Menu
Popular Posts
Wednesday, October 5, 2011
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (problem/rest/step/think)
No problem! (ပြဿနာမရှိပါဘူး)
You say no problem! when you think that something will be easy to do or get:
(ပြဿနာမရှိပါဘူး (no problem!) ကို အကြောင်းအရာတစ်ခုခုကို လွယ်လင့်တကူလုပ်နိုင်တယ် (သို့) ရရှိနိုင်တယ်လို့ ထင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။)
  • 'I need my car back by Saturday'
    ငါ့ကားကို စနေနေ့ ပြန်လိုချင်တယ်။
    'No problem!
    It will be ready by tomorrow evening.'
    ပြသနာမရှိပါဘူး။
    နက်ဖြန်ညနေဆိုရင် အဆင်သင့် ဖြစ်နေပါပြီ။
  • 'I'm looking for a one-bedroom flat in this area.'
    ဒီရပ်ကွက်ထဲမှာ အိပ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခန်းကို ရှာနေပါတယ်။
    'No problem!
    There are quite a few vacant just now.'
    ပသနာမရှိပါဘူး။ အခုလောလောဆယ် လွတ်နေတဲ့အခန်းအချို့ ရှိနေပါတယ်။
You can also say no problem! to show that you can do something that somebody has asked you to do and that you are willing to do so:
(ရပါတယ်/ ကိစ္စမရှိပါဘူး (no problem) ကို တစ်စုံတစ်ယောက်က သင့်အား တစ်စုံတစ်ခု လုပ်ပေးရန်တောင်းဆိုသည်ကို  လိုလို လားလား လုပ်ပေးချင်ကြောင်း ဖေါ်ပြသည့် အနေဖြင့် ပြောနိုင်သည်။)
  • 'Can you mend this torn dress for me?'
    ဒီပြဲနေတဲ့ ဂါဝန်ကို ချုပ်ပေးနိုင်မလား?
    'No problem! It will be ready tomorrow.'
    ရပါတယ်၊ နက်ဖြန်ဆိုရင် အသင့်ဖြစ်နေပါပြီ။
You can also use no problem! as an informal reply when somebody thanks you for doing something:
(ရပါတယ်။ ကိစ္စမရှိပါဘူး (no problem) ကို တစ်စုံတစ်ယောက်က ကျေးဇူးတင်စကားပြောရာတွင်လည်း ရင်းနှီးစွာ တုန့်ပြန်သည့် အနေဖြင့် သုံးနိုင်သည်။)
  • 'Thanks for giving me a lift to the station.
    ဘူတာရုံကို ကားကြုံတင်လာတဲ့အတွက် ကျေးဇူးပါ။
    'No problem!'
    ရပါတယ်။ ကိစ္စမရှိပါဘူး
And the rest (ကျန်တာကရော)
You say and the rest to show that the actual number or amount of something is more than has been stated:
(ကို တစ်စုံတစ်ခု၏ အရေအတွက် (သို့) ပမာဏသည် ဖော်ပြထားသည်ထက် ပိုမိုများပြားနေသည်ကို ဖော်ပြလိုပါက သုံးပါသည်။)
  • 'A car like that would cost about $60,000.'
    ဒီလိုကားမျိုးက ဒေါ်လာ ၆၀ ၀၀၀ လောက်တော့ ပေးရမယ်။
    'And the  rest! I'd say nearer $70,000.'
    ကျန်တာကရော!  ကျွန်တော့် အမြင်ပြောရရင် ဒေါ်လာ ၇၀ ၀၀၀ နားကပ်နေတယ်။
  • It’ll take us at least three days to finish this work.'
    ဒီအလုပ်ကိုပြီးဖို့ အနည်းဆုံး ၃ ရက်လောက်တော့ ငါတို့လိုလိမ့်မယ်။
    'And the  rest! Only half the workers are
    working on this project.
    ကျန်တာကရော!   ဒီစီမံကိန်းမှာ အလုပ်သ္မားက တစ်ဝက်ပဲ အလုပ်လုပ်နေတာ။
Step on it (မြန်မြန်မောင်းပါ)
You say step on it in an informal context when you mean that there is a need for hurry or speed, especially with reference to driving a car:
(မြန်မြန်မောင်းပါ (step on it) ဆိုတဲ့ အသုံးအနှုန်းကတော့ ကားမောင်းတာနဲ့ ပိုပြီး ဆီလျော်ပါတယ်။ အဓိပ္ပါယ်ကတော့ အလျင်လိုတယ် မြန်မြန်မောင်းပါဆိုတဲ့ အဓိပ္ပါယ်ပါပဲ။)
  • You'll have to step on it or be late for the interview.
    မန်မြန်မောင်းပါ ! မဟုတ်ရင် အင်တာဗျူးနောက်ကျတော့မယ်။
  • Step on it. I promised my mother that we wouldn’t be late for lunch.
    မြန်မြန်မောင်းပါ !
    အမေ့ကို နေ့လည်စာစားဖို့နောက်မကျပါဘူးလို့ ကတိပေးထားတယ်။
I thought as much (ငါ ထင်သားပဲ)
You say I thought as much when you have found out that you were right about something that you thought or suspected:
ငါထင်သားပဲ (I thought as much) ကို တစ်စုံတစ်ရာအား သင်တွေးထင် (သို့) သံသယရှိထား တဲ့အတိုင်း ဟုတ်မှန်နေသည့်အခါတွင် အသုံးပါပြုပါသည်။)
  • I thought as much. That boy who's making all the noise is our neighbour's son.
    ငါထင်သားပဲ။
    အဲဒီဆူညံသံတွေကို လုပ်နေတဲ့ ကောင်လေးက ငါတို့ အိမ်နီးချင်းရဲ့ ကလေးပဲ။
  • I thought as much. The girl who got the job is the manager's daughter.
    ငါထင်သားပဲ။
    အလုပ်ရသွားတဲ့ကောင်မလေးက မန်နေဂျာရဲ့ သမီးပဲ။
Click "Like" if you want to see more posts like this. Thanks.
