ပုံ ။ ရှင်မတောင်သနပ်ခါး ပုံ ။ သီးသီး သနပ်ခါးကို ကျွန်မတို့ မြန်မာလူမျိုးများ နှစ်သက်ကြပါတယ်။မွေးကင်းစ အနှီးထုပ်အရွယ်တည်းက စလို့ သနပ်ခါးလိမ်းကြပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်နေရာကို သွားသွား သနပ်ခါးမျက်နှာများကို တွေ့ကြရမှာပါ။သနပ်ခါးရဲ့ ရုက္ခဗေဒ အမည်ကတော့ Limonia crenulata ဖြစ်ပြီး chinese box tree လို့ လူသိများပါတယ်။ သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ တို့မှာ တွေ့ရှိရပါတယ်။မြန်မာ့သနပ်ခါးထဲမှာ လူကြိုက်အများဆုံးကတော့ ရှင်မတောင် သနပ်ခါးဖြစ်ပါတယ်။ ရှင်မတောင်သနပ်ခါးရဲ့ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း ရှင်မတောင် သနပ်ခါးကို နှစ်သက်ကြခြင်း ဖြစ်ပါတယ်။ ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးတယ်။ ရွှေဘိုသနပ်ခါးက ရှင်မတောင်သနပ်ခါးလို ထူးခြားစွာ အနံ့ မမွှေးပျံ့ ပေမယ့် ၀င်းဝါတဲ့ အဆင်းကိုပေးပြီး ညက်လှတဲ့အတွက် ရွှေဘိုသနပ်ခါးကိုလည်း ကျွန်မတို့ မြန်မာအမျိုးသမီးများက နှစ်သက်ကြပါတယ်။သနပ်ခါးပင်နဲ့ မျိုးစိတ်နာမည်တူပြီး သနပ်ခါးနဲ့ လို့လည်း ခေါ်ဆိုကြတဲ့ သီးပင် (Limonia acidissima)လည်းရှိပါသေးတယ်။ သီးပင်ကို wood apple လို့ အမည်ခေါ်ဆိုကြပါတယ်။ မြန်မာလူမျိုးများက သီးပင်ရဲ့ အသီးကို ထန်းလျက်နဲ့ပေါက်ကာ ရောမွှေစားလေ့ရှိကြပါတယ်။ သီးပင်ရဲ့ အခေါက်ဖြစ်တဲ့ သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြပါတယ်။ ရှင်မတောင်သနပ်ခါးလို့ အနံ့ မမွှေးပျံ့  သော်လည်းပဲ ကျောက်ပျဉ်မှာ ရေနဲ့ သွေးလိုက်တဲ့အခါမှာ စေးနေပြီးတော့ လိမ်းလိုက်ရင် အသားအရေ စိုပြေ ၀င်းပလာတာကြောင့် ကျွန်မတို့ မြန်မာအမျိုးသမီးများက သီးခေါက်ကိုလည်း နှစ်သက်ကြပါသေးတယ်။ သနပ်ခါးကို မြန်မာလူမျိုးများနှစ်သက်ကြတာဟာ သနပ်ခါးရဲ့ ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိကြောင့်လည်းပဲ ဖြစ်ပါတယ်။နေလောင်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ သနပ်ခါးကို ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ မြန်မာနိုင်ငံမှာ အရေပြားထိန်းသိမ်းဖို့အတွက် အဓိကထားကြပါတယ်။အရေပြားယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနဲ့ရောသွေးကာ လိမ်းကျံကြပါတယ်။ မျက်နှာမှာ ၀က်ခြံကင်းပြီး အသားအရေ ချောမွေ့ဖို့အတွက် သနပ်ခါးက ဆေးဖက်ဝင်ပါတယ်။ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ နှစ်စဉ် သင်္ကြန်အကြိုနေ့တိုင်းမှာ သနပ်ခါးသွေးပွဲ ကျင်းပလေ့ရှိပါတယ်။သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားလေးများက သီချင်းများ တီးမှုတ်သီဆိုကြပါတယ်။ သွေးပြီး ရရှိလာတဲ့ သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နဲ့ ဆေးကြာပြီး ကုသိုလ်ယူကြတဲ့ ဓလေ့ဟာ ယခုထိတိုင် ရခိုင်ပြည်နယ်မှာ ရှိနေပါတယ်။ သနပ်ခါးအတုံးကို ကျောက်ပျဉ်မှာ ရေနဲ့သွေးလိမ်းခြင်းအပြင် သနပ်ခါးမှုန့်ကိုလည်း မျက်နှာလိမ်း ပေါင်ဒါ အဖြစ် အသုံး ပြုကြ ပါတယ်။ အဆီပြန်တဲ့ အသားအရေ ရှိသူများအတွက် သနပ်ခါးဟာ အသင့်တော်ဆုံး အလှပြင် သဘာဝ မိတ်ကပ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ရှင်မတောင်သနပ်ခါးတုံးများကို သိမ်းဆည်းတဲ့အခါမှာ ပလပ်စတစ်အိတ်ထဲ ထည့်ပြီး သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။ သစ်သားစားပွဲပေါ်မှာ သစ်သားနဲ့ ထိထားရင် ရှင်မတောင်သနပ်ခါးနံ့သာ သစ်သားဆီကို ကူးသွားပြီး ရှင်မတောင်သနပ်ခါးက အနံ့ ပြယ်သွား တတ် ပါတယ်။ ရှင်မတောင်သနပ်ခါးတုံးများ အထားကြာလို့ မမွှေးတော့ဘူးဆိုရင် ရေနွေးပွက်ပွက်ဆူကို သနပ်ခါးတုံးပေါ် လောင်းချလိုက်ရင် အနံ့ပြန်မွှေးလာပါတယ်။ ရှင်မတောင် သနပ်ခါးတုံးကို ရေနွေးပူပူနဲ့ ဆေးကြောပြီး နေပူပူမှာ နေလှန်းထားရင် ရှင်မတောင်နံ့ အလွန်မွှေးပျံ့ နေမှာ ဖြစ်ပါတယ်။ လောကအလှအွန်လိုင်းမဂ္ဂဇင်းမှကူးယူတင်ပြပါသည်ရှင့်..။ |
Popular Posts
-
သူငယ်ချင်းတို့ရေ၊ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ ကမ္ဘာ့ထူးဆန်းတွေလာ တွေကို ပြောပြမယ်နော်၊ ရွှေဘလည်း ...
Monday, September 26, 2011
သနပ်ခါး
ကမ္ဘာကျော်အလွဲများ
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့ပါနော်၊ ဒီနေ့ကတော့ လွဲတာတွေပဲ ပြောတော့မယ်ဗျာ၊ ဒါကတော့ ရယ်စရာမဟုတ်ဖူးနော် မှတ်သားစရာလေးတွေ ပေါ့ဗျာ၊ ပြောပြမယ်နော်....
၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။
၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။
င်္၃။ Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။
၎။ Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။
၅။ Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။
၆။ Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။
သူငယ်ချင်းတို့ရေ၊ ကျနော် ပြောတာ မှားရင်လည်း စိတ်ဆိုရဘူးနော်၊ အမြင်လေးတွေ ဖလှယ်ချင်ပါတယ်...

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Lost/Talk/Tell/That/Up)
Get lost! ((ဝေးဝေး)သွားစမ်းကွာ!)
You say get lost! when you tell someone rudely to go away:
(get lost ((ဝေးဝေး)သွားစမ်းကွာ ကို တစ်ယောက်ယောက်အား သင့်အနားကနေ ဝေးဝေးသွားစေလိုတဲ့အခါ ပြောသည့် မယဉ်ကျေးသော အသုံးအနှုန်းဖြစ်သည်။)
Look who's talking! (မင်းကပဲ ပြောရတယ်ရှိသေး!)
