so shall we turn to the next item.
အချိန်နည်းနေတဲ့အတွက် နောက် ဆွေးနွေးမယ့် အကြောင်းအရာကို ကူးပြောင်းပါမယ်။
ကျွမ်းကျင်တဲ့ ဦးဆောင်ကျင်းပသူတစ်ဦးအနေနဲ့ အစည်းအဝေး တက်ရောက်လာသူအားလုံး ပါဝင် ပြောဆိုနိုင်အောင်လည်း ဆောင်ရွက်ပေးရပါတယ်။
စကားနည်းသူတွေကို ပါဝင်ဆွေးနွေးဖို့ အားပေးရာမှာ ဘာမှလည်း မပြောဘူးလို့ အဓိပ္ပာယ်သက်ရောက်တဲ့ You’ve been very quiet (စကားနည်းလှချည်လား)။ We haven’t heard from Tricia yet (ထရီရှာရဲ့ စကားသံကို မကြားရသေးဘူး) စသည်ဖြင့် ပြောတာဟာ သိပ်မကောင်းပါဘူး။ သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်မှု ရှိကြောင်း၊ ထင်မြင်ချက်ကို တန်ဖိုး ထားကြောင်း ထင်ရှားစေတဲ့ အသုံးအနှုန်းများက ပိုမိုကောင်းမွန်ပါတယ်။ ဥပမာ...
You have knowledge in this field, Emma. What’s your view?
အင်မာကတော့ ဒီအကြောင်းအရာမှာ သိနားလည်သူ ဖြစ်ပါတယ်။ ဘယ်လိုများ ထင်မြင်ပါသလဲ လို့ ပြောကြားနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဦးဆောင်ကျင်းပသူက အစည်းအဝေးကို စနစ်တကျ အပြီးသတ်ဖို့ လိုအပ်ပါတယ်။
Well, can I draw the meeting to a close now.
အခုအစည်းအဝေးကို အပြီးသတ်ပါတော့မယ်။
Let’s review the main points of our discussion.
ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေကို ပြန်သုံးသပ် ကြရအောင်.
We decided that…………….
ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကတော့ ... ဖြစ်ပါတယ်။
Mel, you are going to check………………….
မယ်လ် ကတော့ ... ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
Thank you, that’s all for today.
ကျေးဇူးတင်ပါတယ်။ ဒီနေ့ အစည်းအဝေးကတော့ ဒီလောက်နဲ့ဘဲ အပြီးသတ်ပါမယ်။

Read more: အစည်းအဝေးကို ဦးဆောင်ကျင်းပရန် အင်္ဂလိပ်စကား အသုံးအနှုန်းများ - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:424115#ixzz1ZKNk9rlm

No comments:

Post a Comment