Saturday, October 1, 2011
အချစ်နှင့် အိမ်ထောင်ရေး
(၁) စောင့်မျှော်ခြင်းဆိုတာ မမြင်ရတဲ့လက်မည်းကြီးတစ်စုံပါ။ အထူးသဖြင့် အချစ်ကိုသတ်ဖြတ်ပြီး ပျော်ရွှင်နေတဲ့ လက်မည်းကြီးဖြစ်တယ်။
(၂) မြက်ရိုင်းတွေကြားမှာ ကျောက်စိုင်ကျောက်ခဲ မကြီးမားနိုင်ဘူး။ သေနတ်ဖျားမှာ ခြင်္သေ့ မသန်စွမ်းနိုင်ဘူး။ ရေခဲတောင်ရှေ့မှာ တိုင်တန်းနစ်သဘောင်္ မခိုင်ခံ့နိုင်ဘူး။ ကမ္ဘာပတ်သူရဲ့ရှေ့မှာ ကမ္ဘာကြီး မကျယ်ဝန်းနိုင်ဘူး။
ဘယ်အရာက ကြီးမား၊ သန်စွမ်း၊ ခိုင်ခံ့၊ ကျယ်ဝန်းနိုင်သလဲ?အခက်အခဲရှေ့မှာ အပြုံး ကြီးမားသန်စွမ်းနိုင်တယ်။
ဘေးအန္တရာယ်ရှေ့မှာ ယုံကြည်မှု ခိုင်မြဲနိုင်တယ်။
ထိခိုက်နာကျင်ခြင်းရဲ့ရှေ့မှာ မေ့လျော့ခြင်း ကျယ်ဝန်းနိုင်တယ်။
(၃) လင်ယောက်ျားအပေါ် ပါးစပ်ချိုတဲ့မိန်းမ ဘယ်တော့မှမနစ်နာဘူး။ ဒီစကားကို မှတ်ထားပါ!
(၄) သူ့"အမှား"ကို အပြစ်ရှာချင်ရင် သင့်ဖက်က"မှန်"ရပါမယ်။ စိတ်ခံစားချက်မှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဝေခွဲရခက်ပါတယ်။
(၅) အိမ်ထောင်ရေးမှာ အချစ်ကို မပျောက်ပျက်စေနဲ့။ အချစ်ရေးမှာ ကိုယ့်ကိုယ်ကို မပျောက်ပျက်စေနဲ့။
(၆) ခံစားချက်ဖိုရမ်မှာ ခံစားချက်အကြောင်း ဆွေးနွေးတဲ့လူ နှစ်မျိုးနှစ်စားရှိတယ်။ ပထမလူစားက မိသားစု"ပျော်ရွှင်ခြင်း" အကြောင်းပဲပြောတယ်။ ဒုတိယလူစားက မိသားစု"စိတ်ဆင်းရဲခြင်း"အကြောင်းပဲ ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်ခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုပျော်ရွှင်လာတယ်။ စိတ်ဆင်းရဲခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုစိတ်ဆင်းရဲလာတယ်။ တချို့က လမ်းခွဲပြတ်စဲတဲ့အထိပါပဲ။
(၇) ဆွေးနွေးကြတဲ့အရာက တစ်ခုတည်း၊ ကြုံတွေ့ရတဲ့ ပြဿနာကလည်း အတူတူပဲ။ ဒါပေမဲ့ တချို့က အကောင်းမြင်စိတ်၊ နှစ်မြို့တဲ့စိတ်နဲ့ ဖြေရှင်းကြတယ်။ တချို့က တသတ်မှတ်အတွေး၊ မကောင်းမြင်စိတ်နဲ့ ဖြေရှင်းတယ်။ ဒါဟာ လူလူချင်းကြား၊ မိသားစုကြားက ပျော်ရွှင်ခြင်းရဲ့ခြားနားချက်ဖြစ်တယ်။
(၈) "'ဒိုးတူပေါင်ဖက်"ဆိုတဲ့အဆင့်ကိုရောက်ဖို့ အိမ်ထောင်ကျတဲ့ ယောက်ျားမိန်းမတိုင်း မျှော်လင့်ကြတယ်။ "မိန်းမက ယောက်ျားကို ပိုနှစ်သက်မယ်၊ ပိုချီးကျူးမယ်၊ ယောက်ျားကို စနောက်မယ်ဆိုရင် ယောက်ျားတွေက ကျိုးနွံသိမ့်မွေ့ပါတယ်တဲ့" ယောက်ျားတွေက ပြောပါတယ်။ "ယောက်ျားက သဘောထားနည်းနည်းကြီးမယ်၊ အိမ်ထောင့်တာဝန်ကို နည်းနည်းပိုထမ်းရွက်မယ်ဆိုရင် မိန်းမတွေက ယောက်ျားစကားကို ပိုနားထောင်ပါတယ်တဲ့" မိန်းမတွေက ပြောပါတယ်။
(၉) အိမ်ထောင်ရေးမှာ ခံစားချက်တစ်မျိုးကို အချင်းချင်းချစ်မြတ်နိုးခြင်းလို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ဒိုးတူပေါင်ဖက်လို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ခွင့်လွှတ်နားလည်ခြင်းလို့ခေါ်တယ်။ အိမ်ထောင်ရေးဆိုတာ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ လှေငယ်တစ်စီးနဲ့တူတယ်။ တစ်ခါတလေမှာ လေငြိမ်လှိုင်းငြိမ်ပြီး လိုရာခရီးရောက်တယ်။ တစ်ခါတလေမှာ လေထန်လှိုင်းထန်တယ်၊ ကျောက်ဆောင်တွေပေါတယ်။ နားလည်ခြင်းဆိုတဲ့ရွက်ကိုလွှင့်ပြီး ခွင့်လွှတ်ဆိုတဲ့ပဲ့နဲ့ စုပေါင်းညီညာလှော်မှ ပျော်ရွှင်ခြင်းကမ်းကို ကပ်နိုင်မှာဖြစ်တယ်။
(၁ဝ) ကိုယ့်အမြင်ကို ကိုယ်တိုင်ဖွင့်ဆိုပေးပါ....
