Menu

Popular Posts

Wednesday, September 28, 2011

ရေ၏အံ့အားသင့်ဖွယ်အစွမ်းများ

သင့်ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ရေကို
သောက်သုံးဖြစ်ရဲ့လား။ ယေဘုယျအားဖြင့် အာဟာရ ပညာရှင်တွေက ရေနဲ့ ပတ်သက်ပြီး
“8 x 8 rule” ကိုချမှတ် ထားပါတယ်။ တစ်နေ့မှာ ရေရှစ်အောင်စ ပါတဲ့ ဖန်ခွက်
ရှစ်ခွက်ပြည့်အောင် သောက်ပေးရပါမယ်တဲ့။ အားကစားလုပ်ရင် ဒါမှမဟုတ်
ချွေးထွက်တာ များရင်တော့ ရေကို ပိုသောက်ပေးဖို့ လိုအပ်ပြီး
တခြားဖျော်ရည်တွေ သောက်ရင် ရေကိုလျှော့သောက် ပေးနိုင်ပါတယ်။
ရေသောက်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးအာနိသင်ကတော့ ခုနစ်မျိုးရှိပါတယ်။

**
*၁။ သွယ်လျစေခြင်း*
ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစာမစားခင် ရေတစ်ဖန်ခွက် သောက်လိုက်ပါ။
ရေသောက်လိုက်တဲ့ အခါ ဗိုက်ပြည့်တဲ့ ခံစားချက်ရသွားပြီး ကယ်လိုရီများတဲ့ အစားအစာ
တွေကို
စားချင်စိတ်လျော့နည်း သွားပါတယ်။ ဒါ့အပြင် ရေသောက်တာက ဇီဝရုပ် ဖြစ်ပျက်မှု
အားကောင်းစေတဲ့ အတွက် အပိုကယ်လိုရီတွေကို လောင်ကျွမ်း သွားစေပါတယ်။
**
*၂။ စွမ်းအင်တိုးစေခြင်း*
ပင်ပန်းနွမ်းနယ်ကာ အားအင်ကုန်ခန်းသလို ခံစား နေရရင် ရေတစ်ဖန်ခွက် သောက်လိုက်
ပါ။ ရေဓာတ် ခန်းခြောက် ခြင်းကြောင့် သင်ဟာ နုံးချည့်ပြီး ပင်ပန်းနေတတ်ပါတယ်။
ရေဟာ
ခန္ဓာကိုယ်ထဲက ဆဲလ်တွေဆီ အောက်ဆီဂျင်နဲ့ တခြားမရှိမဖြစ် အာဟာရတွေ
ပို့ဆောင်ပေး နိုင်အောင် ကူညီပေးပါတယ်။ ရေဓာတ်ပြည့်ဝ နေရင် သင့်နှလုံးဟာ
ခန္ဓာကိုယ် တစ်လျှောက် သွေးပို့ပေးဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ
မလိုတော့ပါဘူး။
**
*၃။ စိတ်ဖိစီးမှု လျော့ကျစေခြင်း*
ဦးနှောက် တစ်သျှူးတွေရဲ့ ၈၅ ရာခိုင်နှုန်းက ရေတွေ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်
နေရင် သင့်ခန္ဓာကိုယ်ရော စိတ်နှလုံးပါ ဖိစီးနွမ်းနယ်နေတတ်ပါတယ်။
စိတ်ဖိစီးမှုအဆင့်
လျော့ကျဖို့အတွက် အလုပ်စားပွဲမှာ ရေပုလင်းထားရှိပြီး မကြာခဏ သောက်ပါ။
**
*၄။ ဆီးကျောက်တည်မှု နည်းစေခြင်း*
ရေကို လုံလုံလောက်လောက် မသောက်တဲ့ သူတွေမှာ ဆီးကျောက်တည်တဲ့နှုန်း မြင့်တက်
လာပါတယ်။ ရေဟာ ဆီးကျောက်ဖြစ်လာစေမယ့် ဆားနဲ့ သတ္တုဓာတ်တွေကို
ပျော်သွားစေတာကြောင့် ရေသောက်များတဲ့သူတွေမှာ ဆီးကျောက်တည်နှုန်း နည်းရတာပါ။
**
*၅။ ကြွက်သား သန်မာစေခြင်း
*ရေသောက်တာဟာ ကြွက်တက်ခြင်း မဖြစ်အောင် ကာကွယ် ပေးပြီး ခန္ဓာကိုယ်က အဆစ်တွေကို
လုပ်ဆောင် အားကောင်း စေပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ခန္ဓာကိုယ်ကြွက်သားနဲ့
အရိုးအဆစ်တွေကို ကြာကြာ ပြုလုပ်နိုင်ပါတယ်။
**
*၆။ အရေပြား တင်းရင်းစေခြင်း*
ရေဓာတ်ခန်းခြောက် နေချိန်မှာ အရေးကြောင်းတွေ သိသာနေ တတ်ပါတယ်။ ရေဆိုတာ သဘာဝ
အရေပြား တင်းရင်း စေတဲ့အရာပါ။ ရေသောက်တာ ကြောင့် အရေပြားဆဲလ်တွေ အစိုဓာတ်
ရစေပြီး
တင်းရင်းပြည့်ဖြိုး စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေ
ထွက်သွားစေပြီး သွေးလှည့်ပတ်မှု အားကောင်းကာ မျက်နှာ အသားအရေ ကြည်လင်တောက်ပ
စေပါတယ်။
**
*၇။ အစာကြေညက်စေခြင်း*
အမျှင်ဓာတ်လိုပဲ ရေဟာ အစာကြေညက် စေပါတယ်။ ရေဟာ မကောင်းတဲ့ အရာတွေကို
ပျော်စေပြီး အစာခြေ လမ်းကြောင်းက တစ်ဆင့် ချောချောမွေ့မွေ့ ထွက်ရှိနိုင်အောင်
ကူညီပေးတတ်ပါတယ်။
ရေဓာတ်ခန်းခြောက် နေရင် ခန္ဓာကိုယ်က ရေအားလုံး စုပ်ယူကာ စွန့်ပစ်ပစ္စည်းတွေ
ထွက်ရှိဖို့ ခက်ခဲသွားစေပါတယ်။