You say look who's talking! when you tell someone that they are criticizing someone for doing something that they do themselves:
(လူတစ်ဦးတစ်ယောက်က ကိုယ်ကိုယ်တိုင်လုပ်တတ်တဲ့ အပြုအမူမျိုးနှင့် ပါတ်သက်ပြီး တစ်ခြားသူ တစ်ဦးဦးကို အပြစ်တင် ဝေဖန်တဲ့အခါ ထိုသူအား look who's talking! (မင်းကပဲပြောရတယ်ရှိသေး!) ဆိုပြီး ပြောတဲ့ အသုံးအနှုန်းပင်ဖြစ်သည်။)
I told you so (ငါပြောသားပဲ)
You say I told you so when you had warned someone that something bad would happen and it did:
(တစ်ဥိးတစ်ယောက်ကို မကောင်းတဲ့ ကိစ္စတစ်ခုခုဖြစ်လိမ့်မယ်လို့ ကိုယ်ကသတိပေးထားပြီး ထိုကဲ့သို့ သတိပေးထားသည့် အတိုင်း ဖြစ်လာသည့်အခါတွင် (I told you so) ငါပြောသားပဲ လို့ ပြောလေ့ပြောထ ရှိပါတယ်။)
The expression what did I tell you? has a similar meaning:
(What did I tell you? ဆိုတဲ့ အသုံးအနှုန်းဟာလည်း တူညီတဲ့ အဓိပ္ပါယ်ရပါတယ်။)
And that's that! (ဒါပဲ!)
You say and that's that! when you have come to a decision which you will not change and do not want any more discussion about the subject:
(and that’s that (ဒါပဲ!) ကို မပြောင်းလဲတဲ့ ဆုံးဖြတ်ချက်ချပြီးနောက် အဲ့ဒီကိစ္စနှင့် ပတ်သက်၍ ထပ်ပြီးဆွေးနွေးခြင်း မပြုလိုတဲ့အခါ အသုံးပြုပါတယ်။)
You can also use and that's that! to mean that something has ended or finished:
(and that’s that (ဒါပဲ) တစ်စုံတစ်ရာ ပြီးမြောက်ကြောင်း (သို့) အဆုံးသတ်ကြောင်းပြောရာတွင်လည်း သုံးနိုင်သည်။)
We've both signed the divorce papers and that's that! Our marriage is over.
(ငါတို့နှစ်ယောက်လုံး ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်တယ်။ ငါတို့ အိမ်ထောင်ရေးကအဆုံးသတ်သွားပြီ။ ဒါပဲ!)
I've had it up to here (စိတ်ကုန်တယ်)
You say I've had it up to here with someone or something when you are very annoyed with them and do not want to have anything to do with them any more:
(စိတ်ကုန်တယ် (I’ve had it up to here) ကို လူတစ်ယောက်ယောက် (သို့) အကြောင်းအရာတစ်ခုခုကြောင့် စိတ်အနှောင့် အယှက်ဖြစ်ပြီး ၎င်းတို့နှင့် နောက်နောင်မပတ်သက်လိုတဲ့အခါမှာ ၎င်းအသုံးအနှုန်းကို သုံးပါတယ်။)

- Get lost! Can't you see I'm busy?
(ဝေးဝေးသွားစမ်းကွာ။ ငါအလုပ်များနေတာ မမြင်ဘူးလား။) - Get lost? I'm trying to work!
(ဝေးဝေးသွားစမ်း။ ငါအလုပ်လုပ်ဖို့ ကြိုးစားနေတယ်။)
Look who's talking! (မင်းကပဲ ပြောရတယ်ရှိသေး!)
You say look who's talking! when you tell someone that they are criticizing someone for doing something that they do themselves:
(လူတစ်ဦးတစ်ယောက်က ကိုယ်ကိုယ်တိုင်လုပ်တတ်တဲ့ အပြုအမူမျိုးနှင့် ပါတ်သက်ပြီး တစ်ခြားသူ တစ်ဦးဦးကို အပြစ်တင် ဝေဖန်တဲ့အခါ ထိုသူအား look who's talking! (မင်းကပဲပြောရတယ်ရှိသေး!) ဆိုပြီး ပြောတဲ့ အသုံးအနှုန်းပင်ဖြစ်သည်။)
- 'Joe shared my room last night and he kept me awake all night by snoring.'
(ညက ဂျိုး (Joe) ကျွန်တော့အခန်းမှာ လာအိပ်တယ်။ သူ့ဟောက်သံကြောင့် ကျွန်တော် တစ်ညလုံးအိပ်လို့မရဘူးဗျာ။)
'Look who's talking! Everyone in the flat can hear you snoring every night.'
(မင်းကပဲပြောရတယ်ရှိသေး! ညတိုင်းမင်းဟောက်သံကို တိုက်ခန်းမှာရှိတဲ့လူတိုင်း ကြားနေရတယ်။)
- 'Sara spends a huge amount of money on clothes.'
(ဆာရာ (Sara) ဟာ အ၀တ်အစားနဲ့ ပတ်သက်ပြီး ငွေပမာဏ အများကြီး သုံးတယ်။)
'Look who's talking! You buy something new to wear every week.'
(မင်းကပဲပြောရတယ်ရှိသေး! မင်းလည်း အပတ်တိုင်း အ၀တ်အစားအသစ်ကို ၀ယ်တာပဲလေ။)
I told you so (ငါပြောသားပဲ)
You say I told you so when you had warned someone that something bad would happen and it did:
(တစ်ဥိးတစ်ယောက်ကို မကောင်းတဲ့ ကိစ္စတစ်ခုခုဖြစ်လိမ့်မယ်လို့ ကိုယ်ကသတိပေးထားပြီး ထိုကဲ့သို့ သတိပေးထားသည့် အတိုင်း ဖြစ်လာသည့်အခါတွင် (I told you so) ငါပြောသားပဲ လို့ ပြောလေ့ပြောထ ရှိပါတယ်။)
- 'The second-hand computer which I bought isn't very reliable.'
(ငါဝယ်လာတဲ့ တစ်ပါတ်ရစ်ကွန်ပျူတာက သိပ်စိတ်မချရဘူး။)
I told you so when you were buying it, but you wouldn't listen.'
(မင်းဝယ်နေတုန်းက ငါပြောသားပဲ။ ဒါပေမယ့် မင်းမှ နားမထောင်တာ။)
- 'The heating system doesn't work properly.'
(အပူပေးစနစ်က ကောင်းကောင်းအလုပ်မလုပ်ဘူး။)
'I told you so when you rented the flat, but you wouldn't believe me.'
(မင်းတိုက်ခန်းငှားတုန်း ငါပြောသားပဲ။ ဒါပေမယ့် မင်းငါ့ကို မယုံခဲ့ဘူး။)
The expression what did I tell you? has a similar meaning:
(What did I tell you? ဆိုတဲ့ အသုံးအနှုန်းဟာလည်း တူညီတဲ့ အဓိပ္ပါယ်ရပါတယ်။)
- I offered Jim the job, but he didn't turn up for work.'
(ကျွန်တော် ဂျင်(မ) (Jim) ကို အလုပ်ပေးခဲ့ပေမယ့် သူဟာ အလုပ်လုပ်ဖို့ ရောက်မလာပါဘူး။)
What did I tell you? Jim's lazy and unreliable.'
( မင်းကိုငါဘာပြောခဲ့လဲ? ဂျင်(မ) (Jim) က အပျင်းထူပြီး စိတ်မချရပါဘူး။)
And that's that! (ဒါပဲ!)
You say and that's that! when you have come to a decision which you will not change and do not want any more discussion about the subject:
(and that’s that (ဒါပဲ!) ကို မပြောင်းလဲတဲ့ ဆုံးဖြတ်ချက်ချပြီးနောက် အဲ့ဒီကိစ္စနှင့် ပတ်သက်၍ ထပ်ပြီးဆွေးနွေးခြင်း မပြုလိုတဲ့အခါ အသုံးပြုပါတယ်။)
- You're not having a teenage party here and that's that!
(ဒီနေရာမှာ မင်းတို့ ဆယ်ကျော်သက်တွေရဲ့ ပါတီမလုပ်ရဘူး။ ဒါပဲ!)
- I'm not lending you my car and that's that!
(မင်းကို ငါ့ကားမငှားဘူး။ ဒါပဲ!)
You can also use and that's that! to mean that something has ended or finished:
(and that’s that (ဒါပဲ) တစ်စုံတစ်ရာ ပြီးမြောက်ကြောင်း (သို့) အဆုံးသတ်ကြောင်းပြောရာတွင်လည်း သုံးနိုင်သည်။)
We've both signed the divorce papers and that's that! Our marriage is over.