အင်တာနက်ပေါ်ဖတ်မိသမျှ ဘာသာပြန်သည်။  အားလုံးပျော်ရွှင်နိုင်ပါစေ ထက်ကောင်းကင်
ပင်ပန်းမှူ ပျောက်ကာ လန်းဆန်း စေမည့် နည်း (၁၅) မျိုး
ပင်ပန်းမှူ ပျောက်ကာ လန်းဆန်း စေမည့် နည်း (၁၅) မျိုး
တစ်နေကုန် ပင်ပန်း နွမ်းနယ် နေပါသလား။ တစ်နေ့ ထက် တစ်နေ့ အားအင် ချည့်နဲ့ကာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ ပါသလား။ မကြာခဏ သမ်းဝေကာ ငိုက်မျည်း နေတတ် ပါသလား။ ပင်ပန်း နုံးချည့် ရခြင်း အကြောင်းရင်းကို ရှာကာ အမြဲ သွက်လက် အားအင် ပြည့်စေနိုင်မယ့် နည်းလမ်း ၁၅ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁။ ပင်ပန်းရခြင်း အကြောင်းရင်း ရှာပါ
သင့်ရဲ့ အားအင်တွေ ပြန်ပြည့်ဖို့ ပထမဆုံး လုပ်ရမှာက သင့် စားသောက် နေထိုင်ပုံက သင့်ရဲ့ အားအင်တွေကို ဘယ်လို ဆုတ်ယုတ် နေစေသလဲ ဆိုတာကို သုံးသပ်ဖို့ ပါပဲ။ ရေသောက် နည်းပြီး ရေဓာတ် ခြောက်ခန်း နေသလား၊ အရက်သောက် များနေသလား၊ အစာ လျှော့စားလွန်း နေသလား၊ အချိုကဲတဲ့ အစားတွေ များများ စားလို့ သွေးထဲ သကြားဓာတ် များနေသလား၊ အိပ်ရေး မ၀ဘူးလား စသဖြင့် ပင်ပန်းစေနိုင်တဲ့ အကြောင်းရင်းတွေကို ရှာကြည့်ပါ။ စိတ်ဖိစီးမှု နဲ့ ပူပင် စိုးရိမ်မှုတွေ ကြောင့်လည်း အားလျော့ စေနိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းရင်း တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် ကိုယ်ရဲ့ စားသောက် နေထိုင်ပုံကို ဂရုပြုမိဖို့ လိုပါတယ်။
၂။ သံဓာတ် လိုအပ်ပါတယ်
အမျိုးသမီး အများစု ပင်ပန်းရခြင်း အကြောင်းရင်းက သံဓာတ် ချိုတဲ့လို့ ပါပဲ။ ဓမ္မတာ ရာသီသွေး ဆင်းခြင်းကြောင့် သွေးထဲ အောက်ဆီဂျင် သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင် ပရိုတင်း ပမာဏ လျော့နည်းတတ် ပါတယ်။ ဓမ္မတာ ရာသီသွေးဆင်း များခြင်းကြောင့် ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ အသက်ရှူ မ၀ခြင်း၊ လက်သည်း ခြေသည်း အရောင်ဖျော့ခြင်း၊ နုံးချည့်ခြင်းတို့ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်ကို ပြန်ဖြည့်တင်း ပေးဖို့ အတွက် အမျိုးသမီးတိုင်း သံဓာတ် အားဖြည့်ဆေး သောက်ပေးသင့် ပါတယ်။ သံဓာတ် ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ အနီရောင် အသားတို့ကို စားပေးသင့် ပါတယ်။ ဖောလစ်အက်စစ် နဲ့ ဗီတာမင်ဘီ ၁၂ ချို့တဲ့ရင်လည်း သွေးအားနည်းတတ် ပါတယ်။
၃။ အိပ်ရေးဝဖို့ အရေးကြီးပါတယ်
ကျွန်မတို့ အများစုဟာ အိပ်ချိန် အလုံအလောက် မအိပ်တတ်ကြ ပါဘူး။ တစ်ညကို အိပ်ချိန် ခုနစ်နာရီ မှ ရှစ်နာရီကြား ရှိပါက ကျန်းမာရေး နဲ့ ညီညွတ် ပါတယ်။ တစ်ညကို ငါးနာရီ နဲ့ ခြောက်နာရီ သာ အိပ်ချိန် ရှိသူတွေက တစ်ပတ်လုံးနဲ့ ယှဉ်ပါက နှစ်ညစာ လောက် အိပ်ချိန် လွတ်သွားတယ်လို့ ပြောနိုင်ပါတယ်။ တစ်ညကို သူများထက် အိပ်ချိန် နှစ်နာရီ လောက် လျော့ရင် တစ်ပတ် ပြည့်တဲ့ အခါ အိပ်ချိန် ၁၄ နာရီ လျော့တာကြောင့် နှစ်ညစာ အိပ်ချိန် လျော့တယ်လို့ ပြောရတာပဲ ဖြစ်ပါတယ်။ အိပ်မပျော်ရခြင်း အများစုက စိတ်ဖိစီးမှုကြောင့် ပါ။ ဒါကြောင့် စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ပြီး အိပ်ရေး ၀အောင် အိပ်ပါ။ အိပ်ရေးဝ မှ အားအင် ပြည့်မှာပါ။
၎။ ကာလရှည် မောပန်းပါက သတိထားပါ
တစ်လကျော် ကြာတဲ့ အထိ အမြဲ ပင်ပန်းနေပါက ဆရာဝန်ထံ ပြသ စစ်ဆေးခံသင့် ပါတယ်။ သွေးအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရောဂါပိုးဝင်ခြင်း တို့ကြောင့် ဖြစ်နိုင်တာမို့ အထူးသဖြင့် ကိုယ်အလေးချိန် လျော့ကျခြင်း နဲ့ ရာသီသွေးဆင်းမှု များခြင်းစတဲ့ လက္ခဏာတို့ နဲ့ တွဲဖြစ်ပါက ဆေးခန်းပြသင့် နေပါပြီ။ သွေးဆုံးတဲ့ အရွယ်ရှိ အမျိုးသမီးတွေလည်း ကာလရှည် မောပန်း တတ်ကြ ပါတယ်။ အဲဒါတွေကြောင့် မဟုတ်ဘူး ဆိုရင် အိမ်နဲ့ အလုပ်မှာ ဂက်စ်ထွက် ရှိနိုင်တဲ့ အရာတွေ တပ်ဆင်ထားလား သတိထား ကြည့်ပါ။ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေဟာ အောက်ဆီဂျင် ရရှိမှုကို လျော့နည်း စေနိုင်သလို ကြာလာပါက အသက် အန္တရာယ်တောင် ရှိနေပါတယ်။
၅။ Coenzyme Q10 လိုပါတယ်
ဓာတ်တိုး ဆန့်ကျင် ပစ္စည်း Coenzyme Q10 က ခန္ဓာကိုယ် ဆဲလ်အတွင်း အားအင်လွှင့်ထုတ်ရာမှာ အရေးကြီးသလို နှလုံးရောဂါကိုလည်း ကာကွယ်ပေး ပါတယ်။ အသက်ကြီး လာတာနဲ့ အမျှ Coenzyme Q10 လျော့နည်း တတ်လို့ ကြွယ်ဝတဲ့ အစာတွေ ဖြစ်တဲ့ ဆဲလ်မွန်ငါး၊ ငါးသေတ္တာ၊ အမဲသား၊ ဟင်းနုနယ် နဲ့ မြေပဲတွေ စားပေးပါ။ Coenzyme Q10 ပါတဲ့ အားဆေး သောက်ပေးပါ။
၆။ စီရိုတိုနင် ပမာဏများအောင် လုပ်ပါ
