Menu

Popular Posts

Tuesday, September 13, 2011

ဗြိတိသျှနှင့်အမေရိကန်အသုံးအနှုန်းခြားနားချက်များ

“အမေရိကား(America) နှင့် ဗြိတိန် (Britain) တို့သည် ဘာသာစကားတစ်မျိုးတည်းက ခွဲခြားထားခြင်း ခံရသည့် နိုင်ငံနှစ်နိုင်ငံ ဖြစ်ပါတယ်။” လို့ George Bernard Shaw က ပြောခဲ့ဘူးပါတယ်။ တကယ်တော့ ခြားနားချက်တွေဟာ အတော်အတန်နည်းပြီး ယခုအခါ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာတွေ မြင့်မားလာသည်နှင့်အမျှ ပိုမိုနည်းပါးလာပါသည်။ ဒါပေမယ့် အရေးကြီးတဲ့ ကွာဟချက်တွေ ကတော့ ကျန်ရှိနေပါသေးတယ်။ ရှုပ်ထွေးခြင်း (သို့) နားလည်မှုလွဲခြင်းတွေ ဖြစ်နိုင်ခဲပေမယ့် တစ်သမတ်တည်း ရှိဖို့ကတော့ အရေးကြီးပါတယ်။

a)     I cashed his cheque.
b)     I cashed his check.
       သူ၏ ချက်လက်မှတ်တွေကို ငွေသားအဖြစ်လဲလိုက်သည်။

a)     They lived in a fourth floor flat.
b)     They lived in a fourth floor apartment.
        သူတို့သည် တိုက်ခန်းရဲ့ လေးလွှာမှာနေတယ်။

a)     He recently bought a new mobile phone.
b)     He recently bought a new cell phone.
       သူဟာမကြာခင်က လက်ကိုင်ဖုန်း အသစ်တစ်လုံးဝယ်ခဲ့တယ်။

a)     She met a colleague on the pavement outside the office.
b)     She met a colleague on the sidewalk outside the office.
        သူမသည် ရုံးအပြင်ဖက်မှာရှိတဲ့ လမ်းဘေးစင်္ကြံမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။

အထက်ပါဝါကျများထဲမှာ (a) ၀ါကျတွေဟာ ဗြိတိသျှများအသုံးပြုကြပြီး၊ (b) ၀ါကျတွေကတော့ အမေရိကန်များ အသုံးပြုကြပါတယ်။ အဘိဓါန်ကောင်းများတွင် ဒီလိုမတူညီမှုများကို   BrE (British English) နှင့် AmE (American English)ဆိုပြီး စာလုံးတိုများဖြင့် ခွဲခြားဖော်ပြလေ့ရှိပါတယ်။ ပထမဦးဆုံး စာကြောင်း (၂) ကြောင်းမှာပါတဲ့ စာလုံးပေါင်း ကွဲလွဲမှုမျိုးဟာ အများသိပြီးသား ဖြစ်ပါတယ်။

ကက်တလောက်လို အဓိပ္ပါယ်ရတဲ့ catalogue (BrE)/ Catalog (AmE)၊ ကဇာတ်ရုံ theatre (BrE)/theater (AmE)၊ အရောင် colour (BrE)/ color (AmE) တို့ဟာလဲ အများသိပြီးသားဖြစ်သည့် စာလုံးပေါင်းကွဲလွဲမှုများပဲ ဖြစ်ပါတယ်။ မော်တော်ကားလို့ အဓိပ္ပါယ်ရတဲ့ cars(BrE)/ automobiles(AmE) ဆိုတဲ့ ဝေါဟာရတွေနဲ့ ဆက်နွယ်နေတဲ့ တစ်ခြားဝေါဟာရတွေမှာတော့ စာလုံးပေါင်းကွဲလွဲတာမဟုတ်တော့ပဲ စာလုံးကို မတူတော့တာဖြစ်ပါတယ်။

Motorway (BrE)/ Freeway (AmE) - အမြန်လမ်းမကြီး
Gear-leaver (BrE)/ grear-shift (AmE) - ဂီယာတံ
Bonnet (BrE)/ hood (AmE) - မော်တော်ကား အင်ဂျင်စက် အဖုံး
Crossroads (BrE)/ intersection (AmE) - လမ်းဆုံ ဆိုတဲ့ ဝေါဟာရတွေကတော့ လူသိပိုများတဲ့ ကွဲလွဲချက်တွေပါပဲ။

သဒ္ဒါကွာဟချက်တွေကတော့ စကားပြောတဲ့အခါမှာ ပိုပြီး များများစားစား ရှိပါတယ်။ စီးပွားရေးလုပ်ငန်း အရ အပြန်အလှန်ဆက်သွယ်ကြတဲ့ စာတွေမှာ သိပ်မရှိလှပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာစံ ရှိနေလို့ပါပဲ၊ စကားပြောတဲ့အခါမှ ပိုပြီးတွေ့ရတတ်တဲ့ ကွာဟချက်များကို ဖော်ပြလိုက်ပါတယ်။

(a) ၀ါကျများကတော့ အမေရိကန် အင်္ဂလိပ်စာမှာ ပို၍အသုံးများတဲ့ အသုံးအနှုန်းများ ဖြစ်ပါတယ်။

a)     What did you do on the weekend?
b)     What did you do at the weekend?
        စနေ၊ တနင်္ဂနွေမှာဘာလုပ်ခဲ့လဲ?

a)      Hello, is this John?
b)      Hello, is that John?
         ဟယ်လို၊ ဒါ John လား?

a)     The office is open Tuesday through Saturday.
b)     The office is open Tuesday to Saturday.
        ရုံးခန်းဟာ အင်္ဂါနေ့မှ စနေနေ့အထိ ဖွင့်ပါတယ်။

a)     Your plane just landed.
b)     Your plane has just landed.
        သင့်လေယာဉ်ပျံ ယခုလေးတွင်ပဲ ဆိုက်ရောက်ပါတယ်။