(ငါတို့နှစ်ယောက်လုံး ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်တယ်။ ငါတို့ အိမ်ထောင်ရေးကအဆုံးသတ်သွားပြီ။ ဒါပဲ!)
I've had it up to here (စိတ်ကုန်တယ်)
You say I've had it up to here with someone or something when you are very annoyed with them and do not want to have anything to do with them any more:
(စိတ်ကုန်တယ် (I’ve had it up to here) ကို လူတစ်ယောက်ယောက် (သို့) အကြောင်းအရာတစ်ခုခုကြောင့် စိတ်အနှောင့် အယှက်ဖြစ်ပြီး ၎င်းတို့နှင့် နောက်နောင်မပတ်သက်လိုတဲ့အခါမှာ ၎င်းအသုံးအနှုန်းကို သုံးပါတယ်။)
- I've had it up to here with teenagers. I've decided to give up teaching.
(ဆယ်ကျောက်သက်တွေကို စိတ်ကုန်တယ်။ ငါစာသင်တာကို စွန့်လွှတ်လိုက်ဖို့ စိတ်ကူးလိုက်ပြီ။)
- I've had it upto herewith this job. I'm going to resign.
(ဒီအလုပ်ကို စိတ်ကုန်တယ်။ ငါအလုပ်က ထွက်တော့မယ်။)
Friday, September 23, 2011
The Innovator’s DNA
Jeffery H. Dyer, Hel B. Gregersen, & Clayton M. Christensen (HBR December 2009)
လူအများစုက တီထွင်ကြံဆတယ်ဆိုတာ အရမ်းရှုပ်ထွေးခက်ခဲတယ်လို့ထင်ကြပါတယ်။ ဒီလို တီထွင်တတ်ဖို့ဆိုတာ သာမန်လူတွေ လက်လှမ်းမမှီနိုင်ဘူးလို့လည်း ထင်ကြပါတယ်။ ကိုယ်အဖွဲ့အစည်းထဲကိုတီထွင်ကြံဆနိုင်တဲ့ လူတွေ အလုပ်ဝင်လုပ်လာအောင်၊ ကိုယ့်ကိုယ်ကိုတီထွင်ကြံဆနိုင်စွမ်းရှိတဲ့သူ ဖြစ်လာအောင်ဘယ်လိုလုပ် ကြမလဲဆိုတာတွေက ဒီနေ့ခေတ်မှာအရမ်း အရေးကြီးလာပါတယ်။ တချို့လူတွေအတွက် တီထွင် ကြံဆနိုင်စွမ်းဆိုတာ မွေးရာပါအရည်အချင်းတစ်ခုဖြစ်ပေမယ့် အဲဒီ့အရည်အချင်းမပါလာတဲ့လူတွေကလည်း ကိုယ့်ဘာသာကိုယ်creative ဖြစ်အောင် ပြုစုပျိုးထောင်လို့ရနိုင်ပါတယ်။
Innovative ဖြစ်တဲ့ စွန့်ဦးတီထွင်သူ ၂၅ ယောက်၊ ကုမ္ပဏီအရာရှိ ၃၀၀၀ ကျော်နဲ့ ပစ္စည်းသစ်တီထွင် တဲ့လူ ၅၀၀ တို့ကို ၆ နှစ်ကြာ တွေ့ဆုံလေ့လာပြီးတွေ့ရှိခဲ့တာကတော့ creative ဖြစ်တဲ့လူတွေမှာ ရှာဖွေ တွေ့  ရှိထုတ်ဖော်နိုင်သော အရည်အသွေး - (Discovery Skills) - ၅ ချက်ရှိတယ်ဆိုတာပါပဲ။ အဲဒီ့အရည်အသွေးတွေမှာ စဉ်းစားတဲ့အပိုင်းနဲ့ လက်တွေ့ပိုင်းဆိုပြီး နှစ်ပိုင်းရှိပါတယ်။ စဉ်းစားတဲ့အပိုင်းမှာ ဆက်စပ်တွေးခေါ်ခြင်းက အဓိကဖြစ်ပြီး လက်တွေ့ ပိုင်းလုပ်ဆောင်တဲ့အပိုင်းမှာ မေးခွန်းတွေမေးတာ ၊ ကြည့်ရှုလေ့လာတာ ၊ လက်တွေ့ ပြုလုပ်တာနဲ့ လူမှုကွန်ယက်ကျယ်ပြန့်စွာ ထားတာတွေ ပါဝင်ပါတယ်။
Discovery Skill 1 - ဆက်စပ်တွေးခေါ်ခြင်း (Associating)
ပထမဆုံးအရည်အချင်းတစ်ခုကအပေါ်ယံကြည့်ရင် ဘယ်လိုမှမဆက်စပ်တဲ့ မတူညီတဲ့ ဘာသာရပ်နယ်ပယ် တွေကအမြင်တွေကိုဆက်စပ် စဉ်းစားနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ Intelligence ရှိရုံသာမကဘဲ သဘော တရားတွေကို ခြုံငုံပြီး ဆက်စပ်စဉ်းစားခြင်း (Holistic Thinking)ဆိုမျိုးလိုပါတယ်။ မတူညီတဲ့ ဘာသာရပ်တွေ ဆက်စပ်တွေးခေါ်ခြင်းအားဖြင့်ဥရောပတွင် Renaissance လို့ခေါ်တဲ့အင်မတန်မှ Innovative ဖြစ်တဲ့ အတွေးအခေါ်သစ်တွေပေါ်ပေါက်လာခဲ့တဲ့ဉာဏ်သစ်လောင်း ခေတ်ကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဥပမာ- Steve Jobs ဆိုရင်လည်း သူ့ဘ၀တစ်လျှောက်လုံးကမတူတဲ့ idea တွေကို ချိတ်ဆတ်ပြီးတွေးခေါ်ရာကနေ အောင်မြင်နေသူဖြစ်ပါတယ်။
Discovery Skill 2 - မေးခွန်းများမေးခြင်း (Questioning)
စီမံခန့် ခွဲမှုပိုင်းမှာ ဆရာတစ်ဆူဖြစ်တဲ့ Peter Drucker က အဖြေမှန်ရဖို့က အခက်ဆုံးပြဿနာမဟုတ်ဘူး၊ မေးခွန်းမှန်ရဖို့ကအခက်အခဲဆုံးဖြစ်တယ်လို့ဆိုပါတယ်။ Tata ကုမ္ပဏီရဲ့ Chairman ဖြစ်သူ ကလည်း မမေးအပ် တဲ့၊ မမေးရဲတဲ့ မေးခွန်းမျိုးတွေလျှောက်မေးကြည့်ပါ (Question the unquestionable) လို့ဆိုတယ်။ထူးထူးခြားခြားတီထွင်ကြံဆမှုရှိတဲ့ မေးခွန်းတွေထွက်လာဖို့ဆိုတာက သာမန်ပဲ စဉ်းစားနေကျ လူတွေအတွက် ဆိုရင်တော့ စိန်ခေါ်မှုတစ်ရပ် ပဲပေါ့။တီထွင်ကြံဆနိုင်ဖို့ဆိုရင် ဒီလိုမေးခွန်းတွေမေးရပါတယ်...
"ဘာကြောင့်ဖြစ်ရတာလည်း"
"ဘာကြောင့်မဖြစ်ရတာလည်း"
"တကယ်လို့များ တစ်ခုခုဖြစ်ခဲ့ရင်" ဆိုတာမျိုးတွေပါ...
