င်္
Duan Guanqing တစ်ယောက် တိုင်းပြည်တပြည်ရဲ့အတိုင်ပင်ခံအဖြစ်ထမ်းဆောင်နေရတဲ့အချိန်မှာ သူကိုလူတွေက ရိုးသားသူ၊စိတ်ထားဖြောင့်မတ်သူအဖြစ်သိကြတယ်.. တနေ့သောအခါ..သူဟာ ဆန်ဆိုင်ရှေ့ကိုဖြတ်သွားစဉ်..တစ်စုံတစ်ခုကြောင့်ရန်ဖြစ်နေကြတဲ့လူတစ်အုပ်တွေ့ခဲ့တယ်။
သူစုံစမ်းကြည့်လိုက်တဲ့အခါမှာ.. တိုင်းသူပြည်သားတစ်ယောက်ဟာဆန်ပိုင်ရှင်ရဲ့ကြက်ငယ်ကလေးတစ်ကောင်ကိုခြေနဲ့နင်းသတ်ခဲ့တယ် ၊ပြီးတော့ ဆန်ပိုင်ရှင်ဟာ သူ့ရဲ့နစ်နာကြေးအတွက် အသပြာ ၉၀၀ ကိုတောင်းဆိုခဲ့တယ်.. ဆိုတာ သိလိုက်ခဲ့ရတယ်။
Duan က “ကြက်ကလေးတစ်ကောင်ကို အသပြာ ၉၀၀ လောက် ဘာကြောင့်ပေးရလဲ“ လို့မေးလိုက်တယ်
ထိုအခါ..တိုင်းသူပြည်သားလေးက“ ဆန်ဆိုင်ပိုင်ရှင်ကပြောတယ် သူ့ကြက်ဟာမျိုးကောင်းမျိုးသန့်ကြက်မျိုးဖြစ်ပြီးတော့.. နောက်လအနည်းငယ်အတွင်းမှာ...၉၀ ကျပ်သားအထိအလေးချိန်ရှိလာလိမ့်မယ်.. လက်ရှိဈေးနှုံးမှာ တစ်ဆယ်သားကြက်တစ်ကောင်ကို..အသပြာ၁၀၀ ပေးရတယ်..ဒါကြောင့်သူက သူ့ရဲ့ ဆုံးရူံးမှုအတွက် အသပြာ၉၀၀တောင်းတာ“ဟုပြန်ပြောလိုက်တယ်..ထိုစကားကိုကြားလိုက်တဲ့အခါ.. Duan က “ဒါအမှန်ပဲလား“ လို့ ဆန်ဆိုင်ပိုင်ရှင်ကိုမေးလိုက်တယ်...
ဆန်ဆိုင်ပိုင်ရှင်က ခေါင်းညိတ်ပြီးတော့.. ဟုတ်တယ်..အဲဒီလိုနည်းအားဖြင့်ငါတွက်ချက်ခဲ့တာ.... “ ဟုပြောလိုက်တယ်
ထိုနောက်.. Duan က .. ဒီကိစ္စကိုအဆုံးအဖြတ်ပေးဖို့အချိန်ရောက်လာခဲ့တယ်.. ဒါကြောင့်သူက.. “ အသပြာ ၉၀၀ ဟာမများပါဘူး...မင်းသူ့ကို ဒါဟာပေးသင့်တာပေါ့.. မင်းဆီမှာမလောက်ရင်.. ငါစိုက်ပေးမှာပါကွာလို့“ တိုင်းသူပြည်သားလေးအားပြောပြလိုက်တယ်..Duanနောက်ကပွဲကြည့်ပရိသတ်အားလုံးကတော.. ဒါဟာမျှတတဲ့.. အဆုံးအဖြတ်မဟုတ်ဘူး..လို့ အပြစ်တင်ဝေဖန်ကြတယ်..
တိုင်းသူပြည်သား..ကတော့ ငြင်းဆိုအားမရှိပါဘူး.. ဒါကြောင့် သူ့ရဲ့အ၀တ်အစားတွေကို အသပြာ ၆၀၀ နဲ့ ပေါင်ပြီးတော့..Duan ပေးတဲ့ အသပြာ ၃၀၀ နဲ့အတူ..ဆန်ဆိုင်ပိုင်ရှင်ကို ကြက်ကလေး အတွက် လျောပေးလိုက်ရတယ်
ပိုက်ဆံတွေကိုကြည့်ပြီးတော့.. ဆန်ဆိုင်ပိုင်ရှင်ဟာ.. အလွန်တရာကျနပ်သွားတယ်..ဒါကြောင့် အသပြာတွေကိုယူ ပြီ သွားတော့မယ်အလုပ်မှာ..Duan က ကမန်းကတန်းပြောလိုက်တယ်..
“ခဏစောင့်ပါအုံးကွာ..ငါပြောတာနားထောင်စမ်းပါအုံး...စကားပုံရှိတယ်ကွ.. ..ဆန်တပြည်...ကြက်တစ်ဆယ်သား...ဆိုတာ...ပြောရမယ်ဆိုလျှင်တော့ကွာ..ကြက်တစ်ကောင်တစ်ဆယ်သားရောက်ဖို့.. ဆန်တစ်ပြည်စားရတယ်ကွာ....အခုဆိုလျှင် ကြက်ကသေပြီလေ...ဒါကြောင့်မင်း ဆန်ကိုးပြည် သက်သာသွားတာပေါ့ .. ငါပြောတာဟုတ်တယ်မဟုတ်လား...ဒါဆိုမင်းဟာ တိုင်းသူပြည်သားလေးကို ဆန်ကိုးပြည်ပေးမှသာလျှင် မျှတမှာပေါ့ကွ.. ” လို့ဆိုလိုက်တယ်...
ဒီစကားလည်းကြားရော.... ဆန်ဆိုင်ပိုင်ရှင်ဟာ..ပါးစပ်ကြီးအဟောင်းသားနဲ့ချက်ချင်းဘာပြန်ပြောရမှန်းမသိဖြစ်အောင်ဆွံအသွားတယ်.... သူဘာမှာမလုပ်နိုင်ဘူးလေ.. သူစကားနဲ့သူချောင်ပိတ်မိသွားတယ်..နောက်ဆုံးတော့.. တိုင်းသူပြည်သားလေးကို ဆန်ကိုးပြည်ပေးလိုက်ရတာပေါ့..
တိုင်းသူပြည်သားလေးလည်းဆန်အိတ်နှင့်အတူပျော်ရွှင်စွာထွက်ခွာသွားပါတော့တယ်..လူတွေအားလုံးက.. Duan Guangqing ကို သူ့ရဲ့ တရားမျှတဲ့ဆုံးဖြတ်မှု.. ဖြောင့်မတ်မှန်ကန်မှုအတွက် ချီးမွမ်းထောပနာပြုခဲ့ကြတယ်..
လေးစားစွာဖြင့်
အောင်ကျော်ဇင်မြင့်..(Ref:Fair Judgment By: Anonymous )(Chinese Jokes)
No comments:
Post a Comment