နောက်ဆုံးဝါကျ ၂ခုကို ကြည့်ပါက ဗြိတိသျှ အင်္ဂလိပ်စာမှာ just ကို present perfect နဲ့ တွဲသုံးလေ့ရှိပြီး အမေရိကန် American အင်္ဂလိပ်စာမှာတော့ simple past နဲ့ တွဲသုံးလေ့ရှိတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။

ဒါနဲ့ ပြောရဦးမယ် - စာရေးသူရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်ကို ဦးနှောက်ခြောက်ပြီး စိတ်ရှုပ်သွားစေတဲ့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “I could murder a cuppa” ဆိုတာကတော့ ဗြိတိသျှ အင်္ဂလိပ်စကားရဲ့ ဘန်းစကား (slang) ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “I would love to have a cup of tea.” (လက်ဘက်ရည်တစ်ခွက်လောက်သောက်ချင်လိုက်တာ) ပဲဖြစ်ပါတယ်။

(Guy Perring ၏ Be Vocal အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/i-could-murder-a-cuppa မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။

Monday, September 12, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

You and me both! (ငါလည်းအဲဒီလိုပဲ/ငါရောပဲ)


You say you and me both in an informal context when you agree with someone.
(You and me both! (ငါလည်းအဲဒီလိုပဲ/ငါရောပဲ) ကို တစ်စုံတစ်ယောက်နှင့် သဘောတူသည့်အခါတွင် အချင်းချင်း ရင်းနှီးသည့် အသုံးအနှုန်းအဖြစ် သုံးသည်။)  


  • ‘I like to spend my holidays somewhere sunny’
    (ငါ့ရဲ့အားလပ်ရက်တွေကို နေသာတဲ့ တစ်နေရာရာမှာ ကုန်ဆုံးချင်တယ်။)

    'You and me both!'

    (ငါရောပဲ!)

  • ‘I don't like flying.'
    (ငါလေယာဉ်ပျံ စီးရတာ မကြိုက်ဘူး။)

    'You and me both!’
    I'd far rather go by train
    (ငါရောပဲ)။ ဖြစ်နိုင်ရင် ရထားနဲ့ပဲသွားချင်တယ်။)

Guess what? (မထင်မိဘူးဟုတ်လား?)


You say guess what? when you want to tell someone something surprising or exciting:
(guesswhat?(မထင်မိဘူးဟုတ်လား?) ကို တစ်စုံတစ်ယောက်အား အံ့သြစရာကောင်းသော(သို့) စိတ်လှုပ်ရှားစရာ ကောင်းသော  အကြောင်းအရာ တစ်ခုခုကို ပြောရာတွင် အသုံးပြုပါသည်။)

  • Guess what?Jill and Pete are expectinga baby.
    (မထင်မိဘူးဟုတ်လား?။ ဂျေ(လ) (Jill) နဲ့ ပီတာ (Peter) တို့ ကလေးရတော့မယ်။)
  • Guess what? I've won a prize in a holiday competition. Would you like to come to Italy with me?
    (မထင်မိဘူးဟုတ်လား? အားလပ်ရက်ပြိုင်ပွဲတစ်ခုမှာ ငါဆုရထားတယ်။ မင်းငါနဲ့အတူတူ အီတလီလိုက်ချင်လား?)

You’ll never guess ကိုလည်း အလားတူ သုံးနိုင်ပါတယ်။

You’ll never guess what happened. I’ve got a part in a TV play.
(ဘာဖြစ်လာတယ်ဆိုတာမထင်မိဘူးဟုတ်လား? ။ ကျွန်တော် တီဗွီ (TV) အစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရလာတယ်။)

We've had it! (ပြဿနာတက်ပြီ!)


You say we've (or I've, you've, he's, etc) had it! when someone is likely to be in trouble or danger or to experience something unpleasant.
(we've (or I've, you've, he's, etc) had it! (ပြဿနာတက်ပြ!ီ)ကို တစ်စုံတစ်ယောက် ဒုက္ခရောက်တော့မယ်ဆိုရင် (သို့) အန္တရာယ်ကြုံတွေ့ရတောမယ်ဆိုရင် (သို့) မနှစ်သက်စရာတစ်ခုခုကို ရင်ဆိုင်ရတော့မယ်ဆိုရင် ပြောတတ်ပါတယ်။

  • We've had it!The teacher's found out thatwe've been playing truant!
    (ငါတို့တော့ ပြဿနာတက်ပြီ! ငါတို့ကျောင်းပြေးတာ ဆရာသိသွားပြီ။)
  • You've had it! Mum knows that you stayed out all night!
    (မင်းတော့ ပြဿနာတက်ပြီ! အပြင်မှာတစ်ညလုံးမင်းနေနေတယ်ဆိုတာ အမေသိသွားပြီ။)

Not likely!  (မဖြစ်နိုင်ပါဘူး/လုံးဝပဲ)


You say not likely! to mean that you definitely will not do something: (not likely (မဖြစ်နိုင်ပါဘူ/လုံးဝပဲ) သည် တစ်စုံတစ်ခုကို လုံးဝ လုပ်လိမ့်မည်မဟုတ် ဟု အဓိပ္ပါယ်ရသည်)

  • 'Are you going to study medicine like yourfather?'
    (မင်းအဖေလိုပဲ ဆေးပညာသင်မှာလား?)

    Not likely!
    I get sick at the sight of blood.'
    (လုံးဝပဲ!ငါက သွေးမြင်တာနဲ့ကို ဖျားချင်လာတာ။)
  • 'Are you going to go on holiday with your parents?'
    (အားလပ်ရက်မှာ မိဘတွေနဲ့အတူ လျှောက်လည်မှာလား?)