မန်နေဂျာတွေနဲ့ ဒါရိုက်တာအများစုက လက်ရှိအခြေအနေကနေနည်း နည်း ထပ် တိုးတက်ဖို့ကိုပဲ အလေးပေးတဲ့ မေးခွန်းတွေပဲ မေးတတ်ကြတယ်။ တီထွင်ကြံဆတတ်တဲ့စွန့်ဦးတီထွင်တဲ့သူတွေကတော့အမြဲ စွဲထားတဲ့ ယူဆချက်တွေနဲ့ သမရိုးကျအတွေးအခေါ်တွေကို စိန်ခေါ်တဲ့ မေးခွန်းတွေအမြဲတမ်းထုတ်ပြီး စဉ်းစားနေတတ်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာအများနဲ့ဆန့်ကျင်တတ်တတ်တဲ့ သူတွေ အမြဲလိုလို ရှိတတ်ပါတယ်။ အဲဒီ့လူတွေကအားလုံးက ကောင်းတယ်လို့သဘောတူထားတဲ့ ကိစ္စတွေကိုလည်းကန့်လန့်လုပ်တတ်တယ်။ ဆန့်ကျင်ဘက်လုပ်ရာကနေ ပိုကောင်းတဲ့ အမြင်တွေ၊ နည်းလမ်းတွေ၊ Idea အသစ်တွေရတတ်ပါတယ်။
ဒါ့ကြောင့် တချို့အဖွဲ့အစည်းတွေမှာ Idea အသစ်တွေလိုလာရင် Brainstorming လုပ်တဲ့ အခါမျိုး၊ Quality Circle ဖွဲ့စည်းတဲ့ အခါမျိုးတွေမှာကန့်လန့်တိုက်ဖို့ Devil’s Advocate တစ်ယောက်ကိုရွေးပြီး အဖွဲ့ဖွဲ့ပေးတတ်ပါတယ်။ Idea Generation အတွက် မတူတဲ့ Idea တွေများများရ ဖို့အတွက်ပါ။ ဒါကြောင့် ဆန့်ကျင်ဘက်ကိုအမြဲတမ်း တွေးတွေးပေးဖို့လိုပါတယ်။
တီထွင်ကြံဆတဲ့လူတွေကသူတို့စိတ်ထဲမှာကိစ္စတစ်ခုခုနဲ့ပတ်သတ်ပြီးလုံးဝဆန့်ကျင်နေတဲ့ အတွေးနှစ်မျိုး ရှိနေတတ်တယ်။ ဆန့်ကျင်ဘက်ကို တွေးပေး ခြင်းအားဖြင့် သမားရိုးကျ မဟုတ်တဲ့ နည်းသစ်တွေ ရလာနိုင် ပါတယ်။
Discovery Skill 3 - ကြည့်ရှုလေ့လာခြင်း (Observing)
ကုမ္ပဏီအရာရှိတွေက နေ့စဉ်ဘ၀ ဖြစ်ရပ်တွေ၊ အခြေအနေ တွေကိုလေ့လာပြီးတော့လည်းသာမန် မဟုတ်တဲ့ စီးပွားရေး အကြံဉာဏ်တွေရတတ်ပါတယ်။ ကြည့်ရှု လေ့လာတယ်ဆိုတာက အသေးစိတ် လေ့လာရ
မှာဖြစ်တယ်။ အဓိကအားဖြင့် မိမိရဲ့ကုန်ပစ္စည်းတွေကို ၀ယ်ယူနိုင်တဲ့လူရဲ့အခြေအနေ၊ အပြုအမှုတွေကို အသေးစိတ် ကြည့်ရှုလေ့လာဖို့ လိုပါတယ်။ တခြား Company တွေရဲ့ activities ၊ Supplier ရဲ့ activities ၊ နဲ့ ပြိုင်ဘက် ရဲ့ activities တွေကိုလေ့လာစောင့်ကြည့်ပြီး စီးပွားရေးအမြင်သစ်တွေရလာမှာပါ။
Discovery Skill 4 - လက်တွေ့စမ်းသပ်ခြင်း (Experimenting)
Innovators တွေက သူတို့ရဲ့idea တွေကို ပုံစံငယ်လုပ်ပြီး လက်တွေ့စမ်းသပ်တတ်ပါတယ်။ သူတို့ကသူတို့ ကျင်လည်တဲ့ ပတ်ဝန်းကျင်ကို စမ်းသပ်ခန်းလို သဘောထား တတ်ပါတယ်။ ဒီလို လက်တွေ့လုပ်ပြီး လက်တွေ့ဘ၀အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီးပိုမိုဆန်းသစ်တဲ့ အတွေးအခေါ်တွေရလာနိုင်တာပေါ့။
Discovery Skill 5 - လူမှုကွန်ယက်ကျယ်ပြန့်စွာ ထားခြင်း (Networking)
တီထွင်ကြံဆတဲ့သူတွေက မိမိ နှင့်မတူညီတဲ့ အမြင်ရှိတဲ့လူတွေနဲ့အပေါင်းအသင်းလုပ် ဆက်ဆံတတ်ပြီး သူတို့ရဲ့အသိပညာ အ၀န်းအ၀ိုင်း ပိုမိုကျယ်ပြန့်လာအောင် လုပ်တတ်ကြပါတယ်။ သူတို့က ဒေသခြား၊ နိုင်ငံခြားက မတူညီတဲ့ဘ၀၊ မတူညီတဲ့ နေထိုင်မှုပုံစံတွေကို လေ့လာတတ် ပါတယ်။
နိုင်ငံတကာဆွေးနွေးပွဲတွေတက်ပြီးစွန့်ဦးတီထွင်သူတွေ၊ ပညာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ စွန့်စားသူတွေ၊ အတွေးအခေါ်ပညာရှင်တွေနှင့်နှီးနှောဖလှယ်တွေ့ဆုံတာတွေ လုပ်ပြီး တော့လည်း အတွေးအခေါ်သစ် တွေရနိုင်ပါတယ်။ စွန့်ဦး တီထွင်ကြံဆမှုဆိုတာ မွေးကတည်းက ကိုယ့်သွေးထဲမှာ မတော်တဆ ပါလာခြင်းမျိုး မဟုတ်ပါဘူး။ ဆန်းသစ် တီထွင်တတ်ဖို့ကိုယ့်ဘက်က အမြဲတမ်း လေ့ကျင့်ပြင်ဆင်နေဖို့ လိုအပ်တယ်။
အဓိကအားဖြင့် ယခုဖော်ပြခဲ့တဲ့ Skills တွေကို သိရှိ နားလည်း ရုံတင်မဟုတ်ဘဲလက်တွေ့ ဘ၀မှာအကျင့်ဖြစ်သွား တဲ့အထိလေ့ကျင့် ပေးရမှာပါ။ အများနဲ့မတူတဲ့ တွေးခေါ်မှုမျိုးရဖို့အတွက် ပုံမှန်တွေးခေါ်မှုပုံစံတွေကခွဲထွက်ပြီး ဘောင်ခတ်မထားဘဲ လွတ်လပ်စွာ တွေးခေါ်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
Written by:
Aung Kyaw Htay
Training & Student Service Manager
Strategy First Institute
Download လုပ်ရန်
www.strategyfirstinstitute.com/index.htm

အချစ်တဲ့
လူရယ်လို့ဖြစ်လာကြတဲ့အခါ ကလေးဘ၀အချိန်ကတည်းက အချစ် ဆိုတဲ့စကားလုံးကို မကြာခဏကြားနေရတာပေါ့။ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာတော့ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုတွေဟာ ထင်ထင်ရှားရှား ပွင့်အန်လာတတ်တာ ဓမ္မတာပါ။ we are biologically programmed to be attracted to opposite sex.ပေါ့။ အချစ်ဘယ်ကစသလဲ။ တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးတွေ့ဖူးခြင်းမရှိပါပဲ အောင်သွယ်တော်ကောင်းမှုနဲ့ တွေ့ကြတဲ့ blind date မျိုးလည်းရှိတယ်။ တစ်ချို့ကျတော့ မြင်မြင်ချင်းချစ်သွားကြတယ်တဲ့။ love at first sight. မိန်းကလေးတစ်ယောက်ရဲ့ အလှ beauty ၊ ညှို့ဓါတ်(သို့) ကျက်သရေ charm တွေဟာ မြင်ရတဲ့ယောက်ျားလေးတွေအဖို့ ငြင်းဆန်ခြင်းဟာမစွမ်းသာတဲ့ undeniable ပိုင်ဆိုင်မှု assets တွေပါပဲ။ ဒီတော့လဲ have a crush on (somebody) ကြိုက်မိသွားတာပေါ့။ တစ်ခါတစ်လေမှာ သူ့အပြုံးလေးတစ်ခု၊ ပါးပေါ်က မှဲ့လေးတစ်စက် ဒါမှမဟုတ် ပါးချိုင့်လေး တစ်ခုနဲ့တင် အရမ်းခိုက် to be smitten with somebody သွားတတ်တာလဲရှိတယ်။ကိုယ်နှစ်လိုတဲ့ သူနဲ့တွေ့တဲ့အခါ မျက်လုံးချင်းဆုံအောင် eye contact ယူကာ သူနဲ့နီးစပ်အောင် chat (somebody) up စကားရှာပြောဖို့ကြိုးစားရတယ်။ မိန်းကလေးဘက်ကစတဲ့အခါမှာတော့ တစ်ချို့ယဉ်ကျေးမှု အမြင်မှာ ပရောပရီ flirt with (somebody)လုပ်သလိုမျိုးတော့ရှိတာပေါ့။ တစ်ချို့ကျတော့လည်း a secret admirer တိတ်တခိုးချစ်နေရရင်ကြေနပ်နေကြပြန်တယ်။ တဘက်သတ်ဘ၀ unrequited love, unrequited passion ကိုတော့ ဘယ်သူမှလိုချင်ကြမှာမဟုတ်ပါဘူး။အဆင်ပြေမယ်ဆိုရင်တော့