Lunch စကားလုံး အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများကတော့ a free lunch, power lunch, hand somebody his lunch နဲ့ out to lunch တို့ဖြစ်ပါတယ်။


ပထမတင်ပြပေးမယ့် အီဒီယံအသုံးက a free lunch ဖြစ်ပါတယ်။ A က တခု၊ Free က အလကား၊ အခမဲ့၊ Lunch က နေ့လည်စာ တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အလကားစားရတဲ့ နေ့လည်စာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ အမေရိကန် ဆိုရင်စကားတခုကို ပထမဦးဆုံး ရှင်းပြလိုပါတယ်။


အဲဒီ အသုံးကတော့ "There is no such thing as a free lunch" ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အလကားကျွေးမဲ့ နေ့လည်စာမျိုး ဘယ်တော့မှ မရှိဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။


ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနက် တနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ ဘာမှ အလကားမရပါဘူး။ ဆိုလိုတာကတော့ ထိုင်နေလို့တော့ ကိုယ့်ပေါင်ပေါ် ကျ, မလာဘူး၊ ဒီအတိုင်းနေလို့တော့ ဘာမှဖြစ်မလာဘူး၊ ကိုယ်လုပ်မှ ကိုယ်ရမယ့် သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် သူများကို မှီခို၊ သူများကိုကပ်စား လူပျော့၊ လူညံ့။ တနည်းအားဖြင့် ဆန်ကုန်မြေလေး လူမျိုးအတွက်တော့ ဒီနိုင်ငံမှာ နေရာမရှိဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။


ကျမတို့ မြန်မာမှာတော့ ကြိုးစားမှ ဒိုးပြားရမယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပညာရေးမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကြိုးစားရမယ် ဖြစ်ပါတယ်။ တခါတရံ သူများကျွေးတဲ့ထမင်း စားပြီးတဲ့နောက်မှာ တခုခုကို ပြန်လုပ်ပေးရမဲ့ တာဝန်ရှိတဲ့သဘော၊ ကျေးဇူးတုန့်ပြန်ရတဲ့ သဘောကိုလည်း ရည်ညွန်းပြောဆိုနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး နဲ့ စီးပွားရေးလုပ်ငန်းတို့မှာ ဖြစ်ပါတယ်။


အမေရိကန်နိုင်ငံမှာ ဆိုရင် lobbyists ဆက်သွယ်စည်းရုံးဆော်သြော်သူတွေ ရှိပါတယ်။ သူတို့က လူစုလူဝေး အုပ်စုရှိကြပြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း အုပ်စုတွေကိုယ်စား သူတို့က အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ချည်းကပ်ပြီးတော့ အကျိုးကိုရှေ့ ရှုဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။ သူတို့က အဲဒီ အစိုးရတာဝန်ခံတွေကို ထမင်းဖိတ်ကျွေး၊ သွားလိုရာခရီးတွေကို အကုန်အကျခံပြီး လိုက်ပို့ပေး၊ မိတ်ဆွေ အပေါင်းအသင်းတွေလုပ်ပြီး ကျေးဇူးတုန့်ပြန် မျှော်ကိုးကြတာဖြစ်ပါတယ်။ အပေါင်းအသင်းနဲ့ အလုပ်ဖြစ်အောင် လုပ်ကြတာဖြစ်ပါတယ်။


လွှတ်တော်အမတ်တဦးအနေနဲ့ ဒီလိုချည်းကပ်လာမှုကို ရှောင်ရှားပုံနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။






"I've never let lobbyists buy me lunch, or do any favour for me. Early in my political career, I learned the truth as the old saying there is no such thing as a free lunch."