    'Not likely!
    I'm going camping with some friends.'
    (လုံးဝပဲ! သူငယ်ချင်းတွေနဲ့ပဲ တောစခန်း ထွက်မှာ။)

I'm out of here! (ငါသွားတော့မယ်)


You say I'm out of here! in an informal context when you are leaving somewhere quickly for some reason:
(I’m out of here! (ငါသွားတော့မယ်) ကို တစ်နေရာရာမှ အကြောင်းကိစ္စတစ်ခုခုကြောင့် အလျင်အမြန်သွားရတဲ့အခါ အချင်းချင်းရင်းနှီးသော အသုံးအနှုန်းအဖြစ်သုံးသည်)

  • Is it 8 o'clock already? I'm outof here!I'm late for work!
    (၈နာရီတောင် ထိုးသွားပြီလား?။ ငါသွားတော့မယ်! ငါအလုပ် နောက်ကျနေပြီ။)
  • Dad's just found out that I damaged hiscar. I'm out of here!
    (အဖေ့ကားကို ငါ ထိခိုက်အောင်လုပ်လိုက်တာ အဖေသိသွားပြီ။ ငါသွားတော့မယ်!)

Friday, September 9, 2011

ချစ်ခြင်းမေတ္တာ "Copy--- Paste"

အိမ်ရောက်တာနဲ့ "ထမင်းဆာလိုက်တာ... ထမင်းမကျက်သေးဘူးလား" လို့ အော်တတ်တဲ့သူဟာ သားသမီးပါ။ အိမ်ရောက်တာနဲ့ အဝတ်အစားတောင်မလဲဘဲ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်ပြုပ်တာ အမေပါ။

"ထမင်းက ပူလိုက်တာ၊ ဟင်းက ငန်လိုက်တာ" လို့ ညည်းတွားတတ်သူဟာ သားသမီးပါ။
အသီးအရွက်လေးပဲဖြစ်ဖြစ် ရှိတာလေးနဲ့ အရသာရှိရှိ ကြိုးစားချက်ပြုပ်တာ အမေပါ။

အမြဲတမ်း ပိုက်ဆုံလိုပြီလို့ လက်ဖြန့်တောင်း၊ မပေးပြန်တော့လည်း စိတ်တိုစိတ်ကောက်တတ်သူဟာ သားသမီးပါ။ ချွေတာမျှသုံး ဘာမဆို အသေးစိတ်တွက်ချက်လို့ သားသမီးပညာရေးအတွက်ဆိုရင် တွန့်တိုနှမြောခြင်းမရှိတာ အမေပါ။

မနက်အိပ်ရာထရမှာပျင်းတဲ့အပြင် ဟိုဟာဒီဟာ ညည်းတွားကျီး(ချေး)များတတ်တာ သားသမီးပါ။ ညဥ့်နက်မှအိပ်ရာဝင် မိုးလင်းရင်စောစောထလို့ မနက်စာပြင်ဆင်တာ အမေပါ။

အိမ်စာများတယ်၊ ကျောင်းသွားရတာ မောတယ်လို့ ညည်းတွားတတ်တာ သားသမီးပါ။ အဝတ်လျှော်၊ ထမင်းချက် တစ်နေကုန် အလုပ်ပင်ပင်ပန်းပန်းလုပ်တာတောင် မညည်းတွားတဲ့အပြင် ညအခါ သားသမီးနဲ့အတူ စာကျက်ဖော်လုပ်တာ အမေပါ။

တခြားလူချမ်းသာတာကို အားကျပြီး ကိုယ့်အိမ်ဆင်းရဲကြောင်းကို အပြစ်ဆိုတတ်တာ သားသမီးပါ။ အလုပ်မရှိရင် အငြိမ်မနေတတ် မနက်မိုးလင်းက မိုးချုပ်အထိအလုပ်လုပ် ငွေရှာတာ အမေပါ။

ကိုယ့်မိသားစုမွေးနေ့ကို မမှတ်မိ၊ ကိုယ့်သူငယ်ချင်းမွေးနေ့ရောက်ရင် မနက်စောစော လက်ဖြန့်ငွေတောင်း လက်ဆောင်ဝယ်ပေးတတ်တာ သားသမီးပါ။ ကိုယ့်မွေးနေ့ကိုမေ့ပြီး မိသားစု၊ သားသမီးတွေရဲ့မွေးနေ့ကို လက်ဆောင်တွေနဲ့ ပြင်ဆင်ပေးတတ်တာ အမေပါ။

အပြင်မှာ စိတ်ညစ်တာကြုံခဲ့ရင် အိမ်မှာမပြတ်ညည်းတွားပြပြီး ကိုယ်ချင်းစာစိတ်၊ နှစ်သိမ့်စိတ်ကို တောင်းဆိုတတ်တာ သားသမီးပါ။ အပြင်မှာ ဘယ်လောက်ပဲ စိတ်ညစ်တာကြုံခဲ့ကြုံခဲ့ အိမ်ပြန်ရောက်ရင် အတတ်နိုင်ဆုံးပြုံးရွှင်နေတတ်တာ အမေပါ။

စိတ်ညစ်၊ စိတ်တိုရင်ပေါက်ကွဲ၊ စိတ်ရှုပ်ရင်ညည်းတွားလို့ အိမ်ကို ခံစားချက်တွေပေါက်ကွဲရာနေရာလို့ သတ်မှတ်တတ်တာ သားသမီးပါ။ စိတ်ညစ်၊ စိတ်ရှုပ်တာတွေကို ရင်မှာမြိုသိမ့် ကိုယ့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေ မိသားစုကို ကူးစက်သွားမှာစိုးတာ အမေပါ။

ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက်နဲ့ မအားဘူးလို့အကြောင်းပြ အိမ်ကိုဖုန်းအဆက်နည်းတာ သားသမီးပါ။ ဖုန်းထဲမှာ နေကောင်းလား! စားဝလား! လို့စိတ်ပူ သားသမီးတွေကို အမြဲလွမ်းဆွတ်စိတ်ပူတတ်တာ အမေပါ။