ချစ်စကားပြော propose လုပ်တဲ့အဆင့်ကိုတက်မယ်။ အစဉ်အလာအားဖြင့် ယောက်ျားလေးက ဒူးထောက် goes down on one knee ပြီး pop the question မေးခွန်းမေးတယ်။ အရှက်ကြီးတဲ့ မိန်းကလေးများကြတော့ ချက်ခြင်း အဖြေပေးရင်သိက္ခာကျမှာစိုးလို့ စိတ်မ၀င်စားသလို indifference နေပြကြမယ်။ ဒါကို ကောင်လေးဘက်က အထာကိုင်နေတာ playing hard to get လို့ထင်တတ်တယ်။ ကောင်မလေးက yes လို့ဖြေလိုက်ရင်တော့ ချစ်သူတွေဖြစ်သွားကြပြီပေါ့။
အချစ်က ပျော်ရွှင်ခြင်း happiness, joy၊ အနစ်နာခံခြင်း sacrifice, မျှော်လင့်ခြင်း hope, တွေကိုဆောင်ယူလာပေးမယ်။ ကိုယ့်ချစ်သူကို ပွင့်လင်းရိုးသားမှု sincerity ရှိဖို့တော့လိုမယ်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားနားလည် admiration, appreciation, esteem, favour, honor, regard တတ်မှ ရေရှည်ခိုင်မြဲမယ့် long-term relationship ဖြစ်မှာပေါ့။ ချစ်စခင်စကြင်နာစ be in the flush of romance အချိန်မှာ ချစ်သူကို ချစ်စနိုးနဲ့ခေါ်တဲ့အမည်တွေ terms of endearment တွေကလည်း darling, sweetheart, love, babe/baby, honey တဲ့အများကြီးပဲ။ ချစ်သူဘ၀နဲ့ကြာလာတဲ့အခါ အတူတူနေချင်လာကြရင် to take the plunge စေ့စပ်ကြ၊ လက်ထပ်ကြမယ်။ လူကြီးမိဘတွေစုံရာနဲ့ engage စေ့စပ်ကြမယ်။ tie the knots စုလျားရစ်ပတ်လက်ထပ်ကြမယ်။ ကောင်လေးက သူ့ဇနီးလောင်း fiancee ကို စေ့စပ်လက်စွပ် engagement ring လေးပေးမယ်။ သတင်းကြားတဲ့ သူငယ်ချင်းတွေကတော့ I can hear wedding bells ဘယ်တော့စားရမလဲလို့ နောက်လိမ့်မယ်။ မင်္ဂလာဆောင်အတွက်တော့ နှစ်ဦးသားပီတိတွေနဲ့
ပြင်ဆင်ကြရမှာပါ။ ယူကေမှာတော့မင်္ဂလာဆောင်တွေဟာ Registry Office ရုံးတက်လက်မှတ်ထိုးတဲ့ civil ceremony အရပ်မင်္ဂလာဆောင်နဲ့ ဘုရားကျောင်းမှာဆောင်တဲ့ ထုံးတမ်းဆင်လာ white wedding မင်္ဂလာဆောင်ရယ်လို့နှစ်မျိုးရှိပါတယ်တဲ့။ ဘုရားကျောင်းမှာဆောင်ရင် ကြိုတင်ဘွတ်ကင် (booking) လုပ်ရတယ်။ draw up a guest list ဖိတ်မယ့်ဧည့်သည်စာရင်းလုပ်မယ်။ bridesmaids သတို့သမီးအရံနဲ့ best man သတို့သားအရံရွေးမယ်။ တကယ့်မင်္ဂလာပွဲလုပ်မယ့်နေ့အထိ pre-wedding nerves စိုးရိမ်စိတ်တွေရှိတတ်ကြတာသဘာဝပါ။ မင်္ဂလာဆောင် ဧည့်ခံပွဲ reception ပြီးသွားတဲ့အခါမှာတော့ ကြင်စဦးဇနီးမောင်နှံ newly weds, just married ဖြစ်သွားကြပါပြီ။ leave on honeymoon ပျားရည်ဆမ်းခရီးထွက်ချင်ထွက်နိုင်ကြပြီလေ။ nuptial chamber သဉ္ဖာလီခန်းဆောင်လယ်မှာ မင်းသားလေးနဲ့မင်းသမီးလေး ပေါင်းကြလေသတည်းပေါ့။
ဒါပေမယ့် တစ်ချို့ relationship ဇတ်လမ်းလေးတွေကတော့ ပျော်စရာမကောင်းဘဲ အလွမ်းနဲ့ဇာတ်သိမ်းရတာလည်းရှိတတ်တာပဲလေ။ The course of true love never did run smooth အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရာလမ်းမရှိဘူးလို့ ရှိတ်စပီးယားကြီးကတော့
ပြောခဲ့ဖူးတာပဲ။ အချစ်တစ်ခုကိုတည်မြဲဖို့ဆိုတာက အကြောင်းတရားတွေအများကြီး ကိုက်ညီမှဖြစ်မှာပါ။ ဒါကြောင့်လည်း falling in love ချစ်ရတာထက် staying in love အချစ်ကိုတည်မြဲအောင်လုပ်ရတာ ပိုခက်တယ်လို့ ဆိုကြပါပေါ့။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အခါ have a domestic/ have a row စကားများရန်ဖြစ်ကြပြန်တယ်။ မိန်းမကပဲဖြစ်ဖြစ်၊ ယောက်ျားကပဲဖြစ်ဖြစ် he/she is playing away from home အပြင်မှာ old flame ငယ်ကျွမ်းဆွေနဲ့ပြန်ဇတ်လမ်းသစ်တွေရှာတဲ့အခါ အော်ကြီးဟစ်ကျယ်ဖြစ်လို့ အိမ်နီးနားချင်းတွေကတောင် they have blazing rows လို့ပြောယူရမယ်။ တစ်ဖက်သားမှာ love sick, heartbroken အသည်းကွဲမယ်။ အချစ်နာကျမယ်။ သူ့ကို fed up with စိတ်ကုန်လာမယ်။ ဒီထက်ဆိုးလာရင် loose appeal မေတ္တာပျက်သွားမယ်။ အချစ်ကျောခိုင်းလိုက်ပြီဆိုရင်တော့ hate, loathe, အမုန်းမြို့ရိုးရဲ့အစပေါ့။ despise, detest စက်စုပ်ရွံရှာတဲ့ပုံစံနဲ့သူ့ကို တည့်တည့်ကြည့်ပြီး you are the person I hate most မေတ္တာတုန်းကြီးလို့ပြောလိုက်မယ်။ နောက်ဆုံး to split up လမ်းခွဲကြဖို့ပြောမယ့်စကား break-up lines တွေကလည်းမနည်းဘူး။
We need to talk
I just need some space
It's not you, it's me
I hope that we can always be friends
This is hurting me more than it is hurting you
It's not enough that we love each other
It simply wasn't meant to be
"ကိစ္စများမြောင်လူတို့ဘောင်ဝယ်အိမ်ထောင်သားမွေး" ကိစ္စတွေဟာသိမ်မွေ့နက်နဲတတ်ပါတယ်။ ချစ်သူဘ၀ make love to somebody အချစ်နယ်ကျွံကြရင်းနဲ့ နောက်ပိုင်း ချစ်သူက to dump somebody ပစ်သွားလို့ ကိုယ်ဝန်နဲ့ကျန်ခဲ့တဲ့အခါ အဖေမပေါ်တဲ့ကလေး lovechild တွေရဲ့ဘ၀လေးတွေကသနားစရာကောင်းလှပါတယ်။ ဖြူစင်တဲ့မေတ္တာတရားဆိုတာကမှ
အေးမြတဲ့ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။ချစ်သူကိုရောအချစ်ခံရတဲ့သူကောနှစ်ဦးစလုံးအတွက် cheerful, glad, joyful, joyous, merry, pleased သာယာပျော်ရွှင်မှုကိုပေးတဲ့ true love အချစ်စစ်နဲ့ ဘ၀ကြင်ဖော် soulmate တွေ့ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဇာနည်(MyWay!)