စီရိုတိုနင်ဆိုတာ ဦးနှောက် စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဓာတ်တစ်ခုပါ။ 5HTP (5-hydroxytryptophan)အားဆေးက ခန္ဓာကိုယ်ကနေ စီရိုတိုနင်ဓာတ် ထွက်ရှိ စေတာကြောင့် စိတ်ပျော်ရွှင် စေကာ စိတ်ဓာတ်ကျမှုကို လျော့နည်းစေ ပါတယ်။ ဒါ့အပြင် အိပ်ကောင်းခြင်း အိပ်ပျော်စေကာ အိပ်ရေး ၀စေနိုင် ပါတယ်။
၇။ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်
ရုံးမှာ ကျတော့ မတရား ပင်ပန်းပြီး အိမ်ရောက်လို့ ရှိရင် အားအင် ပြည့်ဝနေတာမျိုး ကြုံဖူးကြ မှာပါ။ အကြောင်းပြချက် တစ်ခု ကတော့ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက် ကြောင့်ပါ။ သုတေသန ပညာရှင်တို့ရဲ့ လေ့လာချက် အရ ခန္ဓာကိုယ် ဇီဝ နာရီဟာ နေ့လယ် နှစ်နာရီ ၀န်းကျင်လောက်မှာ ခန္ဓာကိုယ်ကို အားလျော့ စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် အပူချိန်ဟာ ထမင်းစားပြီး နောက် လျော့ကျတတ် သလို ညဘက် ၇နာရီလောက် မှာလည်း လျော့ကျတတ် ပါတယ်။ ခန္ဓာကိုယ် အပူချိန် လျော့ကျခြင်းက မယ်လတိုနင် ဟော်မုန်းကို ထွက်ရှိစေ ပါတယ်။ အဲဒီ ဟော်မုန်းက ဦးနှောက်ကို အိပ်ချိန်နား နီးပြီ ဖြစ်ကြောင်း သတင်း ပေးပို့ ပါတယ်။
၈။ သိုင်းရွိုက် ရောဂါ ရှိလား ရှာကြည့်ပါ
သိုင်းရွိုက် ဂလင်းတွေဟာ ခန္ဓာကိုယ်ကနေ အားအင်တွေကို ဘယ်လောက် မြန်မြန် လောင်ကျွမ်း စေပြီး ပရိုတင်းတွေ ဖြစ်စေနိုင်သလဲ ဆိုတာကို ထိန်းချုပ်ပေး ပါတယ်။ အလုပ် သိပ် မလုပ်နိုင်တဲ့ သိုင်းရွိုက်ဂလင်း အခြေအနေ (Hypothyroidism) ဖြစ်ပါက လူကို ပင်ပန်းစေ သလို ခန္ဓာကိုယ် အလေးချိန်ကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ကာ အအေးဒဏ်ကို မခံနိုင် ဖြစ်တတ် ပါတယ်။ ဒီရောဂါ ဖြစ်ပါက အရေးကြီးတာကြောင့် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ အချိန်မီ မကုသပါက ပိုပြီး မောပန်းစေကာ အသံ အောလာခြင်း၊ မျက်နှာ ပုံပြောင်းလာခြင်း မျက်ခုံးမွေး နဲ့ မျက်တောင်ကျွတ်ခြင်း ကိုလည်း ဖြစ်တတ် ပါတယ်။
၉။ ကဖင်းဓာတ်က လန်းဆန်း စေနိုင်ပါတယ်
ကဖင်းဓာတ် ပါရှိတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့ဟာ ခဏတာ သာ အားပြည့် လန်းဆန်း စေနိုင်ပေမယ့် နောက် ခဏအကြာမှာ အားပြန်လျော့ သွားစေခြင်းကြောင့် သိပ် အများကြီး မသောက်သင့်ဘူး လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နေ့ကို တစ်ခွက် ကနေ သုံးခွက်အထိ သောက်ပေးလို့ ရပါတယ်။ အဲဒီထက် များသွားရင်သာ မကောင်းတာပါ။ ကဖင်းဓာတ် သောက်တာ များလွန်းပါက အသွက်လွန်ခြင်း၊ ခြေချောင်း လက်ချောင်း တုန်ခြင်း၊ ကယောင်ချောက်ချား ဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဗီတာမင်ဘီကိုပါ လျော့နည်း စေကာ ပင်ပန်းခြင်း၊ ကာလရှည်ကြာ အားလျော့ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။
၁၀။ သဘာဝ ဆေးမြစ်တွေရဲ့ အစွမ်းကိုလည်း မေ့မထားပါနဲ့
ရွှေရောင် အမြစ်လို့ ခေါ်တဲ့ Rhodiola  သဘာဝ ဆေးဖက်ဝင် အမြစ်ဟာ အားအင် ပြည့်ဖြိုး လန်းဆန်း စေကာ အာရုံ စူးစိုက်မှု အားကောင်းပြီး နွမ်းနယ်မှုကို ပပျောက်စေ ပါတယ်။ ဒါပေမဲ့ ကာလရှည် သုံးစွဲလို့တော့ မသင့်တော်ပါဘူး။ ကယောင်ချောက်ချား ဖြစ်စေနိုင်တာ ကြောင့်ပါ။
၁၁။ အိပ်စက်ခြင်း ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်
အိပ်စက်ခြင်း ပြဿနာ တစ်ခု ဖြစ်တဲ့ အိပ်နေရင်း မကြာခဏ အသက်ရှူ ရပ်တတ်တဲ့ ရောဂါကြောင့်လည်း ပင်ပန်းတတ် ပါတယ်။ အဲလို အသက်ရှူ ရပ်သွားတိုင်း နိုးလာတတ် ပေမယ့် သင့်ကိုယ်သင်တော့ သတိ မထားမိပါဘူး။ သင့်မှာများ အဲလို ဖြစ်နေသလား၊ သံသယ ရှိနေရင် ဒါမှမဟုတ် သင့် အိမ်ထောင်ဖက်က သတိထားမိ နေရင် ဆေးခန်း ပြသင့် ပါတယ်။
၁၂။ ကိုယ်လက်လှုပ်ရှား များများလုပ်ပါ
အားအင် ပြည့်ဖြိုး စွမ်းအင် တိုးစေနိုင် ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုခြင်းဖြင့် အသက်ကို ပိုပြီး ပြင်းပြင်းရှူ လာသလို ခန္ဓာကိုယ်ထဲ အောက်ဆီဂျင် များများ ရောက်ကာ သွေးလည်ပတ်မှူ ကောင်းစေတာ ကြောင့်ပါ။ ဒါကြောင့် မနက်စောစော အိမ်ပြင် ထွက်ကာ လေကောင်းလေသန့် ရှူရင်း လေ့ကျင့်ခန်း လုပ်ပေးပါ။
၁၃။ ကာဗိုဟိုက်ဒရိတ် အကြောင်း သိဖို့လည်း လိုပါတယ်
