Menu

Popular Posts

Thursday, September 8, 2011

သင့်အတွက် လေ့လာစရာ ဝက်ဆိုဒ်ကောင်းများ

ကျွန်တော်ဆိုဒ်က Useful Link က ဆိုဒ်တွေစုစည်းပေးတာ ကျွန်တော်ကိုယ်တိုင် စုစည်းတာ မဟုတ်တာများတယ် ။ ကျွန်တော်ရေးတဲ့ ပိုစ့်တွေဆိုရင် အောက်ဆုံးမှာ ကျွန်တော်နာမည်အမြဲတမ်းထည့်တယ် ။ ဒီတစ်ခါကျွန်တော် လေ့လာစရာဝက်ဆိုဒ်တွေကို တင်ပေးလိုက်ပါတယ် ။ တစ်ခုချင်းကို မိတ်ဆက်ပေးဖို့ မလွယ်လို့ တစ်ခုချင်းစီသွားပြီး ။ မိမိဝါသနာပါရာကို လေ့လာနိုင်ကြောင်းပါဗျာ ။ တော်တော်လေးကို ကောင်းပါတယ် ။ ကျွန်တော်တောင် အကုန်မကြည့်ရသေးကြောင်းပါ ။ 3D,2D  Design ,Photoshop Tutorial ဘာတွေညာတွေတော့ စုံနေတာပဲဗျာ ။ လေ့လာကြည့်လိုက်စမ်းပါ ။ သင့်အတွက် အကျိုးရှိစေမှာပါ ။


(1)Pixel2life
(2)Good-Tutorials
(3)Tutorialized
(4)TutorialGarden
(5)TutorialOutpost
(6)Hacker News 
(7)FaqPal
(8)Luxa
(9)Graphic-Design-Links
(10)FStutorials
(11)PhotoshopRoadmap
(12)Tutorial-center
(13)Tipstrs
(14)TutorialKit
(15)PSlover
(16) TotalTutorial
(17)TutorialMan
(18)Pure-Graphics
(19)PhotoshopTalent
(20)Photoshop 911 
(21)TutorialSubmitter    
(22)Design Bump 
(23)Free Directory -
(24)CGlinks
(25)Tutorio
(26)T-tutorials
(27)Tutorial-Mix
(28)TutorialAdvisor
(29)Pixel-Groovy
(30)Tutorialing
(31)TipClique
(32)TutorialToday
(33)CapitalTutorials
(34)vunkysearch.net
(35)Tutorial-Index
(36)GFXtuts
(37)Photoshop Lady
(38)Design Float
(39)PS Tuts
(40)Tutorial Street
(41)v7n
(42)Psdtop
(43)Zeronese
ခွန်မောင်ပန် http://www.decembermgmg1992.co.cc/

Wednesday, September 7, 2011

ရေညှိပင်နဲ့ ဝါးပင်



တနေ့ မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့  အားလုံးကိုအရှုံးပေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊အလုပ်ကိုအရှုံးပေးလိုက်မယ်မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။တောထဲရောက်တော့နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင်
ဘုရားသခင်နဲစကားပြောဖို့ သူဆုံးဖြတ်လိုက်တယ်။ 

ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား-
ကျွန်တော်ဘဝကိုအရှုံးပေးတော့မယ်။ကျွန်တော်အရှုံးပေးသင့်တယ်လို့ ပဲကျွန်တော်ထင်တယ်။
အရှုံးမပေးသင့်ကြောင်းသက်သေတစ်ခုတောင်ဘုရားသခင်ကျွန်တော့်ကိုပေးစရာမရှိဘူးမဟုတ်လား…”
လို့ မေးလိုက်တယ်။ဒါနဲ့ ဘုရားကပြန်မေးတယ်တဲ့။
“အသင့်အနားမှာရေညှိပင်တစ်ပင်နဲ့  ဝါးပင်တစ်ပင် တွေ့ လား” တဲ့။သူကတွေ့ ကြောင်းပြောတဲ့အခါမှ
ဘုရားက -“အိုလူသား။ အဲဒီရေညှိပင်နဲ့  ဝါးပင်ကို စပျိုးတုန်းကအတူတူပဲ။အစေ့နှစ်မျိုး ကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေသြဇာနဲ့နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။
မြေပေါ်မှာပေါက်လာပြီးမြေပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။ဝါးစေ့ကလေးကတော့ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ်ငါသူ့ အပေါ်မှာစွန့် လွှတ် အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီး ရေ လောင်း  ခဲ့ပါတယ်။
တစ်နှစ်လောက်ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက်တောင်ပိုပြီးပြန့် ပွားလာပါတယ်။
ဝါးစေ့လေးစိုက်ထားတဲ့နေရာမှာတော့ဘာမှဖြစ်မလာသေးပါဘူး။
၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲဘာထူးခြားမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့ အပေါ်မှာလက်လျှော့လိုက်ခြင်းမရှိဘဲ ဆက်ပြီးရေလောင်းပေးခဲ့ပါတယ်။၅နှစ်မြောက်မှာတော့ဝါးပင်ညှောင့်လေးစထွက်လာပါတယ်။ ဒီလိုစထွက်လာပြီး၆လအတွင်းမှာပဲ ပေ၁ဝဝ ကျော်အပင်ကြီးဖြစ်သွားပါတော့တယ်။ ဝါးပင်ဟာ ဒီလို အချိန် တို အတွင်း မှာ ဒီ လောက်အမြင့်ကြီးတက်နိုင်ဖို့ ၅နှစ်ကြာ အမြစ်တွယ်ယူခဲ့ရတယ်လေ။
ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့အရာ ချမပေးပါဘူး။
သူ့ နေရာနဲ့သူဖြစ်လာဖို့ အရည်အချင်းတွေပေးထားတယ်လေ။ ဝါးပင်လေးအပေါ်မှာ
လက်မလျှော့သလို အသင့်အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့ ။ ရေညှိပင်ဟာ
ရေညှိပင်နေရာမှာနေပြီး သစ်တောကို စိမ်းလန်းစေသလို၊ ဝါးပင်ဟာ
ဝါးပင်နေရာမှာနေပြီး သစ်တောကို လှပစေပါတယ်။
သင့်အလှည့်လာမှာပါ။ သင်အမြင့်ကိုတက်ဖို့ အခု အမြစ်တွယ်ဖို့ 
အချိန်ပေးထားတာပါ။”…လို့ ပြန်ဖြေသတဲ့။
ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက်မြင့်မြင့်တက်မှာလဲ” လို့ ပြန်မေးပါတယ်။
လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့  ပြန်ဖြေတော့
ဘုရားက “အေး..အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ
တက်လို့ ရတယ်။ ကြိုးစားပြီးတက်ပေတော့” လို့  ပြန်ပြောလိုက်ပါတယ်။