22-9-2011
Read more: အချစ်တဲ့ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A419537&xgs=1&xg_source=msg_share_topic#ixzz1YlIkUIiW

ကျွန်တော်နှင့်ငွေလဲသူများ(၁)
ကျွန်တော်ဒီအကြောင်းကိုရေးရမယ်ဆိုရင် ကိုယ့်ပေါင်ကိုယ်လှန်းထောင်းသလိုဖြစ်လိမ့်..မယ်။ ဒါပေမဲ့ဗျာ..မတတ်နိုင်ဘူး..လေ။ဘာဘဲဖြစ်ဖြစ်ပေါ့.. ..သင်ခန်းစာတစ်ခု အသိတစ်ခုအနေနဲ့တော့ဒီစာကိုကျွန်တော်ရေးရလိမ့်.မယ်။လူတွေကပြောကြတယ်ဗျ.. လူတွေကောင်းကြောင်း၊မကောင်းကြောင်း စသည်ဖြင့်ပေါ့ဗျာ။ ဒီမှာတော့ကျွန်တော်ပြောမှာက.. လူတွေမကောင်းကြောင်း.. ဘာဖြစ်လို့မကောင်းတာလဲလို့မေးမယ်ဆိုရင်တော့..ကျွန်တော်မှာဖြေစရာရှိပါတယ်။
အဖြစ်ကသည်လိုဗျ... . ပြောရမယ်ဆိုရင်တော့... စင်္ကာပူက မြန်မာပြည်ကို ..အပြန် မြန်မာငွေက.. သုံးစရာမရှိတော့... ကျွန်တော်နဲ့သူငယ်ချင်းနှစ်ယောက်.. ဆူးလေးကိုသွားပြီ ဒေါ်လာလဲမယ်ပေါ့ဗျာ..ဒီလိုနဲ့ ၄၅ ဘတ်စ် စီးပြီးတော့.. ဆူးလေးကို.. ရောက်ခဲ့တယ်.ဆိုပါစို့။ ဆူးလေးဘုရားအနီး.. လွတ်လပ်ရေးပန်းခြံနားက ဘတစ်ကားမှတ်တိုင်မှာ ကိုယ်တော်ချော(ဒေါ်လာငွေအရောင်းအ၀ယ်လုပ်တဲ့သူ)တွေက အကောင်းဆုံးမျက်နှာထားနဲ့ အချိုသာဆုံးပြုံးရင်းပေါ့ဗျာ...။ဒါနဲ့..ကျွန်တော်တို့ကို ..သူကမေးလေရဲ့.. ညီလေးတို့ဒေါ်လာလဲမလားပေါ့..။ ကျွန်တော်တို့ကလည်း ငွေလာမလဲခင်ကတည်းက.. ပေါက်ဈေးကိုအင်တာနက်မှာ ရှာထားတော့.. ငွေဈေးကို .. အကြမ်းအားဖြင့်သိတာပေါ့ဗျာ.။ဒါနဲ့. ကျွန်တော်ကမေးလိုက်တယ်.. ရောင်းဈေးနဲ့ဝယ်ဈေး..ဘယ်လောက်လဲပေါ့. .. ။ခြားနားချက်ကိုသိချင်တာကိုးဗျ။
ကိုယ်တော်ချောတွေက.. ပြောပါတယ်.... ဒေါ်လာလဲရင်.. ၆၄၀ ၊ မြန်မာငွေလဲရင်.. ၆၃၀ ပေါ့။ ကျွန်တော်လဲ.. ဘယ်ဆိုးမလဲပေါ့ ဟန်ကျပြီထင်တာကိုးဗျ။ဘာကြောင့်လဲ ဆိုရင် လွန်ခဲ့တယ် ၁ ပတ်လောက်က သူငယ်ချင်းတစ်ယောက်မြန်မာငွေလဲ ..တာ စင်္ကာပူတစ်ဒေါ်လာ .. ၅၈၀ ကျပ်ပဲရတာလေ။ ဒါနဲ့..ဘယ်ပြောကောင်းမလဲ.. လဲတာပေါ့ဗျာ။ ကိုယ်တော်ချောတွေကလည်း..အုပ်စုနဲ့ဗျ.. တစ်ယောက်ထဲမဟုတ်ဘူး... အနည်းဆုံး ၇ ယောက်လောက်ရှိတယ်။ တစ်ချို့ကလဲ.. ပါလေရာငါးပိချက် .. အရိုးရရ.. အမြီးရရကောင်တွေပေါ့ဗျာ။ ဒီလိုနဲ့..ငွေစလဲတယ်ဆိုပါစို့...။ ကျွန်တော် က ဒေါ်လာ ၂၀၀ လောက်လဲမှာဆိုတော့... မြန်မာငွေ ၁၂၆၀၀၀ ရမယ်ပေါ့ဗျာ။ သူတို့ကလဲ.. ကျွန်တော်ကို..မြန်မာငွေကိုအသေအချာရေပေးတဲ့ဗျ... ကျွန်တော်ကလဲ.. အသေအချာပြန်ရေဆိုတော့.. .. အရေအတွက်. ကတော့ကွက်တိပေါ့ဗျာ။.. ဒီလိုနဲ့.. ပြသာနာတက်မဲ့.. လမ်းကြောင်းကစပါလေရောဗျာ။
ဒီလိုဗျ... .. ကျွန်တော်ဘက်ကလည်း. မြန်မာငွေရပြီဆိုတော့.. ဒေါ်လာပြန်ပေးရတော့မှာလေ..။ဒေါ်လာ ၂၀၀ ပေးလိုက်ရင်..ဒီကိစ္စကအိုကေပြီလို့ထင်ထားတာကိုဗျ။ ဒါနဲ့.. ကျွန်တော်လဲ.. ဒေါ်လာ.. ၂၀၀ ထုတ်လဲပေးရော.. ကိုယ်တော်ချောတွေက.. စရစ်ပါလေရောဗျာ။.. ဘာတဲ့... ငါးဆယ်တန် . တစ်ရွက်က.. ထိပ်ကဖြူတယ်ဆိုလား..ညိုတဲ့ဆိုလား... အစင်းရာပါတဲ့ဆိုလား... စရစ်တာပေါ့ဗျာ.။ ကျွန်တော်ကလည်း.. စင်္ကာပူဘဏ်က... ထုတ်လာတာ.. အသစ်စက်စက်..သုံးတောင်မတောင်ရသေးဘူးလို့...ပေါ့။ ကိုယ်တော်ချောတို့ကလဲ... အင်တင်တင်နဲ့.. မလဲဘူးပေါ့ဗျာ..။ ဒီလိုနဲ့ ကျွန်တော်လက်ထဲက..မြန်မာငွေကို.. ပြန်ယူတာပေါ့ဗျာ။ကျွန်တော်က ဒါဆိုလဲ... တစ်ဒေါ်လာ.. ၆၂၀ ထားဗျာ။ ခင်ဗျာတို့ကလည်းရစ်စရာမရှိကြံဖန်ရစ်တယ်ပေါ့ဗျာပြောတော့.. သူတို့ကလည်းလဲမယ်ပေါ့.. ဆိုပြီးကျွန်တော်ကို ခုဏက. မြန်မာငွေကို.. ၂ ထောင်နုတ်ပြီးပြန်ပေးတာပေါ့ဗျာ..။ပြီးတော့.. .. ပါလေရာငပိချက်တွေက..အဖမ်းအဆီးရှိတယ်... အဖမ်းအဆီးရှိတယ်... ထားအော်ပါလေရော...ကျွန်တော်တို့လဲ... မြန်မာငွေယူပြီး.. ကိုယ်လမ်းကြောင်းကို.. လစ်တာပေါ့ဗျာ။ ၃၆ လမ်းနားလဲရောက်ရော... ပိုက်ဆံကိုပြန်ရေအကြည့်မှာ... ၂၀၀၀၀
ဗျာ... ရော့နေပါလေရောဗျာ...။စိတ်ကလည်းတော်တော် ညစ်သွားတယ်ခင်ဗျာ။ ဒီလိုနဲ့... ပြန်သွားပြီး ဒီကောင်တွေကို.. ပြန်ရှာ.. မယ်ပေါ့ဗျာ တွေ့လိုတွေ့ငြားပေါ့။..ဒီကောင်တွေက.. လူလည်ဗျ။ တစ်နေရာရာ..ဒိုးပြီးဆိုတာကာတော့.. ဗေဒင်မေးစရာမလိုပါဘူး..။ကျွန်တော်တို့လည်း... အဲဒီအနီးနားတစ်ဝိုက်ကလူတွေကို... .. inquire လုပ်တာပေါ့ဗျာ။ကျွန်တော်..စုံးစမ်းထားသလောက်ပေါ့ဗျာ... ကျွန်တော်ခံစားမိသလောက်ပြောရမယ်ဆိုရင်ဗျာ။

(၁)သတ်မှတ်ထားတဲ့ ပေါက်ဈေးဘောင်ကျော်ခဲ့ရင်... .(ဥပမာ..ပေါက်ဈေး.. ၅၈၀..ဒါပေမဲ့ သူတို့ပြောဈေး.. ၆၂၀)
(၂) ငွေရောင်းအ၀ယ်လုပ်တဲ့သူ... ၂ ယောက်ထက်ပိုခဲ့ရင်...
