Menu

Popular Posts

Tuesday, June 21, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

As a matter of fact (အမှန်တကယ်ကတော့)

အခြေအနေမှန်က အဲဒီလို မဟုတ်ဘူး ဒီလိုပါလို့ ပြောချင်ရင် as a matter of fact ကို သုံးနိုင်တယ်။

Your hotel was in the middle of town and so I suppose it is rather noisy.
No, as a matter of fact it is very quiet. They have good double glazing and we had rooms at the back.
ခင်ဗျားတည်းတဲ့ ဟိုတယ်က မြို့လယ်ခေါင်မှာဆိုတော့ အသံဆူညံမယ်ထင်တယ်နော်။
မဆူညံပါဘူး။ တကယ်တော့ အင်မတန် တိတ်ဆိတ်ပါတယ်။ မှန်နှစ်ထပ်တပ်ထားပြီး အခန်းကလည်း နောက်ထဲက အခန်းတွေလေ။

I suppose your daughter will have left home by now.
No, as a matter of fact she is still at home. She is studying at the local university.
အခုလောက်ဆို သမီးက အိမ်မှာ မနေတော့ဘူးထင်တယ်နော်။
ဟင့်အင်း၊ တကယ်တော့ သမီးက အိမ်မှာနေတုံးဘဲ။ အနားက တက္ကသိုလ်မှာ တက်နေတယ်။

ပြောလက်စ စကားမှာ ထပ်ဖြည့်ပြီး စိတ်ဝင်စားစရာ ဒါမှမဟုတ် အံ့သြစရာကို as a matter of fact ကို သုံးနိုင်တယ်။

I've decided to accept the job offer. As a matter of fact I start on Monday.
အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။ တကယ်တော့ တနင်္လာနေ့မှာ အလုပ်စတက်မှာ။


For goodness' sake (အမလေး)

အံ့သြတယ်၊ တုန်လှုပ်တယ်၊ စိတ်တိုတယ်လို့ ပြောချင်ရင် for goodness' sake ကို သုံးနိုင်တယ်။

For goodness' sake, Jane. You can't go to a formal party wearing those jeans.
အမလေး ဂျိန်းရယ်၊ ဒီဂျင်းဘောင်းဘီဝတ်ပြီး ပွဲနေပွဲထိုင်သွားလို့ ဘယ်ဖြစ်မှာလဲ။

For goodness' sake, hurry up. We'll miss the plane if we don't leave now.
အမလေး မြန်မြန်လုပ်ပါ။ အခုအိမ်ကမထွက်ရင် လေယာဉ်မီတော့မှာ မဟုတ်ဘူး။


In all honesty (အမှန်အတိုင်း အားမနာတမ်း ပြောရရင်)

အခုပြောမယ့်စကား လုံးဝမှန်တယ်လို့ အလေးအနက်ပြုချင်ရင် in all honesty ကို သုံးနိုင်တယ်။

Jack studies hard, but in all honesty, he is not a good enough student to get into university.
ဂျက်က စာကြိုးစားပါတယ်။ ဒါပေမယ့် မှန်တာပြောရမယ်ဆိုရင် တက္ကသိုလ် တက်ရလောက်အောင် စာမတော်ရှာဘူး။

You can certainly apply for the job, but, in all honesty, I don't think you'll get it.
မင်း အလုပ်လျှောက်မယ်ဆိုရင်တော့ လျှောက်လို့ ရတာပေါ့။ ဒါပေမယ့် မှန်တဲ့အတိုင်း ပြောရမယ်ဆိုရင် မင်း အဲဒီအလုပ်ကို ရလိမ့်မယ်လို့ မထင်ဘူး။


Not to mention (မဆိုထားနဲ့။)

ပြောမယ့်စကားကို အလေးအနက်ပြုဖို့ နောက်ထပ် အချက်အလက်တစ်ခု ထပ်ဖြည့်ချင်ရင် not to mention ကို သုံးနိုင်တယ်။