အိမ်ကစုဆောင်းထားတာတွေ ခဏ"ချေးငှား"ပြီး အိမ်ကြီးအိမ်ကောင်းနဲ့ သက်တောင့်သက်သာနေတာ သားသမီးပါ။ တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ် အခုချိန်ထိ အိမ်အိုအိမ်ဟောင်းလေးနဲ့နေတာ အမေပါ။

အားလပ်ရက်တွေကို သူငယ်ချင်းတွေနဲ့ပျော်ပါး အိမ်ပြန်ဖို့မေ့နေတတ်တာ သားသမီးပါ။ သားသမီးတွေကို ခဏလေးပဲမြင်ရမြင်ရ မြင်ရတဲ့တခဏမှာ စိတ်ပျော်ရွှင်ချမ်းမြေ့နေတတ်တာ အမေပါ။

မိန်းမရ၊ ယောက်ျားရရင် မိဘကိုမေ့တတ်တာ သားသမီးပါ။
သားသမီးအတွက် တစ်သက်စိတ်ပူရုံမက မြေးတွေကိုပါ စိတ်ပူထိန်းကျောင်းပေးတတ်တာ အမေပါ။

ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ဖျားမှာချိတ်ဆွဲ၊ လက်တွေ့မှာ လှုပ်ရှားမှုမပြတတ်တာ သားသမီးပါ။ ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ထဲက လုံးဝထုတ်မပြောလည်း သားသမီးအပေါ် အချစ်တွေအမြဲကျဲဖြန့်တတ်တာ အမေပါ။


ချစ်ခြင်းမေတ္တာက အဲဒီလိုနည်းနည်းလေးတော့ အမြဲလွဲနေခဲ့ပါတယ်။ ဒါဟာ မိဘနဲ့သားသမီးကြားက ခြားနားချက်လေးပါ။ သားသမီးတွေ တဖြေးဖြေးကြီးပြင်းပြီး မိဘနေရာကို ရောက်လာချိန်ကျမှ ချစ်ခြင်းမေတ္တာရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်လာပါလိမ့်မယ်။ ပြီးတော့ အဲဒီချစ်ခြင်းမေတ္တာတွေကို ဘဝရဲ့အမှတ်တရအဖြစ် သိုလှောင်လာပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်မတို့က အဲဒီချစ်ခြင်းမေတ္တာကို " Copy----- Paste" အကြိမ်ကြိမ်လုပ်ဖို့ပဲ ပိုလိုအပ်နေပါတယ်။ ဒါမှ မိဘတွေကို ပျော်ရွှင်ချမ်းမြေ့စေမယ့် ခံစားမှုတွေကို ကျွန်မတို့ပေးနိုင်ပါလိမ့်မယ်။

***** "အမေ"ဆိုတဲ့နေရာမှာ "မိဘ" လို့ ဖြည့်ဖတ်နိုင်ပါတယ်။

မူရင်း--- http://www.jj59.com/jingpinwenzhang/0100450.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, September 8, 2011

Myanmar Network အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်း (Motivation in the Workplace from Learn English Website) Read more: အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်း (Motivation in the Workplace from Learn English Website) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A392673&xgs=1&xg_source=msg_share_topic#ixzz1XQOsROs8

MP3 အသံဖိုင်၊ မူရင်းဆောင်းပါးနှင့် လေ့ကျင့်ခန်းများကို British Council Learn English website (http http://learnenglish.britishcouncil.org/en/professionals-podcasts/mo...) တွင် သွားရောက်လေ့လာနိုင်ပါသည်။  

စီစဉ်ခန့်ခွဲမှုပညာ ပါမောက္ခတစ်ဦးနှင့် အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်းအကြောင်း တွေ့ဆုံမေးမြန်ထားတာကို နားထောင်ကြည့်ပါ။


မေး။       ။ မန်နေဂျာတစ်ယောက်အတွက် အလုပ်ခွင်မှာ စိတ်လှုံ့ဆော်ရတာ ဘယ်လောက်အရေးကြီးပါသလဲ။
ပါမောက္ခ။ အိုဗျာ။ စိတ်ကိုလှုံ့ဆော်တယ်ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ မန်နေဂျာတစ်ယောက်ရဲ့ အလုပ်မှာ အရေးအကြီးဆုံးအချက်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ဘယ်အလုပ်မျိုးပဲဖြစ်ဖြစ်၊ မန်နေဂျာတစ်ယောက်ရဲ့ တာဝန် ကတော့ အလုပ်ပြီးဖို့ပါပဲ။ ဒါကြောင့် မန်နေဂျာတစ်ယောက်ဟာ အလုပ်သမားတွေရဲ့စိတ်ကို လှုံ့ဆော်ဖို့လိုပါတယ်။ အဖွဲ့အနေနဲ့လဲ လှုံ့ဆော်ရမယ်။ တစ်ဦးချင်းစီအနေနဲ့လဲ လှုံ့ဆော်ရမယ်။ စိတ်ပါအောင် မစွဲဆောင်နိုင်ဘူးဆိုရင် အလုပ်ပြီးမှာ မဟုတ်ဘူး။


မေး။       ။ မန်နေဂျာတွေအနေနဲ့ ဒီလိုစွဲဆောင်တာတွေကို ဘယ်လိုများလုပ်နေကြသလဲ။ သိပ်တော့လွယ်မယ့်ပုံ မဟုတ်ဘူး။
ပါမောက္ခ။ ဟုတ်ပါတယ်။ ဒါကသိမ်မွေ့နက်နဲတဲ့ကိစ္စပါ။ ဒါပေမယ့် မန်နေဂျာတွေဆီမှာ နည်းလမ်းကောင်းတွေရှိပါ တယ်။ ဒီနည်းလမ်းကောင်းတွေကို သင်ထားပြီးတော့ စိတ်ပါအောင် လှုံ့ဆော်တယ်။ ပြီးတော့ ထုတ်လုပ်မှုကို အမြင့် ဆုံးရအောင် လုပ်တယ်။