အဆိုးအားဖြင့်အရှုံးမခံနှင့် အကောင်းအားဖြင့်အဆိုးကိုနိုင်လော့
လ၀န်း

Tuesday, September 6, 2011

အင်္ဂါဂြိုဟ်သားနှင့် ကဗျာဆရာ စကားပြောခြင်း

(A)
မေး။ ။ ဒါဟာ ဘာလဲ။
ဖြေ။ ။ အဲဒါဟာ ပန်းလေးတစ်ပွင့်ပါ။
မေး။ ။ သူ့မှာ ဘာရည်ရွယ်ချက်ရှိသလဲ။
ဖြေ။ ။ ကျွန်တော် မသိဘူး။ သူ့မှာ ဘာရည်ရွယ်ချက်ရှိမလဲလို့ ကျွန်တော် မပြောနိုင်ဘူး။ သူဟာ သဘာဝပေါက်ပင်ပါ။ သူ့အလိုအလျောက်ပေါက်လာတယ်၊ ပြီး သူ့အလိုအလျောက်ပဲ ပွင့်လာခဲ့တယ်။
မေး။ ။ သူ့ဖြစ်စဉ်ဟာ ဘာလဲ။
ဖြေ။ ။ သူဟာ မျိုးစေ့လေးတစ်စေ့ဘဝကနေ အပွင့်ကလေးတစ်ပွင့် ပွင့်လာတယ်။ ပြီးတော့ အချိန်တန်ရင် အဲဒီအပွင့်ကလေး ကြွေသွားတာပါပဲ။
မေး။ ။ အချိန်တန်ရင်ဆိုတာ ဘာကိုရည်ညွှန်းတာလဲ။
ဖြေ။ ။ သူဆက်လက်ရှင်သန်ဖို့ တာဝန်ပြီးဆုံးသွားပြီလို့ ဆိုလိုတာပါ။
မေး။ ။ သူဟာ မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ သူဟာ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။

(B)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ ဒါဟာ စာအုပ်တစ်အုပ်ပါ။
မေး။ ။ သူရော မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။ သူဟာ (လုံလောက်တဲ့ အခြေအနေရှိရင်) ချိုမြိန်တဲ့မြို့ကြီးတွေကို မျိုးဆက်ပြန့်ပွားစေနိုင်ပါတယ်။
မေး။ ။ သူ့ရဲ့ အသုံးဝင်မှုက ဘာလဲ။
ဖြေ။ ။ သူဟာ တောင်များကို ရွေ့စေနိုင်ပါတယ်။ ကြယ်တာရာများကို ညှို့ငင်ထားနိုင်စွမ်းပါတယ်။ မုန်တိုင်းကို နဖားကြိုး ထိုးထားနိုင်ပါတယ်။ ကန္တာရမှာ သစ်တောကြီးတွေ ပေါက်လာစေပါတယ်။
မေး။ ။ တောင်၊ ကြယ်တာရာ၊ မုန်တိုင်း၊ ကန္တာရနဲ့ သစ်တောဆိုတာတွေကို ဘယ်မှာ တွေ့နိုင်မလဲ။
ဖြေ။ ။ စာအုပ်ထဲမှာ တွေ့နိုင်ပါတယ်။
မေး။ ။ စာအုပ်ကို စားသောက်လို့ရလား။
ဖြေ။ ။ ပိုးဟပ်နဲ့ ခြကလွဲလို့ ဘယ်သူမှ စာအုပ်ကို စားသောက်လို့မရပါ။
မေး။ ။ အဲဒီ စာအုပ်ဟာ အလေးချိန်ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ ရှစ်အောင်စပါ။

(C)
မေး။ ။ ဟိုဟာ ဘာဖြစ်နေတာလဲ။
ဖြေ။ ။ လူတစ်ယောက် ငိုနေတာပါ။
မေး။ ။ သူဘာတာဝန်ကို ထမ်းဆောင်နေတာလဲ။
ဖြေ။ ။ သူ…သူ့ကြေကွဲမှုကို ထုတ်ဖော်နေတာပါ။
မေး။ ။ ထူးခြားတဲ့အသံလှိုင်းကို သူဘယ်လိုရသလဲ။
ဖြေ။ ။ သူ့ကြေကွဲမှုက တစ်ဆင့်ရပါတယ်။
မေး။ ။ ကြေကွဲမှုကို ဘယ်စက်ရုံက ထုတ်လုပ်သလဲ။ သူ့ရဲ့ ဖော်မြူလာကိုပြောပြပါ။
ဖြေ။ ။ ကြေကွဲမှုကို စက်ရုံတွေက ထုတ်လုပ်ဖို့ ဘယ်တုန်းကမှ အစီအစဉ်မရှိကြပါဘူး။ ကြေကွဲမှုဆိုတာ ဆိုးဝါးတဲ့ စိတ်ခံစားချက်တစ်မျိုးပါ။ သူ့ရဲ့ ဖော်မြူလာကို မပြောပြနိုင်တာဟာ ကြေကွဲစရာပါပဲ။
မေး။ ။ သူဟာ မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ တိကျတဲ့ မှတ်တမ်းမှတ်ရာ မရှိပါ။
မေး။ ။ ကြေကွဲမှုဟာ စုစုပေါင်းအလေးချိန် ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ တိကျတဲ့ မှတ်တမ်းမှတ်ရာ မရှိပါ။

(D)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ သေနတ်တစ်လက်ပါ။ (ကျွန်တော် ကျည်ဆံထည့်ထားတယ်)
မေး။ ။ သူ့မှာ ဘာရည်ရွယ်ချက်ရှိသလဲ။
ဖြေ။ ။ သူဟာ သက်ရှိတွေကို သက်မဲ့ဖြစ်စေတယ်။
မေး။ ။ စွမ်းအင် အသွင်ပြောင်းလဲခြင်း ဖြစ်စေတာလား။
ဖြေ။ ။ ဟုတ်ကဲ့။ စွမ်းအင် အသွင်ပြောင်းလဲခြင်း ဖြစ်စေပါတယ်။
မေး။ ။ သူကရော မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။ ကမ္ဘာသမိုင်းမှာ အမည်အမျိုးမျိုးနဲ့ ထင်ရှားတဲ့စစ်ပွဲကြီးတွေဟာ သူ့ရဲ့ မျိုးဆက်ပြန့်ပွားမှုပေါ့။
မေး။ ။ သူ့ကို ဖန်တီးထုတ်လုပ်ထားတဲ့ သတ္ထုအမျိုးအစားကို ပြောပြပါ။
ဖြေ။ ။ ကြေးဝါနဲ့ သံမဏိပါ။

(E)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ ငွေစက္ကူပါ။
မေး။ ။ သူဟာ သီးပွင့်နိုင်ပါသလား။
ဖြေ။ ။ ဟုတ်ကဲ့။ သီးပွင့်နိုင်ပါတယ်။ ဒုက္ခတရားနဲ့ ပျော်ရွှင်မှုဟာ သူ့ရဲ့ အသီးအပွင့်တွေပေါ့။
မေး။ ။ သူဟာ အစာစားသလား။
ဖြေ။ ။ ဟုတ်ကဲ့။ စားပါတယ်။ ချွေးစက်နဲ့ တွေးခေါ်မျှော်မြင်မှုကို သူစားသုံးပါတယ်။
မေး။ ။ သူဘယ်လို အစာချက်သလဲ။ ကလိုရိုဖီးကတစ်ဆင့် ချက်လုပ်သလား။ အစာအိမ်က ချက်လုပ်သလား။
ဖြေ။ ။ သူဟာ တိတ်ဆိတ်တဲ့ အမိန့်တစ်မျိုးပေးပြီး အစာကို ချက်လုပ်ပါတယ်။
မေး။ ။ သူ့ရဲ့ ထင်ရှားတဲ့ဂုဏ်သတ္တိကို ပြောပြပါ။
ဖြေ။ ။ သူဟာ မိုက်မဲစေပါတယ်။ မိုက်မဲသူကိုလည်း ယဉ်ကျေးစေပါတယ်။ ကိုယ်တိုင်မီးလောင်ပြီး မီးလောင်ခြင်းကို အားပေးပါတယ်။
မေး။ ။ သူကရော မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။ ဘဏ်တိုက်ကြီးတွေနဲ့ ကြွေးစာရင်းတွေဟာ သူ့ရဲ့မျိုးဆက်ပြန့်ပွားမှုပါ။