Jim has a lot of property. He owns three flats in London, not to mention the house in the south of France and one in Scotland.
ဂျင်မ်မှာ အိမ်တွေ အများကြီးဘဲ။ ပြင်သစ်တောင်ပိုင်းက အိမ်နဲ့ စကော့တလန်က အိမ်ကို ထည့်မပြောနဲ့အုံး၊ လန်ဒန်မှာ တိုက်ခန်း သုံးခန်းပိုင်တယ်။

Why are you buying more clothes? You have a wardrobe full of them, not to mention the ones in the attic.
ဘာဖြစ်လို့ အဝတ်အစားတွေ နောက်ထပ်ဝယ်နေတာလဲ။ ထပ်ခိုးက အဝတ်အစားတွေကို ထည့်မပြောနဲ့အုံး၊ တစ်ဘီဒိုစာအပြည့် ရှိတယ်လေ။



Click "Like" if you want to see more posts like this. Thanks.

ပြုံးရွှင် ရယ်မော စေဖို့

ပြုံးရွှင် ရယ်မော စေဖို့

မေ့လိုက် 

အသည်းအသန် နာမကျန်း ဖြစ်ပြီး အိပ်ရာထဲ လဲနေသော အဘိုးအိုသည် သားများကို ဆင့်ခေါ် လိုက်သည်။

 "သားတို့ရေ... အဖေတော့ သိပ် ကြာကြာ နေရ တော့မယ် မထင်ဘူး။ အဖေ မရှိတဲ့ နောက် မင်းတို့ ဆက်လက် ဆောင်ရွက် နိုင်အောင် ကိစ္စ အချို့ကို အသိပေး ချင်တယ်။ ကိုင်း... ရေးမှတ် ထားကြ။ ဦးမြင့်အေးက အဖေ့ကို ငွေ သုံးထောင် ပေးစရာ ရှိတယ်"

"စိတ်ချ အဖေ... ကျွန်တော်တို့ မှတ်ထား လိုက်ပါပြီ... ဖုန်းဆက်ပြီး သတိပေး လိုက်ပါ့မယ်"

"ဦးခင်ဖေက အဖေ့ကို ငွေ လေးထောင် ပေးစရာ ရှိတယ်"

"စိတ်ချ အဖေ... စာရေး အကြောင်းကြား လိုက်ပါ့မယ်... စာကို မှတ်ပုံ တင်ပြီး ပို့ပါမယ်"

"ဦးစိုးပိုင် ကတော့ အဖေ့ကို ငွေ ငါးထောင် ပေးစရာ ရှိတယ်"
 
"ဒီ နေ့ပဲ ကြေးနန်းစာ ပို့လိုက် ပ့ါမယ်... ဘာမှ စိတ်မပူနဲ့ အဖေ "
"ဦးကျော်ခက်ကို အဖေ ငွေ နှစ်သောင်း ပေးစရာ ရှိတယ် "

"ဟာ အဖေ ကလဲ... ဒီ အချိန်မှာ စိတ်မကောင်း စရာတွေ မတွေးနဲ့လေ... မေ့လိုက်... မေ့လိုက် "

*****
သာတာ တွေ့ရင် တော့လား

ရောဂါ ဝေဒနာကြောင့် သိပ် ကြာကြာ မနေရတော့ဟု ဆရာဝန်များ ကောက်ချက်ချ ထားသည့်  အဖွားက သူမ၏ ခင်ပွန်းသည်အား လေသံ တိုးတိုးဖြင့် ပြောသည်။

"ကျွန်မ သေရင် ရှင် နောက် အိမ်ထောင်ပြု မှာလား"

"ဟင့်အင်း..."

"ဘာဖြစ်လို့လဲ... ရှင် ဒီလောက် အသက် မကြီးသေး ပါဘူး... ပြီးတော့... ရှင် ကျန်းမာရေးလည်း ကောင်းနေသားပဲ"

"မင်းထက် သာတဲ့ မိန်းမကို ငါ ရှာတွေ့ မှာမှ မဟုတ်ဘဲကွာ... မင်းလို မိန်းမ မျိုးပဲ ဆိုရင်တော့ ဘာလုပ်မှာလဲ... မယူချင်ပါဘူး..."