"ကျနော်အနေနဲ့ လာပြီးစည်းရုံးသူတွေထံကနေ ဘယ်တော့မှ (ထမင်း) အလကား မစားဘူး။ သူတို့ကိုလည်း ကျနော့်အတွက် ဘာမှမလုပ်ခိုင်းဘူး။ ကျနော်နိုင်ငံရေး လုပ်စကတည်းက အလကားစားရတာ ဘယ်မှာမှမရှိဘူးဆိုတဲ့ ဆိုရိုးစကားဟာ သိပ်မှန်တယ်ဆိုတာကို ကိုယ်တွေ့ သိခဲ့ရပါတယ်။"




ဒုတိယတင်ပြပေးမဲ့ အီဒီယံမှာ power lunch ဖြစ်ပါတယ်။ Power က စွမ်းအား၊ အာဏာ၊ Lunch က နေ့လည်စာ ဖြစ်ပါတယ်။ စကားစုတခုလုံးက လုံးကောက်အဓိပ္ပါယ်ကတော့ တန်ခိုးအာဏာရှိသူတို့ရဲ့  နေလည်စာ လို့ ပြောနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ အရေးပါ၊ တန်ခိုးအာဏာရှိတဲ့ အထက်အရာ ပုဂ္ဂိုလ်တွေက အတူတူ စားကြသောက်ကြတာကို ဆိုလိုပါတယ်။ ကောင်းပေ့၊ ဈေးကြီးပေ့ ဆိုတဲ့ ပျော်ပွဲစားရုံးတွေမှာ စားကြသောက်ကြတာကို ဆိုလိုပါတယ်။ အဲဒီမှာ ခေါ်သွားသူ ကော်မတီဘက်က လုပ်ငန်းအသုံးစရိတ်ဆိုပြီး အကုန်ကျခံတာ ဖြစ်ပါတယ်။


ဒီလို စားသောက်ဆိုင်မှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေက အဲဒီမှာ အလုပ်လုပ်ရတာ အရမ်းကောင်းတယ်လို့ ပြောတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။






"My brother works in a place that is very popular for power lunches. And, he gets plenty of nice big tips because these people like to show off in front of each other."


"တန်ခိုးထွားသူတွေ လာစားကြတဲ့ဆိုင်တဆိုင်မှာ ကျနော့်ညီက အလုပ်လုပ်တယ်။ အဲဒီမှာ ဒီလိုစားသောက်သူတွေ ပေးတဲ့ ဘောက်ဆူးငွေတွေလည်း အများကြီးရတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလူတွေက တဦးရှေ့ တဦး အပြိုင်ကြွားချင်လို့ ပြိုင်ပြီးပေးကြလို့ ဖြစ်ပါတယ်။"




တတိယ အီဒီယံအသုံးကတော့ to hand somebody his lunch ဖြစ်ပါတယ်။ To hand က ဒီနေရာမှာ ကြိယာအဖြစ် အသုံးပြုထားပြီးတော့ လက်ကမ်းပေးတာ ဖြစ်ပါတယ်။ Somebody က တဦးတယောက်သောသူ၊ His က သူ၏ နဲ့ Lunch နေ့လည်စာ ဆိုတော့ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က တစုံတယောက်သောသူကို သူရဲ့ နေ့လည်စာ ကမ်းပေးခြင်းလို့ ပြောနိုင်ပါတယ်။
တကယ်တော့ ဒီအီဒီယံ က ဒီလိုအဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ အားကစားပြိုင်ပွဲတခုမှာ ယှဉ်ပြိုင်သူကို အနိုင်ရရှိလိုက်ခြင်းလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒီလိုအဓိပ္ပါယ်ဆောင်လာရခြင်းရဲ့  အကြောင်းတရားကို ဘယ်သူကမှ စဉ်းစားလို့မရနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အားကစားသတင်းထောက်တွေ နဲ့ အားကစားပရိသတ်တွေလောကမှာ ဒီအသုံးက ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာမှာ နေ့လည်စားမဟုတ်ပေမဲ့ တဖက်ယှဉ်ပြိုင်ဖက်ကို ဆန်ပြုတ်တိုက်လိုက်ရင် ဆန်ပြုတ် ဆုတ်ပြန်ဆိုပြီး အနိုင်ယူလိုက်နိုင်တဲ့သဘော ပြောတဲ့စကားရှိတာ အများအသိဖြစ်ပါလိမ့်မယ်။


သူတို့ တက္ကသိုလ်အသင်းက အနိုင်ရရှိလိုက်လို့ ပျော်မဆုံးဖြစ်တဲ့ တက္ကသိုလ်ကျောင်းသားတဦးပြောတဲ့ George Crow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။






"We haven't been able to beat that school for more than ten years, but we sure handed them their lunch today. We buried them 35 to 7."