(F)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ ဖောင်တိန်တစ်လက်ပါ။
မေး။ ။ သူဘာတာဝန်ကို ထမ်းဆောင်သလဲ။
ဖြေ။ ။ လူတစ်ယောက်ရဲ့ ဦးခေါင်းကို လူတစ်ယောက်ရဲ့ ဦးခေါင်းနဲ့ ဆက်သွယ်ပေးပါတယ်။
မေး။ ။ သူ့ရဲ့ဖွဲ့စည်းပုံကို ရှင်းပြပါ။
ဖြေ။ ။ ချွန်ထက်တဲ့ သတ္တုထိပ်ဖျားရှိပြီး အထဲမှာ ဉာဏ်ပညာမြစ် စီးဆင်းနေပါတယ်။ အဖုံးမှာ ချိတ်တစ်ခု ပါရှိတယ်။
မေး။ ။ သူ့ရဲ့ တန်ဖိုးကို ပြောပါ။
ဖြေ။ ။ နယူးယောက်မြို့ကြီးနဲ့ တန်ဖိုးချင်း ညီမျှပါတယ်။
မေး။ ။ သူ့ကို အသုံပြုပုံကို ပြောပြပါ။
ဖြေ။ ။ အရွေ့ စွမ်းအင်ကနေ ဘာသာဗေဒအဖြစ် ကူးပြောင်းရာမှာ သူ့ကို အသုံးပြုကြပါတယ်။

(G)
မေး။ ။ ခင်ဗျား ဘယ်သူလဲ။
ဖြေ။ ။ ကျွန်တော် ကဗျာဆရာပါ။

Monday, September 5, 2011

လူတွေ့စစ်ဆေးရာတွင် မေးလေ့မေးထ ရှိသော အမေးအဖြေများ

လူတွေ့စစ်ဆေးခြင်းတွင်း ဘယ်လိုမေးခွန်းမျိုး မေးလာမည်ဆိုတာကို အတိအကျ မှန်းဆဖို့ရာ မဖြစ်နိုင်မေမဲ့လည်း လူတွေ့စစ်ဆေးရာတွင် အများဆုံး မေးလေ့မေးထရှိသော မေးခွန်းများကို ဖြေနိုင်အောင် လေ့ကျင့်ထားခြင်းဖြင့် သင့်ကိုယ်သင်ပြင်ဆင်ထားနိုင်ပါသည်။ ဒီပြင်ဆင်မှုမျိုးသည် သင့်ကို တွေ့ဆုံ မေးမြန်းနေစဉ်အတွင်း စိတ်တည်ငြိမ်မှုရှိအောင် ပံ့ပိုးပေးရုံသာမက ရလဒ်ကိုလည်း ထိန်းချုပ်နိုင်အောင် ကူညီပေးပါသည်။

သင့်ရဲ့ကျွမ်းကျင်မှုဟာ ဘာပဲဖြစ်နေပါစေ တွေ့ဆုံမေးမြန်းသူတိုင်း လိုလို မေးတတ်တာကတော့ မေးခွန်း ၅-ခုပါပဲ။

သင့်အကြောင်းပြောပြနိုင်မလား (Can you tell me about yourself?)

ဒီမေးခွန်ဟာ လူတွေ့စစ်ဆေးခြင်းသမိုင်းမှာတော့ အမုန်းဆုံးနှင့် အမေးအများဆုံးမေးခွန်းဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းခြင်းရဲ့ အစမှာ မေးလေ့ မေးထရှိပြီး ဒီမေးခွန်းဟာ မေးမြန်းသူကို သင်နှင့်သင့်ရဲ့စွမ်းရည်ကို သိနိုင်မဲ့ အခွင့်အရေးကို ပေးပါတယ်။ သင်ဖြေတဲ့အခါမှတော့ သင့်ရဲ့ပင်ကိုယ်စရိုက်၊ စွမ်းရည်၊ အတွေ့အကြုံနှင့် အလုပ်အရာဇ၀င်တို့ကို အတိုချုပ်   ဖြေလိုက်ပါ။ သင်ဟာ ဘာ့ကြောင့် အဲဒီအလုပ်အတွက် သင့်တော်တဲ့သူ ဖြစ်ပါတယ် ဆိုတာကို သရုပ်ဖော်သွားမယ့် အချက်များကိုသာ အဓိကထားပြီးဖြေဆိုပါ။

ဒီမှာ ဘာ့ကြောင့် အလုပ်လုပ်ချင်တာလဲ (Why do you want to work here?)


အဲဒီမေးခွန်းမျိုးကို-  ဘာကြောင့်လဲဆိုတော့ ကျွန်တော်/ကျွန်မ အလုပ် တကယ်လိုနေတဲ့အချိန်မှာ ဒီကလည်း ခေါ်လို့ပါ ဆိုတဲ့ အဖြေမျိုးကို မဖြေမိပါစေနဲ့။ ဘယ်လောက်ပဲ မှန်နေပါစေ။ အဲဒီလိုမျိုးတော့ လုံးဝ မဖြေလိုက်ပါနဲ့။ တွေ့ဆုံမေးမြန်းမှုမတိုင်ခင် သုတေသနပြုခဲ့မယ်ဆိုရင် တော့ ဒီမေးခွန်းကို ဖြေနိုင်မှာပါ။ ကုမ္ပဏီအကြောင်း သင်သိထားသမျှကို အသုံးချလိုက်ပါ။ မေးမြန်းသူအား သင်ဟာ ကုမ္ပဏီနှင့် ၄င်း၏ အလေ့အကျင့်များ (သို့) ရလဒ်များကို ဘာ့ကြောင့် အားကျတယ်ဆိုတာကို ပြောပြပါ။ တခြားအရာတွေက မအောင်မြင်ဘူးဆိုရင် သင့်ရဲ့စွမ်းရည်တွေနဲ့ အလုပ်ရဲ့လိုအပ်ချက်တွေကို ဆက်စပ်ပြပါ။ သင်ဟာ ဘာကြောင့် သူတို့ကုမ္ပဏီ အတွက် သင့်တော်တယ် ဆိုတာကို မေးမြန်းသူအား ပြောပြပါ။

ဘာ့ကြောင့် သင့်ကို အလုပ်ခန့်ရမှာလဲ (Why should we hire you?)

ဒီမေးခွန်းကတော့ သင်အမေးခံရမယ့် မေးခွန်းတွေထဲက အရေးကြီးဆုံး သော မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာလည်း ခိုင်လုံတဲ့ အဖြေတစ်ခု ရှိထားဖို့ အသေအချာ စီစဉ်ထားပါ။ သင်ဟာ ဘာ့ကြောင့် ၀န်ထမ်းကောင်းတစ်ဦး ဖြစ်နိုင်တယ်ဆိုတာရယ်၊ သင်ဟာဒီအလုပ်နဲ့ဘာ့ကြောင့်သင့်တော်တယ်ဆိုတာရယ်၊ တခြား အလုပ်လာလျှောက်သူတွေထက် သင်ဟာ ဘယ်အချက်မှာ သာတယ်ဆိုတာရယ်တွေကို အသေးစိတ်ရှင်းပြပါ။ သင့်ရဲ့ အောင်မြင်မှုတွေ ကျွမ်းကျင်မှုတွေ၊ အသုံးချနိုင်မဲ့ အတွေ့အကြုံတွေကို ထောက်ပြပါ။

နောက်ဆုံးအလုပ်က ဘာကြောင့်ထွက်ခဲ့သလဲ? (Why did you leave your last job?)