*****
ရွေးရခက်ကြီး

ယောက်ျားကြီး တစ်ယောက် မိန်းမ ဖြစ်သူ မျက်နှာ မြင်မည် ဆိုသဖြင့် သားဖွားခန်း အရှေ့တွင် ထိုင်စောင့် နေသည်။ တစ်နာရီလောက် ကြာသော အခါ နဖူးပေါ် ချွေးကို သုတ်ကာ ဆရာဝန် အခန်းထဲမှ ထွက်လာသည်။ ယောက်ျားကြီးဘက် လျှောက်လာပြီး ပြောသည်။

"အခြေအနေ လုံးဝ မကောင်းဘူး... ခင်ဗျား တစ်ခုခုကို ရွေးရ လိမ့်မယ်... ကျွန်တော်တို့ အမေ သို့မဟုတ် ကလေးကိုပဲ ကယ်နိုင်မယ်ဗျ "

"ကိုင်း... ခင်ဗျား အဆုံးအဖြတ် ပေးပါ"

"ကျွန်... ကျွန်တော် ဘယ်လို ဆုံးဖြတ်ရ မယ်မှန်း မသိပါဘူး... ကလေးက ကျွန်တော်နဲ့ ရတဲ့ ကလေး မဟုတ်ဘူး... တစ်ဖက်က ပြန် စဉ်းစား တော့လဲ နောက် မိန်းမ တစ်ယောက်ကို ကျွန်တော် အချိန် မရွေး ကောက်ယူလို့ ရတယ်... ဟုတ်တယ် မဟုတ်လား ဆရာ"
*****

အလည်ကျူးသူ 

ယောက်ျား ဖြစ်သူ မနက် ငါးနာရီမှ အိမ်ပြန် ရောက်လာသည်။

မိန်းမက ခါးထောက်ပြီး မေးသည်။

"ရှင် ဘယ်ကို သွားနေတာလဲ"
" ရှင်သာ ကျွန်မနဲ့ မညားရင် ရှင် ဘယ်ကို သွားသွား နေမှာလဲ လို့ မင်း ငါ့ကို ခဏ ခဏ မေးဖူးတယ် မဟုတ်လား... အေး... အခု ငါ အဲဒီက ပြန်လာတာ ဟေ့"


*****

ပျောက်နေတဲ့ သားသမီးတွေ

"ဘိုးဘွား ရိပ်သာမှာ နေချင်တယ် ဆိုရင် ဘယ်လို အချက်အလက် တွေနဲ့ ပြည့်စုံမှ လက်ခံ တာလဲဟင်"

"သားထောက် သမီးခံ မရှိမှ လက်ခံ တာပါ... အဘွားမှာ သားသမီး ရှိသလား"

"သမက် လေးယောက်နဲ့ ချွေးမ သုံးယောက် ရှိတယ်"
*****

အကြိုက်ချင်း မတူပါ 

ကိုဘမောင်က သူ့ မိန်းမကို ကြည့်ပြီး ပြောသည်။

"မင်း ဆောင်းထားတဲ့ ခရီးသွား ကပ်ဦးထုပ်ကို ငါ သိပ် မကြိုက်ချင်ဘူး"

 မိန်းမက မဲ့ရွဲ့ပြီး ပြန် ပက် သည်။

"ရှင် ကြိုက်တဲ့ အရက် ပုလင်းကို ကျွန်မ ခေါင်းမှာ ဆောင်းလို့ မရလို့ ပါတော်"


*****

လူတစ်ယောက် သွားစိုက် ဆိုင်ထဲ ၀င်၍ အံဆုံး နှစ်ချောင်း နုတ်ခ မေး၏။ သွားဆရာဝန်က -

"ဒေါ် လာ ၈၀" ဟုဆို၏။

"ဈေးကြီး လိုက်တာ... ဒီထက် ပေါတဲ့နည်း မရှိဘူးလား"  

"ထုံဆေး မပါရင် ဒေါ် လာ ၆၀နဲ့ ရမယ်"  

"ဒါလည်း ဈေးကြီး သေးတာပဲ"

သွားဆရာဝန်က ခေါင်းကုတ်၍- 

"ကဲ... ထုံဆေးလည်း မသုံး၊ ပလိုင်ယာ နှစ်ချောင်းနဲ့ ဆွဲနုတ်ရင် ဒေါ် လာ ၂၀နဲ့ ရမယ်" ဟုဆို၏။