မေး။       ။ နည်းလမ်းကောင်းတွေဆိုတာ ဘာတွေလဲ။
ပါမောက္ခ။ ဟုတ်တယ်။ နည်းလမ်းကောင်းဆိုတာက ချီးကျူးစကားပြောတာပါတယ်။ ဆက်လုပ်လို့ပြောတာပါတယ်။ လုပ်ထားတဲ့အလုပ်ကို အသိအမှတ်ပြုတာလဲ ပါတယ်။ ပြီးတော့ နည်းလမ်းကောင်းထဲမှာ ယုံကြည်မှုရှိတယ်ဆိုတာလဲ ပါတယ်။ ဘာတွေမျှော်လင့်တယ်ဆိုတဲ့ အချက်ပါတယ်။ ဒီအချက်တွေက အလုပ်သမားတွေအတွက် အရေးကြီးတဲ့ အချက်တွေပါ။

မေး။       ။ ပိုက်ဆံကကော။ ပိုက်ဆံကို ဘယ်လိုသဘောထားမလဲ။
ပါမောက္ခ။ ဟုတ်ပါတယ်။ ပိုက်ဆံဆိုတာကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် နည်းလမ်းကောင်းကို စာရင်းလုပ် လိုက်ရင် ပိုက်ဆံက နောက်ဆုံးနေရာက လိုက်တယ်။


မေး။       ။ ပိုက်ဆံရဲ့ရှေ့မှာ ဘယ်နည်းလမ်းတွေက နည်းလမ်းကောင်းတွေလဲ။ ဘယ်အချက်တွေက အလုပ်သမား တွေအတွက် ပိုပြီးအရေးကြီးသလဲ။
ပါမောက္ခ။ ဟုတ်ပါတယ်။ ကျွန်တော်ပြောပြခဲ့တဲ့အချက်တွေက အရေးကြီးပါတယ်။ ပြီးတော့အလုပ်ကို တန်ဘိုးတက် အောင်လုပ်တာလဲ ပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ဆက်သွယ်ရေးကောင်းအောင် လုပ်တာလဲပါတယ်။


မေး။       ။ ပါမောက္ခကြီးပြောနေတဲ့ အချက်တွေကို သက်သေပြနိုင်တဲ့ နမူနာတွေလက်တွေ့ ရှင်းပြပါလား။
ပါမောက္ခ။ သိပ်ကောင်းတဲ့နမူနာတစ်ခုကတော့ ၀က်စ်တန်အလက်ထရစ်ကုမ္ပဏီပဲ။ မန်နေဂျာတွေဟာ အလုပ်သမား တွေအပေါ် အရေးတစ်ယူလုပ်လာတဲ့အချိန်ကစပြီး ထုတ်လုပ်မှုတွေ အရမ်းတက်လာတယ်။ မန်နေဂျာတွေဟာ အလုပ် သမားတွေကို ပြောပြောဆိုဆိုရှိလာတယ်။ ဆုံးဖြတ်ချက်တွေချရမယ့် ကိစ္စတွေမှာ ပါဝင်ကြဖို့ကိုလဲ အားပေးတယ်။ ဒီတော့ ငါတို့အလုပ်တွေဟာ အရေးကြီးပါလားလို့ ခံစားမိလာကြတယ်။ ဒီတော့ အလုပ်ဖြစ်တာပေါ့။

မေး။       ။ ထုတ်လုပ်မှုတွေကော တက်လာသလား။
ပါမောက္ခ။ ဟုတ်ပါတယ်။ ဆွီဒင်ကုမ္ပဏီ ကိုချွန်း ဆိုရင်လဲ နမူနာပြလို့ရပါတယ်။ အဲဒီကုမ္ပဏီက ပျက်မလိုတောင်ဖြစ် သွားတယ်။ အဲဒီအချိန်မှာ မန်နေဂျာတွေက ဆုံးဖြတ်ချက်အသစ်ချပြီး လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်။


မေး။       ။ သူတို့ ဘယ်လိုလုပ်ကြသလဲ။
ပါမောက္ခ။ ပြောမယ်ဆိုရင်တော့ အလုပ်သမားတွေအပေါ်မှာထားတဲ့ သဘောထားကို ပြောင်းလဲလိုက်တာပါပဲ။ မန်နေဂျာတွေဟာ အမိန့်ပေးခိုင်းတဲ့ အလုပ်ကို ရပ်လိုက်ကြတယ်။ အမိန့်ပေးခိုင်းတဲ့နေရာမှာ စည်းရုံးလှုံ့ဆော် လာတယ်။

မေး။       ။ အဲဒီနည်းလမ်းက အလုပ်ဖြစ်သလား။
ပါမောက္ခ။ တကယ်အလုပ်ဖြစ်တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ 15 သန်း ရှုံးနေရာက ဆယ်နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း 100 ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။

မေး။       ။ ကောင်းပါပြီဗျာ။ တည့်တည့်ပဲ မေးပါရစေ။ ပါမောက္ခကြီးပြောနေတာက အလုပ်သမားတွေဟာ ငွေကို စိတ်မ၀င်စားဘူးလို့ ပြောနေတာလား။
ပါမောက္ခ။ ကျွန်တော်ပြောနေတာက အလုပ်သမားတွေဟာ ငွေတစ်ခုတည်းကို စိတ်ဝင်စားတာ မဟုတ်ဘူးလို့ ပြောတာပါ။ ဒီအချက်က အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ဘ၀မှာ ပျော်ရွှင်ဖို့အတွက် အဆင့်တစ်ခုကို ရောက်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်တော်အရင်က ပြောခဲ့သလို တစ်ခြားအရေးကြီးတဲ့ အချက်တွေရှိနေပါတယ်။ ချီးကျူးစကား တွေ၊ ဆက်လုပ်လို့ပြောတဲ့စကားတွေ၊ အသိအမှတ်ပြုတဲ့စကားလုံးတွေ၊ ယုံကြည်မှုတွေ၊ မျှော်လင့်ချက်တွေ၊ အလုပ်ကို တန်ဘိုးထားတတ်အောင် အားပေးတဲ့စကားတွေ၊ ပြီးတော့ အပြန်အလှန်ဆက်သွယ်ရေး နည်းလမ်းကောင်းတွေဟာ အရေးကြီးတဲ့အချက်တွေပါ။