ဒီမေးခွန်းဟာ မေးခွန်းမေးခြင်းထက် စစ်ဆေးတာဆိုရင် ပိုမှန်မယ်။ မေးမြန်းသူအနေနဲ့ သင့်စိတ်ကို ဘယ်အရာက လှုပ်ရှားစေမလဲဆိုတာကို သိချင်လို့ပဲ။ တတ်နိုင်သမျှ အမှန်တရားကိုပဲဖြေပါ။ဘာပဲလုပ်လုပ် နာကြည်းပုံ၊ စိတ်ဆိုးတဲ့ပုံ၊ စိတ်ကြီးတဲ့ပုံမပေါက်ပါစေနဲ့။ အရင်ကုမ္ပဏီ၊အလုပ်ရှင် နဲ့ လုပ်ဖော် ကိုင်ဖက်များ အကြောင်းမကောင်း  မပြောမိပါစေနဲ့။

နောက် ၅ နှစ်ကြာရင် သင့်ကိုယ်သင် ဘယ်မှာမြင်လဲ? (Where do you see yourself in 5 years?)


ဘာကြောင့်များ တွေ့ဆုံမေးမြန်းသူတွေက ဒီမေးခွန်းကို ဆက်ပြီး မေးနေကြပါလိမ့်။ ဘာကြောင့်လဲဆိုတော့ ဒီမေးခွန်းဟာ ဒီအလုပ်နဲ့ပတ်သက်တဲ့ သင့်ရဲ့စိတ်ဝင်တစား ကြိုးပမ်းအားထုပ်မှု အတိုင်းအတာနဲ့ သင်ထားရှိတဲ့ အလုပ်ရည်မှန်းချက်ကို ထိုးဖေါက်မြင်ရလို့ပါပဲ။ ဒါကြောင့် “ဗဟားမားကျွန်းစု (Bahamas) မှာ ရွက်လှေ စီးနေချင်ပါတယ် လို့ ဖြေမဲ့အစား သင့်ရဲ့အလုပ်နဲ့ သော်လည်းကောင်း သင့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သော်လည်းကောင်း ဆက်နွှယ်နေတဲ့ ရည်မှန်းချက်တွေအကြောင်းကို ပြောပြပါ။

Friday, September 2, 2011

ကိုယ်ပိုင် Portable Software ဖန်တီးမယ်

 



            ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ဆော့ဖ်ဝဲအများစုဟာ ကွန်ပျူတာမှာ Install လုပ်ပြီးမှ အသုံးပြုလို့ရပါတယ်....
အဲဒီလို ကွန်ပျူတာမှာ Install မလုပ်ဆောင်ရပဲ Double Click ကလေး ကလစ်လိုက်ရုံနဲ့ အသုံးပြုလို့ရတဲ့ ဆော့ဖ်ဝဲတွေကို Portable Software လို့ခေါ်ဆိုကြပါတယ်....Portable ဆော့ဖ်ဝဲကို အသုံးပြုခြင်းအားဖြင့် Usb Drive ကလေးနဲ့ အလွယ်တစ်ကူ သယ်ဆောင် သွားနိုင်တဲ့အပြင် ဘယ်ကွန်ပျူတာမှာမဆို Install လုပ်စရာ မလိုဘဲ ချက်ချင်းအသုံးပြုနိုင်တဲ့အကျိုးကျေးဇူးရှိပါတယ်....
          ဒါကြောင့် ဒီနေရာမှာ လက်ဆောင်အဖြစ်ပေးချင်တာက မိမိ စိတ်ကြိုက် အသုံးပြုနေတဲ့ ဆော့ဖ်ဝဲတစ်ခုဟာ Portable Version မရှိခဲ့ဘူးဆိုရင်တော့ Portable Version အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ဖို့အတွက် Portable Version ဖြစ်အောင် ပြောင်းလဲပေးနိုင် မယ့် ဆော့ဖ်ဝဲလေးတွေပါပဲ.....။
          Portable Version အဖြစ်ပြောင်းလဲနိုင်မယ့် ဆော့ဖ်ဝဲနှစ်မျိုးကတော့ Cameyo နဲ့ Evalaze ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်.....။ အသုံးပြုရတာ လွယ်ကူတဲ့အတွက် အသုံးပြုနည်းကို မဖော်ပြပေးတော့ပါဘူး..... စိတ်ဝင်စားတယ် ဆိုရင် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပါတယ်။