"ဒီထက် မလျှော့နိုင် ဘူးလား"

"ကဲ... ဒီလိုဆို နောက်ပိတ်ဆုံး လျှော့တဲ့ နည်း ကတော့ ကျုပ် တပည့် တစ်ယောက် အတွေ့အကြုံ ရအောင် နုတ်ခိုင်းမယ်... ၁၀ ဒေါ်လာပဲ ကျမယ်"

"အဲ... ဒီလို မှပေါ့... နောက် တနင်္လာနေ့ ကျုပ် မိန်းမ လွှတ်လိုက်မယ်"


*****

အိမ်မက်

အမျိုးသမီး တစ်ဦးသည် သူမ မက်သော အိပ်မက် အကြောင်းကို ခင်ပွန်း ဖြစ်သူအား ပြောပြနေ လေသည်။

"ညက အိပ်မက် ထဲမှာ မောင်က ကျွန်မကို ပုလဲ အစစ် ဆွဲကြိုး တစ်ကုံးကို ပေးတယ်လို့ မက်တယ် ၊ အဲဒါ ဘာ အဓိပ္ပာယ်လဲ မသိဘူးနော်"

ထိုအခါ ခင်ပွန်းသည်က ဆိုသည်။

"အေး ညကျရင် ဘာ အဓိပ္ပာယ်လဲ ဆိုတာ သိရမှာပေါ့"

ထိုနေ့ ညတွင် အိမ် ပြန်လာသော ခင်ပွန်းသည်က လှပစွာ ထုပ်ပိုး ထားသော အထုပ် တစ်ထုပ်ကို ပေးလိုက်သည်။ ဇနီး ဖြစ်သူက ၀မ်းသာ အားရနှင့် အထုပ်ကို ဖွင့်ကြည့်ရာ ထို အထုပ် ထဲတွင် စာအုပ် တစ်အုပ်ကို တွေ့ရ လေသည်။ စာအုပ်အမည်မှာ "အိပ်မက်အဘိဓာန်" ဟူ၍ ဖြစ်လေသည်။


*****

ဆုတောင်းပါ  

နစ်မြုတ်လု ဆဲဆဲ ဖြစ်နေသော သင်္ဘော၏ ကပ္ပတိန်က သင်္ဘောသား အားလုံး ကြားအောင် အော်မေးသည်။

"မင်းတို့ အထဲမှာ အန္တရာယ်ကင်း ဂါထာ ရွတ်တတ်တဲ့ ကောင် ရှိသလား"

"ကျွန်တော် ရွတ်တတ် ပါတယ် ခင်ဗျ"

"အေး... အဲဒါဆို မင်းရွတ်ပြီး နေရစ်ခဲ့... ကျန်တဲ့ လူတွေ အားလုံး အသက်ကယ် အင်္ကျီ အမြန်ဆုံး ၀တ်ကြ... အသက်ကယ် အင်္ကျီ တစ်ထည် လိုနေတာနဲ့ အတော်ပဲ"



*****
လက်မအားလို့ပါ

"တပ်သား မောင်မြ၊ မင်းဆီမှာ လက်နက် အပြည့်အစုံ ရှိပါ လျက်နဲ့ ဘာဖြစ်လို့ တိုက်ပွဲ ဖြစ်တဲ့ နေရာ ကနေ ထွက်ပြေး ရသလဲ"

"လက် တစ်ဖက်မှာ ရိုင်ဖယ် ရှိတယ်၊ နောက် တစ်ဖက်မှာ လက်ပစ်ဗုံး ကိုင်ထားတယ်၊ ဒါကြောင့် လက် နှစ်ဖက်လုံး မအားဘူး။ ဘာလဲ... ရန်သူ့ကို ကျွန်တော့် သွားနဲ့ ကိုက်ရမှာလား"


 *****

(မောင်ကောင်းထိုက်နှင့် တင်ဆွေမိုး ပာာသ များထဲမှ ဖြစ်ပါသည်)