"ကျနော်တို့ ဒီကျောင်းကို အနိုင်မရနိုင်ခဲ့တာ ဆယ်နှစ်ကျော်သွားပြီ။ ဒါပေမဲ့ ဒီနေ့တော့ ကျနော်တို့ သူတို့အသင်းကို တကယ်ပဲ ဆန်ပြုတ်တိုက်လိုက်ပြီ။ ၃၅ မှတ် ၇ မှတ်နဲ့ အပြတ်အနိုင်ရလိုက်တယ်။"




နောက်ဆုံးတင်ပြမဲ့ အီဒီယံအသုံးကတော့ out to lunch ဖြစ်ပါတယ်။ Out က အပြင်မှာ ထွက်နေတာ၊ (to) Lunch က နေ့လည်စာ ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်က နေ့လည်စာ အပြင်ထွက်စားခြင်း ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ သတိမေ့လွယ်တဲ့ အကျင့်ရှိလို့ ဗလုံးဗထွေးဖြစ်နေတဲ့အတွက်ကြောင့် လက်တွေ့ဘဝနဲ့ ကင်းကွာနေတဲ့အခြေအနေကို ရောက်နေတဲ့ ကြောင်တောင်တောင် ဖြစ်နေတာကို ဆိုလိုပါတယ်။


ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး အသက်အရွယ် အိုမင်လာပြီးဖြစ်တဲ့ စီးပွားရေးကော်မတီတခုရဲ့  အကြီးအကဲ တယောက်နဲ့ ပတ်သက်လို့ အမှုထမ်းတယောက်ရဲ့  ကောက်ချက်ချပြောကြားတဲ့ George Crows ဥပမာကို လေ့လာကြည့်ရအောင်။






"I am afraid it's time for our president to retire. He is so forgetful and mix it up these days. He doesn't know what is going on around here. In fact he has been out to lunch for years."


"ပြောရမှာတော့ ဝမ်းနည်းပါတယ် ကျနော်တို့ ဥက္ကဌကြီး အနားယူဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ အခု ရက်တွေအတွင်း မေ့လိုက်တာလည်း လွန်ပါရော။ လုပ်ငန်းခွင်မှာ ဘာတွေဖြစ်နေဆိုတာ သူလုံးဝ မသိတော့ဘူး။ တကယ်ဆို သူဟာ လက်တွေ့ဘဝနဲ့ ကင်းကွာနေပြီး ကြောင်တောင်တောင် ဖြစ်နေတာ နှစ်နဲ့ချီ ရှိနေပါပြီ။"






Ref : VoA LearnEnglish


Read more: Lunch စကားလုံး အီဒီယံ အသုံးအနှုန်းများ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A423481&xgs=1&xg_source=msg_share_topic#ixzz1ZBz8BmkQ

Colour Idioms | Learn English | Idioms

Online Security အတွက် အချက် (၁၀) ချက်

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်တာနက် သုံးစွဲမှုနှုန်း

ရုတ်တရက် မြင့်တက်လာတဲ့ နည်းတူပဲ အွန်လိုင်းကနေ တဆင့် အချက်အလက် ခိုးယူမှု၊ ဘဏ်အကောင့် နံပါတ်ခိုးယူ သုံးစွဲမှု၊ စတဲ့ ဆိုက်ဘာ ဒုစရိုက်မှုတွေလည်း တပြေးညီ မြင့်တက် လာခဲ့ပါတယ်။
ဒီနေ့ခေတ်ရဲ့ အင်တာနက်သုံးစွဲသူအားလုံးရဲ့ 91% ဟာအွန်လိုင်း အန္တရာယ်တွေရဲ့ ခြိမ်းခြောက်ခံနေရပြီး ဘယ်ကိုကာကွယ်ရမလဲဆိုတာလဲ မသိကြရပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ Online Security အတွက် လုံခြုံ စိတ်ချရအောင် ကာကွယ်ပေးနိုင်တဲ့ အချက် (၁၀) ချက်ကို အောက်မှာ ဖော်ပြပေးလိုက် ပါတယ်။
 