Cameyo


ပါဏာတိပါတကံအကြောင်းကိုလေ့လာသုံးသပ်ခြင်း

ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။(သတ္တဝါ၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)တဲ့။ဒါက ဦးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စောင့်ထိန်းနေကြဖြစ်တဲ့ ငါးပါးသီလရဲ့ ပထမဆုံး သီလဖြစ်ပါတယ်။သတ္တဝါ၏ အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုရင် ပါဏာတိပါတ ကံလုံခြုံတယ်ပေါ့။သတ္တဝါရဲ့ အသတ်ကို သတ်လိုက်ရင် ပါဏာတိပါတကံကို ကျူးလွန်တာပါ။
ပါဏာတိပါတကံကို ကျူးလွန်လိုက်ရင် အောက်ပါဆိုးကျိုးတွေကို ရရှိစေပါတယ်။
(၁)။အသက်တိုခြင်း။
(၂)။အနာရောဂါထူပေါခြင်း။
(၃)။အင်အားဆုတ်ယုတ်ခြင်း။
(၄)။ကြောက်ရွံ့တတ်ခြင်း။
(၅)။စိုးရိမ် ပူဆွေးစိတ် များခြင်း။
(၆)။သူတစ်ပါး အနှိပ်စက်ခံရခြင်း၊
(၇)။သူတစ်ပါးသတ်လို့သေရခြင်း။
(၈)။ကိုယ်လက်၊အင်္ဂါချို့တဲ့ခြင်း။
(၉)။ကိုယ်လုံးကိုယ်ထည်အချိုးမကျခြင်း။
(၁၀)။ချစ်သူတို့နှင့်ကွဲကွာရခြင်း။ စသော ဆိုးကျိုးများကို ရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသူ၊ကျန်းမာရေး မကြာခဏမကောင်းပဲ အနာရောဂါထူပြောသူ။အားအင်ယိုယွင်းပြီး ချည့်နဲ့နေသူ။ဘေးရန်တစ်ခုခုပေါ်ပေါက်လာလျှင် အလွန်အမင်းကြောက်ရွံ့တတ်သူ၊စိုးရိမ် ပူပန်မှုများတတ်တဲ့သူ၊ သူတပါးရဲ့အနှိပ်စက်ခြင်းကို ခံနေရသူ၊သူတစ်ပါးသတ်လို့သေခြင်း၊မိမိဘာမိမိ အဆိပ်သောက် ကြိုးဆွဲချပြီး သေတတ်သူ၊ကိုယ်လက်အင်္ဂါ မပြည့်မစုံပဲ ချို့ယွင်းနေသူ၊ကိုယ်လုံးကိုယ်ထည် အချိုးမကျပဲဖြစ်နေသူ၊
အခြွေရံတွေပျက်ဆီးပြီး ချစ်တဲ့သူနဲ့ဝေးကွာခြင်းစတဲ့ချက်တွေနဲ့ပြည့်စုံနေသူများကိုတွေ့ရင် အဲဒီသူသည် အတိတ်က ပါဏာတိပါတကံကို ကျူးလွန်းခဲ့သူလို့သိထားစေချင်ပါတယ်။ဒါက ပါဏာတိပါတကံကို ကျူးလွန်လို့ ခံစားရတဲ့ဆိုကျိုးတွေပါ။
ပါဏာတိပါတလုံခြုံသူများကျတော့ ဆိုးကျိုးနဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုဖြစ်စေပါတယ်။အသက်ရှည်ခြင်း၊အနာရောဂါကင်းခြင်း၊အားအင်ပြည်ဖြိုးခြင်း၊
ကြောက်ရွံ့မှုကင်းခြင်း၊စိုးရိမ်ပူပန်မှုကင်းခြင်း၊သူတစ်ပါးတို့၏နှိပ်စက်ခြင်းမှကင်းဝေးခြင်း၊သူတစ်ပါး
သတ်လို့သေရခြင်းမှကင်းဝေခြင်း၊မိမိကိုယ်မိမိ အဆိပ်စသည်သောက်သေခြင်းမှကင်းဝေးခြင်း၊ကိုယ်လက်အင်္ဂါချို့တဲ့မှုမရှိခြင်း၊ကိုယ်လုံးကိုယ်ထည်လှပခြင်း၊
ချစ်ရသူနဲ့ပေါင်းသင်းရခြင်း၊အခြွေအရံများပြားခြင်း၊စတဲ့အကျိုးတရားတွေကိုခံစားကြရမှာဖြစ်ပါတယ်။
အရှင်လတ်လတ် ပုပ်နေသော ရဟန်း
သာဝတ္ထိပြည် ဇေတဝန်ကျောင်းဝင်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်းတော်တစ်ပါး ညောင်စောင်းပေါ်မှာ လူးလိမ့်ရင်း ဝေဒနာအပြင်းအထန်ခံစားနေပါတယ်။ရဟန်းရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ဆီးသီးခန့်၊ဆီးဖြူသီးခန့် ပမာဏရှိတဲ့ အနာလုံးကြီးများ သွေးတစိုစို ပြည်တရွှဲရွှဲ တစ်ကိုယ်လုံး အပ်ချစရာ နေရမကျန်အောင် အနှံ့အပြားပေါက်နေပါတယ်။ရဟန်းတော်ရဲ့ တစ်ကိုယ်လုံးကား ပုပ်စော်နံနေပါတယ်။ပြုစုမည့်သူလည်း တစ်ဦးတစ်ယောက်မျှမရှိပါဘူး။
ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ မဟာဂရုဏာတော် မေတ္တာကတော့ အင်မတန်မှကြည်ညိုဖွယ်ကောင်းလှပါတယ်။ဘာလို့လဲဆိုတော့ ပုပ်စော်နံပြီး မည်သူမှ မကပ်တဲ့ ဂိလာနရဟန်းတော်ကို ပြုစုဖို့ဆိုပြီးကြွရောက်တော်မူပါတယ်။မြတ်စွာဘုရား ရဟန်းတော်နားကိုရောက်လာတော့မှ အခြားရဟန်းတွေက ဝိုင်းအုံလာပြီး ဂိလာန ရဟန်းရဲ့ ကိုယ်ပေါ်မှာရှိတဲ့ သင်္ကန်းတွေကို လျှော်ဖွပ် လဲလှယ်ပေးခြင်း၊အနာလုံးကြီးများကို ဖန်ရည်ဖြင့်ဆေးကြောပေးခြင်း၊ဆေးထည့်ပေးခြင်း စတဲ့ သူနာပြုလုပ်ငန်းများကိုလုပ်ဆောင်ပေးတာပါ။အဲလိုပြုစုပေးလိုက်တော့မှ ထိုဂိလာနရဟန်း သက်သာရာရကာ ငြိမ်သက်တဲ့ စိတ်နဲ့ မှိန်းနေပါတယ်။
ပြောချင်တာက ထိုဂိလာနရဟန်း ဘာလို့အခုလို ဆိုးရွားတဲ့ရောဂါဝေဒနာကို ခံစားရတာလဲဆိုတာကိုပြောပြချင်တာပါ။လောကမှာ တရားသဘောအရ(အကြောင်းရှိမှ အကျိုးဖြစ်တယ်)။အကြောင်းကင်းပြီး အကျိုးဖြစ်လို့မရဘူး။ဒီရဟန်းဘာကြောင့် အခုလို ရောဂါဆိုး ဝေဒနာဆိုကျိုးကိုခံစားရတာလည်းဆိုတော့ ကဿပ မြတ်စွာဘုရားလက်ထက်တော်အခါက ထိုရဟန်းဟာ ငှက်မုဆိုးဖြစ်ခဲ့ပါတာပါ။ငှက်မျိုးစုံကို သတ်ပြီး ဘုရင့်စားတော်ပွဲအတွက် ဟင်းလျာတစ်ခုအနေနဲ့ဆက်သရပါတယ်။ကျန်တဲ့ ငှက်တွေကိုရောင်းပါတယ်။ရောင်လို့ မကုန်တဲ့ငှက်တွေကိုတော့ မပျံနိုင်အောင် အတောင် တွေကိုချိုးထားပါတယ်။မသွားနိုင်အောင်ခြေထောက်တွေကို ချိုးထားပါတယ်။တစ်ချို့ငှက်တွေကိုတော့ နောက်တစ်နေ့မှာသတ်ပြီးရောင်းချပါတယ်။အတောင်ချိုး၊ခြေချိုးထားတဲ့ငှက်တွေကိုတော့ နှစ်ရက် သုံးရက်နေပြီးမှသတ်ဖြတ်ပြီးရောင်းချပါတယ်။အဲဒီတော့ ငှက်များဟာ ဆင်းရဲဒုက္ခကို အချိန်ကြာကြာခံစားရပြီးမှ အသတ်ခံကြရတာပါ။အဲဒီမကောင်းတဲ့ အကုသိုလ်ကံအကြောင်းကြောင့် ယခုဘဝမှာ အရှင်လတ်လတ်ပုပ်နေတဲ့ ဆိုးကျိုးကိုခံစားရတာပါ။