ကာဗိုဟိုက်ဒရိတ်က အားများ စေနိုင်ပေမယ့် အမြန်ထွက်တဲ့ High GI အမျိုးအစားနဲ့ အနှေးထွက်တဲ့ Low GI အမျိုးအစား ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အမြန် ထွက်တဲ့ ကာဗိုဟိုက်ဒရိတ်က သကြားနဲ့ အမြှုပ်ပါတဲ့၊ ဂက်စ်ပါတဲ့ အချိုရည်တွေမှာ တွေ့ရပြီး အဲဒီ အစားအသောက်တွေ စားသောက်ပြီး ခါစ တစ်ခဏမှာ လန်းဆန်း တက်ကြွကာ နောက် ခဏနေ ပင်ပန်း သွားတတ် ပါတယ်။ ဒါပေမဲ့ အနှေးထွက်တဲ့ ကာဗိုဟိုက်ဒရိတ် ကတော့ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး နဲ့ စေးကပ်တဲ့ ဟင်းသီးဟင်းရွက်တွေ မှာ တွေ့ရကာ အားအင် အမြဲ ပြည့်စေပါတယ်။ ဂျင်ဆင်း ဆေးမြစ်ကလည်း စိတ်ဖိစီးမှုကို သက်သာကာ အားပြည့်စေ ပါတယ်။
၁၄။ နေ့လယ်မှာ အိပ်မငိုက်ပါနဲ့
နေ့လယ်နေ့ခင်း ပင်ပန်းလို့ တစ်ရေးတမော မှေးတာက အားပြည့်စေ ပေမယ့် အဲလို ခဏ အိပ်လိုက်လို့ ညဘက် အိပ်မပျော် ဖြစ်ရင်တော့ မကောင်းပါဘူး။ ဒါကြောင့် နေ့လယ်မှာ အိပ်မငိုက်အောင် နေ့လယ်စာ ထဲမှာ အမြန်ထွက်တဲ့ ကာဗိုဟိုက်ဒရိတ် High GI စာတွေနဲ့ အယ်လ်ကိုဟောကို ရှောင်ပါ။ အိပ်ချင်စိတ် ပေါက်လာရင် ဟိုနားဒီနား လမ်းထ လျှောက်လိုက်ပါ။ ဒါမှမဟုတ် စားပွဲ ရှင်းလိုက်ပါ။ ပြီးတော့ ညဘက်မှာလည်း အချိန်မှန် အိပ်ကာ အချိန်မှန် ထပါ။ အိပ်ခါနီး စိတ်ဖိစီးမှု များစေမယ့် ကိစ္စတွေ မတွေးပါနဲ့။
၁၅။ အားအင် ပြည့်ဝစေမယ့် နည်းတချို့
* လမ်း အမြန်လျှောက်ပါ။ အလုပ် လုပ်ရင်း အိပ်ငိုက်နေပါ သလား။ အောက်ပါ တို့ကို လုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှား လိုက်ခြင်းဖြင့် ပင်ပန်းမှု ပျောက်ကာ လန်းဆန်း လာပါ လိမ့်မယ်။
* ရေသောက် လိုက်ပါ။ ရေအေးအေးလေး တစ်ခွက် သောက်ရင် လန်းဆန်းသလို လက်ဖက်စိမ်း ရေနွေးကြမ်း သောက်လိုက်ရင်လည်း စိတ် ကြည်လင် သွားပါ လိမ့်မယ်။
* ပြတင်းပေါက် ဖွင့်လိုက်ပါ။ လေကောင်းလေသန့် ရှူလိုက်ခြင်းဖြင့် လန်းဆန်း တက်ကြွ လာပါ လိမ့်မယ်။
* သံပရာ ရနံ့ကို ရှူရှိုက်ခြင်း ကလည်း စိတ်ကြည်လင် လန်းဆန်း စေနိုင် ပါတယ်။
* ဗီတာမင် B12 အားဆေး သုံးဆောင်ပါ။ ကျန်းမာရေး အတွက် ကောင်းသလို ပင်ပန်း နွမ်းလျခြင်းကိုလည်း ပျောက်စေ ပါတယ်။
Friday, September 30, 2011
2011 ၏ဂရင်းနစ်စံချိန်ဝင် ထူးဆန်းထွေလာများ
သူငယ်ချင်းတို့ရေ၊ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ ကမ္ဘာ့ထူးဆန်းတွေလာ တွေကို ပြောပြမယ်နော်၊ ရွှေဘလည်း ပါဝင်ပါတယ်၊ ဘယ်နေရာမှာ ပါဝင်တယ် ဆိုတာကိုတော့ ကျနော့ကို ခင်မင်ရင် သေချာလေး ကြည့်ပေါ့ဗျာ...
အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါတယ်။ (မြန်မာအသင်းရဲ့ ဘောလုံးထက် ၀ိုင်းတယ်ဗျ...နော)
ဗြိတိန် နိုင်ငံမှ အမျိုးသားတစ်ယောက်သည် ၄င်း၏အရေပြားသည် ဆွဲဆန့် သလိုဆွဲနိုင်ကြောင်းပြသကာ ဂရင်းနစ်စံချိန်တင်ပြခဲ့ပါသည် ၄င်းအရေပြားသည် 6.25 inches.(16cm) အထိဆွဲဆန့် နိုင်တယ်လို့ သိတယ်ဗျ။ (ဒါတော့ ဖြစ်နိုင်တယ် ဒေါဂွက်ထော်တောင် သူ့ဗိုက်ထဲမှာ ခလေး (၄)မွှာပူး ထည့်ထားနိုင်သေးတာ... ဟီးးး)
John Evans ဆိုသည့် ပုဂ္ဂိုလ် သည် ပေါင် 352ရှိသည့် ကားကို ၄င်း၏ခေါင်းပေါ်တွင်  33 စက္ကန့် ထိထားကာ မတ်ရပ်ပြပြီးဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။ (သြော်... သူတို့နိုင်ငံမှာ ကားကို ခေါင်းရွက်ရောင်းတုန်းပါလားနော်၊ တိုးတက်မှုကလည်း နှေးကွေးလိုက်တာ... အဟိ)
Juhn Rasanen ဆိုသည့် သူကတော့ အလေးချိန် 132 ပေါင်ရှိသည့် လူတစ်ယောက်ကို 5.40 မီတာ ရောက်သညိအထိ ပစ်ပြကာ ဂရင်းနစ်စံချိန်တင်ပြသွားခဲ့ပါတယ်။ (အောင့်မျက်လေး သေပါပြီဗျ)
အမေ၇ိကန်နိုင်ငံ Texas မြို့ တွင် ရှိသည့် Jackie Bibby ဆိုသည့် မြွေဆရာဟုခေါ်သည့် ပုဂ္ဂိုလ် သည် ထိုအထက်ပါဇလားထဲတွင် အဆိပ်အပြင်းဆုံး မြွေ 87 ကောင်နှင့်အတူ 45မိနစ် အတူနေပြကာ ဂရင်းနစ်စံချိန်ကိုတင်လိုက် ပါတယ်။ (အင်း.... အဲ့ဒီလူက မြွေလူသား ဖြစ်မယ်)
ှSpace Cowboy ဟုချစ်နိုးအမည်ပေးထားပါတယ် သူ့ ကိုတော့ သူ့ နာမည်အရင်းကတော့  Chayne Hultgren ဖြစ်ပါတယ်၊  သူရဲ့အောက်မျက်ခုံးနှင့် 907 ပေါင် အလေးချိန်ရှိတဲ့ အထက်ပါလှည်းကို ဆွဲပြကာ ဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။ (အတဲယားတယ်ကွာ ငါ့ကောင်မလေးတောင် ကြည့်ရဲလို့ မျက်စိ မိတ်ထားတယ်... ဟိ)
Austrain မှ Oliver Gratzer ဆိုသည့် အမျိုးသားတစ်ယောက်သည် ရေခဲသေတ္တာ 24 လေးလုံးကို အဝေးဆုံးသို့ ပျက်စီးအောင်လက်ဖြင့် တွန်းဖယ်ကာ တစ်မိနစ်အတွင်း လုပ်ပြခဲ့ပါတယ်။ (ကျနော်လည်း အလျော်တောင်းရမယ် ဒီလူကို)
Brain Duffied ဆိုသည့် ပုဂ္ဂိုလ်သည်  ကြက်သွန်နီ ဥတစ်လုံးကို 1မိနစ်နဲ့ 29 စက္ကန့် အတွင်းအကုန်စားပြကာ ထူးထူးခြားခြားစံချိန်တင်ပြသွားခဲ့ဖြင်းဖြစ်ပါတယ်။ (ကြက်သွန်နီက စပ်တယ်လေဗျာ....အဟိ...)