(၃)လက်ဖက်ရေဆိုင်.. (သို့) တစ်ဆိုင်ဆိုင်မှာ မလဲခဲ့ဘူးဆိုရင်
(၄)ငွေအရောင်းအ၀ယ်လုပ်သူရဲ့မျက်နှာထားဟာ... တည်ကြည်မှုပျက်ပြာနေခဲ့ရင်
(၅)မိမိရောင်းမယ့်..ဒေါ်လာကို.. အပြစ်အနာအဆာကို..ရှာကြံပြောပြီး.. အာရုံကိုပြောင်းအောင်လုပ်ခဲ့မယ်ဆိုရင်
(၆)ဒေါ်လာငွေကို.. ကိုယ်တိုင်ရေခွင့်မရှိခဲ့ဘူဆိုရင်(ဥပမာ..ဒေါ်လာ ၃၀၀ လဲမယ်ဆိုပါတော့ဗျာ.. .ဒေါ်လာကိုသူတို့ရှေ့မှာမိမိကိုယ်တိုင်တစ်ရွက်ချင်းရေခွင့်မရှိဘဲ.. ပေးလိုက်ရတယ်ပေါ့ဗျာ)
(၇)ငွေလဲမယ့်သူက.. မိမိတစ်ယောက်တည်းဖြစ်ခဲ့ရင်
(ဂ)ငွေအရောင်းအ၀ယ်လုပ်သူရဲ့ဖုန်းနံပါတ် မရှိခဲ့ဘူးဆိုရင် (သို့)အသိမိတ်ဆွေ(သို့)အရင်ကငွေလဲဖူးသူမဟုတ်ခဲ့ရင်
(၉)ငွေလဲပြီးနောက်... သူတို့ရှေ့မှာ..ငွေကိုနောက်တစ်ခါပြန်စစ်နိုင်ခွင့်မရှိခဲ့ဘူးဆိုရင်
(၁၀)အဖမ်းအဆီးရှိတယ်.. အဖမ်းဆီရှိတယ်လို့... တစ်စုံတစ်ယောက်က..ပြောသံကိုကြားရခဲ့ရင်
(၁၁)ငွေအရောင်းအ၀ယ် လုပ်တဲ့သူဟာ... တောက်တဲ့လိုနောက်ကတစ်ကောက်ကောက်လိုက်နေခဲ့မယ်ဆိုရင်
(၁၂)ငွေအရောင်းအ၀ယ် လုပ်သူဟာ.. သာမန်ထက်. အပိုစကားတွေပြောနေခဲ့မယ်ဆိုရင်
မယုံပါနဲ့... အလိမ်ခံရဖို့.. ရာခိုင်နှုန်းတော်တော်များပါတယ်..။
(နောက်မှဘဲ... သူတို့ဘယ်လိုဘယ်ပုံလိမ်တယ်ဆိုတာကတော့... နောက်ဆက်တွဲ..အနေနဲ့ချန်ထားပါစေအုံးဗျာ)
ခင်မင်စွာဖြင့်
အောင်ကျော်ဇင်မြင့်
Tuesday, September 13, 2011
ဗြိတိသျှနှင့်အမေရိကန်အသုံးအနှုန်းခြားနားချက်များ
“အမေရိကား(America) နှင့် ဗြိတိန် (Britain) တို့သည် ဘာသာစကားတစ်မျိုးတည်းက ခွဲခြားထားခြင်း ခံရသည့် နိုင်ငံနှစ်နိုင်ငံ ဖြစ်ပါတယ်။” လို့ George Bernard Shaw က ပြောခဲ့ဘူးပါတယ်။ တကယ်တော့ ခြားနားချက်တွေဟာ အတော်အတန်နည်းပြီး ယခုအခါ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာတွေ မြင့်မားလာသည်နှင့်အမျှ ပိုမိုနည်းပါးလာပါသည်။ ဒါပေမယ့် အရေးကြီးတဲ့ ကွာဟချက်တွေ ကတော့ ကျန်ရှိနေပါသေးတယ်။ ရှုပ်ထွေးခြင်း (သို့) နားလည်မှုလွဲခြင်းတွေ ဖြစ်နိုင်ခဲပေမယ့် တစ်သမတ်တည်း ရှိဖို့ကတော့ အရေးကြီးပါတယ်။
သူ၏ ချက်လက်မှတ်တွေကို ငွေသားအဖြစ်လဲလိုက်သည်။
အထက်ပါဝါကျများထဲမှာ (a) ၀ါကျတွေဟာ ဗြိတိသျှများအသုံးပြုကြပြီး၊ (b) ၀ါကျတွေကတော့ အမေရိကန်များ အသုံးပြုကြပါတယ်။ အဘိဓါန်ကောင်းများတွင် ဒီလိုမတူညီမှုများကို BrE (British English) နှင့် AmE (American English)ဆိုပြီး စာလုံးတိုများဖြင့် ခွဲခြားဖော်ပြလေ့ရှိပါတယ်။ ပထမဦးဆုံး စာကြောင်း (၂) ကြောင်းမှာပါတဲ့ စာလုံးပေါင်း ကွဲလွဲမှုမျိုးဟာ အများသိပြီးသား ဖြစ်ပါတယ်။
ကက်တလောက်လို အဓိပ္ပါယ်ရတဲ့ catalogue (BrE)/ Catalog (AmE)၊ ကဇာတ်ရုံ theatre (BrE)/theater (AmE)၊ အရောင် colour (BrE)/ color (AmE) တို့ဟာလဲ အများသိပြီးသားဖြစ်သည့် စာလုံးပေါင်းကွဲလွဲမှုများပဲ ဖြစ်ပါတယ်။ မော်တော်ကားလို့ အဓိပ္ပါယ်ရတဲ့ cars(BrE)/ automobiles(AmE) ဆိုတဲ့ ဝေါဟာရတွေနဲ့ ဆက်နွယ်နေတဲ့ တစ်ခြားဝေါဟာရတွေမှာတော့ စာလုံးပေါင်းကွဲလွဲတာမဟုတ်တော့ပဲ စာလုံးကို မတူတော့တာဖြစ်ပါတယ်။
Motorway (BrE)/ Freeway (AmE) - အမြန်လမ်းမကြီး
Gear-leaver (BrE)/ grear-shift (AmE) - ဂီယာတံ
Bonnet (BrE)/ hood (AmE) - မော်တော်ကား အင်ဂျင်စက် အဖုံး
Crossroads (BrE)/ intersection (AmE) - လမ်းဆုံ ဆိုတဲ့ ဝေါဟာရတွေကတော့ လူသိပိုများတဲ့ ကွဲလွဲချက်တွေပါပဲ။
သဒ္ဒါကွာဟချက်တွေကတော့ စကားပြောတဲ့အခါမှာ ပိုပြီး များများစားစား ရှိပါတယ်။ စီးပွားရေးလုပ်ငန်း အရ အပြန်အလှန်ဆက်သွယ်ကြတဲ့ စာတွေမှာ သိပ်မရှိလှပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာစံ ရှိနေလို့ပါပဲ၊ စကားပြောတဲ့အခါမှ ပိုပြီးတွေ့ရတတ်တဲ့ ကွာဟချက်များကို ဖော်ပြလိုက်ပါတယ်။
(a) ၀ါကျများကတော့ အမေရိကန် အင်္ဂလိပ်စာမှာ ပို၍အသုံးများတဲ့ အသုံးအနှုန်းများ ဖြစ်ပါတယ်။
စနေ၊ တနင်္ဂနွေမှာဘာလုပ်ခဲ့လဲ?