ဒါပေမယ့် တစ်နေ့တော့ ငှက်မုဆိုးက ထိန့်လန့်သံဝေဂဖြစ်တာနဲ့ ရဟန္တာအရှင်မြတ်တစ်ပါးကို အရသာရှိတဲ့ ဆွမ်းနှင့် ဆွမ်းဟင်းလျာကိုလောင်းလှူပြီး မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ရပါစေလို့ဆုတောင်းပါတယ်။ယခုဘဝရောက်တော့ ထိုဂိလာနရဟန်းက ဝေဒနာကနေသက်သာလာတဲ့အခါ မြတ်စွာဘုရားက ဘာမျှ အသုံးမကျတဲ့၊ဘာမျှတင့်တယ်ခြင်းမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးရဲ့ အပြစ်ပြတရားတွေကိုဖော်ထုတ်ပြီး သစ္စာလေးပါးတရားတို့ကိုဟောပေးလိုက်တော့ ရဟန္တာ အရှင်မြတ်ကို လှူဒါန်းခဲ့တဲ့ ကုသိုလ်အထောက်ပံ့ကြောင့် အရဟတ္တ ဖိုလ်ဥာဏ်ထိရပြီး ပရိနိဗ္ဗာန်စံဝင်ခဲ့ပါတယ်။ဒီနေရာမှာတစ်ခုမေးဖွယ်ရှိလာပြန်တယ်။အဲဒါဘာလဲလို့ဆိုတော့ သတ္တဝါတွေကိုညှဉ်းပန်းနှိပ်စက်တဲ့ အကုသိုလ်ကံကြီးရှိနေပါလျှက် အရဟတ္တဖိုလ်ဥာဏ်ထိရနိုင်သလားပေါ့လေ။အဲဒီတော့ ပဉ္စာနန္ဒိရိယကံ မြတ်စွာဘုရားကိုသွေးစိမ်းတည်အောင်ပြုခြင်း၊ရဟန္တာကိုသတ်ခြင်း၊သံဃာသင်းကွဲစေခြင်း၊အမိကိုသတ်ခြင်း၊အဖကိုသတ်ခြင်းဆိုတဲ့ ကံကလွဲရင် ကျန်တဲ့အကုသိုလ်ကံကို အရိယာမဂ်က ပယ်သတ်နိုင်ပါတယ်။အဇာတသတ်မင်းသားဆိုလျှင် သာမညဖလသုတ်ကို နားကြားပြီးတော့ သောတာပန်တည်ရမည့်အစား အဖသတ်ထားတဲ့ကံကြောင့် အရိယာမဂ်နဲ့လွဲခဲ့တာပါ။အဲဒီတော့ အတိတ်ဘဝက မမြင်ရတဲ့ အကုသိုလ်ကံကြွေး၊ဒီဘဝမှာပြုလုပ်ထားတဲ့အကုသိုလ်ကံကြွေးတွေကို နှလုံးမသာမယာမဖြစ်ကြပဲ ပြုသင့်ပြုထိုက်တဲ့ ဒါန၊သီလ၊သမထ၊ဝိပဿနာအလုပ်များကိုကြိုးစားလုပ်သင့်တယ်လို့အသိပေးချင်တာပါ။
အကုသိုလ်ကံကြွေးတွေကို အရိယာမဂ်ကပယ်သတ်နိုင်တယ်ဆိုပြီး ကုသိုလ်အလုပ်ကိုမလုပ်ပဲ အကုသိုလ်အလုပ်တွေကိုတော့မလုပ်စေချင်ပါ။ဘာလို့လဲဆိုတော့ ဒီဘဝမှာတကယ်အရိယာမဂ်ကိုရမယ်ဆိုတာ ဘယ်သူမှကျိန်းသေ တွက်ဆလို့မရပါဘူး။ဂိလာနရဟန်းအရိယာမဂ်ကိုရတယ်ဆိုတာကလည်း သားသတ်မုဆိုးဘဝက ရဟန္တာအရှင်မြတ်ကိုလှူဒါန်းခဲ့တဲ့ကုသိုလ်ရယ် ၊အခြားဘဝတွေမှာပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေရယ် ပါရမီဥာဏ်တွေရင့်သန်လို့သာရခဲ့တာပါ။ဦးဇင်းတို့တွေက ပါရမီဥာဏ်ရင့်သန်နေတဲ့သူတွေဟုတ် မဟုတ်ဆိုတာ သေချာပြောလို့မရတာဖြစ်သည့်အတွက် အကုသိုလ်ကိုတော့ရှောင်ကြဉ်စေချင်ပါတယ်။ဒါက ပါဏာတိပါတကံကိုကျူးလွန်လို့ ခံစားရတဲ့ အကျိုးဒုက္ခပြ ပုံပြင်လေးတစ်ခုပါ။
ပါဏာတိပါတကံလုံခြုံရင်တော့ အထက်ကဖော်ပြခဲ့တဲ့ ကောင်းကျိုးတွေထဲက သူတစ်ပါးသတ်လို့မသေပဲအသက်ချမ်းသာခွင့်ရ၊လက်တွေ့ခံစားရတဲ့ အကျိုးတရားလေးတစ်ခုပြောပါဦးမယ်။ရှေးတုန်းက သီဟိုဠ်ကျွန်းမှာလယ်သမားကြီးတစ်ဦးပေါ့လေ နွားပျောက်လို့ နေရာအနှံ့အပြားလိုက်ရှာနေရာကနေ တောင်စောင်းတစ်ခုပေါ်မှာရပ်ပြီး နွားများကိုလှမ်းမျှော်ကြည့်ရှူ့ပြီးရှာဖွေနေတုန်း စပါးကြီးမြွေတစ်ကောင်က လယ်သမာကြီးရဲ့ ခြေထောက်ကို ရစ်ပတ်ထားပါတယ်။လယ်သမားကြီးက လက်ထဲမှာကိုင်ထားတဲ့ ထက်လှတဲ့ ပဲခွပ်ဖြင့် မြွေကြီးကို ခုတ်ပိုင်းရန်ကြံစည်ပြီးကာမှ၊ဝိင်္ဂလဗုဒ္ဓရက္ခိတမထေရ်ထံမှာ ဆောက်တည်ခဲ့သီလကို ပြန်ပြီးသတိရလို့ မြွေကြီးကို မသတ်ပဲ ပဲခွပ်ကိုတောထဲသို့လွင့်ပစ်လိုက်ပါတယ်။အဲဒီအခါရောက်တော့မှ မြွေကြီးက အခွေကိုဖြေကာ တောထဲသို့လျှောကနဲ ဝင်သွားပါတယ်။ပြောချင်တာက သူတစ်ပါးအသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျှင် မိမိလည်း အသက်ချမ်းသာရတယ်၊အသက်ရှည်တယ်လို့ပြောလိုခြင်းသာဖြစ်ပါတယ်။ပါဏာတိပါတကံကျူးလွန်
လျှင် ပစ္စုပ္ပန်လည်းမကောင်း၊နောင်သံသရာလည်းမကောင်း။နောင်သံသရာဆိုရင်တော့ ဆိုးကျိုးဆယ်မျိုးလုံးနဲ့ဆိုးကျိုးတွေခံစားရပြီး၊ရှောင်ကြဉ်မယ်ဆိုရင်တော့ အခုလည်းကောင်း နောင်သံသရာလည်းကောင်းပါတယ်။အားလုံး သူတစ်ပါးအသတ်ကိုသတ်ခြင်းမှ ရှောင်ကြဉ်စေလိုကြောင်း ဒီပိုစ့်လေးနဲ့ အသိပေးလိုက်ရပါသည်။ဒီလောက်ဆိုရင် ပါဏာတိပါတကံရဲ့ ဆိုးကျိုး၊ကောင်းကျိုးတို့ကိုသိနားလည်လောက်ပါပြီး။အဒိန္ဒာဒါန အကြောင်းကိုဆက်ရေးပါဦးမည်။
အားလုံးကိုယ်စိတ်နှစ်ပါး၊ကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)ပ