သူတို့ ကတော့ စံချိန်တင်တာလား ကားကောင်းမကောင်း စမ်းတာလားမသိဘူးပဲဟိ.. Smart Car သေးသေးလေးပေါ်တွင် လူ14 ယောက်ဝင်ကာ ပြသခြင်းဖြစ်ပါတယ်။ (ကျနော်တွေ့တာကတော့ ကောင်မလေးတွေချည်းပဲဗျ၊ ဒီလောက်ကျဉ်းကျဉ်း လေးထဲမှာ ကောင်လေးသာ ပါရင်လည်း လွယ်ဘူး လွယ်ဘူး.... ဟီးးး)
သူငယ်ချင်းတို့ရေ၊ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ ကမ္ဘာ့ထူးဆန်းတွေလာ တွေကို ပြောပြမယ်နော်၊ ရွှေဘလည်း ပါဝင်ပါတယ်၊ ဘယ်နေရာမှာ ပါဝင်တယ် ဆိုတာကိုတော့ ကျနော့ကို ခင်မင်ရင် သေချာလေး ကြည့်ပေါ့ဗျာ...
အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါတယ်။ (မြန်မာအသင်းရဲ့ ဘောလုံးထက် ၀ိုင်းတယ်ဗျ...နော)
ဗြိတိန် နိုင်ငံမှ အမျိုးသားတစ်ယောက်သည် ၄င်း၏အရေပြားသည် ဆွဲဆန့် သလိုဆွဲနိုင်ကြောင်းပြသကာ ဂရင်းနစ်စံချိန်တင်ပြခဲ့ပါသည် ၄င်းအရေပြားသည် 6.25 inches.(16cm) အထိဆွဲဆန့် နိုင်တယ်လို့ သိတယ်ဗျ။ (ဒါတော့ ဖြစ်နိုင်တယ် ဒေါဂွက်ထော်တောင် သူ့ဗိုက်ထဲမှာ ခလေး (၄)မွှာပူး ထည့်ထားနိုင်သေးတာ... ဟီးးး)
John Evans ဆိုသည့် ပုဂ္ဂိုလ် သည် ပေါင် 352ရှိသည့် ကားကို ၄င်း၏ခေါင်းပေါ်တွင်  33 စက္ကန့် ထိထားကာ မတ်ရပ်ပြပြီးဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။ (သြော်... သူတို့နိုင်ငံမှာ ကားကို ခေါင်းရွက်ရောင်းတုန်းပါလားနော်၊ တိုးတက်မှုကလည်း နှေးကွေးလိုက်တာ... အဟိ)
Juhn Rasanen ဆိုသည့် သူကတော့ အလေးချိန် 132 ပေါင်ရှိသည့် လူတစ်ယောက်ကို 5.40 မီတာ ရောက်သညိအထိ ပစ်ပြကာ ဂရင်းနစ်စံချိန်တင်ပြသွားခဲ့ပါတယ်။ (အောင့်မျက်လေး သေပါပြီဗျ)
အမေ၇ိကန်နိုင်ငံ Texas မြို့ တွင် ရှိသည့် Jackie Bibby ဆိုသည့် မြွေဆရာဟုခေါ်သည့် ပုဂ္ဂိုလ် သည် ထိုအထက်ပါဇလားထဲတွင် အဆိပ်အပြင်းဆုံး မြွေ 87 ကောင်နှင့်အတူ 45မိနစ် အတူနေပြကာ ဂရင်းနစ်စံချိန်ကိုတင်လိုက် ပါတယ်။ (အင်း.... အဲ့ဒီလူက မြွေလူသား ဖြစ်မယ်)
ှSpace Cowboy ဟုချစ်နိုးအမည်ပေးထားပါတယ် သူ့ ကိုတော့ သူ့ နာမည်အရင်းကတော့  Chayne Hultgren ဖြစ်ပါတယ်၊  သူရဲ့အောက်မျက်ခုံးနှင့် 907 ပေါင် အလေးချိန်ရှိတဲ့ အထက်ပါလှည်းကို ဆွဲပြကာ ဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။ (အတဲယားတယ်ကွာ ငါ့ကောင်မလေးတောင် ကြည့်ရဲလို့ မျက်စိ မိတ်ထားတယ်... ဟိ)
Austrain မှ Oliver Gratzer ဆိုသည့် အမျိုးသားတစ်ယောက်သည် ရေခဲသေတ္တာ 24 လေးလုံးကို အဝေးဆုံးသို့ ပျက်စီးအောင်လက်ဖြင့် တွန်းဖယ်ကာ တစ်မိနစ်အတွင်း လုပ်ပြခဲ့ပါတယ်။ (ကျနော်လည်း အလျော်တောင်းရမယ် ဒီလူကို)
Brain Duffied ဆိုသည့် ပုဂ္ဂိုလ်သည်  ကြက်သွန်နီ ဥတစ်လုံးကို 1မိနစ်နဲ့ 29 စက္ကန့် အတွင်းအကုန်စားပြကာ ထူးထူးခြားခြားစံချိန်တင်ပြသွားခဲ့ဖြင်းဖြစ်ပါတယ်။ (ကြက်သွန်နီက စပ်တယ်လေဗျာ....အဟိ...)