နံပါတ် (၁)
သင့်ကွန်ပျူတာမှာ ကောင်းမွန်တဲ့ Antivirus နဲ့ Anti-spyware တွေ Install လုပ်ထားဖို့လိုအပ်ပြီး အမြဲ Up-to-date ဖြစ်နေအောင် ပြုလုပ်ထားသင့်ပါတယ်။ Recommended ပေးထားတဲ့ Anti-spyware တွေကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
နံပါတ်(၂)
ကိုယ်ကိုယ်တိုင် သိတဲ့၊ သုံးနေကျဖြစ်တဲ့၊ ယုံကြည်ရတဲ့ website တွေကိုသာ ၀င်ရောက်ကြည့်ရှုသင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ တစ်ခါမှ မသုံးဘူးတဲ့ website တစ်ခုကို ၀င်ကြည့်မယ်ဆိုရင်တော့ ကြော်ငြာ(Ad) တွေ၊ ခေါင်းစည်း(Banner) တွေကို Click မနှိပ်မိဖို့ သတိထားပါ။
နံပါတ်(၃)
Email ကတဆင့် ရောက်ရှိလာတဲ့ Attachment File တွေကို Download မယူခင်ရော ယူပြီး မ Run ခင်မှာပါ Virus Scan စစ်ဆေးပါ။
နံပါတ်(၄)
သင့်ရဲ့ Operating System နဲ့ Browser တို့ကို ပုံမှန် Update ပြုလုပ်ပေးပါ။ ပိုကောင်းတဲ့ လုံခြုံရေးအတွက်ဆိုရင် အင်တာနက်သုံးစွဲတဲ့အခါ ကိုယ်သုံးတဲ့ Browser ရဲ့ နောက်ဆုံးထုတ် Version ကိုအသုံးပြုပြီး သုံးစွဲသင့်ပါတယ်။
နံပါတ်(၅)
သင့်ရဲ့ Password ( Email, Bank Account ) တွေကို ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ ဘယ်လို အကြောင်းပြချက် အတွက်ဖြစ်စေ Share မသုံးမိပါစေနဲ့။ Password ရွေးချယ်တဲ့အခါမှာလဲ Strong ဖြစ်အောင်ရွေးပါ။ Password တစ်ခုရွေးတဲ့အခါ
1. Capital Letters
2. Small Letters
3. Symbols
4. Numbers

အထက်ပါ (၄) ခုအနက် (၃) ခု ပါဝင်သင့်ပါတယ်။ Password ကိုလဲ (၃) လတစ်ကြိမ်လောက် အသစ်ပြောင်းသင့်ပါတယ်။ ပြီးတော့ အလွယ်တကူ ခန့်မှန်းနိုင်တဲ့ Password မျိုးတွေ မပေးသင့်ပါဘူး။ ဥပမာပြောရရင်- ဖုန်းနံပါတ်၊ ချစ်သူရည်းစားအမည်၊ စသည်ပေါ့။
နံပါတ်(၆)
Website တစ်ခု ဖွင့်မယ်ဆိုရင် Browser Address Bar ပေါ်မှာ URL ကို အပြည့်အစုံရိုက်ပါ။ ဥပမာ သင်က Gmail ကိုဝင်မယ်ဆိုရင် http://mail.google.com လို့ http:// ပါ ပါအောင် ရိုက်ပါ။
နံပါတ်(၇)
Login Page တစ်ခုမှာ Password ရိုက်ထည့်တော့မယ်ဆိုရင် အပေါ်က Address မှာ http အစား https လို့ ပြောင်းနေလား သေချာအောင်ကြည့်ပါ။ Https ဟာ SSL ( Secure Sockets Layer) ဖြစ်ပြီး Http ထက် ပိုပြီး Security ကောင်းပါတယ်။
နံပါတ်(၈)
Phishing Emails ( မေးလ်အတုများ ) ကိုသတိထားပါ။ သင့်ထံရောက်လာတဲ့ မေးလ်တွေထဲက ဥပမာ- ဒီလင့်ခ်ကို နှိပ်ပြီး Account Settings ကို ပြောင်းရန် အစရှိသည်အားဖြင့်ဖော်ပြထားတဲ့ မေးလ်တွေက Link တွေကိုမနှိပ်မိပါစေနဲ့။ သင့်ကို Spoofed Pages ( Page အတု )တွေဆီကို ခေါ်သွားပြီး Login ၀င်ခိုင်းနိုင်လို့ပါ။ Phishing နဲ့ Spoofed အကြောင်း နောက်ပိုင်းမှာ အကျယ်ရှင်းပြပါ့မယ်။
နံပါတ်(၉)
အသုံးပြုပြီးတဲ့အခါ အမြဲတမ်း Logout ထွက်ပါ။ Logout ထွက်ရုံတင်မက Browser ရဲ့ Cache နဲ့ History တွေကို ရှင်းပေးပါ။ ( Mozilla Firefox မှာဆိုရင် Tools ထဲက Clear Private Data ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear လုပ်ပေးပါ )
နံပါတ်(၁၀)
Internet Cafe တွေက Public Computers တွေမှာ Bank အကောင့်လို အရေးကြီးတဲ့ အချက်အလက်မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ်ဆိုရင်လဲ Spyware, keystroke-logger, password-sniffer တွေလိုမျိုး Software တွေ အဲဒီ Computer တွေမှာ Install လုပ်ထားမထား သေချာအောင်လုပ်ပါ။
အထက်ပါအချက် (၁၀) ချက်ကိုလိုက်နာခြင်းဖြင့် သင့်အတွက် ဆိုက်ဘာအန္တရာယ်မှ 90% ကာကွယ် ပေးနိုင်ပါလိမ့်မယ်။ ဆိုက်ဘာ တိုက်ခိုက်ခံရမှု အန္တရာယ်မှ ကင်းဝေးကြပါစေ။
မွန်ခိုက် | PatheinCity News | ဆောင်းပါး