G talk အကောင့် ဘာကြောင့်ပျောက်

G talk အကောင့် ဘာကြောင့်ပျောက်
တကယ်တမ်းတော့ ကျွန်တော်တို့အကောင့်ကို ဘယ်သူမှမခိုးပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ပဲ လုပ်နေကြတာပါ။ တစ်ခါတစ်ခါ မသိလိုက်ပဲပိတ်ဖို့မေ့ကျန်ခဲ့တတ်ကြပါတယ်။
ပထမအချက်က-
Gmail ပိတ်ဖို့မေ့ခဲ့တာ(သို့မဟုတ်) Remember password ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှ ကျန်ခဲ့တက်ပါတယ်။ Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး။
Password Viewer Software တွေရယ်  password-recovery-for-google တွေကိုအသုံးပြုရပါတယ်။


ဒုတိယအချက်က-
Key Logger တွေကိုအသုံးပြုပြီး Password ကို ခိုးယူခဲ့ကြပါတယ်။ တစ်ချို့ အင်တာနက်ဆိုင်တွေမှာတော့ Key logger ကို စက်ထဲ ထည့်သွင်းထားပြီး User တွေရဲ့ Password တွေကို ယူတတ်ကြပါတယ်။
အခုနောက်ပိုင်းခေတ်စားလာတာက Phishing နည်းပညာလို့ခေါ်ပါတယ်။
အဲ့ဒါကတော့ Gmail Home page အတုတွေ ရယ်၊ Gmail inbox ထဲဝင်လာတဲ့ Mail မှာ Recover လုပ်မလား ဆိုတဲ့ Fade mailကို သွားဖွင့်ပီးတော့ User-name နဲ့ Password ကိုထည့်ပေးလိုက်မိရင် မိမိရဲ့ အကောင့်ကို တစ်ခြားသူက သိရှိသွားနိုင်တဲ့အကြောင်းအရာတွေပါ။
ကျနော့်အကောင့်ဘာကြောင့် ပျောက်ရတာလဲဆိုတော့- ကျနော်က blogspot ရေးပါတယ် ပြိးတော့ Youtube က နည်းပညာနဲ့ပတ်သတ်တဲ့သတင်းတွေကိုဖတ်ပါတယ်။ တစ်ချို့ဆိုက်တွေကို မြန်မာပြည်ကပိတ်ထားတော့ US Proxy ကို ၀ယ်ပြီး ပြောင်းသုံးပါတယ်။ ဒါမှ ကျော်ကြည့်လို့ရမယ် အသုံးချလို့ရမှာကို……….
ပုံမှန် လုပ်တဲ့အလုပ်တွေကို မြန်မာ Proxy နဲ့သုံးပါတယ် ပြီးတော့ ကျော်ပြီးသုံးရတော့မယ်ဆိုရင် US Proxy ကို သုံးမိလိုက်တယ် အဲ့ဒီတော့ ခုနကအသုံးပြုတုန်းက မြန်မာ Ip Address နဲ့၊ အခုချက်ခြင်းပဲ US IP ကို ပြောင်းသွားတာဆိုတော့ဆိုတော့ Google Server ကမယုံတင်ကာဖြစ်ပြီး ဖြတ်လိုက်တယ်လို့ ထင်ပါတယ်။ အဲ့ဒီတော့အကောင့်လေးက ပျက်သွားရော။ အကယ်၍ Proxy နှစ်ခု အပြောင်းအလဲလုပ်မယ်ဆိုရင် အနည်းဆုံး (၂)နာရီခြားပါ ။  By Pass Program တွေဖြစ်တဲ့ Freedom တို့လိုမျိုးသုံးလည်းအတူတူပါပဲ ဆင်ခြင်နိုင်အောင် လို့ပါ။
Disable ဖြစ်သွားခဲ့ရင်တော့ 24 နာရီစောင့်ကြည့်လိုက်ပါ။ ပြီးမှ ပြန်ဖွင့်ကြည့်ပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ချို့အကောင့်တွေ ပြန်မရခဲ့ပါဘူး တစ်ချို့အကောင့်တွေတော့ လွယ်လွယ်နဲ့ပြန်ရခဲ့ပါတယ် ။
Disable ဖြစ်သွားခဲ့ရင် အကူအညီတောင်းခံရမည့်နေရာကို သွားမယ့်လင့်လေးပါ...
Gmail မှာ လုံခြုံရေးစနစ် အဓိက (၃)ခုရှိပါတယ်။ Gmail Password ပျောက်သွားလို့ Gmail အကောင့်တစ်ခု ဆုံးရှုံးသွားပီလို့မထင်လိုက်ပါနဲ့ ပြန်ယူလို့ရပါတယ် ပြန်ယူနည်း (၃)နည်း ရှိပါတယ်
(၁) Gmail Recover လုပ်ထားပါ ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ။ Gmail Recover လုပ်မယ်ဆိုရင် အကောင့်နှစ်ခုပိုင်ဆိုင်ထားရမှာဖြစ်ပြီး အကောင့်အချင်းချင်း Recover ပေးထားလို့ ရပါတယ်။
(၂)  Answer your security question
Answer your security question ကတော့ Password ကို အရင်ပေးထားတဲ့ Security Question အသစ် ကို ပြောင်းတာဖြစ်ပါတယ်။

(၃) I no longer have access to these
အပေါ်ကပေးထားတဲ့နည်းအတိုင်းမရပါက နောက်ဆုံးလုပ်ဆောင်ရမည့်အပိုင်းဖြစ်ပါသည်။(အသေးစိတ်လွန်းပါသည်)

မှတ်ချက်။ ဖြစ်နိုင်ရင်တော့အဆင့်တစ်ဆင့်လုပ်ပြီးတိုင်း (၂၄)နာရီ ခြားပေးပါ။မရတဲ့အခါမှ နောက်တစ်ဆင့်လုပ်ပါ.
ရှင်းလင်းချက် (၁) Gmail Recover လုပ်ထားပါ
မိမိ၏ ဂျီမေလ်း password မေ့သွားခဲ့လျှင်  password recovery options ကိုအသုံးပြုပြီး password reset လုပ်နိုင်ပါ သည်။ Password reset လုပ်ရာတွင် Email Optoions / Phone Option နှင့် Security Option များစသည်ထဲမှ တစ်ခုခု ကိုအသုံးပြုပါသည်။ အသုံးအများဆုံး password recovery option ကတော့ Email option ကို ပဲ အသုံးပြုပါသည်။  (ရှင်းလင်းချက်ကိုကြည့်ပါ)
(Recovering Your Password လုပ်ရန်မေလ်းအား whitecloud12909@gmail.com အဖြစ် နမူနာထားပါမည်။)
(1)             မိမိ  Password recovery လုပ်ချင်သောဂျီမေလ်း ကို Sign in လုပ်ပါ။
              (ဥပမာ nyaalinkarr@gmail.com)
(2)             Gmail setting / Accounts and Imports / Change account setting မှ Change password recovery options ကို အဆင့်ဆင့် Click ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမည်။
 