သူတို့ ကတော့ စံချိန်တင်တာလား ကားကောင်းမကောင်း စမ်းတာလားမသိဘူးပဲဟိ.. Smart Car သေးသေးလေးပေါ်တွင် လူ14 ယောက်ဝင်ကာ ပြသခြင်းဖြစ်ပါတယ်။ (ကျနော်တွေ့တာကတော့ ကောင်မလေးတွေချည်းပဲဗျ၊ ဒီလောက်ကျဉ်းကျဉ်း လေးထဲမှာ ကောင်လေးသာ ပါရင်လည်း လွယ်ဘူး လွယ်ဘူး.... ဟီးးး)
Thursday, September 29, 2011
အစည်းအဝေးကို ဦးဆောင်ကျင်းပရန် အင်္ဂလိပ်စကား အသုံးအနှုန်းများ
အစည်းအဝေးကို အောင်အောင်မြင်မြင် ဦးဆောင်ကျင်းပနိုင်တဲ့ ကျွမ်းကျင်မှုကို အဖွဲ့အစည်းတွေက အများကြီး တန်ဖိုးထားကြပါတယ်။ အစည်းအဝေး စတင်ဖွင့်လှစ်ချိန်ဟာ အရေးကြီးပါတယ်။ ဦးဆောင် ကျင်းပသူအနေနဲ့ အစည်းအဝေးပြုလုပ်မယ့် ပုံစံကို သတ်မှတ်ပြီး သဘောတူညီထားတဲ့ အစည်းအဝေး အစီအစဉ်အတိုင်း လိုက်နာဖို့ လုပ်ပိုင်ခွင့်ကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဦးဆောင်ဆွေးနွေးသူက အစည်းအဝေး စတင်ချိန် ပြောကြားရာမှာ အောက်ပါ အပိုင်းများ ပါဝင်ရမှာ ဖြစ်ပါတယ်။
  • တက်ရောက်လာသူများရဲ့ အာရုံစူးစိုက်မှု ရယူပြီး စနစ်တကျ နေရာယူကြစေခြင်း
  • ကြိုဆိုခြင်းနှင့် တက်ရောက်လာတဲ့အတွက် ကျေးဇူးတင်စကား ပြောကြားခြင်း
  • အစည်းအဝေး ကျင်းပရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း
  • အစည်းအဝေး အစီအစဉ်နဲ့ အချိန်သတ်မှတ်ချက်ကို ပြောကြားခြင်း
  • တက်ရောက်သူများရဲ့ အခန်းကဏ္ဍ အသီးသီးကို သတ်မှတ်ပေးခြင်း
  • အစည်းအဝေး စတင်ခြင်း
အစည်းအဝေး စတင်ချိန် ပြောဆိုပုံကို နမူနာ ဖော်ပြလိုက်ပါတယ်။ အသုံးဝင်မယ့် စကား အသုံးအနှုန်းတွေကို ထင်ရှားအောင် ဖော်ပြလိုက်ပါတယ်။
Right, if we could start now.
အခု အစည်းအဝေး စတင်တော့မှာ ဖြစ်ပါတယ်။
First of all, I’d like to welcome you all to Bunbury Industries and, in particular, our guests from our regional offices in Europe and Asia.
ပထမဆုံး အနေနဲ့ တက်ရောက်လာကြသူများ အားလုံး အထူးသဖြင့် ဥရောပနဲ့ အာရှ ဒေသ အဆင့် ရုံးများက ဧည့်သည်များကို Bunbury စက်မှုလုပ်ငန်းများ ရုံးကနေ ကြိုဆိုပါတယ်။
As you will be aware, we’ve called this meeting in order to clarify some of the issues arising from our 2010 strategy.
သိရှိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၀ခုနှစ် မဟာဗျူဟာ နဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ် အချို့ကို ရှင်းလင်းလိုတဲ့ အတွက် ဒီအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါတယ်။
I trust you all have a copy of the agenda and the meeting should take about two hours, so I aim to finish by 12.30 at the latest.
အားလုံး အစည်းအဝေး အစီအစဉ် ရရှိကြပြီး ဖြစ်ပါတယ်။ အစည်းအဝေးက ၂နာရီလောက် ကြာမှာမို့ ၁၂နာရီခွဲထက် နောက်မကျဘဲ အစည်းအဝေး ပြီးနိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။
John has agreed to take the minutes and Peter is going to give us some background.
ဂျွန်က မှတ်တမ်း ရေးသားပါမယ်။ ပီတာက နောက်ခံ အချက်အလက်တွေကို ဦးစွာ တင်ပြပေးမှာ ဖြစ်ပါတယ်။
So Peter, would you like to start…
အခု ပီတာကို စတင် ပြောကြားဖို့ ဖိတ်ခေါ်ပါတယ် ...
အစည်းအဝေး ဦးဆောင်ကျင်းပသူဟာ အဖွင့် ပြောကြားရာမှာ အစည်းအဝေး အောင်အောင်မြင်မြင် ပြီးစီးနိုင်ဖို့ အထူးကြိုးစားတာကို တွေ့ရပါတယ်။ အထက်ဖော်ပြပါ အစည်းအဝေး ဖွင့်လှစ်ပုံကတော့ စနစ်တကျ အလေးအနက် ဖွင့်လှစ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပုံမှန် ဌာနခွဲတွေ၊ ဌာနတွေမှာ အလွတ်သဘော စကားအသုံးအနှုန်းတွေကိုလည်း သုံးနိုင်ပါတယ်။ အောက်ပါအတိုင်း ခပ်တိုတို ပြောကြားပြီးတော့လည်း အစည်းအဝေးကို စတင်နိုင်ပါတယ်။
OK, let’s start.
ကဲ စ လိုက်ကြစို့။
Thanks for coming and you all got a copy of the agenda by email. အစည်းအဝေးလာတက်တဲ့အတွက် ကျေးဇူး တင် ပါတယ်။အစည်းအဝေးအစီအစဉ်ကိုလည်း အီးမေးလ်နဲ့ ပို့ထားပါတယ်။
Let’s try and finish by 11.
၁၁နာရီမှာ ပြီးနိုင်အောင် ဆွေးနွေးကြပါမယ်။
First item on the agenda is recruitment, Claire?
ပထမဆုံးဆွေးနွေးရမယ့် အကြောင်းအရာကတော့ ၀န်ထမ်းသစ်ခန့်ထားရေးဖြစ်ပါတယ်။ ကလဲယာ က ဆွေးနွေးပေးပါဦး။
အစည်းအဝေး မအောင်မမြင်ဖြစ်ရတဲ့ အဓိကအကြောင်းတစ်ရပ်ကတော့ သဘောတူညီထားတဲ့ အစီအစဉ်ကနေ သွေဖည်သွားခြင်းဖြစ်ပါတယ်။ ဦးဆောင်ကျင်းပသူရဲ့ အခန်းကဏ္ဍကတော့ ဆွေးနွေးချက်တွေကို သတ်မှတ်ထားတဲ့ အကြောင်းအရာတွေဆီ ပြန်ပြီး ဦးတည်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ဖို့ အသုံးပြုနိုင်မယ့် နည်းလမ်း အချို့ ရှိပါတယ်။
I think we are getting sidetracked here, let’s get back to the agenda.