Monday, June 20, 2011

ပျားရည်၏ ကောင်းကျိုးများ

ပျားရည်၏ ကောင်းကျိုးများ

ပျားရည်မှာကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအချက်အလက်တွေ မြောက်များစွာ ရှိနေတယ်ဆိုတာကို ကျွန်တော် တို့ လေ့လာကြည့်ရအောင် ။ သူ့ရဲ့ကောင်းကျိုးတွေနဲ့ သင့်ရဲ့ လူနေမှု ဘ၀ကျန်းမာရေး မှာ လွန်စွာ အသုံးဝင် ပါတယ်တဲ့ ။ ပျားရည်ရဲ့ ချိုမြတဲ့ အရသာဟာ သင့်ရဲ့ အရသာ အာရုံခံ အဖုလေးတွေကို လှုံ့ဆော်ပေး ယုံသာ မကပဲ အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ် ။ ဒါ့အပြင် အစားအစာများ ချက်ပြုတ်ရာမှာလည်း မွှေးပျံ့ သင်း ကြိုင်နေအောင် အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုး ကို ပြုလုပ်စားသုံးနိုင်ပါသေးတယ် ။ ကယ်လို ရီ မြောက်များ စွာပါဝင်ပြီး လည်ချောင်းယားယံပြီး မသက်မသာ ဖြစ်တာတွေကိုလည်း ဖုံးအုပ်ကာ ကွယ်ပေး ထားနိုင်ပါတယ် ။ ယခုဆိုရင်စမ်းသပ်လေ့လာသူတွေဟာ ပျားရည်ရဲ့ ဆေးပညာဆိုင်ရာ ကောင်းကျိုး (medical benefits ) တွေကို ရှုထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်အဖြေထုတ်နေကြပြီဖြစ်ပါတယ် ။

ပျားရည်ဟာ သင့်ရဲ့ အာခံတွင်းထဲမှာ စိတ်ကျေနပ်မှု ဖြစ်စေယုံသာမကပဲ ပိုးသန့်စင်စေခြင်း ( Antiseptic) ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေခြင်းစတာတွေကို လုပ်ဆောင်ပေး ပါတယ် ။ အမျိုးသမီးတွေမှာဆိုရင်လည်း အရေပြားနဲ့ အသားအရည်ကို ၀င်းပစိုပြည်စေပြီး ခြုံငုံပြီးကြည့် မယ်ဆို ရင် အနာကျက်မြန်ခြင်း ။မျက်ခမ်းစပ်ရောဂါကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ ဦးခေါင်း ကနေ ခြေထောက် အထိ ကျောင်းကျိုးများစွာကို ပေးစေပါတယ် ။ ပျားရည်ရဲ့ အနာကျက်မြန် တဲ့ ကောင်းကျိုး ကို ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ပြတ်ရှနာများမှားပိုအသုံးဝင်ပါတယ် ။ သာမန်ဖျား နာမှုနဲ့ ရောဂါတွေမှာလည်း ကုသမှု အဖြစ်အသုံးပြုနိုင်ပြီး မျိုးဆက်တစ်ခုမှနေ၍ နောက်တစ်ခုကို ကျန်း မာရေးကောင်း ကျိုးတွေကို ဆင့်ကဲပေးစေပါတယ် ။ UMF Manuka Honey လို့ခေါ်တဲ့ပျားရည်ဟာဆိုရင် ယနေ့ပျား ရည်ရဲ့ကျန်းမာေ၇းဆိုင်ရာ ဆွေးနွေးမှုတွေမှာ အရသာအရှိဆုံး ပျားရည်ဆေးအဖြစ် ထည့်သွင်းပြော ဆိုနေကြပြီဖြစ်ပါတယ် ။ ဒီပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ်ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ် ။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ၀မ်းသွားခြင်း ၊ အစာမကြေခြင်း ၊ အစာအိမ်အနာများနဲ့ ၀မ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ် ။