a) Hello, is this John?
b) Hello, is that John?
ဟယ်လို၊ ဒါ John လား?
နောက်ဆုံးဝါကျ ၂ခုကို ကြည့်ပါက ဗြိတိသျှ အင်္ဂလိပ်စာမှာ just ကို present perfect နဲ့ တွဲသုံးလေ့ရှိပြီး အမေရိကန် American အင်္ဂလိပ်စာမှာတော့ simple past နဲ့ တွဲသုံးလေ့ရှိတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။
ဒါနဲ့ ပြောရဦးမယ် - စာရေးသူရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်ကို ဦးနှောက်ခြောက်ပြီး စိတ်ရှုပ်သွားစေတဲ့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “I could murder a cuppa” ဆိုတာကတော့ ဗြိတိသျှ အင်္ဂလိပ်စကားရဲ့ ဘန်းစကား (slang) ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “I would love to have a cup of tea.” (လက်ဘက်ရည်တစ်ခွက်လောက်သောက်ချင်လိုက်တာ) ပဲဖြစ်ပါတယ်။
(Guy Perring ၏ Be Vocal အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/i-could-murder-a-cuppa မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။
a) I cashed his cheque.
b) I cashed his check.သူ၏ ချက်လက်မှတ်တွေကို ငွေသားအဖြစ်လဲလိုက်သည်။
a) They lived in a fourth floor flat.
b) They lived in a fourth floor apartment.
သူတို့သည် တိုက်ခန်းရဲ့ လေးလွှာမှာနေတယ်။a) He recently bought a new mobile phone.
b) He recently bought a new cell phone.
သူဟာမကြာခင်က လက်ကိုင်ဖုန်း အသစ်တစ်လုံးဝယ်ခဲ့တယ်။a) She met a colleague on the pavement outside the office.
b) She met a colleague on the sidewalk outside the office.
သူမသည် ရုံးအပြင်ဖက်မှာရှိတဲ့ လမ်းဘေးစင်္ကြံမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။အထက်ပါဝါကျများထဲမှာ (a) ၀ါကျတွေဟာ ဗြိတိသျှများအသုံးပြုကြပြီး၊ (b) ၀ါကျတွေကတော့ အမေရိကန်များ အသုံးပြုကြပါတယ်။ အဘိဓါန်ကောင်းများတွင် ဒီလိုမတူညီမှုများကို BrE (British English) နှင့် AmE (American English)ဆိုပြီး စာလုံးတိုများဖြင့် ခွဲခြားဖော်ပြလေ့ရှိပါတယ်။ ပထမဦးဆုံး စာကြောင်း (၂) ကြောင်းမှာပါတဲ့ စာလုံးပေါင်း ကွဲလွဲမှုမျိုးဟာ အများသိပြီးသား ဖြစ်ပါတယ်။
ကက်တလောက်လို အဓိပ္ပါယ်ရတဲ့ catalogue (BrE)/ Catalog (AmE)၊ ကဇာတ်ရုံ theatre (BrE)/theater (AmE)၊ အရောင် colour (BrE)/ color (AmE) တို့ဟာလဲ အများသိပြီးသားဖြစ်သည့် စာလုံးပေါင်းကွဲလွဲမှုများပဲ ဖြစ်ပါတယ်။ မော်တော်ကားလို့ အဓိပ္ပါယ်ရတဲ့ cars(BrE)/ automobiles(AmE) ဆိုတဲ့ ဝေါဟာရတွေနဲ့ ဆက်နွယ်နေတဲ့ တစ်ခြားဝေါဟာရတွေမှာတော့ စာလုံးပေါင်းကွဲလွဲတာမဟုတ်တော့ပဲ စာလုံးကို မတူတော့တာဖြစ်ပါတယ်။
Motorway (BrE)/ Freeway (AmE) - အမြန်လမ်းမကြီး
Gear-leaver (BrE)/ grear-shift (AmE) - ဂီယာတံ
Bonnet (BrE)/ hood (AmE) - မော်တော်ကား အင်ဂျင်စက် အဖုံး
Crossroads (BrE)/ intersection (AmE) - လမ်းဆုံ ဆိုတဲ့ ဝေါဟာရတွေကတော့ လူသိပိုများတဲ့ ကွဲလွဲချက်တွေပါပဲ။
သဒ္ဒါကွာဟချက်တွေကတော့ စကားပြောတဲ့အခါမှာ ပိုပြီး များများစားစား ရှိပါတယ်။ စီးပွားရေးလုပ်ငန်း အရ အပြန်အလှန်ဆက်သွယ်ကြတဲ့ စာတွေမှာ သိပ်မရှိလှပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာစံ ရှိနေလို့ပါပဲ၊ စကားပြောတဲ့အခါမှ ပိုပြီးတွေ့ရတတ်တဲ့ ကွာဟချက်များကို ဖော်ပြလိုက်ပါတယ်။
(a) ၀ါကျများကတော့ အမေရိကန် အင်္ဂလိပ်စာမှာ ပို၍အသုံးများတဲ့ အသုံးအနှုန်းများ ဖြစ်ပါတယ်။
a) What did you do on the weekend?
b) What did you do at the weekend?စနေ၊ တနင်္ဂနွေမှာဘာလုပ်ခဲ့လဲ?
a) Hello, is this John?
b) Hello, is that John?
ဟယ်လို၊ ဒါ John လား?
a) The office is open Tuesday through Saturday.
b) The office is open Tuesday to Saturday.
ရုံးခန်းဟာ အင်္ဂါနေ့မှ စနေနေ့အထိ ဖွင့်ပါတယ်။a) Your plane just landed.
b) Your plane has just landed.
သင့်လေယာဉ်ပျံ ယခုလေးတွင်ပဲ ဆိုက်ရောက်ပါတယ်။နောက်ဆုံးဝါကျ ၂ခုကို ကြည့်ပါက ဗြိတိသျှ အင်္ဂလိပ်စာမှာ just ကို present perfect နဲ့ တွဲသုံးလေ့ရှိပြီး အမေရိကန် American အင်္ဂလိပ်စာမှာတော့ simple past နဲ့ တွဲသုံးလေ့ရှိတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။
ဒါနဲ့ ပြောရဦးမယ် - စာရေးသူရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်ကို ဦးနှောက်ခြောက်ပြီး စိတ်ရှုပ်သွားစေတဲ့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “I could murder a cuppa” ဆိုတာကတော့ ဗြိတိသျှ အင်္ဂလိပ်စကားရဲ့ ဘန်းစကား (slang) ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “I would love to have a cup of tea.” (လက်ဘက်ရည်တစ်ခွက်လောက်သောက်ချင်လိုက်တာ) ပဲဖြစ်ပါတယ်။
(Guy Perring ၏ Be Vocal အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/i-could-murder-a-cuppa မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။
Subscribe to:
Posts (Atom)