Monday, September 26, 2011

သနပ်ခါး







dsc01274.jpg


ပုံ ။  ရှင်မတောင်သနပ်ခါး 




theethee.jpg




theethee2.jpg


ပုံ ။  သီးသီး




dsc01275.jpg


        သနပ်ခါးကို ကျွန်မတို့ မြန်မာလူမျိုးများ နှစ်သက်ကြပါတယ်။မွေးကင်းစ အနှီးထုပ်အရွယ်တည်းက စလို့ သနပ်ခါးလိမ်းကြပါတယ်။
       မြန်မာနိုင်ငံမှာ ဘယ်နေရာကို သွားသွား သနပ်ခါးမျက်နှာများကို တွေ့ကြရမှာပါ။
သနပ်ခါးရဲ့ ရုက္ခဗေဒ အမည်ကတော့ Limonia crenulata  ဖြစ်ပြီး chinese box tree လို့ လူသိများပါတယ်။

     သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ တို့မှာ တွေ့ရှိရပါတယ်။
မြန်မာ့သနပ်ခါးထဲမှာ လူကြိုက်အများဆုံးကတော့ ရှင်မတောင် သနပ်ခါးဖြစ်ပါတယ်။
       ရှင်မတောင်သနပ်ခါးရဲ့ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း ရှင်မတောင် သနပ်ခါးကို နှစ်သက်ကြခြင်း ဖြစ်ပါတယ်။ ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးတယ်။ ရွှေဘိုသနပ်ခါးက ရှင်မတောင်သနပ်ခါးလို ထူးခြားစွာ အနံ့ မမွှေးပျံ့ ပေမယ့် ၀င်းဝါတဲ့ အဆင်းကိုပေးပြီး ညက်လှတဲ့အတွက် ရွှေဘိုသနပ်ခါးကိုလည်း ကျွန်မတို့ မြန်မာအမျိုးသမီးများက နှစ်သက်ကြပါတယ်။
သနပ်ခါးပင်နဲ့ မျိုးစိတ်နာမည်တူပြီး သနပ်ခါးနဲ့ လို့လည်း ခေါ်ဆိုကြတဲ့ သီးပင် (Limonia acidissima)လည်းရှိပါသေးတယ်။ သီးပင်ကို wood apple လို့ အမည်ခေါ်ဆိုကြပါတယ်။ မြန်မာလူမျိုးများက သီးပင်ရဲ့ အသီးကို ထန်းလျက်နဲ့ပေါက်ကာ ရောမွှေစားလေ့ရှိကြပါတယ်။ သီးပင်ရဲ့ အခေါက်ဖြစ်တဲ့ သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြပါတယ်။ ရှင်မတောင်သနပ်ခါးလို့ အနံ့ မမွှေးပျံ့  သော်လည်းပဲ ကျောက်ပျဉ်မှာ ရေနဲ့ သွေးလိုက်တဲ့အခါမှာ စေးနေပြီးတော့ လိမ်းလိုက်ရင် အသားအရေ စိုပြေ ၀င်းပလာတာကြောင့် ကျွန်မတို့ မြန်မာအမျိုးသမီးများက သီးခေါက်ကိုလည်း နှစ်သက်ကြပါသေးတယ်။
      သနပ်ခါးကို မြန်မာလူမျိုးများနှစ်သက်ကြတာဟာ သနပ်ခါးရဲ့
ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိကြောင့်လည်းပဲ ဖြစ်ပါတယ်။
နေလောင်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ သနပ်ခါးကို ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ မြန်မာနိုင်ငံမှာ အရေပြားထိန်းသိမ်းဖို့အတွက် အဓိကထားကြပါတယ်။အရေပြားယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနဲ့ရောသွေးကာ လိမ်းကျံကြပါတယ်။ မျက်နှာမှာ ၀က်ခြံကင်းပြီး အသားအရေ ချောမွေ့ဖို့အတွက် သနပ်ခါးက ဆေးဖက်ဝင်ပါတယ်။
        ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ နှစ်စဉ် သင်္ကြန်အကြိုနေ့တိုင်းမှာ သနပ်ခါးသွေးပွဲ ကျင်းပလေ့ရှိပါတယ်။
သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားလေးများက သီချင်းများ တီးမှုတ်သီဆိုကြပါတယ်။ သွေးပြီး ရရှိလာတဲ့ သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နဲ့ ဆေးကြာပြီး ကုသိုလ်ယူကြတဲ့ ဓလေ့ဟာ ယခုထိတိုင် ရခိုင်ပြည်နယ်မှာ ရှိနေပါတယ်။
      သနပ်ခါးအတုံးကို ကျောက်ပျဉ်မှာ ရေနဲ့သွေးလိမ်းခြင်းအပြင် သနပ်ခါးမှုန့်ကိုလည်း မျက်နှာလိမ်း ပေါင်ဒါ အဖြစ် အသုံး ပြုကြ ပါတယ်။
 အဆီပြန်တဲ့ အသားအရေ ရှိသူများအတွက် သနပ်ခါးဟာ အသင့်တော်ဆုံး အလှပြင် သဘာဝ မိတ်ကပ်တစ်မျိုးပဲ ဖြစ်ပါတယ်။