MP3 အသံဖိုင်၊ မူရင်းဆောင်းပါးနှင့် လေ့ကျင့်ခန်းများကို British Council Learn English website (http http://learnenglish.britishcouncil.org/en/professionals-podcasts/mo...) တွင် သွားရောက်လေ့လာနိုင်ပါသည်။

Read more: အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်း (Motivation in the Workplace from Learn English Website) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A392673&xgs=1&xg_source=msg_share_topic#ixzz1XQOjwCYS

သင့်အတွက် လေ့လာစရာ ဝက်ဆိုဒ်ကောင်းများ

ကျွန်တော်ဆိုဒ်က Useful Link က ဆိုဒ်တွေစုစည်းပေးတာ ကျွန်တော်ကိုယ်တိုင် စုစည်းတာ မဟုတ်တာများတယ် ။ ကျွန်တော်ရေးတဲ့ ပိုစ့်တွေဆိုရင် အောက်ဆုံးမှာ ကျွန်တော်နာမည်အမြဲတမ်းထည့်တယ် ။ ဒီတစ်ခါကျွန်တော် လေ့လာစရာဝက်ဆိုဒ်တွေကို တင်ပေးလိုက်ပါတယ် ။ တစ်ခုချင်းကို မိတ်ဆက်ပေးဖို့ မလွယ်လို့ တစ်ခုချင်းစီသွားပြီး ။ မိမိဝါသနာပါရာကို လေ့လာနိုင်ကြောင်းပါဗျာ ။ တော်တော်လေးကို ကောင်းပါတယ် ။ ကျွန်တော်တောင် အကုန်မကြည့်ရသေးကြောင်းပါ ။ 3D,2D  Design ,Photoshop Tutorial ဘာတွေညာတွေတော့ စုံနေတာပဲဗျာ ။ လေ့လာကြည့်လိုက်စမ်းပါ ။ သင့်အတွက် အကျိုးရှိစေမှာပါ ။


(1)Pixel2life
(2)Good-Tutorials
(3)Tutorialized
(4)TutorialGarden
(5)TutorialOutpost
(6)Hacker News 
(7)FaqPal
(8)Luxa
(9)Graphic-Design-Links
(10)FStutorials
(11)PhotoshopRoadmap
(12)Tutorial-center
(13)Tipstrs
(14)TutorialKit
(15)PSlover
(16) TotalTutorial
(17)TutorialMan
(18)Pure-Graphics
(19)PhotoshopTalent
(20)Photoshop 911 
(21)TutorialSubmitter    
(22)Design Bump 
(23)Free Directory -
(24)CGlinks
(25)Tutorio
(26)T-tutorials
(27)Tutorial-Mix
(28)TutorialAdvisor
(29)Pixel-Groovy
(30)Tutorialing
(31)TipClique
(32)TutorialToday
(33)CapitalTutorials
(34)vunkysearch.net
(35)Tutorial-Index
(36)GFXtuts
(37)Photoshop Lady
(38)Design Float
(39)PS Tuts
(40)Tutorial Street
(41)v7n
(42)Psdtop
(43)Zeronese
ခွန်မောင်ပန် http://www.decembermgmg1992.co.cc/

Wednesday, September 7, 2011

ရေညှိပင်နဲ့ ဝါးပင်



တနေ့ မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့  အားလုံးကိုအရှုံးပေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊အလုပ်ကိုအရှုံးပေးလိုက်မယ်မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။တောထဲရောက်တော့နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင်
ဘုရားသခင်နဲစကားပြောဖို့ သူဆုံးဖြတ်လိုက်တယ်။ 

ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား-
ကျွန်တော်ဘဝကိုအရှုံးပေးတော့မယ်။ကျွန်တော်အရှုံးပေးသင့်တယ်လို့ ပဲကျွန်တော်ထင်တယ်။
အရှုံးမပေးသင့်ကြောင်းသက်သေတစ်ခုတောင်ဘုရားသခင်ကျွန်တော့်ကိုပေးစရာမရှိဘူးမဟုတ်လား…”
လို့ မေးလိုက်တယ်။ဒါနဲ့ ဘုရားကပြန်မေးတယ်တဲ့။
“အသင့်အနားမှာရေညှိပင်တစ်ပင်နဲ့  ဝါးပင်တစ်ပင် တွေ့ လား” တဲ့။သူကတွေ့ ကြောင်းပြောတဲ့အခါမှာ
ဘုရားက -“အိုလူသား။ အဲဒီရေညှိပင်နဲ့  ဝါးပင်ကို စပျိုးတုန်းကအတူတူပဲ။အစေ့နှစ်မျိုး ကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေသြဇာနဲ့နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။
မြေပေါ်မှာပေါက်လာပြီးမြေပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။ဝါးစေ့ကလေးကတော့ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ်ငါသူ့ အပေါ်မှာစွန့် လွှတ် အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီး ရေ လောင်း  ခဲ့ပါတယ်။
တစ်နှစ်လောက်ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက်တောင်ပိုပြီးပြန့် ပွားလာပါတယ်။
ဝါးစေ့လေးစိုက်ထားတဲ့နေရာမှာတော့ဘာမှဖြစ်မလာသေးပါဘူး။
၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲဘာထူးခြားမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့ အပေါ်မှာလက်လျှော့လိုက်ခြင်းမရှိဘဲ ဆက်ပြီးရေလောင်းပေးခဲ့ပါတယ်။၅နှစ်မြောက်မှာတော့ဝါးပင်ညှောင့်လေးစထွက်လာပါတယ်။ ဒီလိုစထွက်လာပြီး၆လအတွင်းမှာပဲ ပေ၁ဝဝ ကျော်အပင်ကြီးဖြစ်သွားပါတော့တယ်။ ဝါးပင်ဟာ ဒီလို အချိန် တို အတွင်း မှာ ဒီ လောက်အမြင့်ကြီးတက်နိုင်ဖို့ ၅နှစ်ကြာ အမြစ်တွယ်ယူခဲ့ရတယ်လေ။
ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့အရာ ချမပေးပါဘူး။
သူ့ နေရာနဲ့သူဖြစ်လာဖို့ အရည်အချင်းတွေပေးထားတယ်လေ။ ဝါးပင်လေးအပေါ်မှာ
လက်မလျှော့သလို အသင့်အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့ ။ ရေညှိပင်ဟာ
ရေညှိပင်နေရာမှာနေပြီး သစ်တောကို စိမ်းလန်းစေသလို၊ ဝါးပင်ဟာ
ဝါးပင်နေရာမှာနေပြီး သစ်တောကို လှပစေပါတယ်။
သင့်အလှည့်လာမှာပါ။ သင်အမြင့်ကိုတက်ဖို့ အခု အမြစ်တွယ်ဖို့ 
အချိန်ပေးထားတာပါ။”…လို့ ပြန်ဖြေသတဲ့။
ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက်မြင့်မြင့်တက်မှာလဲ” လို့ ပြန်မေးပါတယ်။
လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့  ပြန်ဖြေတော့
ဘုရားက “အေး..အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ
တက်လို့ ရတယ်။ ကြိုးစားပြီးတက်ပေတော့” လို့  ပြန်ပြောလိုက်ပါတယ်။