ဒါဆိုရင်တော့ အစီအစဉ်ကနေ ချော်ထွက်သွားပြီထင်ပါတယ်။ အစီအစဉ်အတိုင်းဘဲ ဆွေးနွေးကြရအောင်။
I think we are moving away from the point, let’s return to the agenda.
လိုရင်းအချက် မဟုတ်တော့ဘူးထင်ပါတယ်။ အစီအစဉ်မှာပါတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြပါ။
It’s an interesting discussion, but perhaps we can save it for a separate meeting.
စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ဒါပေမယ့် သီးခြားအစည်းအဝေးတစ်ခုလုပ်ပြီး ဆွေးနွေးကြရမယ် ထင်ပါတယ်။
ဦးဆောင်ကျင်းပသူအနေနဲ့ သတ်မှတ်ချိန်အတိုင်း ဖြစ်စေဖို့ကိုလည်း သတိထားပြီး အချိန်နဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။
I’m wary of the time, so can we move on to item 3 on the agenda.
အချိန်သိပ်မရတော့တဲ့အတွက် အစည်းအဝေး အစီအစဉ် နံပါတ် ၃ ကို ဆက်ဆွေးနွေးကြရအောင်။
Time is running short, so shall we turn to the next item.
အချိန်နည်းနေတဲ့အတွက် နောက် ဆွေးနွေးမယ့် အကြောင်းအရာကို ကူးပြောင်းပါမယ်။
ကျွမ်းကျင်တဲ့ ဦးဆောင်ကျင်းပသူတစ်ဦးအနေနဲ့ အစည်းအဝေး တက်ရောက်လာသူအားလုံး ပါဝင် ပြောဆိုနိုင်အောင်လည်း ဆောင်ရွက်ပေးရပါတယ်။
စကားနည်းသူတွေကို ပါဝင်ဆွေးနွေးဖို့ အားပေးရာမှာ ဘာမှလည်း မပြောဘူးလို့ အဓိပ္ပာယ်သက်ရောက်တဲ့ You’ve been very quiet (စကားနည်းလှချည်လား)။ We haven’t heard from Tricia yet (ထရီရှာရဲ့ စကားသံကို မကြားရသေးဘူး) စသည်ဖြင့် ပြောတာဟာ သိပ်မကောင်းပါဘူး။ သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်မှု ရှိကြောင်း၊ ထင်မြင်ချက်ကို တန်ဖိုး ထားကြောင်း ထင်ရှားစေတဲ့ အသုံးအနှုန်းများက ပိုမိုကောင်းမွန်ပါတယ်။ ဥပမာ...
You have knowledge in this field, Emma. What’s your view?
အင်မာကတော့ ဒီအကြောင်းအရာမှာ သိနားလည်သူ ဖြစ်ပါတယ်။ ဘယ်လိုများ ထင်မြင်ပါသလဲ လို့ ပြောကြားနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဦးဆောင်ကျင်းပသူက အစည်းအဝေးကို စနစ်တကျ အပြီးသတ်ဖို့ လိုအပ်ပါတယ်။
Well, can I draw the meeting to a close now.
အခုအစည်းအဝေးကို အပြီးသတ်ပါတော့မယ်။
Let’s review the main points of our discussion.
ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေကို ပြန်သုံးသပ် ကြရအောင်.
We decided that…………….
ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကတော့ ... ဖြစ်ပါတယ်။
Mel, you are going to check………………….
မယ်လ် ကတော့ ... ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
Thank you, that’s all for today.
ကျေးဇူးတင်ပါတယ်။ ဒီနေ့ အစည်းအဝေးကတော့ ဒီလောက်နဲ့ဘဲ အပြီးသတ်ပါမယ်။
Read more: အစည်းအဝေးကို ဦးဆောင်ကျင်းပရန် အင်္ဂလိပ်စကား အသုံးအနှုန်းများ - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:424115#ixzz1ZKNk9rlm
Wednesday, September 28, 2011
ကျန်းမာရေးအတွက်ဂရုပြုစရာ22ချက်
၁။ နားပိတ်ထားပါ။
၂။ အရိုးသန်မာအောင်လုပ်ပါ။ (got calcium ? )
3။ ကြိုးခုန်စမ်းပါ။ (jump rope for your bones.)
၎။ ရောင်စုံစာပြင်စားပါ။
၅။ ဂရုတစိုက်သွားတိုက်ပါ။ ( give bacteria the brush-off )
၆။ လက်ဖက်ရည်သောက်ပါ။ ( Have a 'heart-y' cup of tea.)
၇။ ရနံ့မွှေးမွှေးဆေးဖက်ဝင်စေ....
၈။ နေကာမျက်မှန်တပ်ပါ။ ( Stylish sunblock for eyes .)
၉။ ပဲများဖို့အေ၇း ( Eat beans for your brain )
၁၀။ လက်ဆေးပါ။ (Wash , but not excessively )
၁၁။ အက်စ်ပရင်သောက်ပါ.။ (An aspirin a day.)
၁၂။ ဟင်းရွက်ကောင်တာသတိထားပါ။
၁၃။ အမျှင်ဓါတ်များများစားပါ။
၁၄။ ဆေးလိပ်နှင့်ဆေးလိပ်ငွေ့ကိုသတိထားရှောင်ပါ။
၁၅။ သွားစရာရှိသွား.....အောင့်မထားနှင့်
၁၆။ နှလုံးသန်မာသွက်သွက်လျှောက်ပါ။
၁၇။ အမည်းစက်အမည်းကွက်အခြေခံအချက်
၁၈။ ချရေးပါ။
၁၉။လိမ္မော်ရည်သောက်ပါ။
၂၀။ ရေမွှေးဖယောင်းတိုင်မထွန်းနှင့်။
၂၁။ လေယာဉ်ပေါ်မှာလှုပ်ရှားပါ။
၂၂။ တရားထိုင်ပါ။
          ဒါတွေအားလုံးဟာဖတ်မှတ်ထားတဲ့ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်အလက်များဖြစ်တာမို့တစ်ခါဖတ်မိရင်တစ်သက်လုံး
အသုံးချနိုင်ရေးအတွက်ရည်ရွယ်ပြီး    ဖော်အဲဗားမိတ်ဆွေများအားလုံးအားဝေငှပေးခြင်းဖြစ်ပါတယ်.........