ပျားရည်ကို အစားအစာတွေမှာ အသုံးပြုခြင်းနဲ့ ကောင်းကျိုးတွေကတော့ ပျားရည်ကို ရရှိတဲပင် ရင်း နဲ့ နေရာဒေသအပေါ် မူတည်ပါတယ် ။ ပျားတွေကနေရရှိတဲ့ပျားရည်ကို အသုံးပြုပြီးတော့ propolis , royal jelly , beewax ( ပျားဖယောင်း ) စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပြီး အသက်ရှုမ၀ခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အဆင်အမြစ်နာခြင်း ၊ ၀က်ခြံနဲ့ မှိုပိုးဝင်ခြင်းစတာတွေမှာပါ အသုံးပြုတာကြောင့် ပျားရည်ကို ရိုးရာဆေး ( Traditional medicine) အဖြစ်နေရာအတော်များများမှာ အသုံးပြုနေကြပါပြီ ။ ဆက်လက်ပြီး ကျန်း မာရေး ဆိုင်ရာကောင်းကျိုးတွေကို အသေးစိတ်လေ့လာကြည့်ရအောင် ။



၁ ။ Natures's Energy Booster

အရသာ ကောင်းလွန်းတယ်ဆိုတဲ့ အပြင်ပျားရည်ရဲ့ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ် ။ သဘာဝ ကစီဓါတ် ပင်ရင်း ( Natural source of carbohydrate) ဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို ပေးစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အကူပစ္စည်း (Booster) အဖြစ်အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။ သဘာဝ သကြားအချိုအရသာဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းောကာင့် ဖြစ်ပေါ်လာတဲ့ မောပန်းခြင်းတွေကို ကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။ အဲဒီအချိန်မှာ fructose ကိုတော့ ဖြေးညှင်းစွာ စုပ်ယူပြီ့း energy ကို ပုံမှန်ပဲပေးစေ ပါတယ် ။ သွေးတွင်း သကြားဓါတ်ကိုလည်း တခြားသကြားဓါတ် များနှင့်ယှဉ်လျှင်ထိမ်း ညှိပေးနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုသိစေဖိုပအတွက်

- သင်အလုပ်သွားခါနီးတိုင်းပျားရည်တစ်ဇွန်းခန့် သောက်သုံးသွားနိုင်ပါတယ် ။
- မနက်ပိုင်းတွေမှာ မကြည်မလင်နိုးထတတ်ပြီး စွမ်းအားမပြည့်သလိုခံစားနေရရင် ပျားရည် ကို သောက် သုံး ကြည့်နိုင်ပါတယ် ။
- သင့်ကလေးငယ်တွေဟာ ပင်ပင်ပန်းပန်းဆော့ကစားပြီး ကျောင်းသွားဖို့ ငြင်းဆန်နေပါသလား ။ ပျားရည်နဲ့ sandwiches ကိုပြင်ဆင်ပေးလိုက်ပါ ။ ဒါဆို တစ်နေ့လုံး စွမ်းအားပြည့်ပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ် ။

၂ ။ Immunity System Builder

ပျားရည်ရဲ့ကောင်းကျိုးအများကြီးထဲကမှ အဖိုးတန်တဲ့အရာတစ်ခုကတော့ immune system booster အဖြစ်ဆောင်ရွက်ပေးခြင်းပါပဲ ။ ပျားရည်ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့ အစွမ်းက အစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး သင့်ကို ကျန်းမာပျော် ရွင်စေနိုင် ပါတယ် ။ ပြင်ပပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ် ။ ဒါကြောင့် မနက်စာမစားခင်လေးမှာ ပျားရည် တစ်ဇွန်းနဲ့ lemon တစ်ဇွန်းလောက်နဲ့ ရောပြီး ရေနွေးနွေးနဲ့ ဖျော်စပ်သောက်သုံးခြင်းအားဖြင့် ပျားရည် ရဲ့ကောင်းကျိုးတွေကို သိနိုင်ပါတယ် ။

၃ ။ Honey is Anti-Cancer !!