        ရှင်မတောင်သနပ်ခါးတုံးများကို သိမ်းဆည်းတဲ့အခါမှာ ပလပ်စတစ်အိတ်ထဲ ထည့်ပြီး သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။ သစ်သားစားပွဲပေါ်မှာ သစ်သားနဲ့ ထိထားရင် ရှင်မတောင်သနပ်ခါးနံ့သာ သစ်သားဆီကို ကူးသွားပြီး ရှင်မတောင်သနပ်ခါးက အနံ့ ပြယ်သွား တတ် ပါတယ်။

        ရှင်မတောင်သနပ်ခါးတုံးများ အထားကြာလို့ မမွှေးတော့ဘူးဆိုရင် ရေနွေးပွက်ပွက်ဆူကို သနပ်ခါးတုံးပေါ် လောင်းချလိုက်ရင် အနံ့ပြန်မွှေးလာပါတယ်။ ရှင်မတောင် သနပ်ခါးတုံးကို ရေနွေးပူပူနဲ့ ဆေးကြောပြီး နေပူပူမှာ နေလှန်းထားရင် ရှင်မတောင်နံ့ အလွန်မွှေးပျံ့ နေမှာ
 ဖြစ်ပါတယ်။
 


လောကအလှအွန်လိုင်းမဂ္ဂဇင်းမှကူးယူတင်ပြပါသည်ရှင့်..။

ကမ္ဘာကျော်အလွဲများ

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့ပါနော်၊ ဒီနေ့ကတော့ လွဲတာတွေပဲ ပြောတော့မယ်ဗျာ၊ ဒါကတော့ ရယ်စရာမဟုတ်ဖူးနော် မှတ်သားစရာလေးတွေ ပေါ့ဗျာ၊ ပြောပြမယ်နော်....

၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။

၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။

င်္၃။ Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။

၎။ Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။

၅။ Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။

၆။ Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။

သူငယ်ချင်းတို့ရေ၊ ကျနော် ပြောတာ မှားရင်လည်း စိတ်ဆိုရဘူးနော်၊ အမြင်လေးတွေ ဖလှယ်ချင်ပါတယ်...

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Lost/Talk/Tell/That/Up)

Get lost! ((ဝေးဝေး)သွားစမ်းကွာ!)


You say get lost! when you tell someone rudely to go away:
(get lost ((ဝေးဝေး)သွားစမ်းကွာ ကို တစ်ယောက်ယောက်အား သင့်အနားကနေ ဝေးဝေးသွားစေလိုတဲ့အခါ ပြောသည့် မယဉ်ကျေးသော အသုံးအနှုန်းဖြစ်သည်။)

  • Get lost! Can't you see I'm busy?
    (ဝေးဝေးသွားစမ်း
    ကွာ။ ငါအလုပ်များနေတာ မမြင်ဘူးလား။)
  • Get lost? I'm trying to work!
    (ဝေးဝေးသွားစမ်း။ ငါအလုပ်လုပ်ဖို့ ကြိုးစားနေတယ်။)


Look who's talking!  (မင်းကပဲ ပြောရတယ်ရှိသေး!)


You say look who's talking! when you tell someone that they are criticizing someone for doing something that they do themselves:
(လူတစ်ဦးတစ်ယောက်က ကိုယ်ကိုယ်တိုင်လုပ်တတ်တဲ့ အပြုအမူမျိုးနှင့် ပါတ်သက်ပြီး တစ်ခြားသူ တစ်ဦးဦးကို အပြစ်တင် ဝေဖန်တဲ့အခါ ထိုသူအား look who's talking! (မင်းကပဲပြောရတယ်ရှိသေး!) ဆိုပြီး ပြောတဲ့ အသုံးအနှုန်းပင်ဖြစ်သည်။)

  • 'Joe shared my room last night and he kept me awake all night by snoring.'
    (ညက ဂျိုး (Joe) ကျွန်တော့အခန်းမှာ လာအိပ်တယ်။ သူ့ဟောက်သံကြောင့် ကျွန်တော် တစ်ညလုံးအိပ်လို့မရဘူးဗျာ။)

    'Look who's talking! Everyone in the flat can hear you snoring every night.'