အဆိုးအားဖြင့်အရှုံးမခံနှင့် အကောင်းအားဖြင့်အဆိုးကိုနိုင်လော့
လ၀န်း

Tuesday, September 6, 2011

အင်္ဂါဂြိုဟ်သားနှင့် ကဗျာဆရာ စကားပြောခြင်း

(A)
မေး။ ။ ဒါဟာ ဘာလဲ။
ဖြေ။ ။ အဲဒါဟာ ပန်းလေးတစ်ပွင့်ပါ။
မေး။ ။ သူ့မှာ ဘာရည်ရွယ်ချက်ရှိသလဲ။
ဖြေ။ ။ ကျွန်တော် မသိဘူး။ သူ့မှာ ဘာရည်ရွယ်ချက်ရှိမလဲလို့ ကျွန်တော် မပြောနိုင်ဘူး။ သူဟာ သဘာဝပေါက်ပင်ပါ။ သူ့အလိုအလျောက်ပေါက်လာတယ်၊ ပြီး သူ့အလိုအလျောက်ပဲ ပွင့်လာခဲ့တယ်။
မေး။ ။ သူ့ဖြစ်စဉ်ဟာ ဘာလဲ။
ဖြေ။ ။ သူဟာ မျိုးစေ့လေးတစ်စေ့ဘဝကနေ အပွင့်ကလေးတစ်ပွင့် ပွင့်လာတယ်။ ပြီးတော့ အချိန်တန်ရင် အဲဒီအပွင့်ကလေး ကြွေသွားတာပါပဲ။
မေး။ ။ အချိန်တန်ရင်ဆိုတာ ဘာကိုရည်ညွှန်းတာလဲ။
ဖြေ။ ။ သူဆက်လက်ရှင်သန်ဖို့ တာဝန်ပြီးဆုံးသွားပြီလို့ ဆိုလိုတာပါ။
မေး။ ။ သူဟာ မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ သူဟာ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။

(B)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ ဒါဟာ စာအုပ်တစ်အုပ်ပါ။
မေး။ ။ သူရော မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။ သူဟာ (လုံလောက်တဲ့ အခြေအနေရှိရင်) ချိုမြိန်တဲ့မြို့ကြီးတွေကို မျိုးဆက်ပြန့်ပွားစေနိုင်ပါတယ်။
မေး။ ။ သူ့ရဲ့ အသုံးဝင်မှုက ဘာလဲ။
ဖြေ။ ။ သူဟာ တောင်များကို ရွေ့စေနိုင်ပါတယ်။ ကြယ်တာရာများကို ညှို့ငင်ထားနိုင်စွမ်းပါတယ်။ မုန်တိုင်းကို နဖားကြိုး ထိုးထားနိုင်ပါတယ်။ ကန္တာရမှာ သစ်တောကြီးတွေ ပေါက်လာစေပါတယ်။
မေး။ ။ တောင်၊ ကြယ်တာရာ၊ မုန်တိုင်း၊ ကန္တာရနဲ့ သစ်တောဆိုတာတွေကို ဘယ်မှာ တွေ့နိုင်မလဲ။
ဖြေ။ ။ စာအုပ်ထဲမှာ တွေ့နိုင်ပါတယ်။
မေး။ ။ စာအုပ်ကို စားသောက်လို့ရလား။
ဖြေ။ ။ ပိုးဟပ်နဲ့ ခြကလွဲလို့ ဘယ်သူမှ စာအုပ်ကို စားသောက်လို့မရပါ။
မေး။ ။ အဲဒီ စာအုပ်ဟာ အလေးချိန်ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ ရှစ်အောင်စပါ။