ပျားရည်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်သလား ဆိုတာ မသေချာပေမယ့် လူအများစုကတော့ ပျားရည်ရဲ့ ကင်ဆာ ကာကွယ်ခြင်း ( Carcinogen preventing) နဲ့ ကင်ဆာကာကွယ်ခြင်းဂုဏ်သတ္တိ ( Anti-tumour properties) တွေကို စူးစမ်းလေ့လာနေကြဆဲဖြစ်ပါတယ် ။

၎ ။ အိမ်တွင်းအသုံးဝင်မှုများ

- မီးလောင်နာနှင့် ပြတ်ရှနာများ

ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ပျားရည်ကို အိမ်တွင်းသုံးဆေး ၀ါးတစ်လက်အဖြစ် များစွာ သော ရော ဂါတွေနဲ့ yeast ပိုးဝင်ခြင်းတွေမှာ သုံးလာခဲ့ကြပါတယ် ။ အဆစ်အမြစ်နာခြင်း မှာလည်းအသုံး ၀င်ပြီး သူ့ရဲ့ ပိုးသတ်နိုင်တဲ့စွမ်းရည်ကြောင့် အချို့သော ဘတ်တီးရီးယားတွေရဲ့ကြီးထွားနိုင်မှု ကို တားဆီးပေးပြီး အနာသန့် ရှင်းစေခြင်းနဲ့ ပိုးမ၀င်ခြင်းကို ဖြစ်စေပါတယ် ။ အရေးပေါ် သဘာဝ ဆေးစွမ်းတစ်လက်အနေနဲ့လည်း ပြည်တည်နာများ ၊ အပူလောင်ခြင်း ၊ ဓါးရှခြင်း ကို လည်းသက်သာစေပါတယ် ။ပျားရည်ဟာ လေထဲက စွတ်စိုထိုင်း မှိုင်းမှုကို စုပ်ယူနိုင်စွမ်းရှိပြီး အနာကျက်ခြင်းကို အားပေးပါတယ် ။ ရောင်ရမ်း နာကျင်မှုများ ကိုလည်း လျော့နည်းစေပြီး အမာရွတ်တည်ခြင်းကို နည်းစေပါတယ် ။ Anitbacterial property များစွာပါဝင်တဲ့ UMF Manuka ကို wound dressing အတွက် အသုံးများကြပါ့တယ် ။

-အရက်သောက်သူများအတွက်
သင်ဟာ တခါတရံမှာ အများကြီး သောက်မိတယ်ဆိုရင် ပျား၇ည်ကို သုံးစွဲကြည့်ပါ ။ ပျားရည်ဟာ အစာအိမ်ကို သိမ်မွေ့စေပြီး fructose ပါဝင်တဲ့အတွက် အသည်းကနေ အရက်ကို oxidation ဖြစ်စေတဲ့အရှိန်ကို မြင့်တက်စေပါတယ် ။ ဒါကို sobering agent လို့လည်းခေါ်ပါတယ် ။ လိမ္မော်ရည် 80ml မှာ ပျားရည် 15ml နှင့် ဒိန်ချဉ် 70ml ရောစပ် မွှေနှောက်ကာ အရက်နာကျခြင်းကို ဖြေပေးနိုင်ပါတယ် ။

-ချောင်းဆိုး အာသီးရောင်ခြင်း
အာသီးရောင်ချောင်းဆိုးခြင်းကိုလည်း ပျားရည်က နိုင်စေပါတယ် ။ Professional singer တွေဟာ sore throats ကိုကာ ကွယ်ပေးနိုင်ဖို့အတွက် သီချင်းမဆိုခင်မှာ ပျား၇ည်ကို သောက်သုံးလေ့ရှိကြပါတယ် ။ တ ရုတ်တွေ ကတော့ အပူများရင်အာသီးရောင်တယ်လို့ ယုံကြည်ကြပြီး ပျားရည်ကို သောက်သုံးကြပါတယ် ။ ပျားရည်နှစ် ဇွန်းခန့်နဲ့ lemon လေးဇွန်း ကိုရောစပ် ဆားအနည်းငယ်ထည့်ပြီး အာသီးရောင်နေ စဉ်အ တွင်း သောက် သုံးကြည့်ပါ ။

- အိပ်မပျော်ခြင်း
သင်အိပ်မပျော်ဘူးလား ။ နို့နဲ့ပျားရည်ကို သောက်သုံးကြည့်ပါ ။ နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရော စပ်ပြီး အအေးခံသောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် ။

Ref : Internet ( Benefits of honey )

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်....................