    (မင်းကပဲပြောရတယ်ရှိသေး!
    ညတိုင်းမင်းဟောက်သံကို တိုက်ခန်းမှာရှိတဲ့လူတိုင်း ကြားနေရတယ်။)
  • 'Sara spends a huge amount of money on clothes.'
    (ဆာရာ (Sara) ဟာ အ၀တ်အစားနဲ့ ပတ်သက်ပြီး ငွေပမာဏ အများကြီး သုံးတယ်။)

    'Look who's talking!
    You buy something new to wear every week.'
    (မင်းကပဲပြောရတယ်ရှိသေး! မင်းလည်း အပတ်တိုင်း အ၀တ်အစားအသစ်ကို ၀ယ်တာပဲလေ။)


I told you so (ငါပြောသားပဲ)


You say I told you so when you had warned someone that something bad would happen and it did:
(တစ်ဥိးတစ်ယောက်ကို မကောင်းတဲ့ ကိစ္စတစ်ခုခုဖြစ်လိမ့်မယ်လို့ ကိုယ်ကသတိပေးထားပြီး ထိုကဲ့သို့ သတိပေးထားသည့် အတိုင်း ဖြစ်လာသည့်အခါတွင် (I told you so) ငါပြောသားပဲ လို့ ပြောလေ့ပြောထ ရှိပါတယ်။)

  • 'The second-hand computer which I bought isn't very reliable.'
    (ငါဝယ်လာတဲ့ တစ်ပါတ်ရစ်ကွန်ပျူတာက သိပ်စိတ်မချရဘူး။)

    I told you so
    when you were buying it, but you wouldn't listen.'
    (မင်းဝယ်နေတုန်းက ငါပြောသားပဲ။  ဒါပေမယ့် မင်းမှ နားမထောင်တာ။)

  • 'The heating system doesn't work properly.'
    (အပူပေးစနစ်က ကောင်းကောင်းအလုပ်မလုပ်ဘူး။)

    'I told you so
    when you rented the flat, but you wouldn't believe me.'
    (
    မင်းတိုက်ခန်းငှားတုန်း ငါပြောသားပဲ။ ဒါပေမယ့် မင်းငါ့ကို မယုံခဲ့ဘူး။)


The expression what did I tell you? has a similar meaning:
(What did I tell you? ဆိုတဲ့ အသုံးအနှုန်းဟာလည်း တူညီတဲ့ အဓိပ္ပါယ်ရပါတယ်။)

  •  I offered Jim the job, but he didn't turn up for work.'
    (ကျွန်တော် ဂျင်(မ) (Jim) ကို အလုပ်ပေးခဲ့ပေမယ့် သူဟာ အလုပ်လုပ်ဖို့ ရောက်မလာပါဘူး။)
    What did I tell you?
    Jim's lazy and unreliable.'
    ( မင်းကိုငါဘာပြောခဲ့လဲ? ဂျင်(မ) (Jim) က အပျင်းထူပြီး စိတ်မချရပါဘူး။)



And that's that! (ဒါပဲ!)


You say and that's that! when you have come to a decision which you will not change and do not want any more discussion about the subject:
(and that’s that (ဒါပဲ!) ကို မပြောင်းလဲတဲ့ ဆုံးဖြတ်ချက်ချပြီးနောက် အဲ့ဒီကိစ္စနှင့် ပတ်သက်၍ ထပ်ပြီးဆွေးနွေးခြင်း မပြုလိုတဲ့အခါ အသုံးပြုပါတယ်။)

  • You're not having a teenage party here and that's that!
    (ဒီနေရာမှာ မင်းတို့ ဆယ်ကျော်သက်တွေရဲ့ ပါတီမလုပ်ရဘူး။ ဒါပဲ!)

  • I'm not lending you my car and that's that!
    (မင်းကို ငါ့ကားမငှားဘူး။ ဒါပဲ!)

You can also use and that's that! to mean that something has ended or finished:
(and that’s that (ဒါပဲ) တစ်စုံတစ်ရာ ပြီးမြောက်ကြောင်း (သို့) အဆုံးသတ်ကြောင်းပြောရာတွင်လည်း သုံးနိုင်သည်။)
We've both signed the divorce papers and that's that! Our marriage is over.
(ငါတို့နှစ်ယောက်လုံး ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်တယ်။ ငါတို့ အိမ်ထောင်ရေးကအဆုံးသတ်သွားပြီ။ ဒါပဲ!) 



I've had it up to here  (စိတ်ကုန်တယ်)


You say I've had it up to here with someone or something when you are very annoyed with them and do not want to have anything to do with them any more:
(စိတ်ကုန်တယ် (I’ve had it up to here) ကို လူတစ်ယောက်ယောက် (သို့) အကြောင်းအရာတစ်ခုခုကြောင့် စိတ်အနှောင့် အယှက်ဖြစ်ပြီး ၎င်းတို့နှင့် နောက်နောင်မပတ်သက်လိုတဲ့အခါမှာ ၎င်းအသုံးအနှုန်းကို သုံးပါတယ်။)

  • I've had it up to here with teenagers. I've decided to give up teaching.
    (ဆယ်ကျောက်သက်တွေကို စိတ်ကုန်တယ်။ ငါစာသင်တာကို စွန့်လွှတ်လိုက်ဖို့ စိတ်ကူးလိုက်ပြီ။)

  • I've had it upto herewith this job. I'm going to resign.
    (ဒီအလုပ်ကို စိတ်ကုန်တယ်။ ငါအလုပ်က ထွက်တော့မယ်။)