(C)
မေး။ ။ ဟိုဟာ ဘာဖြစ်နေတာလဲ။
ဖြေ။ ။ လူတစ်ယောက် ငိုနေတာပါ။
မေး။ ။ သူဘာတာဝန်ကို ထမ်းဆောင်နေတာလဲ။
ဖြေ။ ။ သူ…သူ့ကြေကွဲမှုကို ထုတ်ဖော်နေတာပါ။
မေး။ ။ ထူးခြားတဲ့အသံလှိုင်းကို သူဘယ်လိုရသလဲ။
ဖြေ။ ။ သူ့ကြေကွဲမှုက တစ်ဆင့်ရပါတယ်။
မေး။ ။ ကြေကွဲမှုကို ဘယ်စက်ရုံက ထုတ်လုပ်သလဲ။ သူ့ရဲ့ ဖော်မြူလာကိုပြောပြပါ။
ဖြေ။ ။ ကြေကွဲမှုကို စက်ရုံတွေက ထုတ်လုပ်ဖို့ ဘယ်တုန်းကမှ အစီအစဉ်မရှိကြပါဘူး။ ကြေကွဲမှုဆိုတာ ဆိုးဝါးတဲ့ စိတ်ခံစားချက်တစ်မျိုးပါ။ သူ့ရဲ့ ဖော်မြူလာကို မပြောပြနိုင်တာဟာ ကြေကွဲစရာပါပဲ။
မေး။ ။ သူဟာ မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ တိကျတဲ့ မှတ်တမ်းမှတ်ရာ မရှိပါ။
မေး။ ။ ကြေကွဲမှုဟာ စုစုပေါင်းအလေးချိန် ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ တိကျတဲ့ မှတ်တမ်းမှတ်ရာ မရှိပါ။

(D)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ သေနတ်တစ်လက်ပါ။ (ကျွန်တော် ကျည်ဆံထည့်ထားတယ်)
မေး။ ။ သူ့မှာ ဘာရည်ရွယ်ချက်ရှိသလဲ။
ဖြေ။ ။ သူဟာ သက်ရှိတွေကို သက်မဲ့ဖြစ်စေတယ်။
မေး။ ။ စွမ်းအင် အသွင်ပြောင်းလဲခြင်း ဖြစ်စေတာလား။
ဖြေ။ ။ ဟုတ်ကဲ့။ စွမ်းအင် အသွင်ပြောင်းလဲခြင်း ဖြစ်စေပါတယ်။
မေး။ ။ သူကရော မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။ ကမ္ဘာသမိုင်းမှာ အမည်အမျိုးမျိုးနဲ့ ထင်ရှားတဲ့စစ်ပွဲကြီးတွေဟာ သူ့ရဲ့ မျိုးဆက်ပြန့်ပွားမှုပေါ့။
မေး။ ။ သူ့ကို ဖန်တီးထုတ်လုပ်ထားတဲ့ သတ္ထုအမျိုးအစားကို ပြောပြပါ။
ဖြေ။ ။ ကြေးဝါနဲ့ သံမဏိပါ။

(E)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ ငွေစက္ကူပါ။
မေး။ ။ သူဟာ သီးပွင့်နိုင်ပါသလား။
ဖြေ။ ။ ဟုတ်ကဲ့။ သီးပွင့်နိုင်ပါတယ်။ ဒုက္ခတရားနဲ့ ပျော်ရွှင်မှုဟာ သူ့ရဲ့ အသီးအပွင့်တွေပေါ့။
မေး။ ။ သူဟာ အစာစားသလား။
ဖြေ။ ။ ဟုတ်ကဲ့။ စားပါတယ်။ ချွေးစက်နဲ့ တွေးခေါ်မျှော်မြင်မှုကို သူစားသုံးပါတယ်။
မေး။ ။ သူဘယ်လို အစာချက်သလဲ။ ကလိုရိုဖီးကတစ်ဆင့် ချက်လုပ်သလား။ အစာအိမ်က ချက်လုပ်သလား။
ဖြေ။ ။ သူဟာ တိတ်ဆိတ်တဲ့ အမိန့်တစ်မျိုးပေးပြီး အစာကို ချက်လုပ်ပါတယ်။
မေး။ ။ သူ့ရဲ့ ထင်ရှားတဲ့ဂုဏ်သတ္တိကို ပြောပြပါ။
ဖြေ။ ။ သူဟာ မိုက်မဲစေပါတယ်။ မိုက်မဲသူကိုလည်း ယဉ်ကျေးစေပါတယ်။ ကိုယ်တိုင်မီးလောင်ပြီး မီးလောင်ခြင်းကို အားပေးပါတယ်။
မေး။ ။ သူကရော မျိုးဆက်ပြန့်ပွားနိုင်သလား။
ဖြေ။ ။ ဟုတ်ကဲ့။ မျိုးဆက်ပြန့်ပွားနိုင်ပါတယ်။ ဘဏ်တိုက်ကြီးတွေနဲ့ ကြွေးစာရင်းတွေဟာ သူ့ရဲ့မျိုးဆက်ပြန့်ပွားမှုပါ။

(F)
မေး။ ။ ဒါဟာဘာလဲ။
ဖြေ။ ။ ဖောင်တိန်တစ်လက်ပါ။
မေး။ ။ သူဘာတာဝန်ကို ထမ်းဆောင်သလဲ။
ဖြေ။ ။ လူတစ်ယောက်ရဲ့ ဦးခေါင်းကို လူတစ်ယောက်ရဲ့ ဦးခေါင်းနဲ့ ဆက်သွယ်ပေးပါတယ်။
မေး။ ။ သူ့ရဲ့ဖွဲ့စည်းပုံကို ရှင်းပြပါ။
ဖြေ။ ။ ချွန်ထက်တဲ့ သတ္တုထိပ်ဖျားရှိပြီး အထဲမှာ ဉာဏ်ပညာမြစ် စီးဆင်းနေပါတယ်။ အဖုံးမှာ ချိတ်တစ်ခု ပါရှိတယ်။
မေး။ ။ သူ့ရဲ့ တန်ဖိုးကို ပြောပါ။
ဖြေ။ ။ နယူးယောက်မြို့ကြီးနဲ့ တန်ဖိုးချင်း ညီမျှပါတယ်။
မေး။ ။ သူ့ကို အသုံပြုပုံကို ပြောပြပါ။
ဖြေ။ ။ အရွေ့ စွမ်းအင်ကနေ ဘာသာဗေဒအဖြစ် ကူးပြောင်းရာမှာ သူ့ကို အသုံးပြုကြပါတယ်။

(G)
မေး။ ။ ခင်ဗျား ဘယ်သူလဲ။
ဖြေ။ ။ ကျွန်တော် ကဗျာဆရာပါ။