ဝိုင်းပြထားသော Add or remove email address နေရာကို Click  နှိပ်၍ Add an additional email address နေရာတွင်
password recovery လုပ်ချင်သော ဂျီမေလ်းအကောင့်ကို ရိုက်ထည့်ပါ။  ပြီးလျှင် Save  ကိုနှိပ်ခြင်းဖြင့် Password Recovery လုပ်ဆောင်ပြီးစီးပြီဖြစ်ပါသည်။ ယခုလို လုပ်ဆောင်ထားခြင်းဖြင့် အကယ်၍ Password မေ့ခဲ့သည်ရှိသော အခက်အခဲတစ်စုံတစ်ရာမရှိပဲ မိမိ ဂျီမေလ်း၏ password ကိုအလွယ်တကူပြန်ယူလို့ရပါသည်။
မိမိရဲ့ Password (လျှို့ဝှက်)နံပတ် မမှတ်မိတော့လျှင် ပြန်လည်လုပ်ဆောင်ရန်
1.             အောက်ပါပုံအတိုင်း Gmail ကို Open လိုက်ပါ.။ User name မှာ Password မေ့နေသောအကောင့် နာမည်ကိုရိုက်ပါ။
(Password မေ့နေသော မေလ်းအား nyaalinkarr@gmail.com  အဖြစ် နမူနာထားပါမည်။)
ဝိုင်းပြထားသောနေရာမှာ Can’t access your account? ကို Click ပါ။
 
2.     အောက်တွင်ဖော်ပြထားသောပုံအတိုင်း Password Recovery လုပ်ထားစဉ်က ဂျီမေလ်းလိပ်စာကို ကိုရိုက်ပြီး Summit ကို Click ပါ။

3.     အောက်ကပုံအတိုင်းဖော်ပြပေးထားသော စာတွေကို အကြီးဆို အကြီး၊ အသေးဆို အသေး မှန်ကန်စွာရိုက်ရပါမည်။ပြီးလျှင်တော့ Continue ကို Click ပါ။




















4.     အောက်မှာတွေ့ရသည့်အတိုင်း Email to ကို On ပေးပါ။ ပြီးလျှင် Continue ကို ဆက်လက် Click ပေးပါ။
Email to ******@g*****.com ဆိုတာက မိမိရဲ့ password အသစ်ကိုပြောင်းလို့ရမယ့်လင့်ကို Recover ပေးထားတဲ့မေးထဲသို့ပို့ပေးမှာဖြစ်ပါသည်။ အဲ့ဒါကို ကလစ်ပေးပီးတော့ Continue ကိုနှိပ်လိုက်တာနဲ့ Recover mail ထဲကိုရောက်သွားပါလိမ့်မယ်။





5.     ထိုအခါ Password recovery လုပ်ထားသော ဂျီမေလ်းအကောင့်ထဲသို့ မေလ်းတစ်စောင့်ရောက်ရှိလာပါလိမ့်မည်။

6.     ရောက်ရှိလာသော မေလ်းအားဖွင့်ရန်အတွက် Recovery လုပ်ထားသော ဂျီမေလ်းကို  Sign in လုပ်ပါ။
မေလ်းကိုဖွင့်၍ ပုံတွင်ပြထားသည့် Link ကိုနှိပ်ပါ။


7.     Link ကိုနှိပ်လျှင်  အောက်တွင်ပြထားသည့်ပုံအတိုင်း New Password နှင့်  Re-enter password တွင် Password အသစ်ကိုရိုက်ထည့်ပြီးနောက် Reset Password ကို နှိပ်ပေးပါ။

ဒါဆိုရင် Password မေ့သွားသောအကောင့် ကို ယခုယူထားသော Password အသစ်ဖြင့်  Sign in လုပ်၍ ပြန်လည်အသုံးပြုနိုင်ပါပြီ။

xxxxxxxxxxxxxxxxxxxxxxxxx
ရှင်းလင်းချက် (၂) I no longer have access to these
I no longer have access to these ဆိုတာလေးကို ကလစ်လေးပေးပီးတော့ Conitinue ကိုနှိပ်လိုက်ပါ ။ အောက်မှာ ပြထားတဲ့ Box လေးတစ်ခုကျလာပါလိမ့်မည်

ပထမဆုံးက မိမိမှာအကောင့်အပိုတစ်ခု(သို့) မိမိသူငယ်ချင်းရဲ့ဂျီမေးလိပ်စာတစ်ခုခုကို ခနငှားပီးတော့ Contact informationand problem details  ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့-
An email adress we can use to contact you* ဆိုတဲ့အကွက်လေးထဲမှာ ထည့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဂျီမေးလိပ်စာအတိုင်း  Password ပြောင်းမယ့် လင့်ကိုပို့ပေးမှာဖြစ်ပါသည်။ ပြီးရင် အောက်နားလေးက I am unable to reset my password ဆိုတာလေးကို Click ပေးပါ။
Product information  အောက်နားက Do you use Gmail with this account?* ဆိုတဲ့နေရာမှာ Yes ကိုရွှေးပေးလိုက်ပါ ရွေးပေးလိုက်ရင် အောက်နားမှာ အကွက်လေးတွေထပ်ထွက်လာပါလိမ့်မယ်။ အကွက်လေးထဲမှာ မိမိပျောက်သွားတဲ့
ဂျီမေးလိပ်စာကိုထည့်လိုက်ပါ ။ပြီးလျှင် အောက်နားမှာ Do you have a verification code? ဆိုတာလေးရှိပါတယ်။ အဲ့ဒါက အကောင့်လုပ်ကတည်းက recover mail ပေးပြီးတော့ လုပ်ထားမှရပါတယ် အဲ့ဒီကုဒ်လေးကို သိရင်တော့ ထည့်ပေးလိုက်ပါ။ မသိရင်လည်း ထားခဲ့လို့ရပါတယ်။ ဆက်ပြီး Email adresses of up to five frequently emailed contacts: ဆိုတဲ့နေရာမှာ မိမိအကောင့် လုပ်တုန်းက အရင်ဆုံး Add တဲ့သူ (သို့)အရင်ဆုံး မေးလ်ပို့ တဲ့သူတစ်ယောက် ရဲ့ အကောင့်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ (ဒါကလည်းမလွယ်လှပါဘူး. မှတ်မိချင်မှမှတ်မိပါလိမ့်မယ်)
Other account information
Account creation date* အကောင့် လုပ်ခဲ့တဲ့ လနဲ့နှစ်ကို ထည့်ပေးရပါမယ်။ Last successful login date ဆိုတာက နောက်ဆုံး ဖွင့်ခဲ့တဲ့နေ့ကို ထည့်ပေးရပါမယ်။  အတိအကျထည့်ပေးရပါမယ်။ မသိရင်တော့ထားခဲ့လိုက်ပါ။ ပြီးရင် password အဟောင်းကို last password you remember* အဲ့အကွက်လေးထဲမှာထည့်ပေးလိုက်ပါ။ Submit ကို နှိပ်လိုက်ပါ။ နည်းနည်းလေးကြာရင်တော့ ကျွန်တော် ထိပ်ဆုံးမှာ(An email adress we can use to contact you* ) ထည့်ထားတဲ့ဂျီမေးလ်လိပ်စာထဲကို Password အသစ်ပြောင်းမယ် လင့်လေးရောက်လာပါလိမ့်မယ် အဲ့ဒီမှာပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ။

ဒီနည်းလေးက ကိုယ့်အကောင့် အခိုးခံရသူတွေအတွက် လုပ်ရတာအဆင်ပြေပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်ပဲသိနိုင်တဲ့အချက်အလက်တွေပဲဖြစ်လို့ပါ။ဒါပေမဲ့လည်း ကျွန်တော်တို့ ကိုယ်တိုင်မှတ်သားထားမိဖို့လိုပါလိမ့်မယ်။


စေတနာများစွာဖြင့်
အလင်္ကာည